တပ္ကိုယ္စားလွယ္ ေအာ္ဟစ္မႈကို လႊတ္ေတာ္နာယက သတိေပး

တပ္ကိုယ္စားလွယ္ ေအာ္ဟစ္မႈကို လႊတ္ေတာ္နာယက သတိေပး
(Zawgyi)⤵⤵⤵
ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီေန႔က်င္းပတဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးေဆြးေႏြးပြဲ ပထမေန႔မွာပဲ တပ္ဘက္ကတင္တဲ့ မူၾကမ္းမွာ စာတစ္ပိုဒ္ျပဳတ္က်ေနတဲ့အတြက္ တပ္မေတာ္သား ကိုယ္စားလွယ္ေတြဘက္က ျပင္းျပင္းထန္ထန္ ေအာ္ဟစ္ကန႔္ကြက္ခဲ့ပါတယ္။

တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ ေအာင္စန္းခ်စ္က ပုဒ္မ၂၆၂၊ ပုဒ္မခြဲ(ဋ) ကို ျပင္ဆင္ဖို႔ အရင္က မူၾကမ္းတင္သြင္းထားၿပီး၊ အခုလႊတ္ေတာ္ထဲမွာေဆြးေႏြးတဲ့ သူ႔ရဲ႕မူၾကမ္းမွာေတာ့ စာတစ္ပိုဒ္ ျပဳတ္က် က်န္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ျပန္လည္စိစစ္ေပးဖို႔ ဗိုလ္မႉးခ်ဳပ္ ေအာင္စန္းခ်စ္က လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္ ကို ေတာင္းဆိုခဲ့ပါတယ္။

လႊတ္ေတာ္နာယက က ဒါနဲ႔ ပတ္သက္ၿပီး ေျဖရွင္းခ်က္ေပးဖို႔ တာဝန္ရွိတဲ့ “ဥပေဒၾကမ္း ေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီ” အတြင္းေရးမႉး ေဒါက္တာျမတ္ဉာဏစိုးကို ေမးျမန္းရာမွာ၊ သူတို႔ေကာ္မတီအေနနဲ႔ ျပင္ဆင္ထုတ္ပယ္တာေတြ မလုပ္ခဲ့ေၾကာင္း အရင္ဆုံးရွင္းျပခဲ့ပါတယ္။

အဲဒီရွင္းျပခ်က္အၿပီးမွာပဲ တပ္မေတာ္သားကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္တင္ေဆြဝင္း က မိုက္က႐ိုဖုန္းမပါဘဲ ႐ုတ္တရက္ ေအာ္ဟစ္ကန႔္ကြက္ခဲ့တာ ျဖစ္ပါတယ္။

ဗိုလ္မႉးခ်ဳပ္ေအာင္စန္းခ်စ္ ျပင္ဆင္ခ်က္နဲ႔ တင္ျပထားတဲ့ ပုဒ္မ၂၆၂၊ ပုဒ္မခြဲ(ဋ)ကေတာ့ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ တိုင္းေဒသႀကီးသို႔မဟုတ္ ျပည္နယ္ဝန္ႀကီးမ်ား ခန႔္အပ္တာဝန္ေပးျခင္းကို သက္ဆိုင္ ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္သို႔ အေၾကာင္းၾကားၿပီး သမၼတထံ တင္ျပရမယ္လို႔ျဖစ္ပါတယ္။ အဲဒီအခ်က္က မူၾကမ္းထဲမွာ မပါဝင္ပဲက်န္ခဲ့တာျဖစ္ပါတယ္။

အခုလို ေအာ္ဟစ္ကန႔္ကြက္မႈအေပၚ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ၾကမ္းတမ္း႐ုန႔္ရင္းတဲ့ အမူအယာေတြကို မသုံးဖို႔ သတိေပးတားျမစ္ခဲ့ပါတယ္။

"ဗိုလ္ခ်ဳပ္၊ ဗိုလ္ခ်ဳပ္။ ၾကမ္းတမ္း႐ုတ္ရင္းတဲ့ အမူအယာေတြကို မသုံးပါနဲ႔။ ေမတၱာရပ္ခံပါတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ ေအာင္စန္းခ်စ္ တင္ျပထားတဲ့ဟာကို ျပန္ၾကည့္ၿပီးေတာ့ ေဆာင္႐ြက္ေပးပါမယ္။"

လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ စိတ္ဆႏၵကို ဦးစားေပးေဆာင္႐ြက္မယ္ဆိုရင္ မလိုလားအပ္တဲ့ကိစၥေတြ၊ ခ်စ္ၾကည္ရင္းႏွီးမႈေတြ ထိခိုက္ႏိုင္လာႏိုင္တာေၾကာင့္ ကိုယ္ႏႈတ္အမူအရာကို ထိန္းသိမ္းဖို႔လည္း နာယကက သတိေပးခဲ့ပါတယ္။

ဗိုလ္မႉးခ်ဳပ္ေအာင္စန္းခ်စ္ကေတာ့ အဲဒီျပင္ဆင္ခ်က္ စကားရပ္က်န္ခဲ့တာက သေဘာ႐ိုးနဲ႔ ဟုတ္ မဟုတ္ သိလိုတယ္လို႔ လႊတ္ေတာ္ခဏနားခ်ိန္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

"ဒါေပမဲ့လည္း ဒီေန႔ လႊတ္ေတာ္ထဲမွာ ထည့္သြင္းေဆြးေႏြးမယ့္ ပုဒ္မတစ္ခုေပါ့။ ဒီ ၂၆၂ ( ဋ)မွာ က်ေနာ္ တင္ျပ ထားတဲ့ အတိုင္းမဟုတ္ဘဲနဲ႔ စာပိုဒ္ႀကီး တစ္ပိုဒ္လုံး ပါမလာေတာ့ဘူး၊ က်န္ေနခဲ့ပါတယ္။ ဒါကလည္း အင္မတန္ အေရးႀကီးတဲ့စာပိုဒ္ျဖစ္ေနပါတယ္။ အဲဒီေတာ့ ဒါက တမင္ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ခ်န္ခဲ့တာလား။ ဒါမွမဟုတ္လို႔ ရွိရင္လည္း မေတာ္တဆျဖစ္တယ္ဆိုရင္လည္းပဲ ဒီလိုအေရးႀကီးတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကို ေဆာင္႐ြက္ေနတဲ့အခါမွာ ဒီလိုေပါ့ေပါ့ဆဆနဲ႔ လုပ္ခဲ့တာလား။ ဒီဟာကို မရွင္းတဲ့အတြက္ ဒီဟာကို ျပန္လည္ စိစစ္ေပးၿပီးမွ ဆက္လက္ေဆြးေႏြးဖို႔ဆိုၿပီးေတာ့ တင္ျပခဲ့တာျဖစ္ပါတယ္။"

NLD ပါတီက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းေဆြက တပ္မေတာ္သားကိုယ္စားလွယ္ရဲ႕ ေျပာဆိုခ်က္ဟာ လႊတ္ေတာ္ရဲ႕ဂုဏ္ျဒပ္ကို ထိခိုက္ေစတဲ့အတြက္ လႊတ္ေတာ္နည္းဥပေဒအရ တားျမစ္ေပးဖို႔ နာယကကို တင္ျပခဲ့ပါတယ္။

"တပ္မေတာ္သားကိုယ္စားလွယ္တစ္ဦးကေနၿပီးေတာ့ ေဆြးေႏြးတင္ျပပုံဟာ လႊတ္ေတာ္ရဲ႕ ဂုဏ္ျဒပ္ကို အမ်ားႀကီး ထိခိုက္ေစပါတယ္။ ဒါေတြဟာ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနနဲ႔ သတိျပဳဆင္ျခင္ရမယ့္အခ်က္ ျဖစ္ပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္ နည္းဥပေဒ ၁၉ (ဈ)မွာ ဆိုရင္လည္း ႐ုတ္ရင္း ၾကမ္းတမ္းေသာ ကိုယ္ အမူအရာ၊ ႏႈတ္အမူအရာမ်ားမျပဳရဆိုၿပီးေတာ့ နည္းဥပေဒအရလည္း တားျမစ္ထားပါတယ္"

လြတ္လပ္တဲ့ လႊတ္ေတာ္ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ တစ္ခုျဖစ္တဲ့ ပြင့္လင္းျမန္မာေရွ႕ေဆာင္အဖြဲ႕ OMI အမႈေဆာင္ဒါ႐ိုက္တာ ဦးေအးေက်ာ္ကေတာ့ ဒီလိုအျငင္းပြားမူေတြ ျဖစ္ေပၚေနတာဟာ လႊတ္ေတာ္တြင္းမွာရွိေနတဲ့ ရင္းႏွီးခ်စ္ခင္မႈေတြ ေပ်ာက္ဆုံးသြားႏိုင္တယ္လို႔ ေဝဖန္ပါတယ္။

"အဲဒီေတာ့ ျဖစ္ႏိုင္ရင္ေတာ့ အေႏွာင့္အသြားလြတ္တာမ်ိဳးေတြေပါ့။ မွတ္တမ္းကေန ပယ္ဖ်က္ေပးဖို႔ ေတာင္းဆို မခံရႏိုင္တဲ့ ေဆြးေႏြးခ်က္မ်ိဳးေတြကိုလည္း ေဆြးေႏြးၾကတာမ်ိဳးလုပ္ႏိုင္ရင္ေတာ့ ႏွစ္ဦးႏွစ္ဖက္ ပိုေကာင္းတာ ေပါ့ေနာ္။ အဲလိုမွ မဟုတ္ဘဲနဲ႔ ေဆြးေႏြးတဲ့သူကလည္း အဲဒီဟာမ်ိဳးေတြပါမယ္။ အဲဒီဟာကိုပဲ တဖက္ကလည္း ဒီဟာေတြကိုလည္း မွတ္တမ္းက ပယ္ဖ်က္ေပးပါဆိုၿပီး ေတာင္းဆိုတာမ်ိဳးေတြလုပ္ေနမယ္။ ဒါေတြနဲ႔ပဲ အခ်ိန္ကုန္ေနမယ္ဆိုရင္ေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးလမ္းေၾကာင္းက လႊတ္ေတာ္ထဲမွာတင္ကို ပါတီႏိုင္ငံေရးအစုအဖြဲ႕ေတြၾကားထဲမွာ ပိုၿပီးေတာ့ ရွိထားၿပီးသားနားလည္မူေတြ၊ ခ်စ္ခင္ရင္းႏွီးမႈေလးေတြေတာင္ ပ်က္သြားႏိုင္တဲ့အေနအထားမ်ိဳး ျဖစ္သြားႏိုင္တာေပါ့ေနာ္။"

ဒီကေန႔ ေဆြးေႏြးပြဲအတြင္း ႏိုင္ငံေတာ္သမၼတအေပၚ ကန႔္သန႔္ခ်က္အျဖစ္ နာမည္ႀကီးတဲ့ ပုဒ္မ ၅၉ စ နဲ႔ ပတ္ သက္ၿပီး ေဆြးေႏြးတဲ့အခါ၊ NLD-ကိုယ္စားလွယ္ေတြက ျပင္ဆင္ဖို႔ ေထာက္ခံေဆြးေႏြးခဲ့ေပမဲ့၊ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီ၊ တပ္မေတာ္သားကိုယ္စားလွယ္ေတြနဲ႔ ရခိုင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ ၁ က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝစိန္ေအာင္ တို႔က မျပင္ဆင္သင့္ဘူးလို႔ ကန႔္ကြက္ခဲ့ပါတယ္။

ဒါ့အျပင္ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ အေရးအႀကီးဆုံးပုဒ္မျဖစ္တဲ့ ပုဒ္မ ၄၃၆ (က)နဲ႔ (ခ)ကို ျပင္ဆင္ဖို႔၊ လႊတ္ေတာ္အသီးသီးမွာရွိေနတဲ့ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅% ကို၊ တျဖည္းျဖည္းခ်င္းေလ်ာ့ခ်သြားဖို႔၊ တပ္မေတာ္အေနနဲ႔ အမ်ိဳးသားႏိုင္ငံေရးအခန္းက႑မွာ ျပည္သူ႔ဆႏၵနဲ႔ အညီပါဝင္ဖို႔စတဲ့အခ်က္ေတြကိုလည္း ျငင္းခုန္ေဆြးေႏြးခဲ့ၾကပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒမူၾကမ္း ခုႏွစ္ခုကို ေဆြးေႏြးဖို႔ စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၉ ဦး စာရင္းေပးထားၿပီး၊ ဒီေန႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၅ ဦးက စတင္ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တပ်ကိုယ်စားလှယ် အော်ဟစ်မှုကို လွှတ်တော်နာယက သတိပေး

ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ ပထမနေ့မှာပဲ တပ်ဘက်ကတင်တဲ့ မူကြမ်းမှာ စာတစ်ပိုဒ်ပြုတ်ကျနေတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပြင်းပြင်းထန်ထန် အော်ဟစ်ကန့်ကွက်ခဲ့ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်က ပုဒ်မ၂၆၂၊ ပုဒ်မခွဲ(ဋ) ကို ပြင်ဆင်ဖို့ အရင်က မူကြမ်းတင်သွင်းထားပြီး၊ အခုလွှတ်တော်ထဲမှာဆွေးနွေးတဲ့ သူ့ရဲ့မူကြမ်းမှာတော့ စာတစ်ပိုဒ် ပြုတ်ကျ ကျန်နေခဲ့ပါတယ်။ ဒါကြောင့် ပြန်လည်စိစစ်ပေးဖို့ ဗိုလ်မှူးချုပ် အောင်စန်းချစ်က လွှတ်တော်နာယက ဦးတီခွန်မြတ် ကို တောင်းဆိုခဲ့ပါတယ်။

လွှတ်တော်နာယက က ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တာဝန်ရှိတဲ့ “ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ” အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကို မေးမြန်းရာမှာ၊ သူတို့ကော်မတီအနေနဲ့ ပြင်ဆင်ထုတ်ပယ်တာတွေ မလုပ်ခဲ့ကြောင်း အရင်ဆုံးရှင်းပြခဲ့ပါတယ်။

အဲဒီရှင်းပြချက်အပြီးမှာပဲ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်တင်ဆွေဝင်း က မိုက်ကရိုဖုန်းမပါဘဲ ရုတ်တရက် အော်ဟစ်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်အောင်စန်းချစ် ပြင်ဆင်ချက်နဲ့ တင်ပြထားတဲ့ ပုဒ်မ၂၆၂၊ ပုဒ်မခွဲ(ဋ)ကတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင် ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြားပြီး သမ္မတထံ တင်ပြရမယ်လို့ဖြစ်ပါတယ်။ အဲဒီအချက်က မူကြမ်းထဲမှာ မပါဝင်ပဲကျန်ခဲ့တာဖြစ်ပါတယ်။

အခုလို အော်ဟစ်ကန့်ကွက်မှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအယာတွေကို မသုံးဖို့ သတိပေးတားမြစ်ခဲ့ပါတယ်။

"ဗိုလ်ချုပ်၊ ဗိုလ်ချုပ်။ ကြမ်းတမ်းရုတ်ရင်းတဲ့ အမူအယာတွေကို မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ပြထားတဲ့ဟာကို ပြန်ကြည့်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။"

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စိတ်ဆန္ဒကို ဦးစားပေးဆောင်ရွက်မယ်ဆိုရင် မလိုလားအပ်တဲ့ကိစ္စတွေ၊ ချစ်ကြည်ရင်းနှီးမှုတွေ ထိခိုက်နိုင်လာနိုင်တာကြောင့် ကိုယ်နှုတ်အမူအရာကို ထိန်းသိမ်းဖို့လည်း နာယကက သတိပေးခဲ့ပါတယ်။

ဗိုလ်မှူးချုပ်အောင်စန်းချစ်ကတော့ အဲဒီပြင်ဆင်ချက် စကားရပ်ကျန်ခဲ့တာက သဘောရိုးနဲ့ ဟုတ် မဟုတ် သိလိုတယ်လို့ လွှတ်တော်ခဏနားချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။

"ဒါပေမဲ့လည်း ဒီနေ့ လွှတ်တော်ထဲမှာ ထည့်သွင်းဆွေးနွေးမယ့် ပုဒ်မတစ်ခုပေါ့။ ဒီ ၂၆၂ ( ဋ)မှာ ကျနော် တင်ပြ ထားတဲ့ အတိုင်းမဟုတ်ဘဲနဲ့ စာပိုဒ်ကြီး တစ်ပိုဒ်လုံး ပါမလာတော့ဘူး၊ ကျန်နေခဲ့ပါတယ်။ ဒါကလည်း အင်မတန် အရေးကြီးတဲ့စာပိုဒ်ဖြစ်နေပါတယ်။ အဲဒီတော့ ဒါက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ချန်ခဲ့တာလား။ ဒါမှမဟုတ်လို့ ရှိရင်လည်း မတော်တဆဖြစ်တယ်ဆိုရင်လည်းပဲ ဒီလိုအရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်နေတဲ့အခါမှာ ဒီလိုပေါ့ပေါ့ဆဆနဲ့ လုပ်ခဲ့တာလား။ ဒီဟာကို မရှင်းတဲ့အတွက် ဒီဟာကို ပြန်လည် စိစစ်ပေးပြီးမှ ဆက်လက်ဆွေးနွေးဖို့ဆိုပြီးတော့ တင်ပြခဲ့တာဖြစ်ပါတယ်။"

NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက တပ်မတော်သားကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ လွှတ်တော်ရဲ့ဂုဏ်ဒြပ်ကို ထိခိုက်စေတဲ့အတွက် လွှတ်တော်နည်းဥပဒေအရ တားမြစ်ပေးဖို့ နာယကကို တင်ပြခဲ့ပါတယ်။

"တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကနေပြီးတော့ ဆွေးနွေးတင်ပြပုံဟာ လွှတ်တော်ရဲ့ ဂုဏ်ဒြပ်ကို အများကြီး ထိခိုက်စေပါတယ်။ ဒါတွေဟာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သတိပြုဆင်ခြင်ရမယ့်အချက် ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၁၉ (ဈ)မှာ ဆိုရင်လည်း ရုတ်ရင်း ကြမ်းတမ်းသော ကိုယ် အမူအရာ၊ နှုတ်အမူအရာများမပြုရဆိုပြီးတော့ နည်းဥပဒေအရလည်း တားမြစ်ထားပါတယ်"

လွတ်လပ်တဲ့ လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ OMI အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကတော့ ဒီလိုအငြင်းပွားမူတွေ ဖြစ်ပေါ်နေတာဟာ လွှတ်တော်တွင်းမှာရှိနေတဲ့ ရင်းနှီးချစ်ခင်မှုတွေ ပျောက်ဆုံးသွားနိုင်တယ်လို့ ဝေဖန်ပါတယ်။

"အဲဒီတော့ ဖြစ်နိုင်ရင်တော့ အနှောင့်အသွားလွတ်တာမျိုးတွေပေါ့။ မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆို မခံရနိုင်တဲ့ ဆွေးနွေးချက်မျိုးတွေကိုလည်း ဆွေးနွေးကြတာမျိုးလုပ်နိုင်ရင်တော့ နှစ်ဦးနှစ်ဖက် ပိုကောင်းတာ ပေါ့နော်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဆွေးနွေးတဲ့သူကလည်း အဲဒီဟာမျိုးတွေပါမယ်။ အဲဒီဟာကိုပဲ တဖက်ကလည်း ဒီဟာတွေကိုလည်း မှတ်တမ်းက ပယ်ဖျက်ပေးပါဆိုပြီး တောင်းဆိုတာမျိုးတွေလုပ်နေမယ်။ ဒါတွေနဲ့ပဲ အချိန်ကုန်နေမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းက လွှတ်တော်ထဲမှာတင်ကို ပါတီနိုင်ငံရေးအစုအဖွဲ့တွေကြားထဲမှာ ပိုပြီးတော့ ရှိထားပြီးသားနားလည်မူတွေ၊ ချစ်ခင်ရင်းနှီးမှုလေးတွေတောင် ပျက်သွားနိုင်တဲ့အနေအထားမျိုး ဖြစ်သွားနိုင်တာပေါ့နော်။"

ဒီကနေ့ ဆွေးနွေးပွဲအတွင်း နိုင်ငံတော်သမ္မတအပေါ် ကန့်သန့်ချက်အဖြစ် နာမည်ကြီးတဲ့ ပုဒ်မ ၅၉ စ နဲ့ ပတ် သက်ပြီး ဆွေးနွေးတဲ့အခါ၊ NLD-ကိုယ်စားလှယ်တွေက ပြင်ဆင်ဖို့ ထောက်ခံဆွေးနွေးခဲ့ပေမဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် တို့က မပြင်ဆင်သင့်ဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးအကြီးဆုံးပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ (က)နဲ့ (ခ)ကို ပြင်ဆင်ဖို့၊ လွှတ်တော်အသီးသီးမှာရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅% ကို၊ တဖြည်းဖြည်းချင်းလျော့ချသွားဖို့၊ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ပြည်သူ့ဆန္ဒနဲ့ အညီပါဝင်ဖို့စတဲ့အချက်တွေကိုလည်း ငြင်းခုန်ဆွေးနွေးခဲ့ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ခုနှစ်ခုကို ဆွေးနွေးဖို့ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦး စာရင်းပေးထားပြီး၊ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက စတင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တပ္ကိုယ္စားလွယ္ ေအာ္ဟစ္မႈကို လႊတ္ေတာ္နာယက သတိေပး တပ္ကိုယ္စားလွယ္ ေအာ္ဟစ္မႈကို လႊတ္ေတာ္နာယက သတိေပး Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.