ရေသ့ေတာင္ စစ္ေဘးဒုကၡသည္ေတြ စစ္ေတြကို ထြက္ေျပးလာ

ရေသ့ေတာင္ စစ္ေဘးဒုကၡသည္ေတြ စစ္ေတြကို ထြက္ေျပးလာ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြျပင္းထန္ေနတဲ့အတြက္ ေဒသခံေတြဟာ နီးစပ္ရာ  ၿမိဳ႕နယ္ေတြကို ထြက္ေျပးတိမ္းေရွာင္ရတာ တစ္ေန႔ထက္တစ္ေန႔ ပိုမ်ားလာေနပါတယ္။

စစ္ေဘးဒုကၡသည္တစ္ဦးျဖစ္တဲ့ ေဒၚမစံေအးက သူေနထိုင္ခဲ့တဲ့ သမီးလွ႐ြာကေန ေနရာ ငါးခုကို ကနဦး ထြက္ေျပးခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ပိုလုံၿခဳံတဲ့စစ္ေတြၿမိဳ႕ကို ေရာက္ရွိလာခဲ့တာလို႔ ေျပာပါတယ္။

“ပစ္သံခတ္သံေတြၾကားလို႔ အုန္းေခ်ာင္း႐ြာဘက္ကို ထြက္ေျပးပါတယ္။ အုန္းေခ်ာင္းမွာ ႏွစ္ညအိပ္ပါတယ္။ အဲဒီမွာလည္း ပစ္သံေတြထပ္ၾကားေတာ့ ေရေကာင္းေခ်ာင္း႐ြာဘက္ကို ေျပးရပါတယ္။ ေရေကာင္းေခ်ာင္းမွာ တစ္ညအိပ္ပါတယ္။ အဲဒီကေန ေဇယ်ာၿမိဳင္႐ြာဘက္ကို ထပ္သြားပါတယ္။ အဲဒီမွာ တစ္ညအိပ္ပါတယ္။ အဲဒီကေနတဆင့္ ခြဆုံ႐ြာဘက္ကို ထပ္ေျပးၿပီးေတာ့ အဲဒီမွာ သုံးညေလာက္အိပ္ခဲ့ပါတယ္။ အဲဒီကေန ရေသ့ေတာင္ၿမိဳ႕ကိုေရာက္ေတာ့ ရေသ့ေတာင္မွာလည္း ကယ္ဆယ္ေရးစခန္းေတြမွာ လူေတြေတာ္ေတာ္ေလး မ်ားေနလို႔ ေနထိုင္လို႔အဆင္ေျပမွာ မဟုတ္ဘူးဆိုၿပီး စစ္ေတြၿမိဳ႕ကို လာခဲ့ရတာပါ”

စစ္ေတြၿမိဳ႕ကိုေရာက္ရွိေနတဲ့ စစ္ေဘးဒုကၡသည္ ဦးလွေက်ာ္သာက သူတို႔ဟာ တပ္မေတာ္ေၾကာင့္ ထြက္ေျပးလာၾကရတာလို႔ ဆိုပါတယ္။

“သူတို႔က ျပည္သူလူထုကို အေႏွာင့္အယွက္မေပးဘူးဆိုလို႔ရွိရင္ နယ္ကျပည္သူလူထုေတြ စစ္ေတြၿမိဳ႕ကို လာၾကပါ့မလား။ ဒီေလာက္ေဝးတဲ့ခရီးကေန လာၾကမလား။ သူတို႔ဒုကၡေပးလို႔ ကြၽန္ေတာ္တို႔က အခုလိုပဲ လာၾကရတာ။ အိမ္ကိုလည္း မီးရႈိ႕ခံရလို႔ စစ္ေတြၿမိဳ႕အထိ အခက္အခဲမ်ိဳးစုံနဲ႔ လာၾကရတာ။ အဲဒါေတာင္ သူတို႔ မလုပ္ဘူးလို႔ဆိုရင္ ဒါေတြကို ဘယ္သူလုပ္တာလဲလို႔ ေမးခ်င္တယ္”

အခုစစ္ေတြၿမိဳ႕ကို ထြက္ေျပးလာၾကတဲ့ ႐ြာသားေတြဟာ တပ္မေတာ္စစ္ေၾကာင္းက အဲဒီေဒသဘက္ကို  ဦးတည္ လာၿပီး ပစ္ခတ္သံေတြၾကားရခ်ိန္ ေဖေဖာ္ဝါရီလ ပထမပတ္မွာပဲ နီးစပ္ရာကိုထြက္ေျပး  တိမ္းေရွာင္ခဲ့ၾကရတာပါ။

တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြအျပင္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က  ေဒသခံ အခ်ိဳ႕ပါ စစ္ေတြၿမိဳ႕အထိ ထြက္ေျပးခိုလႈံလာၾကတာ အခုအခ်ိန္အထိ လူေပါင္း ၇၇၀ ေက်ာ္ရွိ ပါတယ္။

စစ္ေတြၿမိဳ႕က ဘုန္းေတာ္ႀကီးေက်ာင္း ၁၀ ခုေလာက္မွာ ယာယီခိုလႈံေနၾကရတာပါ။

ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္မင္းကေတာ့  စစ္ေဘးဒုကၡ သည္ေတြအတြက္ သတ္မွတ္စားနပ္ရိကၡာေတြကို အကူအညီေပးထားတယ္လို႔ေျပာပါတယ္။

“စစေရာက္ေရာက္ခ်င္း ခိုလႈံတဲ့အဖြဲ႕ေတြကို ဆန္ရိကၡာ ႏွစ္ပတ္စာ ေထာက္ပံ့ပါတယ္။ ႏွစ္ပတ္စာျပည့္လို႔ သူ႔ေနရာသူ႔ေဒသကို ျပန္သြားလို႔ရၿပီ သြားႏိုင္တယ္ဆိုရင္ေတာ့ ႏွစ္ပတ္စာက လုံလုံေလာက္ေလာက္ ျဖစ္သြားၿပီေပါ့။ ႏွစ္ပတ္နဲ႔လည္း သြားမရေသးဘူး ၾကာေနေသးတယ္ဆိုလို႔ရွိရင္ေတာ့ ေနာက္ထပ္ တစ္လစာထပ္ၿပီးေတာ့ ေထာက္ပံ့ေပးပါတယ္။ ဆန္ရိကၡေထာက္ပံ့တယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္ကသတ္မွတ္ထားတဲ့ တစ္ျပည္လုံးအတိုင္းအတာနဲ႔ ရိကၡာေထာက္ပံ့မႈႏႈန္းထားေတြကို သတ္မွတ္ထားတာက လူတစ္ဦးကို ႏို႔ဆီဗူးႏွစ္ဗူးႏႈန္းနဲ႔ေပါ့၊ လူႀကီး၊ လူငယ္မေ႐ြး လူတစ္ဦးခ်င္းစီကို ဆန္ႏွစ္ဗူးႏႈန္းနဲ႔ ကြၽန္ေတာ္တို႔ ေထာက္ပံ့ေပးတာျဖစ္ပါတယ္"

ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔အထိ ယာယီကယ္ဆယ္ေရးစခန္း ၁၂၄ ခုမွာရွိေနတဲ့ လူဦးေရဟာ ငါးေသာင္းခုနစ္ ေထာင္နီးပါး ရွိတယ္လို႔ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မင္းက ေျပာပါတယ္။

စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအ႐ုံး(REC) ကေတာ့ အခုလက္ရွိအခ်ိန္အထိ စခန္းထဲမွာေနတဲ့သူေရာ၊ စခန္းျပင္ပက နီးစပ္ရာမွာခိုလႈံေနၾကတဲ့သူပါ စုစုေပါင္း တစ္သိန္းတစ္ေသာင္း ေက်ာ္ရွိတယ္လို႔ေျပာပါတယ္။

ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္အစပ္နားက ႐ြာေတြကို နယ္ေျမရွင္းလင္းမႈေတြရွိေနတာေၾကာင့္ ထြက္ေျပးသူဦးေရ ထပ္တိုးလာႏိုင္တယ္လို႔ REC ရဲ႕အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“ဒီ႐ြာေတြမွာ သူပုန္တပ္ေတြ ခိုလႈံေနတယ္ဆိုၿပီးေတာ့မွ ယူဆၿပီးေတာ့ ရပ္႐ြာေတြကို နယ္ေျမရွင္းလင္းေရး ပုံစံမ်ိဳးလုပ္လာတာေတြရွိပါတယ္။ ဆိုေတာ့ အဲလိုနယ္ေျမရွင္းလင္းတဲ့အခါမွာ အရင္ကထက္ပိုၿပီးေတာ့မွ ျပင္းထန္ရက္စက္မႈေတြရွိလာတယ္။ ဆိုေတာ့ လူေတြက႐ြာေတြမွာ မရွိသေလာက္ျဖစ္သြားၿပီေပါ့။ အၾကမ္း အားျဖင့္ အဲဒီနားတဝိုက္က ႐ြာေပါင္း ၂၀ ေက်ာ္ေလာက္မွာ  လူမဲ့အိမ္ေတြ အမ်ားႀကီးျဖစ္လာတာေပါ့ေနာ္။ အဲဒီေတာ့ ဒုကၡသည္ေတြ ထပ္တိုးလာဖို႔ရွိတယ္”

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က ရက္ခုန္းတိုင္လို႔ေခၚတဲ့ သမီးလွေက်း႐ြာ ေနအိမ္ ၁၅ လုံးခန႔္မီးရႈိ႕ခံခဲ့ရတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ကိုးရက္ေန႔က အဲဒီ႐ြာထဲကို  တပ္မေတာ္စစ္ေၾကာင္းက ဝင္ေရာက္သြားခ်ိန္မွာ လူမရွိတဲ့ အိမ္ ၈၀ ေလာက္ထဲက အိမ္ ၁၀ လုံးေလာက္ မီးရႈိ႕ခံထားရတာကိုေတြ႕ရၿပီး ေအေအအဖြဲ႕က မီးရႈိ႕တာလို႔ တပ္မေတာ္က ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေအေအအဖြဲ႕ရဲ႕ ဘတ္တံဆိပ္၊ အလံနဲ႔ က်ည္ေတြကို သိမ္းဆည္းရမိခဲ့တယ္လို႔လည္း တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ေအေအအဖြဲ႕ကေတာ့ အိမ္ေတြကိုမီးရႈိ႕တာဟာ တပ္ေတာ္ရဲ႕လက္ခ်က္ပဲလို႔ ျပန္လည္တုံ႔ျပန္ထားပါတယ္။

တပ္မေတာ္ဟာ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္ေတြကို ကာကြယ္ေပးၿပီး ျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေအာင္ ဘယ္ေတာ့မွမလုပ္ဘူးလို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး  ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက RFA ကို မၾကာခဏေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ဆန္းပိုင္းကေန စတင္ျပင္းထန္လာတဲ့ ရခိုင္ေျမာက္ပိုင္းေဒသက တိုက္ပြဲေတြဟာ အခုဆိုရင္  ရခိုင္ျပည္ နယ္ အလယ္ပိုင္း အမ္းၿမိဳ႕နယ္နဲ႔  ေတာင္ပိုင္းေဒသကေနရာအခ်ိဳ႕အထိ ထိေတြ႕မႈေတြရွိလာေနပါတယ္။

တိုက္ပြဲေတြရပ္စဲေရးအတြက္ ထိေရာက္တဲ့ေတြ႕ဆုံေဆြးေႏြးမႈေတြ မေတြ႕ရတဲ့အတြက္ တိုက္ပြဲေတြဟာ  ရခိုင္ ေတာင္ပိုင္းေဒသေတြအထိ က်ယ္ျပန႔္ဖို႔ အလားအလာေတြမ်ားေနတယ္လို႔ ေဒသခံေတြ ကသုံးသပ္ၾကပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရသေ့တောင် စစ်ဘေးဒုက္ခသည်တွေ စစ်တွေကို ထွက်ပြေးလာ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံတွေဟာ နီးစပ်ရာ  မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်ရတာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်မစံအေးက သူနေထိုင်ခဲ့တဲ့ သမီးလှရွာကနေ နေရာ ငါးခုကို ကနဦး ထွက်ပြေးခဲ့ပြီး နောက်ဆုံးမှာတော့ ပိုလုံခြုံတဲ့စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာလို့ ပြောပါတယ်။

“ပစ်သံခတ်သံတွေကြားလို့ အုန်းချောင်းရွာဘက်ကို ထွက်ပြေးပါတယ်။ အုန်းချောင်းမှာ နှစ်ညအိပ်ပါတယ်။ အဲဒီမှာလည်း ပစ်သံတွေထပ်ကြားတော့ ရေကောင်းချောင်းရွာဘက်ကို ပြေးရပါတယ်။ ရေကောင်းချောင်းမှာ တစ်ညအိပ်ပါတယ်။ အဲဒီကနေ ဇေယျာမြိုင်ရွာဘက်ကို ထပ်သွားပါတယ်။ အဲဒီမှာ တစ်ညအိပ်ပါတယ်။ အဲဒီကနေတဆင့် ခွဆုံရွာဘက်ကို ထပ်ပြေးပြီးတော့ အဲဒီမှာ သုံးညလောက်အိပ်ခဲ့ပါတယ်။ အဲဒီကနေ ရသေ့တောင်မြို့ကိုရောက်တော့ ရသေ့တောင်မှာလည်း ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေတော်တော်လေး များနေလို့ နေထိုင်လို့အဆင်ပြေမှာ မဟုတ်ဘူးဆိုပြီး စစ်တွေမြို့ကို လာခဲ့ရတာပါ”

စစ်တွေမြို့ကိုရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ဦးလှကျော်သာက သူတို့ဟာ တပ်မတော်ကြောင့် ထွက်ပြေးလာကြရတာလို့ ဆိုပါတယ်။

“သူတို့က ပြည်သူလူထုကို အနှောင့်အယှက်မပေးဘူးဆိုလို့ရှိရင် နယ်ကပြည်သူလူထုတွေ စစ်တွေမြို့ကို လာကြပါ့မလား။ ဒီလောက်ဝေးတဲ့ခရီးကနေ လာကြမလား။ သူတို့ဒုက္ခပေးလို့ ကျွန်တော်တို့က အခုလိုပဲ လာကြရတာ။ အိမ်ကိုလည်း မီးရှို့ခံရလို့ စစ်တွေမြို့အထိ အခက်အခဲမျိုးစုံနဲ့ လာကြရတာ။ အဲဒါတောင် သူတို့ မလုပ်ဘူးလို့ဆိုရင် ဒါတွေကို ဘယ်သူလုပ်တာလဲလို့ မေးချင်တယ်”

အခုစစ်တွေမြို့ကို ထွက်ပြေးလာကြတဲ့ ရွာသားတွေဟာ တပ်မတော်စစ်ကြောင်းက အဲဒီဒေသဘက်ကို  ဦးတည် လာပြီး ပစ်ခတ်သံတွေကြားရချိန် ဖေဖော်ဝါရီလ ပထမပတ်မှာပဲ နီးစပ်ရာကိုထွက်ပြေး  တိမ်းရှောင်ခဲ့ကြရတာပါ။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်က  ဒေသခံ အချို့ပါ စစ်တွေမြို့အထိ ထွက်ပြေးခိုလှုံလာကြတာ အခုအချိန်အထိ လူပေါင်း ၇၇၀ ကျော်ရှိ ပါတယ်။

စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၁၀ ခုလောက်မှာ ယာယီခိုလှုံနေကြရတာပါ။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းကတော့  စစ်ဘေးဒုက္ခ သည်တွေအတွက် သတ်မှတ်စားနပ်ရိက္ခာတွေကို အကူအညီပေးထားတယ်လို့ပြောပါတယ်။

“စစရောက်ရောက်ချင်း ခိုလှုံတဲ့အဖွဲ့တွေကို ဆန်ရိက္ခာ နှစ်ပတ်စာ ထောက်ပံ့ပါတယ်။ နှစ်ပတ်စာပြည့်လို့ သူ့နေရာသူ့ဒေသကို ပြန်သွားလို့ရပြီ သွားနိုင်တယ်ဆိုရင်တော့ နှစ်ပတ်စာက လုံလုံလောက်လောက် ဖြစ်သွားပြီပေါ့။ နှစ်ပတ်နဲ့လည်း သွားမရသေးဘူး ကြာနေသေးတယ်ဆိုလို့ရှိရင်တော့ နောက်ထပ် တစ်လစာထပ်ပြီးတော့ ထောက်ပံ့ပေးပါတယ်။ ဆန်ရိက္ခထောက်ပံ့တယ်ဆိုတာလည်း ကျွန်တော်တို့ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ရိက္ခာထောက်ပံ့မှုနှုန်းထားတွေကို သတ်မှတ်ထားတာက လူတစ်ဦးကို နို့ဆီဗူးနှစ်ဗူးနှုန်းနဲ့ပေါ့၊ လူကြီး၊ လူငယ်မရွေး လူတစ်ဦးချင်းစီကို ဆန်နှစ်ဗူးနှုန်းနဲ့ ကျွန်တော်တို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်"

ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ယာယီကယ်ဆယ်ရေးစခန်း ၁၂၄ ခုမှာရှိနေတဲ့ လူဦးရေဟာ ငါးသောင်းခုနစ် ထောင်နီးပါး ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးကျော်မင်းက ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC) ကတော့ အခုလက်ရှိအချိန်အထိ စခန်းထဲမှာနေတဲ့သူရော၊ စခန်းပြင်ပက နီးစပ်ရာမှာခိုလှုံနေကြတဲ့သူပါ စုစုပေါင်း တစ်သိန်းတစ်သောင်း ကျော်ရှိတယ်လို့ပြောပါတယ်။

ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အစပ်နားက ရွာတွေကို နယ်မြေရှင်းလင်းမှုတွေရှိနေတာကြောင့် ထွက်ပြေးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ဒီရွာတွေမှာ သူပုန်တပ်တွေ ခိုလှုံနေတယ်ဆိုပြီးတော့မှ ယူဆပြီးတော့ ရပ်ရွာတွေကို နယ်မြေရှင်းလင်းရေး ပုံစံမျိုးလုပ်လာတာတွေရှိပါတယ်။ ဆိုတော့ အဲလိုနယ်မြေရှင်းလင်းတဲ့အခါမှာ အရင်ကထက်ပိုပြီးတော့မှ ပြင်းထန်ရက်စက်မှုတွေရှိလာတယ်။ ဆိုတော့ လူတွေကရွာတွေမှာ မရှိသလောက်ဖြစ်သွားပြီပေါ့။ အကြမ်း အားဖြင့် အဲဒီနားတဝိုက်က ရွာပေါင်း ၂၀ ကျော်လောက်မှာ  လူမဲ့အိမ်တွေ အများကြီးဖြစ်လာတာပေါ့နော်။ အဲဒီတော့ ဒုက္ခသည်တွေ ထပ်တိုးလာဖို့ရှိတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရက်ခုန်းတိုင်လို့ခေါ်တဲ့ သမီးလှကျေးရွာ နေအိမ် ၁၅ လုံးခန့်မီးရှို့ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ကိုးရက်နေ့က အဲဒီရွာထဲကို  တပ်မတော်စစ်ကြောင်းက ဝင်ရောက်သွားချိန်မှာ လူမရှိတဲ့ အိမ် ၈၀ လောက်ထဲက အိမ် ၁၀ လုံးလောက် မီးရှို့ခံထားရတာကိုတွေ့ရပြီး အေအေအဖွဲ့က မီးရှို့တာလို့ တပ်မတော်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အေအေအဖွဲ့ရဲ့ ဘတ်တံဆိပ်၊ အလံနဲ့ ကျည်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အေအေအဖွဲ့ကတော့ အိမ်တွေကိုမီးရှို့တာဟာ တပ်တော်ရဲ့လက်ချက်ပဲလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးပြီး ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် ဘယ်တော့မှမလုပ်ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး  ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို မကြာခဏပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ စတင်ပြင်းထန်လာတဲ့ ရခိုင်မြောက်ပိုင်းဒေသက တိုက်ပွဲတွေဟာ အခုဆိုရင်  ရခိုင်ပြည် နယ် အလယ်ပိုင်း အမ်းမြို့နယ်နဲ့  တောင်ပိုင်းဒေသကနေရာအချို့အထိ ထိတွေ့မှုတွေရှိလာနေပါတယ်။

တိုက်ပွဲတွေရပ်စဲရေးအတွက် ထိရောက်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ မတွေ့ရတဲ့အတွက် တိုက်ပွဲတွေဟာ  ရခိုင် တောင်ပိုင်းဒေသတွေအထိ ကျယ်ပြန့်ဖို့ အလားအလာတွေများနေတယ်လို့ ဒေသခံတွေ ကသုံးသပ်ကြပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္ စစ္ေဘးဒုကၡသည္ေတြ စစ္ေတြကို ထြက္ေျပးလာ ရေသ့ေတာင္ စစ္ေဘးဒုကၡသည္ေတြ စစ္ေတြကို ထြက္ေျပးလာ Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.