မင္းတပ္ၿမိဳ႕နယ္၌ မီးေလာင္မႈျဖစ္ကာ ႏွစ္ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
မင္းတပ္ ေဖေဖာ္ဝါရီ ၂၄

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ ေတာ့ထဲင္ေက်း႐ြာ၌ ေဖေဖာ္ဝါရီ ၂၃ ရက္ ည ၂ နာရီခန႔္တြင္ ဆိုလာ ျပားျဖင့္ အသုံးျပဳသည့္ ဘက္ထရီအိုး အပူလြန္ကဲရာမွ ေနအိမ္တစ္လုံး မီးေလာင္ ကာ လူႏွစ္ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာမ်ားရရွိေၾကာင္း သိရ သည္။

မီးေလာင္မႈျဖစ္ရာသို႔ ၿမိဳ႕နယ္ ရဲစခန္းမွ ဒုတိယရဲအုပ္ ေအာင္ရဲလြင္ ႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ခ႐ိုင္/ ၿမိဳ႕နယ္ မီးသတ္စခန္းမ်ားမွ မီးသတ္တပ္ဖြဲ႕ ဝင္မ်ားက ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ နံနက္ ၄ နာရီ ၅ မိနစ္တြင္ မီးၿငိမ္း သြားခဲ့သည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ဦးေဂ႐ႊီ(၆၀ ႏွစ္)၏ေနအိမ္ ပ်က္စီး ဆုံးရႈံးခဲ့ၿပီး အိပ္ေပ်ာ္ေနသည့္ ဦးေဂ ႐ႊီ၏သား ေမာင္႐ႊီႏိုင္း(၅ ႏွစ္)ႏွင့္ ေမာင္႐ႊီေမာင္း(၂ ႏွစ္)တို႔ မီးေလာင္ ေသဆုံးခဲ့ကာ ဦးေဂ႐ႊီတြင္ မီးေလာင္ ဒဏ္ရာမ်ားရရွိသျဖင့္ မင္းတပ္ ျပည္သူ႔ေဆး႐ုံ၌ ေဆးကုသမႈခံယူ ေနရေၾကာင္း သိရသည္။ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဦးေဂ႐ႊီ(၆၀ ႏွစ္) အား မင္းတပ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ခြီရွိန္းေမာင္း (ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
(Unicode)⤵⤵⤵
မင်းတပ်မြို့နယ်၌ မီးလောင်မှုဖြစ်ကာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မင်းတပ် ဖေဖော်ဝါရီ ၂၄

ချင်းပြည်နယ် မင်းတပ်မြို့နယ် တော့ထဲင်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၃ ရက် ည ၂ နာရီခန့်တွင် ဆိုလာ ပြားဖြင့် အသုံးပြုသည့် ဘက်ထရီအိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင် ကာ လူနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာများရရှိကြောင်း သိရ သည်။

မီးလောင်မှုဖြစ်ရာသို့ မြို့နယ် ရဲစခန်းမှ ဒုတိယရဲအုပ် အောင်ရဲလွင် နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၅ မိနစ်တွင် မီးငြိမ်း သွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးဂေရွှီ(၆၀ နှစ်)၏နေအိမ် ပျက်စီး ဆုံးရှုံးခဲ့ပြီး အိပ်ပျော်နေသည့် ဦးဂေ ရွှီ၏သား မောင်ရွှီနိုင်း(၅ နှစ်)နှင့် မောင်ရွှီမောင်း(၂ နှစ်)တို့ မီးလောင် သေဆုံးခဲ့ကာ ဦးဂေရွှီတွင် မီးလောင် ဒဏ်ရာများရရှိသဖြင့် မင်းတပ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဂေရွှီ(၆၀ နှစ်) အား မင်းတပ်မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခွီရှိန်းမောင်း (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင္းတပ္ၿမိဳ႕နယ္၌ မီးေလာင္မႈျဖစ္ကာ ႏွစ္ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရ မင္းတပ္ၿမိဳ႕နယ္၌ မီးေလာင္မႈျဖစ္ကာ ႏွစ္ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.