လုံၿခဳံေရးေကာင္စီမွာ ျမန္မာဘက္ကရပ္ခဲ့တဲ့ တ႐ုတ္နဲ႔ဗီယက္နမ္

ကုလသမဂၢလုံၿခဳံေရးေကာင္စီ အစည္းအေဝး။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံအေပၚ ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံးက ခ်မွတ္ခဲ့တဲ့ ၾကားျဖတ္အစီအမံေတြ ေဆာင္႐ြက္ဖို႔အမိန႔္နဲ႔ ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ မေန႔က ေဆြးေႏြးခဲ့ၾကေပမယ့္ သေဘာတူညီခ်က္ မရခဲ့ပါဘူး။

အဲဒီအစည္းအေဝးမွာ ႐ိုဟင္ဂ်ာေတြအေပၚလူမ်ိဳးတုန္းသတ္ျဖတ္ရာ ေရာက္ေစႏိုင္မဲ့လုပ္ရပ္ေတြကို ဟန႔္တားႏိုင္ေအာင္ ျမန္မာအစိုးရကို တိုက္တြန္းဖို႔ ေၾကညာခ်က္ထုတ္ေရးအတြက္ ေဆြးေႏြးၾကရာမွာ ျမန္မာနဲ႔အဓိက မဟာမိတ္ျဖစ္တဲ့ တ႐ုတ္နဲ႔ လုံၿခဳံေရးေကာင္စီ အလွည့္က်ဥကၠ႒ ဗီယက္နမ္ႏိုင္ငံေတြက ကန႔္ကြက္ခဲ့ၾကပါတယ္။

ICJ ဆုံးျဖတ္ခ်က္ ျမန္မာလိုက္နာေရး လုံၿခဳံေရးေကာင္စီမွာ သေဘာတူညီခ်က္မရတဲ့အေပၚ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕  အာရွပစိဖိတ္ေဒသဆိုင္ရာ လက္ေထာက္ၫြန္ၾကားေရးမႈး Phil Robertson က...

“ ဒါကျမန္မာအတြက္ ICJ ဆုံးျဖတ္ခ်က္အေပၚ ဘာမွ သက္ေရာက္မႈမရွိပါဘူး။ ျမန္မာအေနနဲ႔ ICJ က ဆုံးျဖတ္ခ်က္ေတြကို လိုက္နာၿပီး လုပ္ေဆာင္ရမယ့္ကိစၥ အေျပာင္းအလဲ မရွိႏိုင္ပါဘူး။  တ႐ုတ္က ျမန္မာဘက္က ရပ္တည္လို႔ ျမန္မာအစိုးရအႏိုင္ရၿပီလို႔လည္း ထင္လို႔မရပါဘူး" လို႔ေျပာပါတယ္။

ကိုဖီအာနန္ေကာ္မရွင္အဖြဲ႕ဝင္ေဟာင္း ဦးေအးလြင္ကလည္း မေန႔က လုံၿခဳံေရးေကာင္စီအစည္းအေဝးမွာ ျမန္မာ့အေရး သေဘာတူညီခ်က္မရခဲ့တာနဲ႔ ပတ္သက္ၿပီး ....

“  ICJ ရဲ႕ Provisional Measures ဆိုတဲ့ ေဆာင္႐ြက္ခ်က္ေတြဟာ အေကာင္းဘက္ကေန ရႈျမင္ရင္ တိုင္းျပည္ရဲ႕ပုံရိပ္ကိုအဖတ္ဆည္ဖို႔အတြက္ အခြင့္အေရးတခုေလ။ ျပည္တြင္းမွာ မွားယြင္းေနတဲ့ ကိစၥတခုကို ျပန္လည္ၿပီးတည့္မတ္ေအာင္ မွန္ကန္ေအာင္လုပ္ႏိုင္တဲ့အခြင့္အေရးတခုေလ၊ ကုလသမဂၢမွာ ေထာက္ခံတာကန႔္ကြက္တာေတြကေတာ့ သံခင္းတမန္ခင္းအရ တ႐ုတ္တို႔ ႐ုရွားတို႔က အၿမဲတမ္း အေနာက္တိုင္းႏိုင္ငံေတြနဲ႔ ဆန႔္က်င္တဲ့သေဘာရွိတယ္ေလ။ ျမန္မာနဲ႔ မဟာမိတ္ကိုလည္း ျပခ်င္တဲ့သေဘာရွိတာေပါ့” လို႔ရႈျမင္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ....

“ ကုလသမဂၢတရား႐ုံးက ဆုံးျဖတ္ထားတဲ့ ၾကားျဖတ္ေဆာင္႐ြက္ခ်က္ေတြဟာ က်ေနာ္တို႔ နဂိုထဲက ေဆာင္႐ြက္ၿပီးသားျဖစ္တယ္။ အဲဒီေတာ့ က်ေနာ္တို႔ အထူးတလည္ေဆာင္႐ြက္ရမွာမဟုတ္ပါဘူး။ က်ေနာ္တို႔ ဒီဟာကို ေလးလ တခါ ေျခာက္လ ေနတခါ အစီရင္ခံရမွာပဲ ထူးျခားတာရွိပါတယ္။ အခုလို မိတ္ေဆြႏိုင္ငံေတြက ကုလသမဂၢအေနနဲ႔ သူ႔ရဲ႕လုပ္ပိုင္ခြင့္သုံး ေဆာင္႐ြက္မွာကို ကန႔္ကြက္ေပးတဲ့အတြက္ ျမန္မာႏိုင္ငံအဖို႔ ျပည္တြင္းမွာ အေျခအေနေတြေကာင္းလာေအာင္ က်ေနာ္တို႔ ျပင္ဆင္ဖို႔ အခ်ိန္ ပိုရွိပါတယ္။ က်ေနာ္တို႔ ႀကိဳဆိုပါတယ္” လို႔ RFA ကို ေျပာပါတယ္။

တပ္ေတာ္အၿငိမ္းစားအရာရွိ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ...

“ တပ္မေတာ္က ဒါနဲ႔ပတ္သက္ၿပီး အေရးယူမယ္ေျပာၿပီးၿပီ။ အရင္ကလဲ က်ဴးလြန္တဲ့သူေတြ၊ က်ဴးလြန္တယ္လို႔ သိတဲ့သူေတြကို အေရးယူခဲ့တယ္ ။ ခုလည္း လုပ္ေနတယ္။ ဒါေၾကာင့္ ဒီ ICJ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ ဒီ့ထက္ပိုအေရးယူစရာမရွိပါဘူး” လို႔ေျပာပါတယ္။

ICJ က ျမန္မာအေပၚ ခ်မွတ္ထားတဲ့ ၾကားျဖတ္စီမံခ်က္ကို ျမန္မာအစိုးရေဆာင္႐ြက္ဖို႔ တိုက္တြန္းေရး ကုလသမဂၢလုံၿခဳံေရးေကာင္စီက မေန႔ကေဆြးေႏြးပြဲမွာ သေဘာတူညီမႈေတြ မရခဲ့တာနဲ႔ ပတ္သက္ၿပီး အျမင္သေဘာထားေတြ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
လုံခြုံရေးကောင်စီမှာ မြန်မာဘက်ကရပ်ခဲ့တဲ့ တရုတ်နဲ့ဗီယက်နမ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး။
Photo: AFP

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေ ဆောင်ရွက်ဖို့အမိန့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

အဲဒီအစည်းအဝေးမှာ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်ရာ ရောက်စေနိုင်မဲ့လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရကို တိုက်တွန်းဖို့ ကြေညာချက်ထုတ်ရေးအတွက် ဆွေးနွေးကြရာမှာ မြန်မာနဲ့အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

ICJ ဆုံးဖြတ်ချက် မြန်မာလိုက်နာရေး လုံခြုံရေးကောင်စီမှာ သဘောတူညီချက်မရတဲ့အပေါ် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှုး Phil Robertson က...

“ ဒါကမြန်မာအတွက် ICJ ဆုံးဖြတ်ချက်အပေါ် ဘာမှ သက်ရောက်မှုမရှိပါဘူး။ မြန်မာအနေနဲ့ ICJ က ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး လုပ်ဆောင်ရမယ့်ကိစ္စ အပြောင်းအလဲ မရှိနိုင်ပါဘူး။  တရုတ်က မြန်မာဘက်က ရပ်တည်လို့ မြန်မာအစိုးရအနိုင်ရပြီလို့လည်း ထင်လို့မရပါဘူး" လို့ပြောပါတယ်။

ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကလည်း မနေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာ့အရေး သဘောတူညီချက်မရခဲ့တာနဲ့ ပတ်သက်ပြီး ....

“  ICJ ရဲ့ Provisional Measures ဆိုတဲ့ ဆောင်ရွက်ချက်တွေဟာ အကောင်းဘက်ကနေ ရှုမြင်ရင် တိုင်းပြည်ရဲ့ပုံရိပ်ကိုအဖတ်ဆည်ဖို့အတွက် အခွင့်အရေးတခုလေ။ ပြည်တွင်းမှာ မှားယွင်းနေတဲ့ ကိစ္စတခုကို ပြန်လည်ပြီးတည့်မတ်အောင် မှန်ကန်အောင်လုပ်နိုင်တဲ့အခွင့်အရေးတခုလေ၊ ကုလသမဂ္ဂမှာ ထောက်ခံတာကန့်ကွက်တာတွေကတော့ သံခင်းတမန်ခင်းအရ တရုတ်တို့ ရုရှားတို့က အမြဲတမ်း အနောက်တိုင်းနိုင်ငံတွေနဲ့ ဆန့်ကျင်တဲ့သဘောရှိတယ်လေ။ မြန်မာနဲ့ မဟာမိတ်ကိုလည်း ပြချင်တဲ့သဘောရှိတာပေါ့” လို့ရှုမြင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကတော့ ....

“ ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်ထားတဲ့ ကြားဖြတ်ဆောင်ရွက်ချက်တွေဟာ ကျနော်တို့ နဂိုထဲက ဆောင်ရွက်ပြီးသားဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ အထူးတလည်ဆောင်ရွက်ရမှာမဟုတ်ပါဘူး။ ကျနော်တို့ ဒီဟာကို လေးလ တခါ ခြောက်လ နေတခါ အစီရင်ခံရမှာပဲ ထူးခြားတာရှိပါတယ်။ အခုလို မိတ်ဆွေနိုင်ငံတွေက ကုလသမဂ္ဂအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်သုံး ဆောင်ရွက်မှာကို ကန့်ကွက်ပေးတဲ့အတွက် မြန်မာနိုင်ငံအဖို့ ပြည်တွင်းမှာ အခြေအနေတွေကောင်းလာအောင် ကျနော်တို့ ပြင်ဆင်ဖို့ အချိန် ပိုရှိပါတယ်။ ကျနော်တို့ ကြိုဆိုပါတယ်” လို့ RFA ကို ပြောပါတယ်။

တပ်တော်အငြိမ်းစားအရာရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ...

“ တပ်မတော်က ဒါနဲ့ပတ်သက်ပြီး အရေးယူမယ်ပြောပြီးပြီ။ အရင်ကလဲ ကျူးလွန်တဲ့သူတွေ၊ ကျူးလွန်တယ်လို့ သိတဲ့သူတွေကို အရေးယူခဲ့တယ် ။ ခုလည်း လုပ်နေတယ်။ ဒါကြောင့် ဒီ ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒီ့ထက်ပိုအရေးယူစရာမရှိပါဘူး” လို့ပြောပါတယ်။

ICJ က မြန်မာအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်စီမံချက်ကို မြန်မာအစိုးရဆောင်ရွက်ဖို့ တိုက်တွန်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနေ့ကဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ မရခဲ့တာနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
လုံၿခဳံေရးေကာင္စီမွာ ျမန္မာဘက္ကရပ္ခဲ့တဲ့ တ႐ုတ္နဲ႔ဗီယက္နမ္ လုံၿခဳံေရးေကာင္စီမွာ ျမန္မာဘက္ကရပ္ခဲ့တဲ့ တ႐ုတ္နဲ႔ဗီယက္နမ္ Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.