ကိုလိုနီေခတ္ လက္နက္ဥပေဒေတြ ပယ္ဖ်က္ဖို႔ လႊတ္ေတာ္မွာေဆြးေႏြး

(Zawgyi)⤵⤵⤵
ေခတ္နဲ႔ ေလ်ာ္ညီမႈမရွိဘဲ လူထုအေပၚ ဖိႏွိပ္တဲ့ဥပေဒအျဖစ္ အသုံးခ်သလိုျဖစ္ေနတဲ့ လက္နက္နဲ႔ သက္ဆိုင္တဲ့ဥပေဒေတြကို ပယ္ဖ်က္ၿပီး ဥပေဒအသစ္ေရးဆြဲ ျပဌာန္းေပးဖို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ႏွစ္ဦးက ဒီေန႔ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ  ၾကယ္ပြင့္ျပေမးခြန္းေတြအျဖစ္ ေမးျမန္းခဲ့ပါတယ္။

လက္နက္ဥပေဒအမ်ားစုဟာ ေဒသခံလူထုကိုဖိႏွိပ္ရာမွာ အသုံးျပဳဖို႔ ၿဗိတိသွ်ကိုလိုနီအစိုးရ လက္ထက္ကတည္းက ျပဌာန္းခဲ့တဲ့ဥပေဒေတြ ျဖစ္ပါတယ္။

လႊတ္ေတာ္အမတ္ေတြရဲ႕ ေမးခြန္းကို ျပန္လည္ေျဖၾကားရာမွာ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူက “တစ္ႏိုင္ငံလုံးကို တေျပးညီ အာဏာသက္ေရာက္ေစမယ့္ လက္နက္ဥပေဒသစ္“ ကို ရဲတပ္ဖြဲ႕က ေရးဆြဲေနတယ္လို႔ ေျပာပါတယ္။

၁၈၇၈ ခုႏွစ္က လက္နက္ဥပေဒ အပါအဝင္ တျခား လက္နက္ဥပေဒေတြကို ပယ္ဖ်က္ၿပီး လက္နက္ဥပေဒသစ္ေရးဆြဲဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူက ေျပာပါတယ္။

လက္ရွိတည္ဆဲျဖစ္တဲ့ လက္နက္နဲ႔ သက္ဆိုင္တဲ့ ဥပေဒေတြကေတာ့ ၁၈၇၈ ခုႏွစ္ လက္နက္မ်ား အက္ဥပေဒ၊ ၁၈၉၅ ခုႏွစ္ ကခ်င္ေတာင္တန္းေဒသ မ်ိဳး႐ိုးတူစုမ်ားဆိုင္ရာ စည္းမ်ဥ္းဥပေဒ၊ ၁၉၂၄ ရွမ္းျပည္နယ္ လက္နက္အမိန႔္၊ ၁၉၄၈ ခုႏွစ္ ခ်င္းျပည္နယ္ လက္နက္ဆိုင္ရာ ျပဌာန္းခ်က္မ်ား၊ ၁၉၄၉ ခုႏွစ္ လက္နက္အေရးေပၚ ျပစ္ဒဏ္စီရင္မႈ ယာယီအက္ဥပေဒနဲ႔ ၁၉၅၁ ခုႏွစ္ လက္နက္ ယာယီျပင္ဆင္ခ်က္ဥပေဒတို႔ ျဖစ္ပါတယ္။

SNLD က်ားေခါင္းပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းေအးက... ရွမ္းျပည္နယ္မွာ က်င့္သုံးတဲ့ လက္နက္ဥပေဒသုံးခုဟာ ေဒသခံျပည္သူေတြရဲ႕ ဓေလ့ထုံးစံအရ ဓား၊ တူမီးေသနတ္ ကိုင္ေဆာင္မႈေတြကို ကန႔္သတ္ဖိႏွိပ္မႈေတြရွိေနတဲ့အတြက္ အသစ္ျပဌာန္းေပးဖို႔ ေတာင္းဆိုရတာလို႔ ေျပာပါတယ္။

လက္နက္ဥပေဒသစ္နဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီကို တင္ျပလာရင္ လိုအပ္ခ်က္ေတြကို ေထာက္ျပ အႀကံျပဳသြားမယ္လို႔ ဦးစိုင္းထြန္းေအးက ဆက္ေျပာပါတယ္။

NLD ပါတီ၊ စဥ့္ကူးၿမိဳ႕နယ္က ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဇာ္ဝင္းျမင့္ကလည္း ေခတ္နဲ႔ ဆီေလ်ာ္မႈမရွိတဲ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၄ဝ ေက်ာ္က ၁၈၇၈ ခုႏွစ္ လက္နက္ဥပေဒကို ပယ္ဖ်က္ၿပီး အသစ္ျပဌာန္းဖို႔ ရွိမရွိ ေမးျမန္းခဲ့ပါတယ္။

စဥ့္ကူးၿမိဳ႕နယ္အတြင္း ၁၈၇၈ ခုႏွစ္ လက္နက္ဥပေဒအရ ျပစ္ဒဏ္ခ်မွတ္ခံေနရတာေတြ အမ်ားအျပားရွိၿပီး ထန္းတက္သမားမိသားစုေတြ၊ ေ႐ႊတူးတဲ့သူေတြ၊ ေတာင္ယာလုပ္ကိုင္တဲ့ သူေတြဟာ ေငြဒဏ္မဟုတ္ဘဲ ေထာင္ဒဏ္အထိ ခ်မွတ္ခံေနရတယ္လို႔ သူက ေျပာပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူက စဥ့္ကူးၿမိဳ႕နယ္အတြင္းမွာ ရာဇဝတ္မႈေတြ မ်ားတဲ့အတြက္ အဲဒီဥပေဒနဲ႔ အေရးယူရတာလို႔ လႊတ္ေတာ္အစည္းအေဝးအတြင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ေဒါက္တာေဇာ္ဝင္းျမင့္ကေတာ့ အဲဒီဥပေဒေတြဟာ ျပည္သူေတြကို အကာအကြယ္ေပးႏိုင္တဲ့ ဥပေဒေတြ မဟုတ္ဘူးလို႔ အစည္းအေဝးအၿပီးမွာ သတင္းေထာက္ေတြကို ရွင္းျပသြားပါတယ္။

ရဲတပ္ဖြဲ႕က ေရးဆြဲေနတဲ့ လက္နက္ဥပေဒသစ္ကို လုံေလာက္တဲ့ အခ်ိန္အတိုင္းအတာထက္ မၾကန႔္ၾကာေစဘဲ ျပည္သူကို အကာအကြယ္ေပးႏိုင္ၿပီး ေခတ္နဲ႔ေလ်ာ္ညီမူရွိတဲ့ ဥပေဒ အျမန္ဆုံး ျပဌာန္းေပးဖို႔ ေတာင္းဆိုခ်င္တယ္လို႔လည္း  ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြျဖစ္တဲ့ ေဒါက္တာ ေဇာ္ဝင္းျမင့္နဲ႔ ဦးစိုင္းထြန္းေအးတို႔က ေျပာဆိုသြားၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကိုလိုနီခေတ် လက်နက်ဥပဒေတွေ ပယ်ဖျက်ဖို့ လွှတ်တော်မှာဆွေးနွေး

ခေတ်နဲ့ လျော်ညီမှုမရှိဘဲ လူထုအပေါ် ဖိနှိပ်တဲ့ဥပဒေအဖြစ် အသုံးချသလိုဖြစ်နေတဲ့ လက်နက်နဲ့ သက်ဆိုင်တဲ့ဥပဒေတွေကို ပယ်ဖျက်ပြီး ဥပဒေအသစ်ရေးဆွဲ ပြဌာန်းပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ  ကြယ်ပွင့်ပြမေးခွန်းတွေအဖြစ် မေးမြန်းခဲ့ပါတယ်။

လက်နက်ဥပဒေအများစုဟာ ဒေသခံလူထုကိုဖိနှိပ်ရာမှာ အသုံးပြုဖို့ ဗြိတိသျှကိုလိုနီအစိုးရ လက်ထက်ကတည်းက ပြဌာန်းခဲ့တဲ့ဥပဒေတွေ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက “တစ်နိုင်ငံလုံးကို တပြေးညီ အာဏာသက်ရောက်စေမယ့် လက်နက်ဥပဒေသစ်“ ကို ရဲတပ်ဖွဲ့က ရေးဆွဲနေတယ်လို့ ပြောပါတယ်။

၁၈၇၈ ခုနှစ်က လက်နက်ဥပဒေ အပါအဝင် တခြား လက်နက်ဥပဒေတွေကို ပယ်ဖျက်ပြီး လက်နက်ဥပဒေသစ်ရေးဆွဲဖို့ ဆောင်ရွက်နေတယ်လို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။

လက်ရှိတည်ဆဲဖြစ်တဲ့ လက်နက်နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကတော့ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေ၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ၁၉၂၄ ရှမ်းပြည်နယ် လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ် ချင်းပြည်နယ် လက်နက်ဆိုင်ရာ ပြဌာန်းချက်များ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေနဲ့ ၁၉၅၁ ခုနှစ် လက်နက် ယာယီပြင်ဆင်ချက်ဥပဒေတို့ ဖြစ်ပါတယ်။

SNLD ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက... ရှမ်းပြည်နယ်မှာ ကျင့်သုံးတဲ့ လက်နက်ဥပဒေသုံးခုဟာ ဒေသခံပြည်သူတွေရဲ့ ဓလေ့ထုံးစံအရ ဓား၊ တူမီးသေနတ် ကိုင်ဆောင်မှုတွေကို ကန့်သတ်ဖိနှိပ်မှုတွေရှိနေတဲ့အတွက် အသစ်ပြဌာန်းပေးဖို့ တောင်းဆိုရတာလို့ ပြောပါတယ်။

လက်နက်ဥပဒေသစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လွှတ်တော် ဥပဒေကြမ်းကော်မတီကို တင်ပြလာရင် လိုအပ်ချက်တွေကို ထောက်ပြ အကြံပြုသွားမယ်လို့ ဦးစိုင်းထွန်းအေးက ဆက်ပြောပါတယ်။

NLD ပါတီ၊ စဉ့်ကူးမြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်ကလည်း ခေတ်နဲ့ ဆီလျော်မှုမရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ဝ ကျော်က ၁၈၇၈ ခုနှစ် လက်နက်ဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြဌာန်းဖို့ ရှိမရှိ မေးမြန်းခဲ့ပါတယ်။

စဉ့်ကူးမြို့နယ်အတွင်း ၁၈၇၈ ခုနှစ် လက်နက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံနေရတာတွေ အများအပြားရှိပြီး ထန်းတက်သမားမိသားစုတွေ၊ ရွှေတူးတဲ့သူတွေ၊ တောင်ယာလုပ်ကိုင်တဲ့ သူတွေဟာ ငွေဒဏ်မဟုတ်ဘဲ ထောင်ဒဏ်အထိ ချမှတ်ခံနေရတယ်လို့ သူက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက စဉ့်ကူးမြို့နယ်အတွင်းမှာ ရာဇဝတ်မှုတွေ များတဲ့အတွက် အဲဒီဥပဒေနဲ့ အရေးယူရတာလို့ လွှတ်တော်အစည်းအဝေးအတွင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒေါက်တာဇော်ဝင်းမြင့်ကတော့ အဲဒီဥပဒေတွေဟာ ပြည်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မဟုတ်ဘူးလို့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။

ရဲတပ်ဖွဲ့က ရေးဆွဲနေတဲ့ လက်နက်ဥပဒေသစ်ကို လုံလောက်တဲ့ အချိန်အတိုင်းအတာထက် မကြန့်ကြာစေဘဲ ပြည်သူကို အကာအကွယ်ပေးနိုင်ပြီး ခေတ်နဲ့လျော်ညီမူရှိတဲ့ ဥပဒေ အမြန်ဆုံး ပြဌာန်းပေးဖို့ တောင်းဆိုချင်တယ်လို့လည်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာ ဇော်ဝင်းမြင့်နဲ့ ဦးစိုင်းထွန်းအေးတို့က ပြောဆိုသွားကြပါတယ်။

RFA Burmese
https://www.rfa.org
ကိုလိုနီေခတ္ လက္နက္ဥပေဒေတြ ပယ္ဖ်က္ဖို႔ လႊတ္ေတာ္မွာေဆြးေႏြး ကိုလိုနီေခတ္ လက္နက္ဥပေဒေတြ ပယ္ဖ်က္ဖို႔ လႊတ္ေတာ္မွာေဆြးေႏြး Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.