တရားစြဲမယ္ဆိုတဲ့ YUPT ရွယ္ယာရွင္‌ေတြကို ဥပေဒနဲ႔အညီ ေျဖရွင္းေပးမယ္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္၀ါရီ ၆

အရႈံးေပၚေနတဲ့ (YUPT) ကုမၸဏီ အစုရွယ္ယာရွင္‌ေတြက သူတို႔ရဲ႕ရွယ္ယာေတြကို ျပန္ထုတ္ေပးဖို႔ ေတာင္းဆို ေနမႈအေပၚမွာ နစ္နာမႈ‌ေတြအတြက္ တာဝန္ရွိသူ‌‌ေတြကို တရားစြဲဆိုသြားမယ္လို႔ ေျပာဆိုထားတာေၾကာင့္ အဲဒီ ေတာင္းဆိုခ်က္ေတြကို ဥပေဒနဲ႔အညီ ေျဖရွင္းေဆာင္႐ြက္ေပးသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ ေဆာင္ေရး ႀကီးၾကပ္မႈ အာဏာပိုင္အဖြဲ႕ YRTA ရဲ႕ အတြင္းေရးမွဴး ဦးလွေအာင္က ေျပာပါတယ္။

" YUPT ရွယ္ယာရွင္ေတြရဲ႕ ေတာင္းဆိုခ်က္ကို ဥပေဒနဲ႔ အညီ ေျဖရွင္းေပးဖို႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕က လည္း ၫႊန္ၾကားထားပါတယ္ ကုမၸဏီျဖစ္တဲ့အတြက္ ဒါ႐ိုက္တာအဖြဲ႕ေတြ၊ ဘဏ္စာရင္း လုပ္ထုံးလုပ္နည္းေတြ ရွိပါတယ္။ ေျဖရွင္းေပးဖို႔ ဝန္ႀကီးခ်ဳပ္ကလည္း ေျပာထားၿပီးသားပါ" လို႔ ၎က ဆိုပါတယ္။


ေဖေဖာ္ဝါရီ ၅ ရက္က ျပဳလုပ္တဲ့ YRTA ရဲ႕ ပုံမွန္သတင္းစာ ရွင္းလင္းပြဲမွာ အဲဒီလို ေျပာဆိုလိုက္တာျဖစ္ၿပီး၊ YUPT ရဲ႕ ဂယက္ေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ လမ္းပမ္းဆက္သြယ္ေရး အခက္အခဲကို ေျဖရွင္းဖို႔ အစီအမံ‌ ေတြလည္း ျပဳလုပ္ထားတယ္လို႔ ဦးလွေအာင္က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားနဲ႔သက္ဆိုင္တဲ့ (YUPT) ကုမၸဏီလီမိတက္မွ ရွယ္ယာ ရွင္ တစ္ဦးျဖစ္တဲ့ ဦးထိန္ဝင္းက " ကြၽန္‌ေတာ္တို႔က မူလရွယ္ယာ ရွင္ေတြပါ။ ဒီ (YUPT) ကုမၸဏီကို တည္ ေထာင္တဲ့သူက ကြၽန္ေတာ္တို႔စီကို လာၿပီး (၃၅) ဘီလီယံ အေပါင္း (၄) ဘီလီယံ လာၿပီးရင္းႏွီးျမဳပ္ႏွံတယ္။ အဲ့ဒါအစိုးရကို ကြၽန္ေတာ္တို႔က သြားဝင္တာ မဟုတ္ပါဘူး။ သူတို႔က ကြၽန္ေတာ္တို႔ထဲကို ဘီလီယံနဲ႔ခ်ီၿပီး အရင္း အႏွီး လာထည့္တာပါ။ အခုရႈံးေနပါၿပီ ဒါဟာလုပ္ငန္စဥ္အရ အရႈံးမဟုတ္ပါဘူး။ စီမံခန္႔ခြဲမႈ လြဲေနလို႔ ျဖစ္တာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ရွယ္ယာေတြကို ျပန္ထုတ္ေပးပါလို႔ ဒီေနရာကေန ေတာင္းဆိုပါတယ္ '' လို႔ ေျပာပါတယ္။

YUPT ကုမၸဏီရဲ႕ ပိုင္ဆိုင္မႈကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က (၈၆) ရာခိုင္ႏႈန္း ရွယ္ယာထည့္ဝင္ ပိုင္ ဆိုင္ထားၿပီး (၁၄) ရာခိုင္ႏႈန္းက ရွယ္ယာရွင္မ်ားရဲ႕ ထည့္ဝင္ေငြ ျဖစ္တယ္လို႔ သိရပါတယ္။

ကြန္းဈာန္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
တရားစွဲမယ်ဆိုတဲ့ YUPT ရှယ်ယာရှင်‌တွေကို ဥပဒေနဲ့အညီ ဖြေရှင်းပေးမယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အရှုံးပေါ်နေတဲ့ (YUPT) ကုမ္ပဏီ အစုရှယ်ယာရှင်‌တွေက သူတို့ရဲ့ရှယ်ယာတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆို နေမှုအပေါ်မှာ နစ်နာမှု‌တွေအတွက် တာဝန်ရှိသူ‌‌တွေကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုထားတာကြောင့် အဲဒီ တောင်းဆိုချက်တွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

" YUPT ရှယ်ယာရှင်တွေရဲ့ တောင်းဆိုချက်ကို ဥပဒေနဲ့ အညီ ဖြေရှင်းပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က လည်း ညွှန်ကြားထားပါတယ် ကုမ္ပဏီဖြစ်တဲ့အတွက် ဒါရိုက်တာအဖွဲ့တွေ၊ ဘဏ်စာရင်း လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဖြေရှင်းပေးဖို့ ဝန်ကြီးချုပ်ကလည်း ပြောထားပြီးသားပါ" လို့ ၎င်းက ဆိုပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်တဲ့ YRTA ရဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုလိုက်တာဖြစ်ပြီး၊ YUPT ရဲ့ ဂယက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းဖို့ အစီအမံ‌ တွေလည်း ပြုလုပ်ထားတယ်လို့ ဦးလှအောင်က ပြောပါတယ်။

ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်တဲ့ (YUPT) ကုမ္ပဏီလီမိတက်မှ ရှယ်ယာ ရှင် တစ်ဦးဖြစ်တဲ့ ဦးထိန်ဝင်းက " ကျွန်‌တော်တို့က မူလရှယ်ယာ ရှင်တွေပါ။ ဒီ (YUPT) ကုမ္ပဏီကို တည် ထောင်တဲ့သူက ကျွန်တော်တို့စီကို လာပြီး (၃၅) ဘီလီယံ အပေါင်း (၄) ဘီလီယံ လာပြီးရင်းနှီးမြုပ်နှံတယ်။ အဲ့ဒါအစိုးရကို ကျွန်တော်တို့က သွားဝင်တာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့ထဲကို ဘီလီယံနဲ့ချီပြီး အရင်း အနှီး လာထည့်တာပါ။ အခုရှုံးနေပါပြီ ဒါဟာလုပ်ငန်စဉ်အရ အရှုံးမဟုတ်ပါဘူး။ စီမံခန့်ခွဲမှု လွဲနေလို့ ဖြစ်တာပါ။ ကျွန်တော်တို့ရဲ့ ရှယ်ယာတွေကို ပြန်ထုတ်ပေးပါလို့ ဒီနေရာကနေ တောင်းဆိုပါတယ် '' လို့ ပြောပါတယ်။

YUPT ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က (၈၆) ရာခိုင်နှုန်း ရှယ်ယာထည့်ဝင် ပိုင် ဆိုင်ထားပြီး (၁၄) ရာခိုင်နှုန်းက ရှယ်ယာရှင်များရဲ့ ထည့်ဝင်ငွေ ဖြစ်တယ်လို့ သိရပါတယ်။

ကွန်းဈာန်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား