အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕၌ အျငင္းပြားဖြယ္ ႏိုင္ငံသားဥပေဒေၾကာင့္ ပဋိပကၡျဖစ္ပြားစဥ္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ေသဆုံး

(Zawgyi)⤵⤵⤵
နယူးေဒလီ ၊ ေဖေဖာ္ဝါရီ ၂၅ ရက္(ဆင္ဟြာ)

အိႏၵိယႏိုင္ငံနယူးေဒလီၿမိဳ႕ေတာ္၌ အျငင္းပြားဖြယ္ႏိုင္ငံသားဥပေဒႏွင့္ပတ္သက္၍ ပဋိပကၡျဖစ္ပြားမႈအတြင္း ေဖေဖာ္ဝါရီ ၂၄ ရက္က တပ္ဖြဲ႕ဝင္တစ္ဦး ေသဆုံးခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။ေဒလီၿမိဳ႕အေရွ႕ေျမာက္ပိုင္းတြင္ ျဖစ္ပြားခဲ့ေသာ အိႏၵိယႏိုင္ငံသားအက္ဥပေဒျပင္ဆင္ခ်က္(CAA) အေပၚ ေထာက္ခံသူမ်ား ႏွင့္ ကန႔္ကြက္သူမ်ားအၾကား ပဋိပကၡအတြင္း ရဲတပ္ၾကပ္ႀကီးတစ္ဦး ေသဆုံးခဲ့ရျခင္းျဖစ္သည္။
အိႏၵိယႏိုင္ငံ၌ အျငင္းပြားဖြယ္ ႏိုင္ငံသားဥပေဒေၾကာင့္ ဆႏၵျပသူမ်ား ႏွင့္ ရဲတပ္ဖြဲ႕အၾကား ပဋိပကၡျဖစ္ပြားေနစဥ္(ဆင္ဟြာ)

အိႏၵိယႏိုင္ငံ၌ အျငင္းပြားဖြယ္ ႏိုင္ငံသားဥပေဒေၾကာင့္ ဆႏၵျပသူမ်ား ႏွင့္ ရဲတပ္ဖြဲ႕အၾကား ပဋိပကၡျဖစ္ပြားေနစဥ္(ဆင္ဟြာ)

“ ဒီေန႔မွာ ပဋိပကၡျဖစ္ၾကတယ္၊ ႏွစ္ဖက္အုပ္စုအၾကား ေက်ာက္ခဲေတြနဲ႔အျပန္အလွန္ပစ္ၾကတာေပါ့။ ရဲတပ္ဖြဲ႕က အေျခအေနေတြကိုထိန္းသိမ္းဖို႔ႀကိဳးစားခဲ့တယ္ ” ရဲအရာရွိတစ္ဦးက မီဒီယာသို႔ေျပာၾကားခဲ့သည္။ “ ကံဆိုးစြာနဲ႔ပဲ ရဲတပ္ၾကပ္ႀကီးတစ္ဦး ပဋိပကၡအတြင္း ေသဆုံးသြားတယ္ ” ဟု ၎ကဆက္လက္ေျပာၾကားခဲ့သည္။အဆိုပါရဲအရာရွိက ၎တို႔အေနျဖင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးအသတ္ခံရမႈႏွင့္ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ား ေဖာ္ထုတ္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း ေျပာၾကားခဲ့သည္။ဆႏၵျပသူမ်ားသည္ Jaffrabad ႏွင့္ Maujpur ေဒသမ်ားတြင္ အဓိက႐ုဏ္းမႈမ်ား ဖန္တီးခဲ့ေၾကာင္း သတင္းမ်ားက ဆိုသည္။ယင္းေဒသမ်ားတြင္ ေဖေဖာ္ဝါရီ ၂၃ ရက္က ထိပ္တိုက္ေတြ႕ဆုံမႈမ်ားစတင္ျဖစ္ပြားခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္အမ်ားအျပား ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံ ဒေလီမြို့၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကြောင့် ပဋိပက္ခဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်၌ အငြင်းပွားဖွယ်နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဒေလီမြို့အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက်(CAA) အပေါ် ထောက်ခံသူများ နှင့် ကန့်ကွက်သူများအကြား ပဋိပက္ခအတွင်း ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကြောင့် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကြောင့် ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားနေစဉ်(ဆင်ဟွာ)

“ ဒီနေ့မှာ ပဋိပက္ခဖြစ်ကြတယ်၊ နှစ်ဖက်အုပ်စုအကြား ကျောက်ခဲတွေနဲ့အပြန်အလှန်ပစ်ကြတာပေါ့။ ရဲတပ်ဖွဲ့က အခြေအနေတွေကိုထိန်းသိမ်းဖို့ကြိုးစားခဲ့တယ် ” ရဲအရာရှိတစ်ဦးက မီဒီယာသို့ပြောကြားခဲ့သည်။ “ ကံဆိုးစွာနဲ့ပဲ ရဲတပ်ကြပ်ကြီးတစ်ဦး ပဋိပက္ခအတွင်း သေဆုံးသွားတယ် ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။အဆိုပါရဲအရာရှိက ၎င်းတို့အနေဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ဆန္ဒပြသူများသည် Jaffrabad နှင့် Maujpur ဒေသများတွင် အဓိကရုဏ်းမှုများ ဖန်တီးခဲ့ကြောင်း သတင်းများက ဆိုသည်။ယင်းဒေသများတွင် ဖေဖော်ဝါရီ ၂၃ ရက်က ထိပ်တိုက်တွေ့ဆုံမှုများစတင်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕၌ အျငင္းပြားဖြယ္ ႏိုင္ငံသားဥပေဒေၾကာင့္ ပဋိပကၡျဖစ္ပြားစဥ္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ေသဆုံး အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕၌ အျငင္းပြားဖြယ္ ႏိုင္ငံသားဥပေဒေၾကာင့္ ပဋိပကၡျဖစ္ပြားစဥ္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 00:57 Rating: 5
Powered by Blogger.