ထိုင္းေရာက္ ျမန္မာအလုပ္သမားတခ်ဳဳိ႕ COVID-19 ေၾကာင့္ အလုပ္လက္မဲ့ျဖစ္

ေစ်း၀ယ္စင္တခုမွာ သန္႔ရွင္းေရးလုပ္ေနတဲ့ အလုပ္သမားမ်ား (၂၀၀၉ ဇြန္လ)

(Zawgyi/Unicode)

ထိုင္းနိုင္ငံမွာ ၀ူဟန္ကိုရိုနာဗိုင္းရပ္စ္ (COVID-19) ကူးစက္ေရာဂါေၾကာင့္ ကမၻာလွည့္ ခရီးသြားေတြ အလာက်ဆင္းသြားသလို ေရာဂါကူးစက္မွာ စိုးရိမ္ၾကတဲ့ ထုိင္းလူမ်ိဳးေတြ ကလည္း လူစည္ကားတဲ့ ေစ်း၀ယ္စင္တာေတြ ကို သိပ္မသြားၾကပါဘူး။

ဝယ္သူနည္း လာတာနဲ႔အမွ် ဆိုင္ေတြ ကို ပိတ္ပစ္ၾကတဲ့ အတြက္ ဒီဆိုင္ေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာ အလုပ္သမား အမ်ားအျပား အလုပ္လက္မဲ့ျဖစ္ ကုန္ၾကပါတယ္။ ဗြီအိုေအ သတင္းေထာက္မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္

ထိုင္းႏုိင္ငံမွာ Covid19 ကုိရိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကူးစက္မွာ ေၾကာက္ေနၾကတဲ့အတြက္ အရင္က ေစ်း၀ယ္စင္တာေတြ လူစည္ကားတဲ့ေစ်းေတြမွာ ေျခာက္ကပ္ေနၿပီး ေစ်း ၀ယ္သူ မလာတာေၾကာင့္ ေစ်းေရာင္းသူေတြ လည္း အခက္အခဲေတြ နဲ႔ ရင္ဆိုင္ ေနရတာပါ။

ကုန္တုိက္ေစ်း၀ယ္စင္တာေတြ ရွိတဲ့ အေရာင္းဆိုင္ငယ္ေလးေတြ တခ်ိဳ႕ကေတာ့ ေစ်း၀ယ္သူ နည္းပါးတာေၾကာင့္ ပိတ္ပစ္လိုက္ပါတယ္။ ဒါေၾကာင့္ အဲဒီဆိုင္ေတြမွာ အလုပ္လုပ္ေနတဲ့အေရာင္း၀င္ထမ္းေတြ၊ သန္႔ရွင္းေရး လုပ္ေနတဲ့ ျမန္မာ အလုပ္သမားေတြအပါအဝင္ ေစ်းဆိုင္ေတြမွာ အလုပ္သမားေတြ ေလ်ာ့ခ်တာ ခံ ေနၾကတယ္လို႔

AAC အလုပ္သမား ကူညီေရးအဖဲြက ဒါရိုက္တာ ဦးခိုင္ႀကီးက ေျပာပါတယ္။

“ ကုန္တိုက္တခုမွာ အေပၚထပ္တခုမွာ သန့္ရွင္းေရးအလုပ္သမား ၅ေယာက္ ခန္႕ရင္ ထုတ္ရင္ ေလ်ာ္ ေၾကးေပးရမွာ စိုးလို႔ ၃ေယာက္ပဲ လုပ္ခိုင္းလိုက္တယ္။ အဲဒီအလုပ္သမားေတြက မလုပ္ႏိုင္ေတာ့ ထြက္ေတာ့ အဲဒီပံုစံနဲ႔ ေလ်ာ့ၿပီးသား ျဖစ္သြားတယ္။ အလုပ္သမားကလည္း ျပန္တိုင္လို့ မရဘူး။ ကိုယ္သေဘာနဲ႔ ကုိယ့္ မလုပ္ႏိုင္တာျဖစ္သြားေတာ့ အဲဒီနည္းနဲ႕ ေလ်ာ့ခ်လိုက္တယ္”

လစာေငြ တလ ဘတ္ေငြ ၁၂၀၀၀ ရမယ္ဆုိျပီး ဒီလပုိင္းမွာပဲ MOU ႏွစ္ႏုိင္ငံ သေဘာတူစာခ်ဳပ္နဲ့ စာခ်ဳပ္ခ်ဳပ္လာေပမယ့္ ထုိင္းဘက္ေရာက္ေတာ့ လစာ ေငြ မရပဲ လုပ္ရက္လည္း မွန္မွန္ မဆင္းရတာမ်ိဳးကို ႀကံဳေနရသူ ေတြဟာ ထုိင္းႏုိင္ငံမွာပဲ ႀကံဳရာ အလုပ္ေတြ လုပ္ေနၾကရတာပါ။ ဒီလို ႀကံဳရာ အလုပ္လုပ္ေနရတဲ့ အလုပ္သမားတဦးကလည္း အလုပ္အကိုင္ အဆင္မေျပ ဘူးလို႔ ေျပာပါတယ္။

“လုပ္ခ ကလည္း လစာနဲ႕ ရွင္းေပးမယ္ဆုိျပီး လစာနဲ႕ လည္း မေပးဘူး က်ေနာ္တို ့လုပ္တာ ၉ ရက္ပဲ လုပ္တယ္ဆုိရင္ ၉ ရက္စာပဲ ေပးတယ္။ အဲဒါေတာင္ ၃ ခါ ေလာက္ခဲဲြေပးတယ္ ။ က်ေနာ္တုိ႕ ၅ ေယာက္ဆင္းရမယ့္ ေနရာမွာ ၂ေယာက္ပဲေခၚသြားတာ ရွိတယ္။ ၃ ေယာက္ေလာက္ ခ်န္ခဲ့တယ္။ အလုပ္ကလည္း မေပးႏုိင္ဘူး။ စီးပြားက်လို႕လား မက်လို႔လား က်ေနာ္တို့က မသိဘူး။ လူေဟာင္းေတြ ဆိုရင္လည္း တက္လာတုန္းက ၁၇ ေယာက္ တက္လာတာ အခုဆိုရင္ ၃ ေယာက္ပဲ က်န္ေတာ့တယ္။”

အလုပ္ေကာင္း ရဖို႕ အတြက္ က်ပ္ေငြ ၈သိန္းကေန ၁၀သိန္းၾကား ေပးျပီး ထိုင္းႏိုင္ငံကို သြား ေနတဲ့ တရား၀င္ အလုပ္သမားေတြဟာ အခု အလုပ္သမား ေလ်ာ့ခ်ေနခ်ိန္နဲ႔ ရင္ဆိုင္ ေနရ သလို စီးပြာေရး က်ဆင္းတာေႀကာင့္ လုပ္အားခေတြ မေပးႏိုင္တာေတြကို ႀကံုေနရတယ္လို ဦးခိုင္ႀကီး ဆုိပါတယ္။

“အလုပ္သမားေတြက အလုပ္ေကာင္းေနရင္ ဘယ္သူမွမထြက္ဘူး ထြက္တာက လုပ္အားခ ၂ လ စာ မရတာတို့၊ ၃လစာမရတာတ ို ့နဲ့့ ျပန္သြားၾကတယ္။”

အခုရက္ပိုင္း အတြင္းမွာ ပဲ GM (General Motor Plant) ကားကုမၸဏီၾကီးက ထိုင္းနိုင္ငံမွာ ကားထုတ္လုပ္ ေနတာေတြရပ္ဆိုင္းျပီး great wall motors ကုမၸဏီကို လြဲေျပာင္း လိုက္ျပီလို ့ေၾကညာခဲ့ပါတယ္။

Rayong အေျခစိုက္ Chevrolet ကားေတြထုတ္ေနတဲ့ GM ကုမၸဏီအေနနဲ႕ အ၀ယ္ေတြ က်ဆင္းတာေႀကာင့္ ေနာက္ဆုတ္သြားလို ့ အဲဒီကုမၸဏီ လက္ေအာက္မွာ အလုပ္လုပ္ေနၾကတဲ့ ေထာင္နဲ႔ ခ်ီတဲ့ ထိုင္းနဲ ့ ျမန္မာ နိုင္ငံသား အလုပ္သမားေတြရဲ ႕ကံၾကမၼာဟာလည္း မေရမရာ ျဖစ္လာ ေနတာပါ။

ထိုင္းနိုင္ငံမွာ ၀ူဟန္ကိုရိုနာဗိုင္းရပ္စ္ (Covid19) ကူးစက္ေရာဂါေၾကာင့္ ကမၻာလွည့္ ခရီးသြား လာေရာက္မႈ က်ဆင္း လာတာ ျဖစ္ၿပီး ဒီနိုင္ငံျခားဧည့္သည္ေတြကို မွီေနရတဲ့ ခရီးသြားလုပ္ငန္းေတြ၊ ေပ်ာ္ေတာ္ဆက္ ကာရာအိုေက ႏိုက္ကလပ္ စတဲ့ေနရာေတြနဲ႔ စားေသာက္ဆိုင္ ေတြ အျပင္ ရိုးရာ လက္မႈ အထည္ စတဲ့ လုပ္ငန္းေတြကိုပါ ထိခိုက္လာေန တာပါ။

အခုဆိုရင္ ကုန္တိုက္ေတြက တနိုင္တပုိင္ ဖြင့္ထားတဲ့ အေရာင္းဆိုင္ေတြ မွာလည္း ၀ယ္သူနည္းပါး လာတဲ့အတြက္ ဆိုင္ရွင္ေတြဟာ အခန္းခေတာင္ ေပးဖို႔ အဆင္မ ေျပျဖစ္ေနၾကသလို ဒီလို ဆိုင္ေတြမွာ အလုပ္လုပ္ဖုိ႔ ငွားထားတဲ့ ျမန္မာနိုင္ငံသား အလုပ္သမား ေတြကိုလည္း လစာေလွ်ာ့ေပးတာ၊ အလုပ္သမားဦးေရ ေလ်ာ့ ခ်တာေတြလုပ္ေနရတာ ျဖစ္ပါတယ္။


.................

ထိုင်းရောက် မြန်မာအလုပ်သမားတချိုု့ COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်

(Unicode)

ထိုင်းနိုင်ငံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ အလာကျဆင်းသွားသလို ရောဂါကူးစက်မှာ စိုးရိမ်ကြတဲ့ ထိုင်းလူမျိုးတွေ ကလည်း လူစည်ကားတဲ့ ဈေးဝယ်စင်တာတွေ ကို သိပ်မသွားကြပါဘူး။ ဝယ်သူနည်း လာတာနဲ့အမျှ ဆိုင်တွေ ကို ပိတ်ပစ်ကြတဲ့ အတွက် ဒီဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမား အများအပြား အလုပ်လက်မဲ့ဖြစ် ကုန်ကြပါတယ်။ ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်

ထိုင်းနိုင်ငံမှာ Covid19 ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှာ ကြောက်နေကြတဲ့အတွက် အရင်က ဈေးဝယ်စင်တာတွေ လူစည်ကားတဲ့ဈေးတွေမှာ ခြောက်ကပ်နေပြီး ဈေး ဝယ်သူ မလာတာကြောင့် ဈေးရောင်းသူတွေ လည်း အခက်အခဲတွေ နဲ့ ရင်ဆိုင် နေရတာပါ။

ကုန်တိုက်ဈေးဝယ်စင်တာတွေ ရှိတဲ့ အရောင်းဆိုင်ငယ်လေးတွေ တချို့ကတော့ ဈေးဝယ်သူ နည်းပါးတာကြောင့် ပိတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် အဲဒီဆိုင်တွေမှာ အလုပ်လုပ်နေတဲ့အရောင်းဝင်ထမ်းတွေ၊ သန့်ရှင်းရေး လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေအပါအဝင် ဈေးဆိုင်တွေမှာ အလုပ်သမားတွေ လျော့ချတာ ခံ နေကြတယ်လို့

AA C အလုပ်သမား ကူညီရေးအဖွဲက ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

“ ကုန်တိုက်တခုမှာ အပေါ်ထပ်တခုမှာ သန့်ရှင်းရေးအလုပ်သမား ၅ယောက် ခန့်ရင် ထုတ်ရင် လျော် ကြေးပေးရမှာ စိုးလို့ ၃ယောက်ပဲ လုပ်ခိုင်းလိုက်တယ်။ အဲဒီအလုပ်သမားတွေက မလုပ်နိုင်တော့ ထွက်တော့ အဲဒီပုံစံနဲ့ လျော့ပြီးသား ဖြစ်သွားတယ်။ အလုပ်သမားကလည်း ပြန်တိုင်လို့ မရဘူး။ ကိုယ်သဘောနဲ့ ကိုယ့် မလုပ်နိုင်တာဖြစ်သွားတော့ အဲဒီနည်းနဲ့ လျော့ချလိုက်တယ်”

လစာငွေ တလ ဘတ်ငွေ ၁၂၀၀၀ ရမယ်ဆိုပြီး ဒီလပိုင်းမှာပဲ MOU နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ စာချုပ်ချုပ်လာပေမယ့် ထိုင်းဘက်ရောက်တော့ လစာ ငွေ မရပဲ လုပ်ရက်လည်း မှန်မှန် မဆင်းရတာမျိုးကို ကြုံနေရသူ တွေဟာ ထိုင်းနိုင်ငံမှာပဲ ကြုံရာ အလုပ်တွေ လုပ်နေကြရတာပါ။ ဒီလို ကြုံရာ အလုပ်လုပ်နေရတဲ့ အလုပ်သမားတဦးကလည်း အလုပ်အကိုင် အဆင်မပြေ ဘူးလို့ ပြောပါတယ်။

“လုပ်ခ ကလည်း လစာနဲ့ ရှင်းပေးမယ်ဆိုပြီး လစာနဲ့ လည်း မပေးဘူး ကျနော်တို့လုပ်တာ ၉ ရက်ပဲ လုပ်တယ်ဆိုရင် ၉ ရက်စာပဲ ပေးတယ်။ အဲဒါတောင် ၃ ခါ လောက်ခဲွဲပေးတယ် ။ ကျနော်တို့ ၅ ယောက်ဆင်းရမယ့် နေရာမှာ ၂ယောက်ပဲခေါ်သွားတာ ရှိတယ်။ ၃ ယောက်လောက် ချန်ခဲ့တယ်။ အလုပ်ကလည်း မပေးနိုင်ဘူး။ စီးပွားကျလို့လား မကျလို့လား ကျနော်တို့က မသိဘူး။ လူဟောင်းတွေ ဆိုရင်လည်း တက်လာတုန်းက ၁၇ ယောက် တက်လာတာ အခုဆိုရင် ၃ ယောက်ပဲ ကျန်တော့တယ်။”

အလုပ်ကောင်း ရဖို့ အတွက် ကျပ်ငွေ ၈သိန်းကနေ ၁၀သိန်းကြား ပေးပြီး ထိုင်းနိုင်ငံကို သွား နေတဲ့ တရားဝင် အလုပ်သမားတွေဟာ အခု အလုပ်သမား လျော့ချနေချိန်နဲ့ ရင်ဆိုင် နေရ သလို စီးပွာရေး ကျဆင်းတာကြောင့် လုပ်အားခတွေ မပေးနိုင်တာတွေကို ကြုံနေရတယ်လို ဦးခိုင်ကြီး ဆိုပါတယ်။

“အလုပ်သမားတွေက အလုပ်ကောင်းနေရင် ဘယ်သူမှမထွက်ဘူး ထွက်တာက လုပ်အားခ ၂ လ စာ မရတာတို့၊ ၃လစာမရတာတ ို့နဲ့ ပြန်သွားကြတယ်။”

အခုရက်ပိုင်း အတွင်းမှာ ပဲ GM (General Motor Plant) ကားကုမ္ပဏီကြီးက ထိုင်းနိုင်ငံမှာ ကားထုတ်လုပ် နေတာတွေရပ်ဆိုင်းပြီး great wall motors ကုမ္ပဏီကို လွဲပြောင်း လိုက်ပြီလို့ကြေညာခဲ့ပါတယ်။

Rayong အခြေစိုက် Chevrolet ကားတွေထုတ်နေတဲ့ GM ကုမ္ပဏီအနေနဲ့ အဝယ်တွေ ကျဆင်းတာကြောင့် နောက်ဆုတ်သွားလို့ အဲဒီကုမ္ပဏီ လက်အောက်မှာ အလုပ်လုပ်နေကြတဲ့ ထောင်နဲ့ ချီတဲ့ ထိုင်းနဲ့ မြန်မာ နိုင်ငံသား အလုပ်သမားတွေရဲ့ကံကြမ္မာဟာလည်း မရေမရာ ဖြစ်လာ နေတာပါ။

ထိုင်းနိုင်ငံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (Covid19) ကူးစက်ရောဂါကြောင့် ကမ္ဘာလှည့် ခရီးသွား လာရောက်မှု ကျဆင်း လာတာ ဖြစ်ပြီး ဒီနိုင်ငံခြားဧည့်သည်တွေကို မှီနေရတဲ့ ခရီးသွားလုပ်ငန်းတွေ၊ ပျော်တော်ဆက် ကာရာအိုကေ နိုက်ကလပ် စတဲ့နေရာတွေနဲ့ စားသောက်ဆိုင် တွေ အပြင် ရိုးရာ လက်မှု အထည် စတဲ့ လုပ်ငန်းတွေကိုပါ ထိခိုက်လာနေ တာပါ။

အခုဆိုရင် ကုန်တိုက်တွေက တနိုင်တပိုင် ဖွင့်ထားတဲ့ အရောင်းဆိုင်တွေ မှာလည်း ဝယ်သူနည်းပါး လာတဲ့အတွက် ဆိုင်ရှင်တွေဟာ အခန်းခတောင် ပေးဖို့ အဆင်မ ပြေဖြစ်နေကြသလို ဒီလို ဆိုင်တွေမှာ အလုပ်လုပ်ဖို့ ငှားထားတဲ့ မြန်မာနိုင်ငံသား အလုပ်သမား တွေကိုလည်း လစာလျှော့ပေးတာ၊ အလုပ်သမားဦးရေ လျော့ ချတာတွေလုပ်နေရတာ ဖြစ်ပါတယ်။

ေအးေအးမာ/ VOA (Burmese)
https://burmese.voanews.com
ထိုင္းေရာက္ ျမန္မာအလုပ္သမားတခ်ဳဳိ႕ COVID-19 ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ ထိုင္းေရာက္ ျမန္မာအလုပ္သမားတခ်ဳဳိ႕ COVID-19 ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ Reviewed by THITHTOOLWIN on 01:58 Rating: 5
Powered by Blogger.