လပြတၱာက ကေလးအလုပ္သမားကို မီးရႈိ႕တယ္ဆိုတဲ့ ဆိုင္ရွင္အမ်ိဳးသမီးကို ဖမ္းဆီးအမႈဖြင့္

တိုင္းကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီဝင္က
(Zawgyi)⤵⤵⤵
ဧရာဝတီတိုင္း လပြတၱာၿမိဳ႕နယ္က ထမင္း၊ဟင္းနဲ႔ ရခိုင္မုန႔္တီဆိုင္က အသက္ ၁၂ႏွစ္ ဆိုင္အလုပ္သမား မီးရႈိ႕ခံရတယ္ဆိုၿပီး တိုင္တန္းမႈေၾကာင့္ သံသယတရားခံ ဆိုင္ရွင္ အမ်ိဳးသမီးကို ေဖေဖာ္ဝါရီ ၂၄ ရက္မွာ အမႈဖြင့္ အေရးယူထားတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေမာင္ဖိုးစေန ေခၚ ေမာင္ထက္စည္သူေအာင္ဟာ မီးရႈိ႕ႏွိပ္စက္ခံရတဲ့ ဒဏ္ရာေတြေၾကာင့္ လပြတၱာၿမိဳ႕နယ္ေဆး႐ုံကေန ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးကို ေျပာင္းေ႐ႊ႕ ကုသေနရပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကေလးမိဘေတြက အမႈဖြင့္တိုင္တန္းတာမ်ိဳး မရွိေပမယ့္ တရားလိုျပဳလုပ္ တိုင္ၾကားသူ ရွိခဲ့တာေၾကာင့္ အခုလို အေရးယူခဲ့တာလို႔ ရဲတပ္ဖြဲ႕ထံက သိရပါတယ္။

လပြတၱာၿမိဳ႕နယ္က ရခိုင္မုန႔္တီဆိုင္တစ္ခုက ဆိုင္အလုပ္သမား ကေလးဟာ ေဖေဖာ္ဝါရီ ၁၉ ရက္ ညပိုင္းက မ်က္ႏွာနဲ႔ ခႏၶာကိုယ္ အစိတ္အပိုင္းတခ်ိဳ႕မွာ အျပင္းအထန္ ေလာင္ကြၽမ္းထားတဲ့ ဒဏ္ရာေတြနဲ႔ လပြတၱာေဆး႐ုံကို တက္ေရာက္ခဲ့ရတာ ျဖစ္ပါတယ္။

ဒဏ္ရာေတြနဲ႔ပတ္သက္ၿပီး မိသားစုဝင္ေတြဘက္က အခုခ်ိန္ထိ ရဲကို တစ္စုံတစ္ရာ တိုင္တန္းအမႈဖြင့္တာမ်ိဳး မရွိခဲ့ဘူးလို႔ ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါ တယ္။

မိသားစုဝင္ေတြဘက္က အမႈမဖြင့္ခဲ့ေပမယ့္ ဧရာဝတီတိုင္းေဒသႀကီး ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီဝင္ ဦးျမင့္ေဌးက တရားလိုျပဳလုပ္ၿပီး အမႈဖြင့္ခဲ့တဲ့အတြက္ ဆိုင္ရွင္ျဖစ္သူ ေဒၚခ်ိဳခ်ိဳစန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ သြားေရာက္ဖမ္းဆီးၿပီး ရမန္ရယူ ခ်ဳပ္ေႏွာင္စစ္ေဆးေနတယ္လို႔ ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါတယ္။

ဆိုင္ရွင္ကို အျပင္းအထန္နာက်င္ေစမႈ ရာဇသတ္ႀကီး ပုဒ္မ ၃၂၆ နဲ႔ အမႈဖြင့္ထားပါတယ္။

ဒီအမႈဟာ မိသားစုဝင္ေတြဘက္က တရားစြဲလိုတဲ့ ဆႏၵမ်ိဳးမရွိေပမယ့္ မိသားစုေတြဘက္က ေက်ေအးေပးလို႔ ရတဲ့ အမႈမ်ိဳးမဟုတ္ဘူးလို႔ ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါတယ္။

ကေလးရဲ႕ ဒဏ္ရာေတြဟာ မသက္သာတဲ့အတြက္ ေဖေဖာ္ဝါရီ ၂၄ရက္ညပိုင္းမွာေတာ့ လပြတၱာေဆး႐ုံ ကေန ရန္ကုန္ေဆး႐ုံႀကီးကို ေျပာင္းေ႐ႊ႕ၿပီး ကုသေနရပါတယ္။

ရန္ကုန္ေဆး႐ုံႀကီးမွာ ကိုယ္တိုင္သြားေရာက္ၾကည့္ရႈခဲ့သူ လူမႈကူညီေရးေဆာင္႐ြက္ေနတဲ့ မေ႐ႊၾကာက ဒဏ္ရာရရွိထားတဲ့ ကေလးရဲ႕ အေျခအေန နဲ႔ ပတ္သက္ၿပီး "ပို႔လာတုန္းကေတာ့ စကားက ယဲ့ယဲ့ပဲေျပာတာ။ နာတယ္၊ နာတယ္၊ မထိနဲ႔၊ မထိနဲ႔ ဒီစကားပဲ ေျပာတယ္"

"နားနဲ႔ မ်က္ႏွာ ႏွစ္ျခမ္းလုံးကေတာ့ စိုစိၿပီး အရည္ တ႐ႊဲ႐ြဲေပါ့။ လက္ေတြက ပတ္တီးစည္းထားတာ"

"ကြၽန္မတို႔ ျမင္ရတာကေတာ့ မ်က္ႏွာပဲ။ မ်က္ႏွာ ႏွစ္ျခမ္းကေတာ့ ေတာ္ေတာ္ဆိုးဆိုးဝါးဝါးေပါ့"

"အခုကေတာ့ သူ႔ကို ခြဲစိတ္ေဆာင္မွာထားတယ္။ ဒါေပမဲ့ မီးေလာင္ထားတဲ့ လူနာျဖစ္တဲ့အတြက္ သူ႔ကို Burn unit ကို အခန္းလြတ္တာနဲ႔ ပို႔မွာ" လို႔ ေျပာပါတယ္။

ကေလးအခု ရရွိထားတဲ့ေလာင္ကြၽမ္းဒဏ္ရာေတြနဲ႔ပတ္သက္ၿပီး မိသားစုဝင္ေတြဘက္က ရဲတိုင္အမႈ ဖြင့္တာမ်ိဳးမရွိခဲ့သလို ေဆး႐ုံစတက္စဥ္ကလည္း မီးေလာင္ခံရတာလို႔ ေျပာၾကားျခင္းမရွိဘဲ ဟင္းရည္အိုး ေမွာက္က်လို႔ အပူေလာင္တာဆိုၿပီး ေျပာဆို တက္ေရာက္ခဲ့တာျဖစ္တယ္လို႔ လပြတၱာၿမိဳ႕ခံတခ်ိဳ႕ က ေျပာပါ တယ္။

မီးေလာင္ခံရတဲ့ ကေလးငယ္ဟာ ဆိုင္အလုပ္သမားအျဖစ္ လုပ္ကိုင္ရာက ဒဏ္ရာရခဲ့တာလို႔ သိရလို႔ ေငြေၾကး ကူညီဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း အတူပါလာသူတခ်ိဳ႕ကျငင္းဆန္ခဲ့တယ္လို႔လည္း မေ႐ႊၾကာက ေျပာျပ ပါတယ္။

ဒါေပမဲ့ ကေလးရဲ႕ အေျခအေနကို မ်က္ျခည္မျပတ္ စုံစမ္းေမးျမန္းၾကည့္ေနတယ္လို႔ သူက ေျပာပါတယ္။

ဆိုင္ရွင္ကို ဖြင့္ထားတဲ့ ပုဒ္မ ၃၂၆ ဟာ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၁၀ ႏွစ္ကေန ေသဒဏ္အထိ အျမင့္ဆုံးက်ခံရမယ့္ ပုဒ္မ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
လပွတ္တာက ကလေးအလုပ်သမားကို မီးရှို့တယ်ဆိုတဲ့ ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးအမှုဖွင့်

ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption တိုင်းကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်က

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က ထမင်း၊ဟင်းနဲ့ ရခိုင်မုန့်တီဆိုင်က အသက် ၁၂နှစ် ဆိုင်အလုပ်သမား မီးရှို့ခံရတယ်ဆိုပြီး တိုင်တန်းမှုကြောင့် သံသယတရားခံ ဆိုင်ရှင် အမျိုးသမီးကို ဖေဖော်ဝါရီ ၂၄ ရက်မှာ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မောင်ဖိုးစနေ ခေါ် မောင်ထက်စည်သူအောင်ဟာ မီးရှို့နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လပွတ္တာမြို့နယ်ဆေးရုံကနေ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသနေရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးမိဘတွေက အမှုဖွင့်တိုင်တန်းတာမျိုး မရှိပေမယ့် တရားလိုပြုလုပ် တိုင်ကြားသူ ရှိခဲ့တာကြောင့် အခုလို အရေးယူခဲ့တာလို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

လပွတ္တာမြို့နယ်က ရခိုင်မုန့်တီဆိုင်တစ်ခုက ဆိုင်အလုပ်သမား ကလေးဟာ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက မျက်နှာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့မှာ အပြင်းအထန် လောင်ကျွမ်းထားတဲ့ ဒဏ်ရာတွေနဲ့ လပွတ္တာဆေးရုံကို တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒဏ်ရာတွေနဲ့ပတ်သက်ပြီး မိသားစုဝင်တွေဘက်က အခုချိန်ထိ ရဲကို တစ်စုံတစ်ရာ တိုင်တန်းအမှုဖွင့်တာမျိုး မရှိခဲ့ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါ တယ်။

မိသားစုဝင်တွေဘက်က အမှုမဖွင့်ခဲ့ပေမယ့် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့တဲ့အတွက် ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သွားရောက်ဖမ်းဆီးပြီး ရမန်ရယူ ချုပ်နှောင်စစ်ဆေးနေတယ်လို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

ဆိုင်ရှင်ကို အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ထားပါတယ်။

ဒီအမှုဟာ မိသားစုဝင်တွေဘက်က တရားစွဲလိုတဲ့ ဆန္ဒမျိုးမရှိပေမယ့် မိသားစုတွေဘက်က ကျေအေးပေးလို့ ရတဲ့ အမှုမျိုးမဟုတ်ဘူးလို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

ကလေးရဲ့ ဒဏ်ရာတွေဟာ မသက်သာတဲ့အတွက် ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းမှာတော့ လပွတ္တာဆေးရုံ ကနေ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ပြီး ကုသနေရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ လူမှုကူညီရေးဆောင်ရွက်နေတဲ့ မရွှေကြာက ဒဏ်ရာရရှိထားတဲ့ ကလေးရဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး "ပို့လာတုန်းကတော့ စကားက ယဲ့ယဲ့ပဲပြောတာ။ နာတယ်၊ နာတယ်၊ မထိနဲ့၊ မထိနဲ့ ဒီစကားပဲ ပြောတယ်"

"နားနဲ့ မျက်နှာ နှစ်ခြမ်းလုံးကတော့ စိုစိပြီး အရည် တရွှဲရွဲပေါ့။ လက်တွေက ပတ်တီးစည်းထားတာ"

"ကျွန်မတို့ မြင်ရတာကတော့ မျက်နှာပဲ။ မျက်နှာ နှစ်ခြမ်းကတော့ တော်တော်ဆိုးဆိုးဝါးဝါးပေါ့"

"အခုကတော့ သူ့ကို ခွဲစိတ်ဆောင်မှာထားတယ်။ ဒါပေမဲ့ မီးလောင်ထားတဲ့ လူနာဖြစ်တဲ့အတွက် သူ့ကို Burn unit ကို အခန်းလွတ်တာနဲ့ ပို့မှာ" လို့ ပြောပါတယ်။

ကလေးအခု ရရှိထားတဲ့လောင်ကျွမ်းဒဏ်ရာတွေနဲ့ပတ်သက်ပြီး မိသားစုဝင်တွေဘက်က ရဲတိုင်အမှု ဖွင့်တာမျိုးမရှိခဲ့သလို ဆေးရုံစတက်စဉ်ကလည်း မီးလောင်ခံရတာလို့ ပြောကြားခြင်းမရှိဘဲ ဟင်းရည်အိုး မှောက်ကျလို့ အပူလောင်တာဆိုပြီး ပြောဆို တက်ရောက်ခဲ့တာဖြစ်တယ်လို့ လပွတ္တာမြို့ခံတချို့ က ပြောပါ တယ်။

မီးလောင်ခံရတဲ့ ကလေးငယ်ဟာ ဆိုင်အလုပ်သမားအဖြစ် လုပ်ကိုင်ရာက ဒဏ်ရာရခဲ့တာလို့ သိရလို့ ငွေကြေး ကူညီဖို့ ကြိုးစားခဲ့ပေမယ့်လည်း အတူပါလာသူတချို့ကငြင်းဆန်ခဲ့တယ်လို့လည်း မရွှေကြာက ပြောပြ ပါတယ်။

ဒါပေမဲ့ ကလေးရဲ့ အခြေအနေကို မျက်ခြည်မပြတ် စုံစမ်းမေးမြန်းကြည့်နေတယ်လို့ သူက ပြောပါတယ်။

ဆိုင်ရှင်ကို ဖွင့်ထားတဲ့ ပုဒ်မ ၃၂၆ ဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ အမြင့်ဆုံးကျခံရမယ့် ပုဒ်မ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
လပြတၱာက ကေလးအလုပ္သမားကို မီးရႈိ႕တယ္ဆိုတဲ့ ဆိုင္ရွင္အမ်ိဳးသမီးကို ဖမ္းဆီးအမႈဖြင့္ လပြတၱာက ကေလးအလုပ္သမားကို မီးရႈိ႕တယ္ဆိုတဲ့ ဆိုင္ရွင္အမ်ိဳးသမီးကို ဖမ္းဆီးအမႈဖြင့္ Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.