အပစ္ရပ္ ပိုခုိင္မာေအာင္ ေဆြးေႏြးဖို႔ တပ္မေတာ္နဲ႔ KNU ၾကား သေဘာတူ

ဒီဇင္ဘာလ ၂၇ ရက္ေန႔က ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကေသာ တပ္မေတာ္ ညႇိႏိႈင္းေဆြးေႏြးေရးအဖြဲ႔ႏွင့္ ေကအဲန္ယူတပ္မွဴးမ်ားပါဝင္ေသာ ကိုယ္စားလွယ္အဖြဲ႔။ (ဓာတ္ပံု - Karen National Union Headquarters Facebook)

(Zawgyi/Unicode)

ႏွစ္ဘက္ အပစ္အခတ္ရပ္စဲေရး ပိုၿပီးခုိင္မာေအာင္ လုပ္ေဆာင္ဖို႔အတြက္ NCA စာခ်ဳပ္ထဲက သက္ဆိုင္ရာ အခန္းေတြကို ေဆြးေႏြးသြားေရး တပ္မေတာ္နဲ႔ ကရင္အမ်ဳိးသားအစည္းအ႐ံုး KNU တို႔ၾကား သေဘာတူညီခ်က္ရတယ္လုိ႔ KNU ေခါင္းေဆာင္တဦးက ေျပာပါတယ္။ ႏွစ္ဘက္ၾကား စစ္ေရးတင္းမာေစတဲ့ လမ္းေဖာက္လုပ္ေရးကိစၥလည္း ေဆြးေႏြးတဲ့ထဲမွာ ပါဝင္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းေတြက စတင္ၿပီး တပ္မေတာ္နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU အၾကားမွာ စစ္ေရးတင္းမာမႈေတြ ရိွခဲ့တဲ့ေနာက္ ဒီလ ၁၉ ရက္ေန႔မွာေတာ့ ဒုတိယဗိုလ္ခ်ဳပ္ၾကီး ရာျပည့္ဦးေဆာင္တဲ့ တပ္မေတာ္ ညႇိႏိႈင္းေရးအဖဲြ႔နဲ႔ KNU ဒုဥကၠ႒ ေခါင္းေဆာင္တဲ့ အဆင့္ျမင့္ ကိုယ္စားလွယ္အဖဲြ႔တို႔ ေနျပည္ေတာ္မွာ ေဆြးေႏြးၾကတာျဖစ္ပါတယ္။

ေဆြးေႏြးပဲြမွာ အဓိက ေဆြးေႏြးတာေတြကိုေတာ့ KNU ဒုဥကၠ႒ ပဒိုေစာကြယ္ထူး၀င္းက အခုလို ေျပာပါတယ္။

“အဓိကကေတာ့ အပစ္အခတ္ ရပ္စဲေရး ခုိင္မာေအာင္ အပစ္အခတ္ရပ္စဲေရး ဆုိင္ရာကိစၥရပ္ေပါ့ေနာ္ ခိုင္မာေအာင္ေဆာင္ရြက္ရမယ့္ အပိုင္း NCA မွာ ပါတဲ့ ဒီ အခန္း ၃၊ အခန္း ၄ တုိ႔ ကိစၥေတြကို က်ေနာ္တုိ႔ စတင္ေဆြးေႏြးႏိုင္ဖို႔ အတြက္ က်ေနာ္တုိ႔ ႏွစ္ဘက္က သေဘာတူတဲ့ သေဘာေပါ့ေနာ္။ ဒါကို ဘယ္လို ပံုစံနဲ႔ ေဆြးေႏြးမလဲေပါ့။ အဆင္ေျပတယ္လို႔ ေျပာလုိ႔ ရပါတယ္။ တပ္မေတာ္နဲ႔ ဒီေန႔ ေဆြးေႏြးပဲြကေတာ့။”

ၿပီးခဲ့တဲ့ လကုန္ပိုင္းကေတာ့ KNU က မုိင္းဆဲြတုိက္ခုိက္တာေၾကာင့္ တပ္ရင္းမွဴးတဦးက်ဆံုးခဲ့ရေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့ၿပီး ဒီလအတြင္း တပ္မေတာ္က ေက်းရြာတခ်ိဳ႕ကို လက္နက္ၾကီးနဲ႔ ပစ္ခတ္တာေၾကာင့္ ရြာသား ၃၀၀ ေလာက္ ေတာေတာင္ေတြမွာ ပုန္းေရွာင္ေနရေၾကာင္း KNUက သတင္းထုတ္ျပန္တာေတြ ရိွခဲ့ပါတယ္။

ဒီကိစၥေတြနဲ႔ ပတ္သက္လုိ႔ေတာ့ အေသးစိတ္ ေဆြးေႏြးတာမရိွေၾကာင္းနဲ႔ တပ္မေတာ္ဘက္က လမ္းေဖာက္ေရးကိစၥကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း ပဒိုေစာကြယ္ထူး၀င္းက ဆက္ေျပာပါတယ္။

“က်ေနာ္တုိ႔ ျဖစ္ခဲ့တာေတြေတာ့ ျဖစ္ခဲ့ၿပီေပါ့ေနာ္။ ဒါေပမဲ့ ဒီကိစၥကိုေတာ့ အေသးစိတ္ မေဆြးေႏြးဘူး။ အနာဂတ္မွာ ေရွ႕လာမယ့္ ဥစၥာမွာ ဒီလို မျဖစ္ေရးအတြက္ ေဆြးေႏြးျဖစ္တယ္။ ေနာက္တခုကလည္း တပ္မေတာ္က ရိကၡာပို႔ဖုိ႔အတြက္ လမ္းေဖာက္လုပ္ေရးကိစၥကိုေတာ့ က်ေနာ္တို႔ ေဆြးေႏြးျဖစ္တယ္။

က်ေနာ္တုိ႔ဘက္ကလည္း အေနအထားတစ္ခုအရဆုိ ျပည္သူလူထုရဲ့ ယံုၾကည္မႈ နည္းေနတဲ့အခ်ိန္ စိုးရိမ ္ထိတ္လန္႔မႈရိွတဲ့အခ်ိန္ ဒါကို မျပဳလုပ္ေသးဖုိ႔၊ သို႔ေပမဲ့လည္း ေရွ႔တန္းမွာလုိအပ္ေနတဲ့ ရိကၡာကို လူတုိ႔၊ ျမင္းတို႔နဲ႔ ပို႔ဖုိ႔အတြက္ေတာ့ က်ေနာ္တုိ႔ အဆိုျပဳခဲ့တယ္။ အဲဒီကိစၥေတာ့ သေဘာတူတယ္။ ”

တပ္မေတာ္ဘက္က ရိကၡာကို ျမင္းနဲ႔ ပို႔ဖို႔ အခက္အခဲရိွေၾကာင္း နဲ႔ လမ္းေဖာက္လုပ္တာဟာ စစ္ဆင္ေရးအတြက္ မရည္ရြယ္ေၾကာင္း ထပ္မံေဆြးေႏြးရာမွာေတာ့ KNU ဘက္ တပ္မေတာ္ရဲ့ ေဆြးေႏြးခ်က္ကို အထက္ကို တင္ျပရမွာျဖစ္သလို လူထု သေဘာထားရယူၿပီးေနာက္ ထပ္မံေဆြးေႏြးသြားဖုိ႔ အေၾကာင္းျပန္ခဲ့တယ္လုိ႔လည္း ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီကေန႔ ေဆြးေႏြးပဲြနဲ႔ ပတ္သက္ၿပီး အေသးစိတ္ မသိရေသးေၾကာင္း VOA ကို ေျပာဆုိပါတယ္။

“ ဒီေန႔ ေန႔ခင္းပိုင္းမွာ ေဆြးေႏြးတယ္ဆုိတာေတာ့ သိပါတယ္။ ေဆြးေႏြးပဲြအေသးစိတ္ကိုေတာ့ မသိေသးဘူးဗ်။ ေဆြးေႏြးမယ့္ အေၾကာင္းအရာေတြေတာ့ သိတယ္။ NCA အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ လုိက္နာမႈ အားေကာင္းေစေရးအတြက္ အေကာင္အထည္ေဖာ္ၿပီး ဆက္လက္ ေဆြးေႏြးရမယ့္ ကိစၥရယ္၊ ေနာက္ၿပီး လတ္တေလာ ေျဖရွင္းရန္ လုိအပ္ေနတဲ့ ကိစၥရယ္ ေဆြးေႏြးမယ္ ဆုိတာေတာ့ က်ေနာ္တုိ႔ သိရပါတယ္။”

ဒီလ ၁၆ ရက္ေန႔ကလည္း ရန္ကုန္ၿမိဳ႕မွာ NCA စာခ်ဳပ္ပါ အခန္း ၃၊ အခန္း ၄စတာေတြကို အစိုးရကိုယ္စားလွယ္အဖဲြ႔နဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသားအဖဲြ႔ေတြၾကားမွာ ေဆြးေႏြးခဲ့တာေတြ ရိွေပမဲ့ ေဒသတြင္းလုိအပ္ခ်က္အရ KNU က တပ္မေတာ္နဲ႔ ထပ္မံေဆြးေႏြးၾကတာျဖစ္ေၾကာင္း ပဒိုေစာကြယ္ထူး၀င္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ တပ္မေတာ္ ညိွႏိႈင္းေရးအဖဲြ႔နဲ႔ KNU ဒုဥကၠ႒ ေခါင္းေဆာင္တဲ့ အဖဲြ႔တုိ႔ဟာ ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ့သလို အဲဒီေနာက္မွာ ေတာင္ပိုင္းတိုင္း တိုင္းမႈးနဲ႔ KNU စစ္ဘက္ေခါင္းေဆာင္ေတြဟာ ရိကၡာပို႔ေဆာင္ေရးနဲ႔ လမ္းေဖာက္လုပ္ေရး ကိစၥရပ္ေတြကို ပဲခူးတုိင္းေဒသၾကီး ေက်ာက္ၾကီးၿမိဳ႕ ေဆြးေႏြးခဲ့ပါတယ္။


[Unicode Version]

အပစ်ရပ် ပိုခိုင်မာအောင် ဆွေးနွေးဖို့ တပ်မတော်နဲ့ KNU ကြား သဘောတူ

နှစ်ဘက် အပစ်အခတ်ရပ်စဲရေး ပိုပြီးခိုင်မာအောင် လုပ်ဆောင်ဖို့အတွက် NCA စာချုပ်ထဲက သက်ဆိုင်ရာ အခန်းတွေကို ဆွေးနွေးသွားရေး တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား သဘောတူညီချက်ရတယ်လို့ KNU ခေါင်းဆောင်တဦးက ပြောပါတယ်။ နှစ်ဘက်ကြား စစ်ရေးတင်းမာစေတဲ့ လမ်းဖောက်လုပ်ရေးကိစ္စလည်း ဆွေးနွေးတဲ့ထဲမှာ ပါဝင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက စတင်ပြီး တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားမှာ စစ်ရေးတင်းမာမှုတွေ ရှိခဲ့တဲ့နောက် ဒီလ ၁၉ ရက်နေ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ KNU ဒုဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးတာတွေကိုတော့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

“အဓိကကတော့ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စရပ်ပေါ့နော် ခိုင်မာအောင်ဆောင်ရွက်ရမယ့် အပိုင်း NCA မှာ ပါတဲ့ ဒီ အခန်း ၃၊ အခန်း ၄ တို့ ကိစ္စတွေကို ကျနော်တို့ စတင်ဆွေးနွေးနိုင်ဖို့ အတွက် ကျနော်တို့ နှစ်ဘက်က သဘောတူတဲ့ သဘောပေါ့နော်။ ဒါကို ဘယ်လို ပုံစံနဲ့ ဆွေးနွေးမလဲပေါ့။ အဆင်ပြေတယ်လို့ ပြောလို့ ရပါတယ်။ တပ်မတော်နဲ့ ဒီနေ့ ဆွေးနွေးပွဲကတော့။”

ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ KNU က မိုင်းဆွဲတိုက်ခိုက်တာကြောင့် တပ်ရင်းမှူးတဦးကျဆုံးခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီး ဒီလအတွင်း တပ်မတော်က ကျေးရွာတချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသား ၃၀၀ လောက် တောတောင်တွေမှာ ပုန်းရှောင်နေရကြောင်း KNUက သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့တော့ အသေးစိတ် ဆွေးနွေးတာမရှိကြောင်းနဲ့ တပ်မတော်ဘက်က လမ်းဖောက်ရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ ဖြစ်ခဲ့တာတွေတော့ ဖြစ်ခဲ့ပြီပေါ့နော်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ အသေးစိတ် မဆွေးနွေးဘူး။ အနာဂတ်မှာ ရှေ့လာမယ့် ဥစ္စာမှာ ဒီလို မဖြစ်ရေးအတွက် ဆွေးနွေးဖြစ်တယ်။ နောက်တခုကလည်း တပ်မတော်က ရိက္ခာပို့ဖို့အတွက် လမ်းဖောက်လုပ်ရေးကိစ္စကိုတော့ ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ ကျနော်တို့ဘက်ကလည်း အနေအထားတစ်ခုအရဆို ပြည်သူလူထုရဲ့ ယုံကြည်မှု နည်းနေတဲ့အချိန် စိုးရိမ ်ထိတ်လန့်မှုရှိတဲ့အချိန် ဒါကို မပြုလုပ်သေးဖို့၊ သို့ပေမဲ့လည်း ရှေ့တန်းမှာလိုအပ်နေတဲ့ ရိက္ခာကို လူတို့၊ မြင်းတို့နဲ့ ပို့ဖို့အတွက်တော့ ကျနော်တို့ အဆိုပြုခဲ့တယ်။ အဲဒီကိစ္စတော့ သဘောတူတယ်။ ”

တပ်မတော်ဘက်က ရိက္ခာကို မြင်းနဲ့ ပို့ဖို့ အခက်အခဲရှိကြောင်း နဲ့ လမ်းဖောက်လုပ်တာဟာ စစ်ဆင်ရေးအတွက် မရည်ရွယ်ကြောင်း ထပ်မံဆွေးနွေးရာမှာတော့ KNU ဘက် တပ်မတော်ရဲ့ ဆွေးနွေးချက်ကို အထက်ကို တင်ပြရမှာဖြစ်သလို လူထု သဘောထားရယူပြီးနောက် ထပ်မံဆွေးနွေးသွားဖို့ အကြောင်းပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း VOA ကို ပြောဆိုပါတယ်။

“ ဒီနေ့ နေ့ခင်းပိုင်းမှာ ဆွေးနွေးတယ်ဆိုတာတော့ သိပါတယ်။ ဆွေးနွေးပွဲအသေးစိတ်ကိုတော့ မသိသေးဘူးဗျ။ ဆွေးနွေးမယ့် အကြောင်းအရာတွေတော့ သိတယ်။ NCA အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လိုက်နာမှု အားကောင်းစေရေးအတွက် အကောင်အထည်ဖော်ပြီး ဆက်လက် ဆွေးနွေးရမယ့် ကိစ္စရယ်၊ နောက်ပြီး လတ်တလော ဖြေရှင်းရန် လိုအပ်နေတဲ့ ကိစ္စရယ် ဆွေးနွေးမယ် ဆိုတာတော့ ကျနော်တို့ သိရပါတယ်။”

ဒီလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ NCA စာချုပ်ပါ အခန်း ၃၊ အခန်း ၄စတာတွေကို အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့တွေကြားမှာ ဆွေးနွေးခဲ့တာတွေ ရှိပေမဲ့ ဒေသတွင်းလိုအပ်ချက်အရ KNU က တပ်မတော်နဲ့ ထပ်မံဆွေးနွေးကြတာဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ KNU ဒုဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ အဖွဲ့တို့ဟာ နေပြည်တော်မှာ ဆွေးနွေးခဲ့သလို အဲဒီနောက်မှာ တောင်ပိုင်းတိုင်း တိုင်းမှုးနဲ့ KNU စစ်ဘက်ခေါင်းဆောင်တွေဟာ ရိက္ခာပို့ဆောင်ရေးနဲ့ လမ်းဖောက်လုပ်ရေး ကိစ္စရပ်တွေကို ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ဆွေးနွေးခဲ့ပါတယ်။

ကိုမိုးေဇာ္/ VOA (Burmese)
https://burmese.voanews.com
အပစ္ရပ္ ပိုခုိင္မာေအာင္ ေဆြးေႏြးဖို႔ တပ္မေတာ္နဲ႔ KNU ၾကား သေဘာတူ အပစ္ရပ္ ပိုခုိင္မာေအာင္ ေဆြးေႏြးဖို႔ တပ္မေတာ္နဲ႔ KNU ၾကား သေဘာတူ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.