ရေသ့ေတာင္ၿမိဳ႕နယ္မွ က်ည္ဆံထိမွန္သည့္ ေက်ာင္းဆရာမ စစ္ေတြေဆးရံုသို႔ေရာက္ရွိ

(Zawgyi)⤵⤵⤵
နိရၪၥရာ၊ ေဖေဖာ္ဝါရီ ၄/၂၀၂၀

ရခိုင္ျပည္နယ္၊ရေသ့ေတာင္ၿမိဳ႕နယ္၊ ရကၡဴတိုင္ ကုန္တန္းေက်းရြာမွ က်ည္ဆံထိမွန္ခဲ့သည့္ ေက်ာင္းဆရာမကို ရေသ့ေတာင္ေဆးရံုမွ တစ္ဆင့္ စစ္ေတြေဆးရံုသို႔ ေဆးကုသရန္ ယူေဆာင္လာရာ ယေန႕နံနက္ အေစာၾကီး ညဥ့္ ၁ နာရီေက်ာ္တြင္ ေရာက္ရွိလာခဲ့ေၾကာင္း သတင္းရရွိသည္။

က်ည္ဆံထိမွန္ခဲ့သူမွာ မူလတန္းျပေက်ာင္းဆရာမ အသက္ (၂၈)ႏွစ္အရြယ္ ေဒၚခင္ေဌး၀င္း ျဖစ္ၿပီး ေနအိမ္တြင္ ရွိေနသည့္အခ်ိန္တြင္ ညေန ၃ နာရီေက်ာ္က ဇက္စစ္ေရယာဥ္ဘက္က ပစ္လိုက္ေသာ က်ည္ဆံ လာေရာက္ထိမွန္ျခင္း ျဖစ္ေၾကာင္း ရြာသားႏွင့္ မိသားစုမ်ား၏ အေျပာအရ သိရသည္။

ယခုပစ္ခတ္မႈႏွင့္ ပတ္သက္ျပီး တပ္ဘက္ ေျပာခြင့္ရသူမ်ားကို ဆက္သြယ္၍ မရရွိေသးသျဖင့္ တပ္ဘက္က သေဘာထားကို တင္ျပႏိုင္ျခင္း မရွိေသးပါ။

အေဖျဖစ္သူ ဦးထြန္းလွေမာင္က “ က်ေနာ္တို႔အခုစစ္ေတြေဆးရံုသို႔ေရာက္ေနပါျပီ။ ဒဏ္ရာက ေနာက္ေက်ာကေန ေဖာက္ဝင္သြားတယ္။ စိုးရိမ္ရတဲ့အေျခအေနရွိလို႔ စစ္ေတြေဆးရံုသို႔ပို႔ရတယ္။” ဟု နိရၪၥရာသတင္းဌာနသို႔ေျပာသည္။

ဒဏ္ရာရရွိသြားသူမွာ မူလတန္းျပ ဆရာမမွာ (ဘ) ဦးထြန္းလွေမာင္၊ (မိ) ေဒၚလွျမသိန္းတို႕ သမီးျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူဆရာမအား ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းအပါအဝင္ အစိုးရဝန္ထမ္းတခ်ိဳ႕ႏွင့္ တက္ၾကြလႈပ္ရွားသူတို႔မွ ရကၡဴတိုင္ ကုန္တန္းေက်းရြာမွ ရေသ့ေတာင္သုိ႕ စက္ေလွျဖင့္ ယူေဆာင္ ခဲ့ရျပီး ရေသ့ေတာင္ၿမိဳ႕မွ တစ္ဆင့္ ညေန ၉နာရီအခ်ိန္တြင္ ကားႏွစ္စီးျဖင့္ စစ္ေတြျပည္သူ႕ ေဆးရံုၾကီးသို႕ ယူေဆာင္လာရာ ညဥ့္ ၁ နာရီေက်ာ္တြင္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

(ဓာတ္ပံု- ေမယုထြန္း)

------------------

(Unicode)⤵⤵⤵
ရသေ့တောင်မြို့နယ်မှ ကျည်ဆံထိမှန်သည့် ကျောင်းဆရာမ စစ်တွေဆေးရုံသို့ရောက်ရှိ

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၄/၂၀၂၀

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ရက္ခူတိုင် ကုန်တန်းကျေးရွာမှ ကျည်ဆံထိမှန်ခဲ့သည့် ကျောင်းဆရာမကို ရသေ့တောင်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံသို့ ဆေးကုသရန် ယူဆောင်လာရာ ယနေ့နံနက် အစောကြီး ညဉ့် ၁ နာရီကျော်တွင် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန်ခဲ့သူမှာ မူလတန်းပြကျောင်းဆရာမ အသက် (၂၈)နှစ်အရွယ် ဒေါ်ခင်ဌေးဝင်း ဖြစ်ပြီး နေအိမ်တွင် ရှိနေသည့်အချိန်တွင် ညနေ ၃ နာရီကျော်က ဇက်စစ်ရေယာဉ်ဘက်က ပစ်လိုက်သော ကျည်ဆံ လာရောက်ထိမှန်ခြင်း ဖြစ်ကြောင်း ရွာသားနှင့် မိသားစုများ၏ အပြောအရ သိရသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်ဘက် ပြောခွင့်ရသူများကို ဆက်သွယ်၍ မရရှိသေးသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အဖေဖြစ်သူ ဦးထွန်းလှမောင်က “ ကျနော်တို့အခုစစ်တွေဆေးရုံသို့ရောက်နေပါပြီ။ ဒဏ်ရာက နောက်ကျောကနေ ဖောက်ဝင်သွားတယ်။ စိုးရိမ်ရတဲ့အခြေအနေရှိလို့ စစ်တွေဆေးရုံသို့ပို့ရတယ်။” ဟု နိရ ဉ္စရာသတင်းဌာနသို့ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ မူလတန်းပြ ဆရာမမှာ (ဘ) ဦးထွန်းလှမောင်၊ (မိ) ဒေါ်လှမြသိန်းတို့ သမီးဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူဆရာမအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအပါအဝင် အစိုးရဝန်ထမ်းတချို့နှင့် တက်ကြွလှုပ်ရှားသူတို့မှ ရက္ခူတိုင် ကုန်တန်းကျေးရွာမှ ရသေ့တောင်သို့ စက်လှေဖြင့် ယူဆောင် ခဲ့ရပြီး ရသေ့တောင်မြို့မှ တစ်ဆင့် ညနေ ၉နာရီအချိန်တွင် ကားနှစ်စီးဖြင့် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ယူဆောင်လာရာ ညဉ့် ၁ နာရီကျော်တွင်ရောက်ရှိခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ- မေယုထွန်း)
ေအာင္လင္းထြန္း
Narinjara
https://www.facebook.com/narinjara.info
ရေသ့ေတာင္ၿမိဳ႕နယ္မွ က်ည္ဆံထိမွန္သည့္ ေက်ာင္းဆရာမ စစ္ေတြေဆးရံုသို႔ေရာက္ရွိ ရေသ့ေတာင္ၿမိဳ႕နယ္မွ က်ည္ဆံထိမွန္သည့္ ေက်ာင္းဆရာမ စစ္ေတြေဆးရံုသို႔ေရာက္ရွိ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.