မင္းျပား ရာေမာင္ျမစ္အတြင္း အမည္မသိ လူေသအေလာင္းေတြ႔ရွိ

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္ဝါရီ ၃/ ၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕ရွိ၊ ရာေမာင္ျမစ္ အတြင္း အမည္မသိ လူေသအေလာင္း တစ္ေလာင္း ေတြ႔ရွိေၾကာင္း သတင္းရရွိသည္။

၄င္းအေလာင္းမွာ ယေန႔ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ နံနက္ ၁၀ နာရီခန္႔တြင္ မင္းျပားၿမိဳ႕ မလိခ သေဘၤာဆိပ္ႏွင့္ ေရႊျပည္တန္ဆိပ္ၾကား ရာေမာင္ျမစ္ကမ္းပါးေပၚတြင္ ေတြ႔ရွိရျခင္းျဖစ္ၿပီး မည္သူ၏ အေလာင္းျဖစ္သည္ကို သိရွိျခင္းမရွိေသးေၾကာင္း မင္းျပားၿမိဳ႕ခံ ကိုညီညီေအာင္ကေျပာသည္။

“အေလာင္းက ပုပ္ေနၿပီ။ ကမ္းမွာေသာင္တင္ေတြ႔တာပါ။ ရဲေတြလာၾကည့္ၿပီးေဆးရံုကို နာေရးကားနဲ႔တင္သြားတာေတြ႔ပါတယ္”ဟု ၎က ေျပာဆိုသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ မင္းျပားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးအားဆက္သြယ္ရာဆက္သြယ္မႈ မရရွိခဲ့ပါ။

မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က အဆုိပါ အေလာင္း ေတြ႔ရွိသည္မွာ ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာၾကားသည္။

“အေလာင္းေတြ႔တာဟုတ္တယ္။ ဘယ္သူ႔အေလာင္းလဲဆိုတာ မသိရေသးဘူး။ အေလာင္းက ပုပ္ပြၿပီး ပ်က္စီးေနၿပီ။ ဒဏ္ရာေတြပါလားဆိုလည္း မသိေသးဘူး။ အခုေဆးရံုကို ယူသြားၿပီး စစ္ေဆးေနတယ္”ဟု ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ေယာေခ်ာင္းထဲတြင္လည္း ဇန္န၀ါရီ ၂၃ ရက္ေန႕က အမည္မသိ အေလာင္း ၂ ေလာင္း ေမ်ာပါသြားခဲ့ေၾကာင္း ေဒသခံမ်က္ျမင္က ေျပာၾကားခဲ့သည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ဝါးေတာင္ေက်းရြာအနီး ေယာေခ်ာင္းထဲတြင္ ၎ေန႕ မြန္းတည့္ ၁၂ နာရီခန္႔က အမည္မသိ အေလာင္း ၂ေလာင္းကို ေဒသခံမ်ား ေတြ႔ျမင္လုိက္ၾကရၿပီး၊ ၄င္း အေလာင္း ႏွစ္ေလာင္းမွာ ဒီေရတက္လာခ်ိန္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္ေက်းရြာဘက္သို႔ ေခ်ာင္းေရစီး အတိုင္း ေမ်ာပါသြားသည္ကို ျမင္ေတြ႔ခဲ့သည္ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးျဖစ္သူ မေဆြေဆြႏိုင္က နိရဥၥရာသုိ႔ ေျပာၾကားခဲ့သည္။

-------------------

(Unicode)⤵⤵⤵

မင်းပြား ရာမောင်မြစ်အတွင်း အမည်မသိ လူသေအလောင်းတွေ့ရှိ

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ၊ ရာမောင်မြစ် အတွင်း အမည်မသိ လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

၄င်းအလောင်းမှာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မင်းပြားမြို့ မလိခ သင်္ဘောဆိပ်နှင့် ရွှေပြည်တန်ဆိပ်ကြား ရာမောင်မြစ်ကမ်းပါးပေါ်တွင် တွေ့ရှိရခြင်းဖြစ်ပြီး မည်သူ၏ အလောင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း မင်းပြားမြို့ခံ ကိုညီညီအောင်ကပြောသည်။

“အလောင်းက ပုပ်နေပြီ။ ကမ်းမှာသောင်တင်တွေ့တာပါ။ ရဲတွေလာကြည့်ပြီးဆေးရုံကို နာရေးကားနဲ့တင်သွားတာတွေ့ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးအားဆက်သွယ်ရာဆက်သွယ်မှု မရရှိခဲ့ပါ။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အဆိုပါ အလောင်း တွေ့ရှိသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“အလောင်းတွေ့တာဟုတ်တယ်။ ဘယ်သူ့အလောင်းလဲဆိုတာ မသိရသေးဘူး။ အလောင်းက ပုပ်ပွပြီး ပျက်စီးနေပြီ။ ဒဏ်ရာတွေပါလားဆိုလည်း မသိသေးဘူး။ အခုဆေးရုံကို ယူသွားပြီး စစ်ဆေးနေတယ်”ဟု ပြောသည်။

ကျောက်တော်မြို့နယ် ယောချောင်းထဲတွင်လည်း ဇန်နဝါရီ ၂၃ ရက်နေ့က အမည်မသိ အလောင်း ၂ လောင်း မျောပါသွားခဲ့ကြောင်း ဒေသခံမျက်မြင်က ပြောကြားခဲ့သည်။

ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယောချောင်းထဲတွင် ၎င်းနေ့ မွန်းတည့် ၁၂ နာရီခန့်က အမည်မသိ အလောင်း ၂လောင်းကို ဒေသခံများ တွေ့မြင်လိုက်ကြရပြီး၊ ၄င်း အလောင်း နှစ်လောင်းမှာ ဒီရေတက်လာချိန် ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာဘက်သို့ ချောင်းရေစီး အတိုင်း မျောပါသွားသည်ကို မြင်တွေ့ခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ မဆွေဆွေနိုင်က နိရဥ္စရာသို့ ပြောကြားခဲ့သည်။

ခ်စ္အိလိွဳင္
Narinjara
https://www.facebook.com/narinjara.info
မင္းျပား ရာေမာင္ျမစ္အတြင္း အမည္မသိ လူေသအေလာင္းေတြ႔ရွိ မင္းျပား ရာေမာင္ျမစ္အတြင္း အမည္မသိ လူေသအေလာင္းေတြ႔ရွိ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.