ဘူးသီးေတာင္ေဒသ မြတ္စလင္ေတြ ထိခိုက္မႈ တပ္မေတာ္နဲ႔ AA အျပန္အလွန္စြပ္စြဲ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာ AA ရကၡိဳင့္တပ္ေတာ္ရဲ႕လက္ခ်က္နဲ႔ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ ေသဆုံးဒဏ္ရာရတာေတြ၊ မုဒိန္းက်င့္ခံေနရတာေတြ ရွိေနတယ္လို႔ ျမန္မာ့တပ္မေတာ္က ေနျပည္ေတာ္မွာ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး စြပ္စြဲလိုက္ပါတယ္။ AA ဘက္ကေတာ့ တပ္မေတာ္ရဲ႕စြပ္စြဲခ်က္ေတြဟာ မဟုတ္ဘူး လို႔ျငင္းဆိုၿပီး ရခိုင္ေတြနဲ႔ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြအၾကား ပဋိပကၡေတြျဖစ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

တကယ္ေတာ့ ျမန္မာ့တပ္မေတာ္နဲ႔ AA ရကၡိဳင့္တပ္ေတာ္အၾကားမွာ ေဒသခံျပည္သူေတြ ထိခိုက္ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး အျပန္အလွန္စြပ္စြဲေနၾကတာၾကာပါၿပီ။

ဒီေန႔ ေနျပည္ေတာ္မွာက်င္းပခဲ့တဲ့ တပ္မေတာ္ရဲ႕ သတင္းစာရွင္းလင္းပြဲမွာလည္း ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ေဒသက အရပ္သားေတြေသဆုံးမႈဟာ AA အဖြဲ႕ရဲ႕လက္ခ်က္ဆိုၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက စြပ္စြဲခဲ့ပါတယ္။

AA နဲ႔ တပ္မေတာ္အျပန္အလွန္စြပ္စြဲတာ မဆန္းဘူးဆိုေပမဲ့ ဒီကေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲကေတာ့ AAရဲ႕ လုပ္ရပ္ဟာ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြနဲ႔ပတ္သက္ၿပီး ICJ ႏိုင္ငံတကာတရား႐ုံးနဲ႔ ျမန္မာႏိုင္ငံအၾကား အမႈ ျဖစ္ေနတဲ့အခ်ိန္မွာ တပ္မေတာ္ကို နာမည္ပ်က္ေအာင္ AA ကတမင္ရည္႐ြယ္ၿပီးလုပ္ႀကံတာလို႔ စြပ္စြဲလိုက္တာပါပဲ။

ျမန္မာစစ္တပ္ဟာ မြတ္စလင္နဲ႔ လူမ်ိဳးေရးျပႆနာျဖစ္ေအာင္ ဖန္တီးေနတယ္လို႔ AA ရကၡိဳင့္တပ္ေတာ္ရဲ႕ ေျပာခြင့္ရ ခိုင္သုခက တုံ႔ျပန္ပါတယ္။

ျမန္မာ့တပ္ေတာ္ရဲ႕ ရခိုင္ေဒသအတြင္းလုပ္ရပ္ေတြဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြျဖစ္တယ္ဆိုၿပီး ICJ တရား႐ုံးက ေျပာထားတဲ့အခ်ိန္၊ ျမန္မာအစိုးရက ဖြဲ႕စည္းထားတဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ICOE ကလည္း ရခိုင္ေျမာက္ပိုင္း နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈေတြမွာ ျမန္မာစစ္တပ္က ျပင္းထန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြနဲ႔ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ထားတယ္ ဆိုတဲ့အခ်က္ေတြကို ေထာက္ျပေနတဲ့ အခ်ိန္မွာ AA နဲ႔ တပ္မေတာ္တို႔ရဲ႕တိုက္ပြဲေတြကလည္း ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ အမ်ားစုေနထိုင္ၾကတဲ့ ဘူးသီးေတာင္ ေမာင္ေတာေဒသမွာ ျဖစ္ပြားေနတာပါ။

ICOE အဖြဲ႕ရဲ႕ မၾကာခင္က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာထဲမွာ တိုက္တြန္းထားတဲ့အတိုင္း ရခိုင္ျပည္နယ္အတြင္းက ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြကို စုံစမ္းစစ္ေဆးၿပီး  စစ္တရား႐ုံးနဲ႔ အေရးယူသြားမယ္လို႔ တပ္မေတာ္ဘက္က ေျပာထားေပမယ့္လည္း အခုခ်ိန္ထိ ထူးျခားမႈမရွိေသးပါဘူး။ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကလည္း စုံစမ္းစစ္ေဆးဖို႔ တပ္မေတာ္ဘက္က လုပ္ေဆာင္ေနတယ္လို႔ပဲ ဒီကေန႔ ထပ္ေျပာပါတယ္။

ဘူးသီးေတာင္ေဒသမွာ အမ်ိဳးသမီးေတြကို AA အဖြဲ႕က မုဒိန္းက်င့္တယ္ဆိုၿပီးေတာ့လည္း တပ္မေတာ္ဘက္က စြပ္စြဲပါေသးတယ္။

တကယ္ေတာ့ မြတ္စလင္႐ြာသားေတြနဲ႔ ရခိုင္လူငယ္ ႏွစ္ဦးအၾကား ၿပီးခဲ့တဲ့ ရက္ပိုင္းကျဖစ္ခဲ့တဲ့ ပဋိပကၡကို ဖုန္းကြယ္ခ်င္လို႔ ႐ိုဟင္ဂ်ာ မြတ္စလင္ အမ်ိဳးသမီးေတြကို မုဒိန္းက်င့္တယ္ဆိုၿပီး ဖုန္းကြယ္တာလို႔ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက တုံ႔ျပန္ပါတယ္။

AA နဲ႔ တပ္မေတာ္အၾကား တစ္ႏွစ္ေက်ာ္ၾကာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္းမွာ အရင္က ရခိုင္ေဒသခံေတြနဲ႔ ပတ္သက္တာေတြမ်ားခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ရခိုင္မွာရွိေနတဲ့ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြနဲ႔လည္း ပတ္သက္မႈေတြ ပိုမ်ားလာေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဘူးသီးတောင်ဒေသ မွတ်စလင်တွေ ထိခိုက်မှု တပ်မတော်နဲ့ AA အပြန်အလှန်စွပ်စွဲ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ AA ရက္ခိုင့်တပ်တော်ရဲ့လက်ချက်နဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ သေဆုံးဒဏ်ရာရတာတွေ၊ မုဒိန်းကျင့်ခံနေရတာတွေ ရှိနေတယ်လို့ မြန်မာ့တပ်မတော်က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး စွပ်စွဲလိုက်ပါတယ်။ AA ဘက်ကတော့ တပ်မတော်ရဲ့စွပ်စွဲချက်တွေဟာ မဟုတ်ဘူး လို့ငြင်းဆိုပြီး ရခိုင်တွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တကယ်တော့ မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်အကြားမှာ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲနေကြတာကြာပါပြီ။

ဒီနေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသက အရပ်သားတွေသေဆုံးမှုဟာ AA အဖွဲ့ရဲ့လက်ချက်ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲခဲ့ပါတယ်။

AA နဲ့ တပ်မတော်အပြန်အလှန်စွပ်စွဲတာ မဆန်းဘူးဆိုပေမဲ့ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကတော့ AAရဲ့ လုပ်ရပ်ဟာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ပတ်သက်ပြီး ICJ နိုင်ငံတကာတရားရုံးနဲ့ မြန်မာနိုင်ငံအကြား အမှု ဖြစ်နေတဲ့အချိန်မှာ တပ်မတော်ကို နာမည်ပျက်အောင် AA ကတမင်ရည်ရွယ်ပြီးလုပ်ကြံတာလို့ စွပ်စွဲလိုက်တာပါပဲ။

မြန်မာစစ်တပ်ဟာ မွတ်စလင်နဲ့ လူမျိုးရေးပြဿနာဖြစ်အောင် ဖန်တီးနေတယ်လို့ AA ရက္ခိုင့်တပ်တော်ရဲ့ ပြောခွင့်ရ ခိုင်သုခက တုံ့ပြန်ပါတယ်။

မြန်မာ့တပ်တော်ရဲ့ ရခိုင်ဒေသအတွင်းလုပ်ရပ်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်တယ်ဆိုပြီး ICJ တရားရုံးက ပြောထားတဲ့အချိန်၊ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ICOE ကလည်း ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေမှာ မြန်မာစစ်တပ်က ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ် ဆိုတဲ့အချက်တွေကို ထောက်ပြနေတဲ့ အချိန်မှာ AA နဲ့ တပ်မတော်တို့ရဲ့တိုက်ပွဲတွေကလည်း ရိုဟင်ဂျာ မွတ်စလင်တွေ အများစုနေထိုင်ကြတဲ့ ဘူးသီးတောင် မောင်တောဒေသမှာ ဖြစ်ပွားနေတာပါ။

ICOE အဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ တိုက်တွန်းထားတဲ့အတိုင်း ရခိုင်ပြည်နယ်အတွင်းက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးပြီး  စစ်တရားရုံးနဲ့ အရေးယူသွားမယ်လို့ တပ်မတော်ဘက်က ပြောထားပေမယ့်လည်း အခုချိန်ထိ ထူးခြားမှုမရှိသေးပါဘူး။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကလည်း စုံစမ်းစစ်ဆေးဖို့ တပ်မတော်ဘက်က လုပ်ဆောင်နေတယ်လို့ပဲ ဒီကနေ့ ထပ်ပြောပါတယ်။

ဘူးသီးတောင်ဒေသမှာ အမျိုးသမီးတွေကို AA အဖွဲ့က မုဒိန်းကျင့်တယ်ဆိုပြီးတော့လည်း တပ်မတော်ဘက်က စွပ်စွဲပါသေးတယ်။

တကယ်တော့ မွတ်စလင်ရွာသားတွေနဲ့ ရခိုင်လူငယ် နှစ်ဦးအကြား ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ ပဋိပက္ခကို ဖုန်းကွယ်ချင်လို့ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်ဆိုပြီး ဖုန်းကွယ်တာလို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက တုံ့ပြန်ပါတယ်။

AA နဲ့ တပ်မတော်အကြား တစ်နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အရင်က ရခိုင်ဒေသခံတွေနဲ့ ပတ်သက်တာတွေများခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ရခိုင်မှာရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့လည်း ပတ်သက်မှုတွေ ပိုများလာနေပါတယ်။

RFA Burmese
https://www.rfa.org
ဘူးသီးေတာင္ေဒသ မြတ္စလင္ေတြ ထိခိုက္မႈ တပ္မေတာ္နဲ႔ AA အျပန္အလွန္စြပ္စြဲ ဘူးသီးေတာင္ေဒသ မြတ္စလင္ေတြ ထိခိုက္မႈ တပ္မေတာ္နဲ႔ AA အျပန္အလွန္စြပ္စြဲ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.