ရေသ့ေတာင္ ေဆာက္ခတ္ရြြာတြင္ က်ည္ထိမွန္၍ ေနာက္ထပ္အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၆ /၂၀၂၀

ရခိုင္ျပည္နယ္္၊ ရေသ့ေတာင္ျမိဳ႕နယ္၊ ေဆာက္ခတ္ရြာတြင္ လက္နက္ၾကီးက်ည္စ ထိမွန္၍ ေနာက္ထပ္ အမ်ိဳးသမီး ၂ ဦး ဒဏ္ရာရရွိသြားေၾကာင္း သတင္းရရွိသည္။

ဒဏ္ရာရရွိသြားသူမ်ားမွာ ေဒၚမဘံုၾကီး(၇၀)ႏွစ္ႏွင့္ ေဒၚဆန္းခင္ေခ်(၂၈)ႏွစ္ တို႕ျဖစ္ေၾကာင္း ေဆာက္ခတ္ေက်းရြာမွ ရြာလူၾကီးတစ္ဦးက ေျပာသည္။

ဒဏ္ရာရသူ ၂ ဦးထဲတြင္ ေဒၚမဘံုၾကီးမွာ ေရမ်က္ရြာဇာတိျဖစ္ျပီး ေဆာက္ခတ္ရြာတြင္ တိုက္ပြဲကုိ ေၾကာက္၍ ခိုလံႈေနစဥ္ ေသနတ္က်ည္ဆံထိမွန္ ဒဏ္ရာရရွိခဲ့ျခင္း ျဖစ္သည္ဟု ၎လူၾကီးက ဆိုသည္။

ေဒၚဆန္းခင္ေခ်မွာ ေက်ာက္ရံ ေက်းရြာဇာတိျဖစ္ျပီး ေဆာက္ခတ္ရြာမွ ဦးစိုးတင္လိႈင္ႏွင့္ အိမ္ေထာင္က်ေနသူ ျဖစ္ျပီး သူမ၏ မ်က္နာကို ယမ္းေငြ႕ဟပ္သြား ေၾကာင္း သိရသည္

ေဆာက္ခတ္ေက်းရြာသား ဦးေမာင္ပုဆိုသူက “ ေဒၚမဘုံၾကီးက ေဆာက္ခတ္ရြာ မွာလာျပီး စစ္ေဘးေရွာင္ေနတာ။ သူတို႔ ေရာက္ေနတာ ၉ ရက္ ၁၀ ရက္ေလာက္ေတာင္ရွိေနျပီးထင္တယ္။ ေညာင္ပင္လွကို စစ္သားေတြေရာက္ကတည္းက ေရမ်က္ကထြက္ေျပးလာျပီး ဒီမွာ စစ္ေဘးေရွာင္ ေနတာ။ ေမယူ ျမစ္ထဲကေနျပီးပစ္တာ။ ေရယာဥ္ေပၚက လက္နက္ၾကီးလို႔ ထင္ရတယ္။ တစ္ဒုိင္းဒိုင္းနဲ႔ ဘုရားကိုး မရ၊ တရားကိုးမရ ပစ္ေနတာ။ ပစ္ျပီး တန္႔သြားတဲ့အခ်ိန္မွာ အဲဒီ အဖြားၾကီးဆီမွာ ညာဖက္ ပခံုးကို က်ည္ဆံအစ စူးဝင္သြားတယ္။ ေနာက္ထပ္ ငါတို႔ရြာမွာ အိမ္ေထာင္က်ေနတဲ့ မိန္းကေလး တစ္ေယာက္က မဆန္းခင္ေခ်။ အဲဒီမိန္းကေလးမွာ မ်က္လံုးနားက က်ည္ဆံ ျဖတ္သြားလို႔ ယမ္းဟပ္သြားတယ္။ ဒဏ္ရာေတာ့မရ မ်က္လံုး စပ္တယ္လို႔ေျပာတယ္ ” ဟု နိရဥၥရာ သတင္းဌာန သို႕ ေျပာသည္။

ယေန႔ညေန ၆ နာရီခြဲခန္႔က ထိုသို႔ပစ္ခတ္သံမ်ားကုိ ၾကားခဲ့ရသည္ေက်းရြာသားမ်ားက ေျပာဆိုသည္။

လက္နက္ၾကီးက်ည္စထိမွန္ျပီး ပခံုးတြင္ဒဏ္ရာ ရရွိသြားသည့္ အရြယ္အိုေဒၚမဘံုၾကီးမွာ အသက္ အရြယ္ၾကီးရင့္ေနျပီ ျဖစ္သျဖင့္ အလုပ္မလုပ္ႏိုင္သည္သာမက မသြားႏိုင္၊ မလာႏိုင္သူ တစ္ဦး ျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ရေသ့ေတာင္ျမိဳ႕နယ္ မညင္းေတာင္ေက်းရြာႏွင့္ ကုလားေခ်ာင္းေက်းရြာတုိ႔မွ ေက်းရြာသား ၅၀ ခန္႔သည္ တိုက္ပြဲကို ေၾကာက္၍ ရေသ့ေတာင္ ျမိဳ႕ေပၚ ေရႊပါရမီ ဘုန္းေတာ္ၾကီး ေက်ာင္းသို႔ စစ္ေဘးေရွာင္ရန္ ေရာက္ရွိေနၾကသည္ဟု ေက်ာင္းထိုင္ ဆရာေတာ္၏ မိန္႔ၾကားခ်က္သည္။

-------------------

(Unicode)⤵⤵⤵
ရသေ့တောင် ဆောက်ခတ်ရွွာတွင် ကျည်ထိမှန်၍ နောက်ထပ်အမျိုးသမီး ၂ ဦးဒဏ်ရာရ

သန့်မြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၆ /၂၀၂၀

ရခိုင်ပြည်နယ််၊ ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ရွာတွင် လက်နက်ကြီးကျည်စ ထိမှန်၍ နောက်ထပ် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ ဒေါ်မဘုံကြီး(၇၀)နှစ်နှင့် ဒေါ်ဆန်းခင်ချေ(၂၈)နှစ် တို့ဖြစ်ကြောင်း ဆောက်ခတ်ကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်။

ဒဏ်ရာရသူ ၂ ဦးထဲတွင် ဒေါ်မဘုံကြီးမှာ ရေမျက်ရွာဇာတိဖြစ်ပြီး ဆောက်ခတ်ရွာတွင် တိုက်ပွဲကို ကြောက်၍ ခိုလှုံနေစဉ် သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းလူကြီးက ဆိုသည်။

ဒေါ်ဆန်းခင်ချေမှာ ကျောက်ရံ ကျေးရွာဇာတိဖြစ်ပြီး ဆောက်ခတ်ရွာမှ ဦးစိုးတင်လှိုင်နှင့် အိမ်ထောင်ကျနေသူ ဖြစ်ပြီး သူမ၏ မျက်နာကို ယမ်းငွေ့ဟပ်သွား ကြောင်း သိရသည်

ဆောက်ခတ်ကျေးရွာသား ဦးမောင်ပုဆိုသူက “ ဒေါ်မဘုံကြီးက ဆောက်ခတ်ရွာ မှာလာပြီး စစ်ဘေးရှောင်နေတာ။ သူတို့ ရောက်နေတာ ၉ ရက် ၁၀ ရက်လောက်တောင်ရှိနေပြီးထင်တယ်။ ညောင်ပင်လှကို စစ်သားတွေရောက်ကတည်းက ရေမျက်ကထွက်ပြေးလာပြီး ဒီမှာ စစ်ဘေးရှောင် နေတာ။ မေယူ မြစ်ထဲကနေပြီးပစ်တာ။ ရေယာဉ်ပေါ်က လက်နက်ကြီးလို့ ထင်ရတယ်။ တစ်ဒိုင်းဒိုင်းနဲ့ ဘုရားကိုး မရ၊ တရားကိုးမရ ပစ်နေတာ။ ပစ်ပြီး တန့်သွားတဲ့အချိန်မှာ အဲဒီ အဖွားကြီးဆီမှာ ညာဖက် ပခုံးကို ကျည်ဆံအစ စူးဝင်သွားတယ်။ နောက်ထပ် ငါတို့ရွာမှာ အိမ်ထောင်ကျနေတဲ့ မိန်းကလေး တစ်ယောက်က မဆန်းခင်ချေ။ အဲဒီမိန်းကလေးမှာ မျက်လုံးနားက ကျည်ဆံ ဖြတ်သွားလို့ ယမ်းဟပ်သွားတယ်။ ဒဏ်ရာတော့မရ မျက်လုံး စပ်တယ်လို့ပြောတယ် ” ဟု နိရဥ္စရာ သတင်းဌာန သို့ ပြောသည်။

ယနေ့ညနေ ၆ နာရီခွဲခန့်က ထိုသို့ပစ်ခတ်သံများကို ကြားခဲ့ရသည်ကျေးရွာသားများက ပြောဆိုသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး ပခုံးတွင်ဒဏ်ရာ ရရှိသွားသည့် အရွယ်အိုဒေါ်မဘုံကြီးမှာ အသက် အရွယ်ကြီးရင့်နေပြီ ဖြစ်သဖြင့် အလုပ်မလုပ်နိုင်သည်သာမက မသွားနိုင်၊ မလာနိုင်သူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာနှင့် ကုလားချောင်းကျေးရွာတို့မှ ကျေးရွာသား ၅၀ ခန့်သည် တိုက်ပွဲကို ကြောက်၍ ရသေ့တောင် မြို့ပေါ် ရွှေပါရမီ ဘုန်းတော်ကြီး ကျောင်းသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည်ဟု ကျောင်းထိုင် ဆရာတော်၏ မိန့်ကြားချက်သည်။

သန္႕ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
ရေသ့ေတာင္ ေဆာက္ခတ္ရြြာတြင္ က်ည္ထိမွန္၍ ေနာက္ထပ္အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ ရေသ့ေတာင္ ေဆာက္ခတ္ရြြာတြင္ က်ည္ထိမွန္၍ ေနာက္ထပ္အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.