သမၼတ Donald Trump အျပစ္မရွိေၾကာင္း ကန္အထက္လႊတ္ေတာ္ ဆုံးျဖတ္

(Zawgyi)⤵⤵⤵
အာဏာအလြဲသုံးစားမႈ၊ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ လုပ္ငန္းေတြကို ေႏွာက္ယွက္မႈနဲ႔ အေမရိကန္သမၼတ Donald Trump အေပၚ အေရးယူႏိုင္ဖို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေတြရဲ႕ ႀကိဳးပမ္းမႈေတြ ၄ လအၾကာမွာပဲ အခုေနာက္ဆုံး အထက္လႊတ္ေတာ္က သမၼတမွာ အျပစ္မရွိေၾကာင္း မဲခြဲဆုံးျဖတ္လိုက္ပါတယ္။

သမၼတရဲ႕ ရီပတ္ဘလစ္ကန္ပါတီ ကိုယ္စားလွယ္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ လႊတ္ေတာ္မွာ ဗုဒၶဟူးေန႔က မဲခြဲရာမွာ အာဏာအလြဲသုံးစားမႈ စြဲခ်က္အတြက္ မဲခြဲရာမွာေတာ့ သမၼတကို တရားေသလႊတ္ေပးဖို႔ ေထာက္ခံမဲ ၅၂ မဲ၊ ကန႔္ကြက္မဲ ၄၈ မဲ၊ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ စုံစမ္းစစ္ေဆးမႈေတြကို ဟန႔္တားေႏွာက္ယွက္မႈ စြဲခ်က္မွာလည္း အျပစ္မရွိေၾကာင္း ေထာက္ခံမဲ ၅၃ မဲ ကန႔္ကြက္မဲ ၄၇ မဲ ရရွိခဲ့တာပါ။

လာမယ့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီက အဓိကၿပိဳင္ဘက္ ျဖစ္လာႏိုင္တဲ့ ဒုသမၼတေဟာင္း Joe Biden အေပၚ အက်င့္ပ်က္ျခစားမႈ စြပ္စြဲခ်က္နဲ႔ စုံစမ္းစစ္ေဆးဖို႔ ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ တယ္လီဖုန္းဆက္သြယ္ စကားေျပာခ်ိန္မွာ ဖိအားေပးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အတိုက္အခံ ဒီမိုကရက္ေတြ ၿပီးခဲ့တဲ့ႏွစ္ထဲကစၿပီး သမၼတ Trump ကိုအေရးယူဖို႔ ႀကိဳးပမ္းခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီမိုကရက္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္မွာ သမၼတကို တရားစြဲဖို႔ ဆုံးျဖတ္ခဲ့ေပမဲ့ အျပစ္ရွိေၾကာင္း ေထာက္ခံမဲ အနည္းဆုံး ၃ ပုံ ၂ ပုံရဖို႔ လိုအပ္တဲ့ အထက္ လႊတ္ေတာ္မွာေတာ့ ပါတီအလိုက္မဲေပးရာမွာ အမ်ားစုျဖစ္တဲ့ ရီပတ္ဘလစ္ကန္ေတြက အသာရခဲ့ၾကတာပါ။ ႀကိဳတင္ခန႔္မွန္းထားတဲ့အတိုင္း သမၼတမွာ အျပစ္မရွိေၾကာင္း အထက္လႊတ္ေတာ္က အခုေနာက္ဆုံး ဆုံးျဖတ္လိုက္တဲ့အတြက္ ေနာက္ဆက္တြဲ ႏိုင္ငံေရးအက်ပ္အတည္းေတြ ႀကဳံရႏိုင္တယ္လို႔လည္း အကဲခတ္ေတြက သုံးသပ္ေနၾကပါတယ္။

သမၼတ Trump ကေတာ့ အထက္လႊတ္ေတာ္က အျပစ္မရွိေၾကာင္း ဆုံးျဖတ္လိုက္တဲ့အေပၚ ၾကာသပေတးေန႔မွာ တရားဝင္ တုံ႔ျပန္မယ့္အေၾကာင္း ေျပာဆိုခဲ့တာပါ။ မဟုတ္မမွန္ လုပ္ႀကံထားတယ္လို႔ဆိုတဲ့ အေရးယူေရး ႀကိဳးပမ္းမႈေတြအေပၚ ေအာင္ပြဲခံႏိုင္ခဲ့တဲ့အေၾကာင္း ၾကာသပေတးေန႔ မြန္းလြဲ ၁၂ နာရီအခ်ိန္ အိမ္ျဖဴေတာ္ကေန အမ်ားျပည္သူသိေအာင္ ေၾကညာမယ့္အေၾကာင္း Twitter လူမႈကြန္ရက္ကေန သမၼတက ေျပာဆိုထားပါတယ္။


(Unicode)

သမ္မတ Donald Trump အပြစ်မရှိကြောင်း ကန်အထက်လွှတ်တော် ဆုံးဖြတ်

အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်လွှတ်တော်ရဲ့ လုပ်ငန်းတွေကို နှောက်ယှက်မှုနဲ့ အမေရိကန်သမ္မတ Donald Trump အပေါ် အရေးယူနိုင်ဖို့ အောက်လွှတ်တော် ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှုတွေ ၄ လအကြာမှာပဲ အခုနောက်ဆုံး အထက်လွှတ်တော်က သမ္မတမှာ အပြစ်မရှိကြောင်း မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မဲခွဲရာမှာ အာဏာအလွဲသုံးစားမှု စွဲချက်အတွက် မဲခွဲရာမှာတော့ သမ္မတကို တရားသေလွှတ်ပေးဖို့ ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၈ မဲ၊ ကွန်ဂရက်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဟန့်တားနှောက်ယှက်မှု စွဲချက်မှာလည်း အပြစ်မရှိကြောင်း ထောက်ခံမဲ ၅၃ မဲ ကန့်ကွက်မဲ ၄၇ မဲ ရရှိခဲ့တာပါ။

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အဓိကပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဒုသမ္မတဟောင်း Joe Biden အပေါ် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောချိန်မှာ ဖိအားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အတိုက်အခံ ဒီမိုကရက်တွေ ပြီးခဲ့တဲ့နှစ်ထဲကစပြီး သမ္မတ Trump ကိုအရေးယူဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ သမ္မတကို တရားစွဲဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အပြစ်ရှိကြောင်း ထောက်ခံမဲ အနည်းဆုံး ၃ ပုံ ၂ ပုံရဖို့ လိုအပ်တဲ့ အထက် လွှတ်တော်မှာတော့ ပါတီအလိုက်မဲပေးရာမှာ အများစုဖြစ်တဲ့ ရီပတ်ဘလစ်ကန်တွေက အသာရခဲ့ကြတာပါ။ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း သမ္မတမှာ အပြစ်မရှိကြောင်း အထက်လွှတ်တော်က အခုနောက်ဆုံး ဆုံးဖြတ်လိုက်တဲ့အတွက် နောက်ဆက်တွဲ နိုင်ငံရေးအကျပ်အတည်းတွေ ကြုံရနိုင်တယ်လို့လည်း အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

သမ္မတ Trump ကတော့ အထက်လွှတ်တော်က အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်တဲ့အပေါ် ကြာသပတေးနေ့မှာ တရားဝင် တုံ့ပြန်မယ့်အကြောင်း ပြောဆိုခဲ့တာပါ။ မဟုတ်မမှန် လုပ်ကြံထားတယ်လို့ဆိုတဲ့ အရေးယူရေး ကြိုးပမ်းမှုတွေအပေါ် အောင်ပွဲခံနိုင်ခဲ့တဲ့အကြောင်း ကြာသပတေးနေ့ မွန်းလွဲ ၁၂ နာရီအချိန် အိမ်ဖြူတော်ကနေ အများပြည်သူသိအောင် ကြေညာမယ့်အကြောင်း Twitter လူမှုကွန်ရက်ကနေ သမ္မတက ပြောဆိုထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
သမၼတ Donald Trump အျပစ္မရွိေၾကာင္း ကန္အထက္လႊတ္ေတာ္ ဆုံးျဖတ္ သမၼတ Donald Trump အျပစ္မရွိေၾကာင္း ကန္အထက္လႊတ္ေတာ္ ဆုံးျဖတ္ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.