ေနအိမ္ထဲ လက္နက္ၾကီးက်ည္က်၍ ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္ေက်းရြာမွ အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ

ေနအိမ္ထဲ လက္နက္ၾကီးက်ည္က်၍ ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္ေက်းရြာမွ အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ
(Zawgyi)⤵⤵⤵
စစ္ေတြ၊ ေဖေဖာ္ဝါရီ ၆/၂၀၂၀

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရပုတ္ေက်းရြာမွ ေနအိမ္တစ္လံုး ထဲသို႕ ယေန႔ ညေနပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲ၍ အမ်ိဳးသမီး ၂ ဦး ဒဏ္ရာျပင္းထန္စြာ ရရွိသြားေၾကာင္း သတင္း ရရွိသည္။

လက္နက္ၾကီးက်ည္စထိမွန္ျပီး ဒဏ္ရာရရွိသူမ်ားမွာ ေရပုတ္ေက်းရြာမွ အပ်ိဳၾကီးတစ္ဦးျဖစ္သူ ေဒၚမယဥ္ေက်ာ့ႏု(၄၇)ႏွစ္ႏွင့္ ၄င္း၏ အစ္မျဖစ္သူ၏ သမီး မပိုးျဖဴသိန္း(၁၈)ႏွစ္တို႔ျဖစ္ေၾကာင္း သိရသည္။

ေရပုတ္ေက်းရြာအေနာက္ဘက္ျခမ္း ငစံေဘာ္ေခ်ာင္းဝအလြန္ ေမယူျမစ္တြင္ရွိေနသည့္ တပ္မေတာ္ဇက္ေရယာဥ္ေပၚမွ ယေန ႔ညေန ၆နာရီခန္႔က ပစ္ခတ္လိုက္သည့္ လက္နက္ၾကီး က်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိုသို႔ဒဏ္ရာ ရရွိသြားျခင္းျဖစ္ေၾကာင္း ေရပုတ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေဝသိန္းက ေျပာသည္။

“ေမယူျမစ္က လွမ္းပစ္တာပါ။ အကြာအေဝးက ၂ မိုင္ေလာက္ရွိမယ္ထင္တယ္။ ဘယ္ႏွခ်က္ ပစ္လည္းဆိုတာ ေရတြက္လို႔မရဘူး။ အမ်ားၾကီးပစ္တာပါ။ က်ေနာ္တို႔ ေရတြက္လို႔ေတာင္ မရလိုက္ဘူး။ ရြာထဲက အိမ္ကိုလာက်တာပါ” ဟု ဦးေမာင္ေဝသိန္းက ေျပာသည္။

လက္နက္ၾကီးက်ည္စထိမွန္ျပီး မယဥ္ေက်ာ့ႏုမွာ ညာဖက္ေျခသလံုပြတ္ ဒဏ္ရာ၊ မပိုးျဖဴသိန္းတြင္ ညာဖက္ေပါင္ ဒဏ္ရာရရွိသြားေၾကာင္း၊ လက္ရွိတြင္ရေသ့ေတာင္ေဆးရံုသို႔ ယူေဆာင္သြားရန္ နာေရးကားအား ေခၚထားေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ေနအိမ္ေအာက္ဘက္တြင္ ဆိုင္းေရာင္းေနစဥ္ လက္နက္ၾကီးက်ည္ က်ေနာ္ေရာက္ေပါက္ကြဲခဲ့ျခင္း ျဖစ္ေၾကာင္း ေဒၚမယဥ္ေက်ာ့ႏု၏ အစ္ကိုဝမ္းကြဲေတာ္စပ္သူ ဦးေမာင္ေက်ာ္ႏု က ေျပာသည္။

“သူတို႔က အိမ္အလုပ္ေနတာပါ။ အဝတ္ေတြလည္းေရာင္းတယ္။ အိမ္ေအာက္မွာ အဝတ္ဆိုင္ ဖြင့္ထားတယ္။ ဆိုင္ေရာင္းေနတဲ့အခ်ိန္မွာ လက္နက္ၾကီးက်ည္က်လို႔ ဒဏ္ရာ ရသြားတာပါ” ဟု ၎က ေျပာသည္။

တပ္မေတာ္ေရယာဥ္က ပစ္ခတ္လိုက္သည့္ လက္နက္ၾကီးက်ည္ ျဖစ္ေၾကာင့္ မိသားစုဝင္မ်ားက ေျပာဆိုသည့္အတြက္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ စစ္ဦးစီး ပထမတန္း ဗိုလ္မွဴးၾကီး ဝင္းေဇာ္ဦးထံသုိ႔ နိရဥၥရာသတင္းဌာနမွ ယေန႔ ညေန ၈ နာရီ ၅ မိနစ္ကဖုန္းျဖင့္ ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုျခင္းမရွိေသးသျဖင့္ တပ္ဘက္က အတည္ျပဳခ်က္ကိုေတာ့ ရယူႏိုင္ျခင္း မရွိေသးပါ။

----------------------

(Unicode)⤵⤵⤵
နေအိမ်ထဲ လက်နက်ကြီးကျည်ကျ၍ ရသေ့တောင်မြို့နယ် ရေပုတ်ကျေးရွာမှ အမျိုးသမီး ၂ ဦးဒဏ်ရာရ

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၆/၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေပုတ်ကျေးရွာမှ နေအိမ်တစ်လုံး ထဲသို့ ယနေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သတင်း ရရှိသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသူများမှာ ရေပုတ်ကျေးရွာမှ အပျိုကြီးတစ်ဦးဖြစ်သူ ဒေါ်မယဉ်ကျော့နု(၄၇)နှစ်နှင့် ၄င်း၏ အစ်မဖြစ်သူ၏ သမီး မပိုးဖြူသိန်း(၁၈)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ရေပုတ်ကျေးရွာအနောက်ဘက်ခြမ်း ငစံဘော်ချောင်းဝအလွန် မေယူမြစ်တွင်ရှိနေသည့် တပ်မတော်ဇက်ရေယာဉ်ပေါ်မှ ယနေ ့ညနေ ၆နာရီခန့်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိုသို့ဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း ရေပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝေသိန်းက ပြောသည်။

“မေယူမြစ်က လှမ်းပစ်တာပါ။ အကွာအဝေးက ၂ မိုင်လောက်ရှိမယ်ထင်တယ်။ ဘယ်နှချက် ပစ်လည်းဆိုတာ ရေတွက်လို့မရဘူး။ အများကြီးပစ်တာပါ။ ကျနော်တို့ ရေတွက်လို့တောင် မရလိုက်ဘူး။ ရွာထဲက အိမ်ကိုလာကျတာပါ” ဟု ဦးမောင်ဝေသိန်းက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး မယဉ်ကျော့နုမှာ ညာဖက်ခြေသလုံပွတ် ဒဏ်ရာ၊ မပိုးဖြူသိန်းတွင် ညာဖက်ပေါင် ဒဏ်ရာရရှိသွားကြောင်း၊ လက်ရှိတွင်ရသေ့တောင်ဆေးရုံသို့ ယူဆောင်သွားရန် နာရေးကားအား ခေါ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

နေအိမ်အောက်ဘက်တွင် ဆိုင်းရောင်းနေစဉ် လက်နက်ကြီးကျည် ကျနော်ရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်မယဉ်ကျော့နု၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးမောင်ကျော်နု က ပြောသည်။

“သူတို့က အိမ်အလုပ်နေတာပါ။ အဝတ်တွေလည်းရောင်းတယ်။ အိမ်အောက်မှာ အဝတ်ဆိုင် ဖွင့်ထားတယ်။ ဆိုင်ရောင်းနေတဲ့အချိန်မှာ လက်နက်ကြီးကျည်ကျလို့ ဒဏ်ရာ ရသွားတာပါ” ဟု ၎င်းက ပြောသည်။

တပ်မတော်ရေယာဉ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဖြစ်ကြောင့် မိသားစုဝင်များက ပြောဆိုသည့်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့ ညနေ ၈ နာရီ ၅ မိနစ်ကဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးသဖြင့် တပ်ဘက်က အတည်ပြုချက်ကိုတော့ ရယူနိုင်ခြင်း မရှိသေးပါ။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
ေနအိမ္ထဲ လက္နက္ၾကီးက်ည္က်၍ ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္ေက်းရြာမွ အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ ေနအိမ္ထဲ လက္နက္ၾကီးက်ည္က်၍ ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္ေက်းရြာမွ အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 00:48 Rating: 5
Powered by Blogger.