ကေလးကို ႐ိုက္ၿပီး မဆုံးမသင့္ဘူးလို႔ ေျပာရတဲ့ အေၾကာင္းရင္း (၇) ခ်က္

(Zawgyi)⤵⤵⤵
ကြၽန္ေတာ္တို႔ႏိုင္ငံမွာေတာ့ ကေလးကို ႐ိုက္ၿပီးဆုံးမတာက မ်ိဳး႐ိုးစဥ္ဆက္ ထိန္းသိမ္းလာၾကတဲ့ ႐ိုးရာအေမြအႏွစ္ တစ္ခုလိုပါပဲ။ ႐ိုက္ႏွက္ဆုံးမျခင္းက ကေလးအတြက္ ဘာအက်ိဳးမွမရွိဘူးလို႔ ေျပာျပန္ရင္လည္း ကြၽန္ေတာ္တို႔၊ ကြၽန္မတို႔တုန္းက ဒီလိုပဲ ႐ိုက္ႏွက္ၿပီး ႀကီးျပင္းလာၾကတာပဲေလ၊ ကြၽန္မတို႔ကေလးေတြလည္း အကုန္အေကာင္းအတိုင္းပဲေလဆိုၿပီး ျပန္ေျပာတတ္ၾကပါတယ္။ ဒီေဆာင္းပါးမွာ ေကာင္းေစခ်င္လို႔ ႐ိုက္ႏွက္ဆုံးမလိုက္တဲ့ မိဘေတြရဲ႕ အမွားေတြနဲ႔ ေနာက္ဆက္တြဲ ကေလးမွာ တစ္ဘဝလုံးစာ က်န္ခဲ့ႏိုင္တဲ့ စိတ္ဒဏ္ရာေတြ အေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။

၁။ ဘယ္အရာမဆို လက္ပါရင္ ၿပီးတယ္ဆိုတဲ့ အေတြးမ်ားဝင္လာျခင္း

ကိုယ္က စံနမူနာလို႔ သတ္မွတ္ထားတဲ့ မိဘက ကိုယ္အမွားတစ္ခုလုပ္တာနဲ႔ လက္ပါၿပီး ႐ိုက္ႏွက္ဆုံးမတယ္၊ အဲ့ေနာက္ဆက္တြဲအေနနဲ႔ ကေလးရဲ႕ ဦးေႏွာက္ထဲမွာ ဘယ္သူမဆို မွားရင္ ႐ိုက္ႏွက္ဆုံးမမွ နားလည္ႏိုင္တယ္ဆိုတဲ့အသိက ဝင္သြားေတာ့တာပါပဲ။ မွားသည္၊ မွန္သည္ဆိုတာလည္း နားမလည္ေတာ့ဘဲ ဒါကိုပဲ သူတို႔ရဲ႕ စိတ္ထဲမွာ ဒဏ္ရာဒဏ္ခ်က္အျဖစ္နဲ႔ တစ္ဘဝလုံး စြဲက်န္ခဲ့ေတာ့တာပါ။

၂။ ကေလးရဲ႕ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားစိတ္ကို က်ေစျခင္း

ကိုယ္ခ်စ္တဲ့မိဘေတာင္မွ ကိုယ့္ကိုမညႇာမတာ ရက္ရက္စက္စက္ ႐ိုက္ႏွက္တာကို ဘယ္ကေလးကေရာ စိတ္ဒဏ္ရာမျဖစ္ဘဲ ၾကည္ၾကည္ျဖဴျဖဴနဲ႔ ၿပဳံးျပေနမလဲ။ ကိုယ္တိုင္ ကေလးဘဝက အ႐ိုက္ခံခဲ့တုန္းကေရာ နည္းနည္းမွ ဝမ္းမနည္းခဲ့ဘူးလား ျပန္ေတြးၾကည့္ပါ။ ႏွလုံးသားႏုနယ္တဲ့ ကေလးေတြမွာ လူႀကီးေတြထက္ ပိုၿပီး စိတ္ထိခိုက္ဖို႔၊ စိတ္ဒဏ္ရာရႏိုင္ဖို႔ အရမ္းလြယ္ပါတယ္။ ဒီစိတ္ဒဏ္ရာေၾကာင့္ပဲ ကေလးရဲ႕ စိတ္ထဲမွာ ငါ့မိဘ ငါ့ကို မခ်စ္လို႔ ႐ိုက္တာဆိုတဲ့ အေတြးက အၿမဲတမ္းစိုးမိုးေနၿပီး ဒီစိတ္နဲ႔ပဲ မေပ်ာ္မ႐ႊင္ႀကီးျပင္းလာရမွာပါ။

၃။ ပတ္ဝန္းက်င္ရဲ႕ အထင္အျမင္ေသးျခင္းကို ခံရျခင္း

ဟယ္ ဟိုကေလးကို သူ႔အေမအေဖက ႐ိုက္ေနျပန္ၿပီ ၾကည့္ပါဦး၊ ဘာအမွားလုပ္လဲမွ မသိတာဆိုၿပီး ရပ္ကြက္ အိမ္နီးခ်င္းေတြေျပာတဲ့ စကားသံဟာ မိဘေတြအတြက္ေတာ့ ဂ႐ုစိုက္ျဖစ္ခ်င္မွ စိုက္ျဖစ္မယ္ဆိုေပမဲ့ ကေလးအတြက္ေတာ့ ဒါဟာ အရွက္ရစရာ ကိစၥပါပဲ။

၄။ ႐ိုက္ႏွက္ျခင္းမွ ႐ုပ္ပိုင္းဆိုင္ရာ ညႇင္းပန္းႏွိပ္စက္မႈအျဖစ္ အဆင့္တက္လာျခင္း

လူဆိုတာက အက်င့္တစ္ခုရသြားၿပီဆိုရင္ အဲ့ထက္ ပိုဆိုးတဲ့အမူအက်င့္ေတြ အၿမဲလုပ္တတ္ပါတယ္။ ကေလးက အမွားတစ္ခုခုလုပ္မိလို႔ လက္နဲ႔ ႐ိုက္လိုက္တယ္။ ႐ိုက္ေတာ့လည္း ကေလးက ဘာမွမထူးသြားတဲ့အျပင္ ပိုၿပီးေတာ့ အမွားေတြလုပ္လာတယ္။ အဲ့လိုနဲ႔ ႐ိုက္တဲ့အႀကိမ္ေရ တိုးလာတယ္။ ဘယ္ေလာက္႐ိုက္႐ိုက္ မထူးဆန္းတဲ့ အေျခအေနတစ္ခုမွာ လက္နဲ႔တင္မဟုတ္ေတာ့ဘဲ အရာဝတၳဳေတြနဲ႔ ႐ိုက္ႏွက္တာ၊ ေခ်ာင္ပိတ္ၿပီး ႏွိပ္စက္တာ၊ အစာမေကြၽးဘဲ အငတ္ထားတာ၊ နာရီေတြနဲ႔ခ်ီေအာင္ အျပစ္ေပးတဲ့အဆင့္ထိ ေရာက္လာႏိုင္ပါတယ္။

၅။ ႐ိုက္မွ နားလည္မယ္ဆိုတဲ့ ေရွး႐ိုးစြဲဂ်င္းအယူအဆ

လက္နဲ႔ ႐ိုက္လိုက္ရင္ ကေလးက လိမၼာသြားမယ္၊ မိဘစကားပိုနားေထာင္မယ္၊ အမွားမလုပ္ေတာ့ဘူးဆိုတာ လုံးဝ ဂ်င္းသက္သက္ပါပဲ။ ကိုယ္ထင္ထားတာထက္ကို လုံးဝဆန႔္က်င္ၿပီးေတာ့ ကေလးက ဒီ့ထက္ ပိုဆိုးသြားဖို႔ပဲ ရွိမွာပါ။

၆။ ကေလးေတြမွာ ေဒါသႀကီးလာမယ္။

မိဘေတြေတာင္ ေဒါသထြက္ၿပီး ႐ိုက္ေသးတာပဲ၊ အ႐ိုက္ခံရတဲ့ ကေလးကေရာ ေဒါသမထြက္ဘူးလို႔ ထင္ရင္ေတာ့ လုံးဝမွားသြားမွာပါ။ ကေလးေတြမွာလည္း ေဒါသထြက္တတ္ပါတယ္။ ဒီေဒါသကို မ်ိဳသိပ္လိုက္တာျဖစ္ေစ၊ တျခားကေလးေတြကို အႏိုင္က်င့္ၿပီး ေဒါသေျဖလိုက္တာမ်ိဳး ပိုလုပ္တတ္ၿပီး ႀကီးလာရင္လည္း တစ္ခုခုဆို လက္ပါတာ၊ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားတဲ့ အျပဳအမူေတြ က်ဴးလြန္းတတ္ပါတယ္။

၇။ စိတ္ဒဏ္ရာအျဖစ္ တစ္ဘဝလုံး က်န္ရစ္ေနခဲ့မယ္။

အသက္ႀကီးလာလို႔ ကိုယ့္ရဲ႕ကေလးဘဝကို အမွတ္တမဲ့ ျပန္ေတြးၾကည့္လိုက္ရင္ ေပ်ာ္စရာအခ်ိန္ေတြထက္ ဒီလို ႐ိုက္ႏွက္ ႏွိပ္စက္ခံရတဲ့ အခ်ိန္ကာလေတြ၊ အဲ့ဒီအခ်ိန္မွာ ဝမ္းနည္းငိုေႂကြးခဲ့ရတာေတြကိုပဲ ျပန္ေတြးမိၿပီး ဒါေတြက အရိပ္မည္းတစ္ခုလို ကိုယ့္ဘဝေနာက္ေန အၿမဲကပ္ပါေနမွာပါ။

ဒီေဆာင္းပါးကို ဖတ္ၾကည့္ၿပီးေတာ့ မိဘေတြလည္း ကိုယ္လုပ္ေနတဲ့အမွားေတြနဲ႔ပတ္သက္ၿပီး ကေလးေတြမွာ ဘယ္လိုစိတ္ဒဏ္ရာေတြ က်န္ခဲ့ႏိုင္လဲဆိုတာ သိႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ မိဘရယ္လို႔ ျဖစ္လာၿပီဆိုရင္ စိတ္ဖိစီးမႈေတြ၊ ဘဝအခက္အခဲေတြကေတာ့ အၿမဲတမ္းႀကဳံေတြ႕ရႏိုင္ပါတယ္။ ဒီလိုစိတ္ဖိစီးမႈေတြကို သားသမီး ေတြဆီ မပုံခ်လိုက္ဖို႔နဲ႔ ကေလးေတြ အမွားလုပ္မိတဲ့အခါ Postive Encouragement အျပဳသေဘာေဆာင္ ျခင္းျဖစ္တဲ့ ခ်ိဳသာစြာေျပာဖို႔၊ အမွားကို နားလည္ၿပီး တာဝန္ယူတတ္ဖို႔၊ ကိုယ္တိုင္ျပင္ဆင္တတ္ဖို႔ ေလ့က်င့္ေပးဖို႔ ထပ္မံမွာၾကားရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
https://www.facebook.com/MyanmarDigitalNews/
----------------------
(Unicode)⤵⤵⤵
ကလေးကို ရိုက်ပြီး မဆုံးမသင့်ဘူးလို့ ပြောရတဲ့ အကြောင်းရင်း (၇) ချက်

ကျွန်တော်တို့နိုင်ငံမှာတော့ ကလေးကို ရိုက်ပြီးဆုံးမတာက မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာကြတဲ့ ရိုးရာအမွေအနှစ် တစ်ခုလိုပါပဲ။ ရိုက်နှက်ဆုံးမခြင်းက ကလေးအတွက် ဘာအကျိုးမှမရှိဘူးလို့ ပြောပြန်ရင်လည်း ကျွန်တော်တို့၊ ကျွန်မတို့တုန်းက ဒီလိုပဲ ရိုက်နှက်ပြီး ကြီးပြင်းလာကြတာပဲလေ၊ ကျွန်မတို့ကလေးတွေလည်း အကုန်အကောင်းအတိုင်းပဲလေဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ ကောင်းစေချင်လို့ ရိုက်နှက်ဆုံးမလိုက်တဲ့ မိဘတွေရဲ့ အမှားတွေနဲ့ နောက်ဆက်တွဲ ကလေးမှာ တစ်ဘဝလုံးစာ ကျန်ခဲ့နိုင်တဲ့ စိတ်ဒဏ်ရာတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။

၁။ ဘယ်အရာမဆို လက်ပါရင် ပြီးတယ်ဆိုတဲ့ အတွေးများဝင်လာခြင်း

ကိုယ်က စံနမူနာလို့ သတ်မှတ်ထားတဲ့ မိဘက ကိုယ်အမှားတစ်ခုလုပ်တာနဲ့ လက်ပါပြီး ရိုက်နှက်ဆုံးမတယ်၊ အဲ့နောက်ဆက်တွဲအနေနဲ့ ကလေးရဲ့ ဦးနှောက်ထဲမှာ ဘယ်သူမဆို မှားရင် ရိုက်နှက်ဆုံးမမှ နားလည်နိုင်တယ်ဆိုတဲ့အသိက ဝင်သွားတော့တာပါပဲ။ မှားသည်၊ မှန်သည်ဆိုတာလည်း နားမလည်တော့ဘဲ ဒါကိုပဲ သူတို့ရဲ့ စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်အဖြစ်နဲ့ တစ်ဘဝလုံး စွဲကျန်ခဲ့တော့တာပါ။

၂။ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို ကျစေခြင်း

ကိုယ်ချစ်တဲ့မိဘတောင်မှ ကိုယ့်ကိုမညှာမတာ ရက်ရက်စက်စက် ရိုက်နှက်တာကို ဘယ်ကလေးကရော စိတ်ဒဏ်ရာမဖြစ်ဘဲ ကြည်ကြည်ဖြူဖြူနဲ့ ပြုံးပြနေမလဲ။ ကိုယ်တိုင် ကလေးဘဝက အရိုက်ခံခဲ့တုန်းကရော နည်းနည်းမှ ဝမ်းမနည်းခဲ့ဘူးလား ပြန်တွေးကြည့်ပါ။ နှလုံးသားနုနယ်တဲ့ ကလေးတွေမှာ လူကြီးတွေထက် ပိုပြီး စိတ်ထိခိုက်ဖို့၊ စိတ်ဒဏ်ရာရနိုင်ဖို့ အရမ်းလွယ်ပါတယ်။ ဒီစိတ်ဒဏ်ရာကြောင့်ပဲ ကလေးရဲ့ စိတ်ထဲမှာ ငါ့မိဘ ငါ့ကို မချစ်လို့ ရိုက်တာဆိုတဲ့ အတွေးက အမြဲတမ်းစိုးမိုးနေပြီး ဒီစိတ်နဲ့ပဲ မပျော်မရွှင်ကြီးပြင်းလာရမှာပါ။

၃။ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးခြင်းကို ခံရခြင်း

ဟယ် ဟိုကလေးကို သူ့အမေအဖေက ရိုက်နေပြန်ပြီ ကြည့်ပါဦး၊ ဘာအမှားလုပ်လဲမှ မသိတာဆိုပြီး ရပ်ကွက် အိမ်နီးချင်းတွေပြောတဲ့ စကားသံဟာ မိဘတွေအတွက်တော့ ဂရုစိုက်ဖြစ်ချင်မှ စိုက်ဖြစ်မယ်ဆိုပေမဲ့ ကလေးအတွက်တော့ ဒါဟာ အရှက်ရစရာ ကိစ္စပါပဲ။

၄။ ရိုက်နှက်ခြင်းမှ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုအဖြစ် အဆင့်တက်လာခြင်း

လူဆိုတာက အကျင့်တစ်ခုရသွားပြီဆိုရင် အဲ့ထက် ပိုဆိုးတဲ့အမူအကျင့်တွေ အမြဲလုပ်တတ်ပါတယ်။ ကလေးက အမှားတစ်ခုခုလုပ်မိလို့ လက်နဲ့ ရိုက်လိုက်တယ်။ ရိုက်တော့လည်း ကလေးက ဘာမှမထူးသွားတဲ့အပြင် ပိုပြီးတော့ အမှားတွေလုပ်လာတယ်။ အဲ့လိုနဲ့ ရိုက်တဲ့အကြိမ်ရေ တိုးလာတယ်။ ဘယ်လောက်ရိုက်ရိုက် မထူးဆန်းတဲ့ အခြေအနေတစ်ခုမှာ လက်နဲ့တင်မဟုတ်တော့ဘဲ အရာဝတ္ထုတွေနဲ့ ရိုက်နှက်တာ၊ ချောင်ပိတ်ပြီး နှိပ်စက်တာ၊ အစာမကျွေးဘဲ အငတ်ထားတာ၊ နာရီတွေနဲ့ချီအောင် အပြစ်ပေးတဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်။

၅။ ရိုက်မှ နားလည်မယ်ဆိုတဲ့ ရှေးရိုးစွဲဂျင်းအယူအဆ

လက်နဲ့ ရိုက်လိုက်ရင် ကလေးက လိမ္မာသွားမယ်၊ မိဘစကားပိုနားထောင်မယ်၊ အမှားမလုပ်တော့ဘူးဆိုတာ လုံးဝ ဂျင်းသက်သက်ပါပဲ။ ကိုယ်ထင်ထားတာထက်ကို လုံးဝဆန့်ကျင်ပြီးတော့ ကလေးက ဒီ့ထက် ပိုဆိုးသွားဖို့ပဲ ရှိမှာပါ။

၆။ ကလေးတွေမှာ ဒေါသကြီးလာမယ်။

မိဘတွေတောင် ဒေါသထွက်ပြီး ရိုက်သေးတာပဲ၊ အရိုက်ခံရတဲ့ ကလေးကရော ဒေါသမထွက်ဘူးလို့ ထင်ရင်တော့ လုံးဝမှားသွားမှာပါ။ ကလေးတွေမှာလည်း ဒေါသထွက်တတ်ပါတယ်။ ဒီဒေါသကို မျိုသိပ်လိုက်တာဖြစ်စေ၊ တခြားကလေးတွေကို အနိုင်ကျင့်ပြီး ဒေါသဖြေလိုက်တာမျိုး ပိုလုပ်တတ်ပြီး ကြီးလာရင်လည်း တစ်ခုခုဆို လက်ပါတာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အပြုအမူတွေ ကျူးလွန်းတတ်ပါတယ်။

၇။ စိတ်ဒဏ်ရာအဖြစ် တစ်ဘဝလုံး ကျန်ရစ်နေခဲ့မယ်။

အသက်ကြီးလာလို့ ကိုယ့်ရဲ့ကလေးဘဝကို အမှတ်တမဲ့ ပြန်တွေးကြည့်လိုက်ရင် ပျော်စရာအချိန်တွေထက် ဒီလို ရိုက်နှက် နှိပ်စက်ခံရတဲ့ အချိန်ကာလတွေ၊ အဲ့ဒီအချိန်မှာ ဝမ်းနည်းငိုကြွေးခဲ့ရတာတွေကိုပဲ ပြန်တွေးမိပြီး ဒါတွေက အရိပ်မည်းတစ်ခုလို ကိုယ့်ဘဝနောက်နေ အမြဲကပ်ပါနေမှာပါ။

ဒီဆောင်းပါးကို ဖတ်ကြည့်ပြီးတော့ မိဘတွေလည်း ကိုယ်လုပ်နေတဲ့အမှားတွေနဲ့ပတ်သက်ပြီး ကလေးတွေမှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ကျန်ခဲ့နိုင်လဲဆိုတာ သိနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မိဘရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုတွေ၊ ဘဝအခက်အခဲတွေကတော့ အမြဲတမ်းကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို သားသမီး တွေဆီ မပုံချလိုက်ဖို့နဲ့ ကလေးတွေ အမှားလုပ်မိတဲ့အခါ Postive Encouragement အပြုသဘောဆောင် ခြင်းဖြစ်တဲ့ ချိုသာစွာပြောဖို့၊ အမှားကို နားလည်ပြီး တာဝန်ယူတတ်ဖို့၊ ကိုယ်တိုင်ပြင်ဆင်တတ်ဖို့ လေ့ကျင့်ပေးဖို့ ထပ်မံမှာကြားရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
https://www.facebook.com/MyanmarDigitalNews/
ကေလးကို ႐ိုက္ၿပီး မဆုံးမသင့္ဘူးလို႔ ေျပာရတဲ့ အေၾကာင္းရင္း (၇) ခ်က္ ကေလးကို ႐ိုက္ၿပီး မဆုံးမသင့္ဘူးလို႔ ေျပာရတဲ့ အေၾကာင္းရင္း (၇) ခ်က္ Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.