ကို႐ိုနာဗိုင္းရပ္စ္ - ဝန္ထမ္းတေယာက္ဖ်ားနာတဲ့ေနာက္ စင္ကာပူဘဏ္မွာ လူေတြကို အိမ္ျပန္လႊတ္

အဲဒီဘဏ္ထဲက အမ်ားသုံးေနရာေတြျဖစ္တဲ့ ဓာတ္ေလွကား၊ အိမ္သာ စတဲ့ေနရာေတြမွာ အထူး သန္႔ရွင္းေရးေတြ လုပ္ေဆာင္
(Zawgyi)⤵⤵⤵
စင္ကာပူက အႀကီးဆုံးဘဏ္ျဖစ္တဲ့ DBS ဘဏ္မွာ ဘဏ္ဝန္ထမ္းတေယာက္ ကို႐ိုနာဗိုင္းရပ္စ္ အသစ္ေၾကာင့္ နာမက်န္းျဖစ္ေနတဲ့ေနာက္ ဝန္ထမ္း ၃၀၀ နီးပါးကို ဘဏ္ကေန ထြက္ခြာေစခဲ့ၾကပါတယ္။

ဘဏ္ရဲ႕ ၄၃ ထပ္မွာ အဲဒီ ဖ်ားနာဝန္ထမ္းနဲ႔အတူအလုပ္လုပ္ခဲ့ၾကတဲ့ ဝန္ထမ္းေတြကို ဗုဒၶဟူးေန႔ က အိမ္ျပန္ဖို႔ ဘဏ္က ၫႊန္ၾကားလိုက္တာပါ။

စင္ကာပူမွာ ဗိုင္းရပ္စ္ပိုးသစ္ကူးစက္ခံထားရတာ ၄၃ ေယာက္ရွိေနၿပီး ဒါဟာ တ႐ုတ္ႏိုင္ငံအျပင္ဘက္မွာ ျဖစ္ပြားမႈ အျမင့္ဆုံးပါ။

အဆိုပါ DBS ဘဏ္ဝန္ထမ္းဟာ အဂၤါေန႔က ဗိုင္းရပ္စ္ပိုးရွိမရွိ စစ္ေဆးခဲ့ၿပီး ဗုဒၶဟူးေန႔မွာ ရွိတယ္ဆိုတဲ့ အေျဖရခဲ့ပါတယ္။

"ႀကိဳတင္သတိထားတဲ့ အေရးယူ ေဆာင္႐ြက္မႈအေနနဲ႔ ဗိုင္းရပ္စ္ကူးစက္ခံရသူ အလုပ္လုပ္ခဲ့တဲ့ အထပ္မွာ အလုပ္လုပ္သူ ဝန္ထမ္းအားလုံးကို ႐ုံးပရဝဏ္အတြင္းကေန ထြက္ခြာၿပီး အိမ္ကပဲ အလုပ္လုပ္ၾကဖို႔ လုပ္ထားပါတယ္" လို႔ DBS ဘဏ္က ထုတ္ျပန္ခ်က္ထဲမွာ ေရးထားပါတယ္။

"အခုလို အခက္အခဲျဖစ္တဲ့အခ်ိန္မွာ ဘဏ္အေနနဲ႔ နာမက်န္းသူဝန္ထမ္းနဲ႔ သူ႔ရဲ႕မိသားစုအတြက္ လိုအပ္တဲ့ ပံ့ပိုးမႈေတြ၊ လမ္းၫႊန္ေပးမႈေတြကို လုပ္ေဆာင္ေပးေနတယ္" လို႔လည္း DBS က ဆိုပါတယ္။

နာမက်န္းျဖစ္တဲ့ ဝန္ထမ္းကေန တဆင့္ေရာဂါပိုးရႏိုင္သြားတဲ့ သူေတြကိုလည္း ဆန္းစစ္ကာ ဆက္သြယ္ေဆာင္႐ြက္ေနၾကပါတယ္။

မရင္နာ ေဘး ဘ႑ာေရး ဆုံရပ္ထဲက အဲဒီဘဏ္အေဆာက္အအုံထဲမွာ အမ်ားသုံးေနရာေတြျဖစ္တဲ့ ဓာတ္ေလွကား၊ အိမ္သာ စတဲ့ေနရာေတြကို အထူးသန္႔ရွင္းေရးေတြ၊ ပိုးသတ္တာေတြလုပ္ေနပါတယ္။
 စင္ကာပူ ဘ႑ာေရး ဆုံရပ္ေနရာအတြင္း လူေတြကို အပူခ်ိန္တိုင္းတာေန
အိမ္ျပန္ဖို႔ ေစလႊတ္လိုက္တဲ့ ဝန္ထမ္းေတြကိုလည္း အဖ်ားတိုင္း သာမိုမီတာ၊ ႏွာေခါင္းစည္း၊ လက္သန္႔ရွင္းေဆးရည္ စတာေတြပါတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ အိတ္ေတြကို ေပးခဲ့တဲ့အျပင္ က်န္းမာေရး အေရးေပၚ ဆက္သြယ္ေခၚယူႏိုင္တဲ့ လမ္းေၾကာင္းကို ဖြင့္ေပးထားေၾကာင္းလည္း ဘဏ္က ေျပာပါတယ္။

စင္ကာပူဟာ သူ႔ရဲ႕ "ေရာဂါျပန္႔ပြားမႈ တုံ႔ျပန္ေဆာင္႐ြက္ပုံ စနစ္အေျခအေန (Disease Outbreak Response System Condition)" ကို လိေမၼာ္ေရာင္အဆင့္ကို အရင္သီတင္းပတ္က တိုးၿပီး သတ္မွတ္ထားပါတယ္။

အဓိပၸါယ္ကေတာ့ ေရာဂါျပန္႔ပြားတာ ပိုမ်ားလာၿပီး လူတေယာက္ကေန တေယာက္ကို ကူးစက္တာပို လြယ္ကူလာေနတာကို ဆိုလိုတာပါ။

ကုမၸဏီေတြ၊ အမ်ားျပည္သူသုံးေနရာေတြမွာလည္း လူေတြကို အပူခ်ိန္တိုင္းတဲ့ ေဆာင္႐ြက္ခ်က္ေတြကို လုပ္ေဆာင္ေနပါတယ္။

ေရာဂါကူးစက္ခံရသူေပါင္း တ႐ုတ္ႏိုင္ငံအပါအဝင္ ကမာၻတလႊားမွာ လူေပါင္း ၄၄၀၀၀ ေက်ာ္ရွိလာေနပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ဝန်ထမ်းတယောက်ဖျားနာတဲ့နောက် စင်ကာပူဘဏ်မှာ လူတွေကို အိမ်ပြန်လွှတ်

ဓာတ်ပုံ မူပိုင် EPA
Image caption အဲဒီဘဏ်ထဲက အများသုံးနေရာတွေဖြစ်တဲ့ ဓာတ်လှေကား၊ အိမ်သာ စတဲ့နေရာတွေမှာ အထူး သန့်ရှင်းရေးတွေ လုပ်ဆောင်

စင်ကာပူက အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS ဘဏ်မှာ ဘဏ်ဝန်ထမ်းတယောက် ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် နာမကျန်းဖြစ်နေတဲ့နောက် ဝန်ထမ်း ၃၀၀ နီးပါးကို ဘဏ်ကနေ ထွက်ခွာစေခဲ့ကြပါတယ်။

ဘဏ်ရဲ့ ၄၃ ထပ်မှာ အဲဒီ ဖျားနာဝန်ထမ်းနဲ့အတူအလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့ က အိမ်ပြန်ဖို့ ဘဏ်က ညွှန်ကြားလိုက်တာပါ။

စင်ကာပူမှာ ဗိုင်းရပ်စ်ပိုးသစ်ကူးစက်ခံထားရတာ ၄၃ ယောက်ရှိနေပြီး ဒါဟာ တရုတ်နိုင်ငံအပြင်ဘက်မှာ ဖြစ်ပွားမှု အမြင့်ဆုံးပါ။

အဆိုပါ DBS ဘဏ်ဝန်ထမ်းဟာ အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ရှိတယ်ဆိုတဲ့ အဖြေရခဲ့ပါတယ်။

"ကြိုတင်သတိထားတဲ့ အရေးယူ ဆောင်ရွက်မှုအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အလုပ်လုပ်ခဲ့တဲ့ အထပ်မှာ အလုပ်လုပ်သူ ဝန်ထမ်းအားလုံးကို ရုံးပရဝဏ်အတွင်းကနေ ထွက်ခွာပြီး အိမ်ကပဲ အလုပ်လုပ်ကြဖို့ လုပ်ထားပါတယ်" လို့ DBS ဘဏ်က ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

"အခုလို အခက်အခဲဖြစ်တဲ့အချိန်မှာ ဘဏ်အနေနဲ့ နာမကျန်းသူဝန်ထမ်းနဲ့ သူ့ရဲ့မိသားစုအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ လမ်းညွှန်ပေးမှုတွေကို လုပ်ဆောင်ပေးနေတယ်" လို့လည်း DBS က ဆိုပါတယ်။

နာမကျန်းဖြစ်တဲ့ ဝန်ထမ်းကနေ တဆင့်ရောဂါပိုးရနိုင်သွားတဲ့ သူတွေကိုလည်း ဆန်းစစ်ကာ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။

မရင်နာ ဘေး ဘဏ္ဍာရေး ဆုံရပ်ထဲက အဲဒီဘဏ်အဆောက်အအုံထဲမှာ အများသုံးနေရာတွေဖြစ်တဲ့ ဓာတ်လှေကား၊ အိမ်သာ စတဲ့နေရာတွေကို အထူးသန့်ရှင်းရေးတွေ၊ ပိုးသတ်တာတွေလုပ်နေပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption စင်ကာပူ ဘဏ္ဍာရေး ဆုံရပ်နေရာအတွင်း လူတွေကို အပူချိန်တိုင်းတာနေ

အိမ်ပြန်ဖို့ စေလွှတ်လိုက်တဲ့ ဝန်ထမ်းတွေကိုလည်း အဖျားတိုင်း သာမိုမီတာ၊ နှာခေါင်းစည်း၊ လက်သန့်ရှင်းဆေးရည် စတာတွေပါတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အိတ်တွေကို ပေးခဲ့တဲ့အပြင် ကျန်းမာရေး အရေးပေါ် ဆက်သွယ်ခေါ်ယူနိုင်တဲ့ လမ်းကြောင်းကို ဖွင့်ပေးထားကြောင်းလည်း ဘဏ်က ပြောပါတယ်။

စင်ကာပူဟာ သူ့ရဲ့ "ရောဂါပြန့်ပွားမှု တုံ့ပြန်ဆောင်ရွက်ပုံ စနစ်အခြေအနေ (Disease Outbreak Response System Condition)" ကို လိမ္မော်ရောင်အဆင့်ကို အရင်သီတင်းပတ်က တိုးပြီး သတ်မှတ်ထားပါတယ်။

အဓိပ္ပါယ်ကတော့ ရောဂါပြန့်ပွားတာ ပိုများလာပြီး လူတယောက်ကနေ တယောက်ကို ကူးစက်တာပို လွယ်ကူလာနေတာကို ဆိုလိုတာပါ။

ကုမ္ပဏီတွေ၊ အများပြည်သူသုံးနေရာတွေမှာလည်း လူတွေကို အပူချိန်တိုင်းတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေပါတယ်။

ရောဂါကူးစက်ခံရသူပေါင်း တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာ လူပေါင်း ၄၄၀၀၀ ကျော်ရှိလာနေပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား