ေရဦးတြင္ သတ္ျဖတ္မီးရႈိ႕ထားေသာ အမ်ိဳးသမီးအေလာင္း ေတြ႕

(Zawgyi)⤵⤵⤵
ေရဦး၊ ေဖေဖာ္ဝါရီ ၁၂

ေ႐ႊဘိုခ႐ိုင္ ေရဦးၿမိဳ႕နယ္ အင္ပင္ေရ႐ြာေတာစပ္တြင္ သတ္ျဖတ္မီးရႈိ႕ ခံထားရေသာ အမ်ိဳးသမီးတစ္ဦးအေလာင္းကို ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔ညေနပိုင္းက ေတြ႕ရွိခဲ့သည္။

အင္ပင္ေရ႐ြာေနအသက္၂၇ ႏွစ္အ႐ြယ္ ၎အမ်ိဳးသမီးသည္ ေတာစပ္တြင္ ႏြားေက်ာင္းသြားခိုက္ သတ္ျဖတ္မီးရႈိ႕ခံရျခင္းျဖစ္ေၾကာင္း ေရဦးၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးထိုက္စိုးလင္း ကေျပာသည္။

“ ေကာင္မေလးနဲ႔က သူ႔မိသားစုနဲ႔ ညေန သုံးနာရီေလာက္အထိဖုန္းအဆက္အသြယ္ရေသးတယ္။ ေျခာက္နာရီေလာက္ၾကေတာ့ အဆက္အသြယ္မရေတာ့တဲ့အျပင္ ႏြားေတြ အိမ္ျပန္လာေတာ့ ေကာင္မေလးက ျပန္ပါမလာေတာ့ဘူး။ ဒါနဲ႔ သူ႔အိမ္က လိုက္ရွာေတာ့ ေတာထဲမွာ မီးရႈိ႕လ်က္ အေလာင္းကိုေတြ႕တာ” ဟု ၎က ေျပာသည္။

ေသဆုံးသူ၏ ခႏၶာကိုယ္အား အေပၚပိုင္းမွ ေန၍ အင္ဖက္ သစ္ကိုင္းေျခာက္မ်ားျဖင့္သာ မီးရႈိ႕ထားျခင္းျဖစ္သျဖင့္ အ႐ိုးက်ေအာင္ထိ မီးစြဲေလာင္ခဲ့ျခင္းမရွိေၾကာင္း ၎က ဆိုသည္။

ဦးေခါင္းတြင္ ဒဏ္ရာမ်ားရွိေနၿပီး ေဆးစစ္ခ်က္ရယူထားကာ ျပစ္မႈက်ဴးလြန္သူအား ရဲတပ္ဖြဲ႕မွ စုံစမ္းေနသည္။

ေမာင္ေလးငယ္ငယ္
Monywa Gazette
https://www.facebook.com/monywagazette
---------------
(Unicode)⤵⤵⤵
ရေဦးတွင် သတ်ဖြတ်မီးရှို့ထားသော အမျိုးသမီးအလောင်း တွေ့

ရေဦး၊ ဖေဖော်ဝါရီ ၁၂

ရွှေဘိုခရိုင် ရေဦးမြို့နယ် အင်ပင်ရေရွာတောစပ်တွင် သတ်ဖြတ်မီးရှို့ ခံထားရသော အမျိုးသမီးတစ်ဦးအလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေပိုင်းက တွေ့ရှိခဲ့သည်။

အင်ပင်ရေရွာနေအသက်၂၇ နှစ်အရွယ် ၎င်းအမျိုးသမီးသည် တောစပ်တွင် နွားကျောင်းသွားခိုက် သတ်ဖြတ်မီးရှို့ခံရခြင်းဖြစ်ကြောင်း ရေဦးမြို့မရဲစခန်းမှူး ဒုရဲမှူးထိုက်စိုးလင်း ကပြောသည်။

“ ကောင်မလေးနဲ့က သူ့မိသားစုနဲ့ ညနေ သုံးနာရီလောက်အထိဖုန်းအဆက်အသွယ်ရသေးတယ်။ ခြောက်နာရီလောက်ကြတော့ အဆက်အသွယ်မရတော့တဲ့အပြင် နွားတွေ အိမ်ပြန်လာတော့ ကောင်မလေးက ပြန်ပါမလာတော့ဘူး။ ဒါနဲ့ သူ့အိမ်က လိုက်ရှာတော့ တောထဲမှာ မီးရှို့လျက် အလောင်းကိုတွေ့တာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူ၏ ခန္ဓာကိုယ်အား အပေါ်ပိုင်းမှ နေ၍ အင်ဖက် သစ်ကိုင်းခြောက်များဖြင့်သာ မီးရှို့ထားခြင်းဖြစ်သဖြင့် အရိုးကျအောင်ထိ မီးစွဲလောင်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ဦးခေါင်းတွင် ဒဏ်ရာများရှိနေပြီး ဆေးစစ်ချက်ရယူထားကာ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့မှ စုံစမ်းနေသည်။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
ေရဦးတြင္ သတ္ျဖတ္မီးရႈိ႕ထားေသာ အမ်ိဳးသမီးအေလာင္း ေတြ႕ ေရဦးတြင္ သတ္ျဖတ္မီးရႈိ႕ထားေသာ အမ်ိဳးသမီးအေလာင္း ေတြ႕ Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.