ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာေဟာင္းမွ ေနအိမ္မီးရိႈ႕ခံခဲ့ရသည့္ မိသားစုဝင္မ်ား အခက္အခဲ အႀကီးအက်ယ္ျဖစ္ေပၚေန

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္ဝါရီ ၁၂/ ၂၀၂၀

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာေဟာင္းေက်းရြာမွ ေနအိမ္မီးရိႈ႕ခံခဲ့ရသည့္ မိသားစုဝင္မ်ားမွာ အခက္အခဲအႀကီးအက်ယ္ျဖစ္ေပၚေနေၾကာင္း သိရသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာေဟာင္းေက်းရြာမွ ေနအိမ္ ၁၅ လံုးသည္ ေဖေဖာ္ဝါရီ ၈ ရက္ေန႔ ေန႔လယ္ပိုင္းက မီးရႈိ႕ခံလိုက္ရသည့္အတြက္ ျပာက်သည္အထိပ်က္စီးသြားခဲ့ၿပီး ေနအိမ္ပုိင္ရွင္မ်ားတြင္ အလြန္တရာအခက္အခဲျဖစ္ေပၚေနသည္ဟု ေနအိမ္မီး႐ႈိ႕ခံလိုက္ရသူမ်ားက ေျပာသည္။

“အိမ္က လံုးဝ ျပာက်သြားပါတယ္။ စပါးက ေတာင္း တစ္ေထာင္ေလာက္ ပါသြားပါတယ္။ အိမ္မွာ က်န္ခဲ့တဲ့ ပစၥည္းေတြ တစ္ခုမွ မက်န္ပါသြားပါၿပီ။ စပါးလည္းပါ၊ အိမ္လည္းပါဆိုေတာ့ ဘယ္လို လုပ္ရေတာ့မလဲ မသိေတာ့ပါဘူး။ အဲဒီလုိ ျဖစ္တာကို ေျပာရမယ္ဆိုရင္ မေက်နပ္ပါဘူး။ ရြာကိုျပန္ရင္လည္း သူမ်ားအိမ္မွာ သြားကပ္ေနရမလား မသိေသးပါဘူး။” ဟု ရေသ့ေတာင္ၿမိဳ႕ေပၚသို႔ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ ေဒၚမသာေအးက နိရဥၥရာသုိ႔ ေျပာသည္။

သမီးလွရြာေဟာင္းေက်းရြာမွ ေက်းရြာသားမ်ားမွာ ေက်းရြာအနီး တပ္မေတာ္သားအခ်ိဳ႕ ေရာက္ရွိေနေၾကာင္း သတင္းရရွိ၍ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွစတင္ကာ ရေသ့ေတာင္ၿမိဳ႕ေပၚအပါအဝင္ ေငြေတာင္ေက်းရြာ၊ ခြဆံုေက်းရြာႏွင့္ ရက္ခုန္တုိင္ေက်းရြာမ်ားသုိ႔ တိမ္းေရွာင္ခဲ့စဥ္ ေနာက္တစ္ရက္တြင္ ေနအိမ္မ်ား မီးရႈိ႕ခံခဲ့ရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ျပာက်သြားတဲ့ အိမ္ေတြက အကုန္လံုး ပ်ဥ္ေထာင္ပ်ဥ္စီထားတာပါ။ ေနာက္ထပ္က်န္တဲ့ အိမ္ေတြမွာလည္းပဲ လံုးဝ အိမ္ေခါင္မိုးေတြကို ထပ္မိုးရမယ့္ အေနအထားရွိပါတယ္။ ကြ်န္ေတာ့္မွာ မီးရိႈ႕တဲ့အထဲ ဆန္စပါးက ေတာင္း တစ္ေထာင္ေက်ာ္ စပါးက်ီထဲ ထည့္ထားတာရယ္၊ အဝတ္၊ အိုးခြက္ အကုန္လံုးရွိသမွ် ပါသြားပါတယ္။ ကြ်န္ေတာ္တို႔ ဘယ္လိုလုပ္မလဲ အခုစဥ္းစားေနၾကပါတယ္။ အခုုေတာ့ ရြာထဲမွာ စစ္သားေတြ မရွိေတာ့ပါဘူး။ ဘယ္လိုဆက္ေနၾကမလဲဆိုတာကို အခု ယူႀကံဳးမရ ျဖစ္ေနပါၿပီ။ ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ေနရာမွာ အိမ္မရွိေတာ့တဲ့ မိသားစုေတြ ငိုယိုၿပီး ျဖစ္ေနၾကပါၿပီ။”ဟု အဆုိပါေက်းရြာမွ ဦးသိန္းထြန္းေမာင္က နိရဥၥရာသုိ႔ ေျပာသည္။

ယင္းအျပင္ အဆုိပါေက်းရြာအတြင္း လက္နက္က်ည္က်ေရာက္မႈေၾကာင့္ ေနအိမ္မ်ားအပါဝင္ ဘုန္းေတာ္ႀကီးေက်ာင္း၊ ဓမၼာရံုမ်ား၊ စာသင္ေက်ာင္းတို႔လည္း ပ်က္စီးသြားေၾကာင္း ေဒသခံ ဦးဦးလွေက်ာ္က ေျပာသည္။

“ကြ်န္ေတာ့္အိမ္ကေတာ့ က်ည္ဆံမွန္ေနခဲ့တာက သံုးေလးလံုးေလာက္ ရွိေနခဲ့ပါတယ္။ အိမ္ေအာက္ရယ္၊ ျပတင္းေပါက္နား တစ္လံုးရယ္၊ အိမ္ေနာက္ေဖးဘက္က အခန္းရယ္ မွန္သြားပါတယ္။”ဟု ၄င္းက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ ေျပာခြင့္ရသူ စစ္ဦးစီး ပထမတန္း ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးႏွင့္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းတို႔အား နိရဥၥရာမွ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ရာ ျပန္လည္ေျဖဆိုျခင္း မရွိခဲ့ပါ။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္၏ သေဘာထားအားလည္း သိလို၍ နိရဥၥရာမွ ဆက္သြယ္ခဲ့ရာ အဆက္သြယ္မရရွိခဲ့ပါ။

ရေသ့ေတာင္ၿမိဳ႕နယ္ ၿပိန္းေတာ ကုန္တန္းေက်းရြာမွ ဦးေက်ာ္သိန္းေခ်ႏွင့္ ေဒၚေအးျမဇံတို႔၏ ေနအိမ္မွာလည္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ မီးေလာင္ပ်က္စီးရခဲ့ေၾကာင္း မိသားစုဝင္မ်ား ေျပာျပခ်က္အရ သိရသည္။

========================
(Unicode)⤵⤵⤵
ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းမှ နေအိမ်မီးရှို့ခံခဲ့ရသည့် မိသားစုဝင်များ အခက်အခဲ အကြီးအကျယ်ဖြစ်ပေါ်နေ

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂၀၂၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းကျေးရွာမှ နေအိမ်မီးရှို့ခံခဲ့ရသည့် မိသားစုဝင်များမှာ အခက်အခဲအကြီးအကျယ်ဖြစ်ပေါ်နေကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းကျေးရွာမှ နေအိမ် ၁၅ လုံးသည် ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းက မီးရှို့ခံလိုက်ရသည့်အတွက် ပြာကျသည်အထိပျက်စီးသွားခဲ့ပြီး နေအိမ်ပိုင်ရှင်များတွင် အလွန်တရာအခက်အခဲဖြစ်ပေါ်နေသည်ဟု နေအိမ်မီးရှို့ခံလိုက်ရသူများက ပြောသည်။

“အိမ်က လုံးဝ ပြာကျသွားပါတယ်။ စပါးက တောင်း တစ်ထောင်လောက် ပါသွားပါတယ်။ အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ တစ်ခုမှ မကျန်ပါသွားပါပြီ။ စပါးလည်းပါ၊ အိမ်လည်းပါဆိုတော့ ဘယ်လို လုပ်ရတော့မလဲ မသိတော့ပါဘူး။ အဲဒီလို ဖြစ်တာကို ပြောရမယ်ဆိုရင် မကျေနပ်ပါဘူး။ ရွာကိုပြန်ရင်လည်း သူများအိမ်မှာ သွားကပ်နေရမလား မသိသေးပါဘူး။” ဟု ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေါ်မသာအေးက နိရဥ္စရာသို့ ပြောသည်။

သမီးလှရွာဟောင်းကျေးရွာမှ ကျေးရွာသားများမှာ ကျေးရွာအနီး တပ်မတော်သားအချို့ ရောက်ရှိနေကြောင်း သတင်းရရှိ၍ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ကာ ရသေ့တောင်မြို့ပေါ်အပါအဝင် ငွေတောင်ကျေးရွာ၊ ခွဆုံကျေးရွာနှင့် ရက်ခုန်တိုင်ကျေးရွာများသို့ တိမ်းရှောင်ခဲ့စဉ် နောက်တစ်ရက်တွင် နေအိမ်များ မီးရှို့ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပြာကျသွားတဲ့ အိမ်တွေက အကုန်လုံး ပျဉ်ထောင်ပျဉ်စီထားတာပါ။ နောက်ထပ်ကျန်တဲ့ အိမ်တွေမှာလည်းပဲ လုံးဝ အိမ်ခေါင်မိုးတွေကို ထပ်မိုးရမယ့် အနေအထားရှိပါတယ်။ ကျွန်တော့်မှာ မီးရှို့တဲ့အထဲ ဆန်စပါးက တောင်း တစ်ထောင်ကျော် စပါးကျီထဲ ထည့်ထားတာရယ်၊ အဝတ်၊ အိုးခွက် အကုန်လုံးရှိသမျှ ပါသွားပါတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ အခုစဉ်းစားနေကြပါတယ်။ အခုုတော့ ရွာထဲမှာ စစ်သားတွေ မရှိတော့ပါဘူး။ ဘယ်လိုဆက်နေကြမလဲဆိုတာကို အခု ယူကြုံးမရ ဖြစ်နေပါပြီ။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့နေရာမှာ အိမ်မရှိတော့တဲ့ မိသားစုတွေ ငိုယိုပြီး ဖြစ်နေကြပါပြီ။”ဟု အဆိုပါကျေးရွာမှ ဦးသိန်းထွန်းမောင်က နိရဥ္စရာသို့ ပြောသည်။

ယင်းအပြင် အဆိုပါကျေးရွာအတွင်း လက်နက်ကျည်ကျရောက်မှုကြောင့် နေအိမ်များအပါဝင် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများ၊ စာသင်ကျောင်းတို့လည်း ပျက်စီးသွားကြောင်း ဒေသခံ ဦးဦးလှကျော်က ပြောသည်။

“ကျွန်တော့်အိမ်ကတော့ ကျည်ဆံမှန်နေခဲ့တာက သုံးလေးလုံးလောက် ရှိနေခဲ့ပါတယ်။ အိမ်အောက်ရယ်၊ ပြတင်းပေါက်နား တစ်လုံးရယ်၊ အိမ်နောက်ဖေးဘက်က အခန်းရယ် မှန်သွားပါတယ်။”ဟု ၄င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ သဘောထားအားလည်း သိလို၍ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။

ရသေ့တောင်မြို့နယ် ပြိန်းတော ကုန်တန်းကျေးရွာမှ ဦးကျော်သိန်းချေနှင့် ဒေါ်အေးမြဇံတို့၏ နေအိမ်မှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးရခဲ့ကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ေဆာင္းဇာျခည္
Narinjara
https://www.facebook.com/narinjara.info/
ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာေဟာင္းမွ ေနအိမ္မီးရိႈ႕ခံခဲ့ရသည့္ မိသားစုဝင္မ်ား အခက္အခဲ အႀကီးအက်ယ္ျဖစ္ေပၚေန ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာေဟာင္းမွ ေနအိမ္မီးရိႈ႕ခံခဲ့ရသည့္ မိသားစုဝင္မ်ား အခက္အခဲ အႀကီးအက်ယ္ျဖစ္ေပၚေန Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.