တိုင္းရင္းသားတန္းတူေရး NLD ဘယ္ေလာက္လုပ္ေပးႏိုင္ခဲ့ၿပီလဲ

(Zawgyi)⤵⤵⤵
အစိုးရအဆက္ဆက္ တိုင္းျပည္ၿငိမ္းခ်မ္းေရးရဖို႔ထက္၊ အပစ္အခတ္ရပ္စဲေရးအဆင့္အထိသာ အျမင့္ဆုံးလုပ္ႏိုင္ခဲ့ တာဟာ ႏိုင္ငံေရးျပႆနာကို မေျဖရွင္းႏိုင္ခဲ့တာေၾကာင့္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။ NLD ပါတီ အာဏာရလာတာ ေလးႏွစ္ရွိခဲ့ပါၿပီ။ NLD အစိုးရလက္ထက္မွာေရာ ႏိုင္ငံေရးအရ တိုင္းရင္းသားေတြအတြက္ ဘယ္ေလာက္အထိ လုပ္ေပးခဲ့ၿပီလဲဆိုၿပီး တိုင္းရင္းသားပါတီေတြက ေမးခြန္းထုတ္ေန ၾကပါတယ္။

အစိုးရအဆက္ဆက္ အပစ္အခတ္ရပ္စဲေရးေလာက္ပဲ အျမင့္ဆုံးေဆာင္႐ြက္ႏိုင္ၿပီး၊ ေရရွည္ၿငိမ္းခ်မ္းေရးမရတာက ႏိုင္ငံေရးအရ မေျဖရွင္းႏိုင္တာေၾကာင့္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာဆိုလိုက္ ပါတယ္။

“ေခတ္အဆက္ဆက္အစိုးရေတြဟာ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းဖို႔နဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ ႀကိဳးစားၾကေပမယ့္ ၿငိမ္းခ်မ္းေရး ရည္မွန္းခ်က္ေတြ ၿပီးျပည့္စုံေအာင္ မေဆာင္႐ြက္ႏိုင္ခဲ့ၾကပါဘူး။ အပစ္အခတ္ရပ္စဲေရးေလာက္ပဲ အျမင့္ဆုံးရရွိၾကၿပီးေတာ့ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို မတည္ေဆာက္ႏိုင္ခဲ့ၾကပါဘူး။ ဒီလို မတည္ ေဆာက္ႏိုင္တာဟာ လက္နက္ကိုင္ပဋိပကၡရဲ႕ အေၾကာင္းခံရင္းျမစ္ျဖစ္တဲ့ ႏိုင္ငံေရးျပႆနာကို မေျဖရွင္းႏိုင္ခဲ့ တာလို႔ က်မတို႔အစိုးရက ယုံၾကည္ပါတယ္”

ဒီကေန႔ ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္လုံၿမိဳ႕မွာျပဳလုပ္တဲ့ (၇၃) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားတာပါ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အာဏာရတာ အခုဆိုရင္ ငါးႏွစ္ရွိလာပါၿပီ။ ဒီ ငါးႏွစ္အတြင္း NLD ပါတီ အစိုးရကေရာ တိုင္းရင္းသားေတြကို ႏိုင္ငံေရးအရ ဘယ္ေလာက္ထိေျဖရွင္းတာ၊ ေျဖေလ်ာ့ေပးတာေတြရွိပါသလဲ။

ကရင္တိုင္းရင္းသားေတြ ကန႔္သတ္ခံရတာ၊ ကရင္ေတြအတြက္ ႏႈတ္ဆိတ္ေနတဲ့ လႊတ္ေတာ္ေရာက္ ကရင္ အမတ္ေတြကို မဲ မေပးဖို႔ KNU အၿမဲတမ္းဗဟိုေကာ္မတီဝင္ ပဒိုေစာတာနီးက ၇၂ ႏွစ္ေျမာက္ ကရင္အမ်ိဳးသားေန႔ မွာ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

“ကြၽန္ေတာ္တို႔ကို ဥပေဒက ျပဌာန္းထားတဲ့အခ်က္အလက္က အကာကြယ္မေပးဘဲနဲ႔  ကြၽန္ေတာ္တို႔ ကရင္ေတြကို ျပန္ၿပီးဖိတဲ့ ကရင္ေခါင္းေဆာင္မ်ိဳးကို ဒီကေန႔ကစၿပီး ေခါင္းေဆာင္အျဖစ္ မေ႐ြးခ်ယ္ဖို႔ ကြၽန္ေတာ္ေျပာၾကားလို ပါတယ္။ ကြၽန္ေတာ္တို႔ တခါေသဖူး ပ်ဥ္ဖိုးနားလည္ဖို႔လိုတယ္။"

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမတိုင္ခင္ကာလအထိ NLD ပါတီဟာ ဖြဲ႕စည္းပုံအေၾကာင္းနဲ႔ တိုင္းရင္းသားေတြ အာဏာ ခြဲေဝေရးအတြက္ အေရးႀကီးတဲ့ပုဒ္မေတြကို ေျပာဆိုခဲ့ေပမယ့္၊ အစိုးရျဖစ္လာတဲ့အခါ အဲဒီပုဒ္မျပင္ဆင္ေရးကို လ်စ္လ်ဴရႈတဲ့အတြက္ တိုင္းရင္းသားေတြကို “ခ်နင္း” တယ္လို႔  ပဒိုေစာတာနီး ေျပာပါတယ္။

“၂၆၁ ကိုျပင္ေပးပါ။ ကြၽန္ေတာ္တို႔ရဲ႕ ဝန္ႀကီးခ်ဳပ္ကို ကြၽန္ေတာ္တို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ပါရေစ ဆိုတဲ့ ေျပာလာတဲ့အခါမွာ အာဏာရအဖြဲ႕အစည္းက လုံးဝနားမေထာင္ဘဲနဲ႔ အာဏာမရခင္ကေတာ့ အေျခခံဥေပဒကို ကြၽန္ေတာ္တို႔ ကြၽန္မတို႔ ျပင္ဆင္ပါ့မယ္လို႔ တဖြဖြေျပာေနေပမယ့္ တကယ္တမ္း အာဏာရလာတဲ့အခါမွာ ဒီအခ်က္ကို လုံးဝမျပင္ဘဲနဲ႔ ကြၽန္ေတာ္တို႔ကို ျပန္ၿပီးေတာ့ နင္းသြားတဲ့အေျခအေနရွိလာပါတယ္။ “

တိုင္းရင္းသားေတြနဲ႔ NLD ပါတီၾကား ဆက္ဆံေရး ေအးခဲလာတာ အမွန္ျဖစ္တယ္လို႔ NLD ပါတီရဲ႕ ဗဟိုအလုပ္ အမႈေဆာင္ ဦးဟန္သာျမင့္က ေျပာပါတယ္။ ဒါကို ျပန္လည္ျမႇင့္တင္ဖို႔ တိုင္းရင္းသားေရးရာေကာ္မတီ ဖြဲ႕စည္း လိုက္တာလို႔လို႔ ဒီကေန႔ ရန္ကုန္ၿမိဳ႕ NLD ပါတီဌာနခ်ဳပ္မွာျပဳလုပ္တဲ့ ၇၃ ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားမွာေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အတိုက္အခံဘ၀တုန္းကလို ရင္းႏွီးမႈ အဲဒီေလာက္ထိမရွိေတာ့ပဲ နည္းသြားတယ္၊ စည္းလုံးမႈ မရွိေတာ့ဘူး နည္းသြားတယ္ဆိုတာကို ကြၽန္ေတာ္တို႔ လက္ခံပါတယ္။ ေအးစက္လာတယ္လာတယ္လို႔ ယူဆရတဲ့ တိုင္းရင္းသားပါတီေတြနဲ႔ ဆက္ဆံေရးေတြကို ျပန္ျမႇင့္တင္ဖို႔၊ ေႏြးေထြးလာေအာင္လုပ္ဖို႔ စၿပီးလုပ္ေနပါၿပီ။”

NLD လႊမ္းမိုးတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာတိုင္းရင္းသားပါတီတခ်ိဳ႕ရဲ႕ေဆြးေႏြးမႈေတြ၊ ပယ္ခ်ခံရတာ၊ တားဆီးခံရတာေတြႀကဳံရတာကို ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ရဲ႕တြဲဖက္အတြင္းေရးမႉး (၁) စိုင္းေက်ာ္ၫြန႔္ က ေထာက္ျပပါတယ္။

“အဆိုတစ္ခုတင္သြင္းၿပီဆိုရင္လည္း NLD က တင္သြင္းျခင္းမဟုတ္တဲ့ အဆိုေတြအေပၚ NLD က ဘယ္ေလာက္ ေထာက္ခံခဲ့သလဲ။ ဒါေတြေမးရမယ္။ NLD က အျခားပါတီက တင္သြင္းတဲ့ ေမးခြန္းေတြ အဆိုေတြ မူၾကမ္းေတြကို ေထာက္ခံတာ သိပ္မေတြ႕ရဘူး။”

NLD ဦးစီးတဲ့ ၄၅ ဦးေကာ္မတီက ေရးဆြဲထားတဲ့  ဖြဲ႕စည္းပုံမူၾကမ္းေတြမွာလည္း တိုင္းရင္းသားေတြေထာက္ျပတဲ့ ပုဒ္မ ၂၆၁ မပါဝင္ပါဘူးလို႔ ေကာ္မတီက ႏုတ္ထြက္ထားတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ရဲ႕ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

“ရခိုင္အမ်ိဳးသားပါတီက ပုဒ္မ ၂၆၁ ကို ျပင္ဖို႔တင္ခဲ့တယ္။ ျပည္နယ္ဖြဲ႕စည္းပုံကိုတင္ခဲ့တယ္။ အဲဒီအခ်က္ ၈၀၀ ကိုတင္ခဲ့တယ္။ တကယ့္တကယ္ေဆြးေႏြးတဲ့အခါ တိုင္းရင္းသားေတြတင္ခဲ့တဲ့အခ်က္ေတြကို ဦးစားေပးတာေတြ မရွိခဲ့ဘူး”

ပုဒ္မ ၂၆၁ ဟာ ျပည္နယ္မွာမဲအမ်ားဆုံး အႏိုင္ရတဲ့ပါတီက ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေ႐ြးခ်ယ္တင္ေျမႇာက္ႏိုင္ေရး ကိစၥျဖစ္ပါတယ္။ ANP ပါတီက လက္ရွိရခိုင္တိုက္ပြဲေတြနဲ႔ပတ္သတ္ၿပီး ျပည္နယ္လႊတ္ေတာ္မွာအတည္ျပဳၿပီး ျပည္ေထာင္စုအစိုးရကို တိုက္တြန္းေပမယ့္ ဘာမွျဖစ္မလာဘူးလို႔ တိုင္းရင္းသားအမတ္ေတြက ေဝဖန္ေန ၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တိုင်းရင်းသားတန်းတူရေး NLD ဘယ်လောက်လုပ်ပေးနိုင်ခဲ့ပြီလဲ

အစိုးရအဆက်ဆက် တိုင်းပြည်ငြိမ်းချမ်းရေးရဖို့ထက်၊ အပစ်အခတ်ရပ်စဲရေးအဆင့်အထိသာ အမြင့်ဆုံးလုပ်နိုင်ခဲ့ တာဟာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့တာကြောင့်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ NLD ပါတီ အာဏာရလာတာ လေးနှစ်ရှိခဲ့ပါပြီ။ NLD အစိုးရလက်ထက်မှာရော နိုင်ငံရေးအရ တိုင်းရင်းသားတွေအတွက် ဘယ်လောက်အထိ လုပ်ပေးခဲ့ပြီလဲဆိုပြီး တိုင်းရင်းသားပါတီတွေက မေးခွန်းထုတ်နေ ကြပါတယ်။

အစိုးရအဆက်ဆက် အပစ်အခတ်ရပ်စဲရေးလောက်ပဲ အမြင့်ဆုံးဆောင်ရွက်နိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေးမရတာက နိုင်ငံရေးအရ မဖြေရှင်းနိုင်တာကြောင့်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက် ပါတယ်။

“ခေတ်အဆက်ဆက်အစိုးရတွေဟာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားကြပေမယ့် ငြိမ်းချမ်းရေး ရည်မှန်းချက်တွေ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အပစ်အခတ်ရပ်စဲရေးလောက်ပဲ အမြင့်ဆုံးရရှိကြပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ဒီလို မတည် ဆောက်နိုင်တာဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ အကြောင်းခံရင်းမြစ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့ တာလို့ ကျမတို့အစိုးရက ယုံကြည်ပါတယ်”

ဒီကနေ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာပြုလုပ်တဲ့ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရတာ အခုဆိုရင် ငါးနှစ်ရှိလာပါပြီ။ ဒီ ငါးနှစ်အတွင်း NLD ပါတီ အစိုးရကရော တိုင်းရင်းသားတွေကို နိုင်ငံရေးအရ ဘယ်လောက်ထိဖြေရှင်းတာ၊ ဖြေလျော့ပေးတာတွေရှိပါသလဲ။

ကရင်တိုင်းရင်းသားတွေ ကန့်သတ်ခံရတာ၊ ကရင်တွေအတွက် နှုတ်ဆိတ်နေတဲ့ လွှတ်တော်ရောက် ကရင် အမတ်တွေကို မဲ မပေးဖို့ KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောတာနီးက ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ကို ဥပဒေက ပြဌာန်းထားတဲ့အချက်အလက်က အကာကွယ်မပေးဘဲနဲ့  ကျွန်တော်တို့ ကရင်တွေကို ပြန်ပြီးဖိတဲ့ ကရင်ခေါင်းဆောင်မျိုးကို ဒီကနေ့ကစပြီး ခေါင်းဆောင်အဖြစ် မရွေးချယ်ဖို့ ကျွန်တော်ပြောကြားလို ပါတယ်။ ကျွန်တော်တို့ တခါသေဖူး ပျဉ်ဖိုးနားလည်ဖို့လိုတယ်။"

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ကာလအထိ NLD ပါတီဟာ ဖွဲ့စည်းပုံအကြောင်းနဲ့ တိုင်းရင်းသားတွေ အာဏာ ခွဲဝေရေးအတွက် အရေးကြီးတဲ့ပုဒ်မတွေကို ပြောဆိုခဲ့ပေမယ့်၊ အစိုးရဖြစ်လာတဲ့အခါ အဲဒီပုဒ်မပြင်ဆင်ရေးကို လျစ်လျူရှုတဲ့အတွက် တိုင်းရင်းသားတွေကို “ချနင်း” တယ်လို့  ပဒိုစောတာနီး ပြောပါတယ်။

“၂၆၁ ကိုပြင်ပေးပါ။ ကျွန်တော်တို့ရဲ့ ဝန်ကြီးချုပ်ကို ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ပါရစေ ဆိုတဲ့ ပြောလာတဲ့အခါမှာ အာဏာရအဖွဲ့အစည်းက လုံးဝနားမထောင်ဘဲနဲ့ အာဏာမရခင်ကတော့ အခြေခံဥပေဒကို ကျွန်တော်တို့ ကျွန်မတို့ ပြင်ဆင်ပါ့မယ်လို့ တဖွဖွပြောနေပေမယ့် တကယ်တမ်း အာဏာရလာတဲ့အခါမှာ ဒီအချက်ကို လုံးဝမပြင်ဘဲနဲ့ ကျွန်တော်တို့ကို ပြန်ပြီးတော့ နင်းသွားတဲ့အခြေအနေရှိလာပါတယ်။ “

တိုင်းရင်းသားတွေနဲ့ NLD ပါတီကြား ဆက်ဆံရေး အေးခဲလာတာ အမှန်ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် ဦးဟန်သာမြင့်က ပြောပါတယ်။ ဒါကို ပြန်လည်မြှင့်တင်ဖို့ တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်း လိုက်တာလို့လို့ ဒီကနေ့ ရန်ကုန်မြို့ NLD ပါတီဌာနချုပ်မှာပြုလုပ်တဲ့ ၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာပြောခဲ့ပါတယ်။

“ကျွန်တော်တို့ အတိုက်အခံဘဝတုန်းကလို ရင်းနှီးမှု အဲဒီလောက်ထိမရှိတော့ပဲ နည်းသွားတယ်၊ စည်းလုံးမှု မရှိတော့ဘူး နည်းသွားတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်။ အေးစက်လာတယ်လာတယ်လို့ ယူဆရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးတွေကို ပြန်မြှင့်တင်ဖို့၊ နွေးထွေးလာအောင်လုပ်ဖို့ စပြီးလုပ်နေပါပြီ။”

NLD လွှမ်းမိုးတဲ့ ပြည်ထောင်စုလွှတ်တော်မှာတိုင်းရင်းသားပါတီတချို့ရဲ့ဆွေးနွေးမှုတွေ၊ ပယ်ချခံရတာ၊ တားဆီးခံရတာတွေကြုံရတာကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့် က ထောက်ပြပါတယ်။

“အဆိုတစ်ခုတင်သွင်းပြီဆိုရင်လည်း NLD က တင်သွင်းခြင်းမဟုတ်တဲ့ အဆိုတွေအပေါ် NLD က ဘယ်လောက် ထောက်ခံခဲ့သလဲ။ ဒါတွေမေးရမယ်။ NLD က အခြားပါတီက တင်သွင်းတဲ့ မေးခွန်းတွေ အဆိုတွေ မူကြမ်းတွေကို ထောက်ခံတာ သိပ်မတွေ့ရဘူး။”

NLD ဦးစီးတဲ့ ၄၅ ဦးကော်မတီက ရေးဆွဲထားတဲ့  ဖွဲ့စည်းပုံမူကြမ်းတွေမှာလည်း တိုင်းရင်းသားတွေထောက်ပြတဲ့ ပုဒ်မ ၂၆၁ မပါဝင်ပါဘူးလို့ ကော်မတီက နုတ်ထွက်ထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

“ရခိုင်အမျိုးသားပါတီက ပုဒ်မ ၂၆၁ ကို ပြင်ဖို့တင်ခဲ့တယ်။ ပြည်နယ်ဖွဲ့စည်းပုံကိုတင်ခဲ့တယ်။ အဲဒီအချက် ၈၀၀ ကိုတင်ခဲ့တယ်။ တကယ့်တကယ်ဆွေးနွေးတဲ့အခါ တိုင်းရင်းသားတွေတင်ခဲ့တဲ့အချက်တွေကို ဦးစားပေးတာတွေ မရှိခဲ့ဘူး”

ပုဒ်မ ၂၆၁ ဟာ ပြည်နယ်မှာမဲအများဆုံး အနိုင်ရတဲ့ပါတီက ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်နိုင်ရေး ကိစ္စဖြစ်ပါတယ်။ ANP ပါတီက လက်ရှိရခိုင်တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး ပြည်နယ်လွှတ်တော်မှာအတည်ပြုပြီး ပြည်ထောင်စုအစိုးရကို တိုက်တွန်းပေမယ့် ဘာမှဖြစ်မလာဘူးလို့ တိုင်းရင်းသားအမတ်တွေက ဝေဖန်နေ ကြပါတယ်။

RFA Burmese
https://www.rfa.org
တိုင္းရင္းသားတန္းတူေရး NLD ဘယ္ေလာက္လုပ္ေပးႏိုင္ခဲ့ၿပီလဲ တိုင္းရင္းသားတန္းတူေရး NLD ဘယ္ေလာက္လုပ္ေပးႏိုင္ခဲ့ၿပီလဲ Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.