ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာမွ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီး က်ည္စထိမွန္၍ ျပင္းထန္ဒဏ္ရာရ

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ေဖေဖာ္ဝါရီ ၁၃/၂၀၂၀

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာမွ အမ်ိဳးသမီးတစ္ဦးသည္ လက္နက္ႀကီးက်ည္စထိမွန္၍ ျပင္းထန္စြာဒဏ္ရာရရွိသြားေၾကာင္း သတင္းရရွိသည္။

ဒဏ္ရာရရွိသြားသူမွာ တင္းမႀကီးေက်းရြာမွ ေဒၚဦးေက်ာ့စိန္(၅၂)ႏွစ္ျဖစ္ေၾကာင္း သိရသည္။

သူမသည္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔၊ ညေန ၄ နာရီခန္႔က တင္းမေက်းရြာအနီး ၄င္း၏သီးႏွံခင္းတြင္ အလုပ္လုပ္စဥ္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိုသုိ႔ဒဏ္ရာရရွိသြားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“ညာဘက္ေျခမ်က္စိေအာက္ကို ေၾကမြသြားတယ္။ ေျခမ်က္စိေအာက္ကို ေဖာက္ဝင္သြားတာ ပြင့္ထြက္သြားတယ္။ အခု အဲဒီလူနာက တင္းမေက်းလက္က်န္းမာေရးဌာနမွာ ယာယီေဆးကုေနတယ္။ က်န္းမာေရးမွဴးကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ဒဏ္ရာေတြကို ေကာင္းေကာင္းမလုပ္ႏိုင္ဘူးထင္ပါတယ္။ ဘယ္လိုက်ည္က်တယ္ဆိုတာကို မသိဘူး။ လက္နက္ႀကီးက်ည္က်တယ္လို႔ပဲထင္တယ္”ဟု တင္းမႀကီးေက်းရြာသားတစ္ဦးက နိရဥၥရာသတင္းဌာနသို႔ေျပာသည္။

ေပါက္ကဲြမႈျဖစ္ေပၚခဲ့သည့္လက္နက္ႀကီးက်ည္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ခေပၚရြာအနီးမွ ပစ္ခတ္လိုက္ျခင္းျဖစ္သည္ဟု အမည္မေဖာ္လိုသည့္ တင္းမႀကီးေက်းရြာသားတစ္ဦးက ေျပာသည္။

ထိုျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦး ဦးထြန္းဝင္းက “ကူညီကယ္ဆယ္ေရး လုပ္ေနတဲ့ လူနာတင္ကားလည္း သြားဖို႔အခက္ျဖစ္ေနၾကတယ္။ ေလာေလာဆယ္ကေတာ့ အဲဒီမွာ အေရးေပၚ က်န္းမာေရးလုပ္သားေတြနဲ႔ေဆးကုသခံေနတယ္လို႔ က်ေနာ့္ကိုအဆက္အသြယ္လုပ္ပါတယ္”ဟု ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း တိုက္ပြဲျပင္းထန္စြာျဖစ္ပြားေနျခင္းမွာ ရက္သတၱတစ္ပတ္ခန္႔ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

===============
(Unicode)⤵⤵⤵

ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်၍ ပြင်းထန်ဒဏ်ရာရ

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးသည် လက်နက်ကြီးကျည်စထိမှန်၍ ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ တင်းမကြီးကျေးရွာမှ ဒေါ်ဦးကျော့စိန်(၅၂)နှစ်ဖြစ်ကြောင်း သိရသည်။

သူမသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခန့်က တင်းမကျေးရွာအနီး ၄င်း၏သီးနှံခင်းတွင် အလုပ်လုပ်စဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိုသို့ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ညာဘက်ခြေမျက်စိအောက်ကို ကြေမွသွားတယ်။ ခြေမျက်စိအောက်ကို ဖောက်ဝင်သွားတာ ပွင့်ထွက်သွားတယ်။ အခု အဲဒီလူနာက တင်းမကျေးလက်ကျန်းမာရေးဌာနမှာ ယာယီဆေးကုနေတယ်။ ကျန်းမာရေးမှူးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဒဏ်ရာတွေကို ကောင်းကောင်းမလုပ်နိုင်ဘူးထင်ပါတယ်။ ဘယ်လိုကျည်ကျတယ်ဆိုတာကို မသိဘူး။ လက်နက်ကြီးကျည်ကျတယ်လို့ပဲထင်တယ်”ဟု တင်းမကြီးကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်လက်နက်ကြီးကျည်မှာ ကျောက်တော်မြို့နယ် ခပေါ်ရွာအနီးမှ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် တင်းမကြီးကျေးရွာသားတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးထွန်းဝင်းက “ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ လူနာတင်ကားလည်း သွားဖို့အခက်ဖြစ်နေကြတယ်။ လောလောဆယ်ကတော့ အဲဒီမှာ အရေးပေါ် ကျန်းမာရေးလုပ်သားတွေနဲ့ဆေးကုသခံနေတယ်လို့ ကျနော့်ကိုအဆက်အသွယ်လုပ်ပါတယ်”ဟု ပြောသည်။

ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းမှာ ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info/
ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာမွ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီး က်ည္စထိမွန္၍ ျပင္းထန္ဒဏ္ရာရ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာမွ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီး က်ည္စထိမွန္၍ ျပင္းထန္ဒဏ္ရာရ Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.