ေဟာလိဝုဒ္ ႐ုပ္ရွင္ထုတ္လုပ္သူေဟာင္း ဟာေဗးဝိုင္းစတင္းကို မုဒိန္းမႈ၊ လိင္ပိုင္းေစာ္ကားမႈေတြနဲ႔အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္

အျပစ္ရွိတယ္လို႔ဆုံးျဖတ္ခဲ့တဲ့အတြက္ အသက္ ၆၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဝိုင္းစတင္းဟာ ေထာင္ ၂၅ႏွစ္ နဲ႔အထက္ ျပစ္ဒဏ္ကို က်ခံရမွာပါ
(Zawgyi)⤵⤵⤵
ေဟာလိဝုဒ္က ႐ုပ္ရွင္ထုတ္လုပ္ေရး လုပ္ငန္းရွင္ႀကီး ဟာေဗး ဝိုင္းစတင္းဟာ အမ်ိဳးသမီးေတြကို အဓမၼ ျပဳက်င့္မႈ၊လိင္ပိုင္းေစာ္ကားမႈေတြနဲ႔ အျပစ္ရွိေၾကာင္း နယူးေယာက္ၿမိဳ႕ တရား႐ုံးတစ္႐ုံးက ဆုံးျဖတ္လိုက္ တဲ့အတြက္ ဝိုင္းစတင္းဟာ ေထာင္ဒဏ္ႏွစ္မ်ားစြာ က်ခံရႏိုင္ ေျခ ရွိပါတယ္။

သ႐ုပ္ေဆာင္ Rose McGowan ကေတာ့ ဒီေန႔က တကယ့္ကို ေက်နပ္ဖို႔ ေကာင္းတဲ့ေန႔တစ္ေန႔လို႔ ဘီဘီစီ ကိုေျပာပါတယ္။

ဂ်ဳရီလူႀကီးေတြက အျပစ္ရွိတယ္လို႔ဆုံးျဖတ္ခဲ့တဲ့အတြက္ အသက္ ၆၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဝိုင္းစတင္းဟာ ေထာင္ ၂၅ႏွစ္ နဲ႔အထက္ ျပစ္ဒဏ္ကို က်ခံရမွာပါ။

သူ႔ေရွ႕ေနကေတာ့ ဒီအတြက္အယူခံဝင္မယ္လို႔ ေျပာပါတယ္။

ဝိုင္းစတင္းကေတာ့ သူဟာ အျပစ္ကင္းတယ္လို႔ ေျပာထားတယ္ဆိုၿပီး သူ႔ေရွ႕ေနက အမႈသည္ ရဲ႕ ေျပာစကားကို ျပန္လည္ကိုးကားေျပာဆိုထားပါတယ္။

ေဟာလိဝုဒ္႐ုပ္ရွင္ထုတ္လုပ္သူေဟာင္း ဝိုင္းစတင္းဟာ ၂၀၁၃ ခုႏွစ္တုန္းက အမ်ိဳး သမီးႏွစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့တဲ့ ဆိုတဲ့အမႈ ၂ခုကို ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ တရားရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။

ဝိုင္းစတင္းဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြက လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့တယ္ဆိုၿပီး အမ်ိဳးသမီး အေယာက္ ၈၀ နီးပါးရဲ႕ စြပ္စြဲတာခံေနရၿပီး စြပ္စြဲသူေတြထဲမွာ နာမည္ေက်ာ္မင္းသမီးေတြျဖစ္တဲ့ ဂြင္းနက္ပက္႐ိုးလ္ ၊ အူမာ သာမန္ နဲ႔ ဆယ္လ္မာ ဟာရက္ခ္ တို႔လည္းပါဝင္ပါတယ္။

အမ်ိဳးသမီးေတြ သူတို႔လုပ္ငန္းခြင္ထဲမွာ လိင္ပိုင္းေစာ္ကား ခံေနရ တဲ့ အေတြ႕အႀကဳံေတြကို ထုတ္ေျပာၾကဖို႔ လႈံ႕ေဆာ္တဲ့ MeToo လႈပ္ရွားမႈအတြက္ အထင္ကရျဖစ္စရာ ဆုံးျဖတ္ခ်က္ လည္း ျဖစ္ပါတယ္။

ဝိုင္းစတင္းဟာ လာမယ့္ မတ္လ ၁၁ ရက္ေန႔မွာ ေထာင္ဒဏ္ျပစ္ဒဏ္ကို က်ခံရေတာ့မွာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေးဝိုင်းစတင်းကို မုဒိန်းမှု၊ လိင်ပိုင်းစော်ကားမှုတွေနဲ့အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်

ဓာတ်ပုံ မူပိုင် AFP
Image caption အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့အတွက် အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းစတင်းဟာ ထောင် ၂၅နှစ် နဲ့အထက် ပြစ်ဒဏ်ကို ကျခံရမှာပါ

ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင်ကြီး ဟာဗေး ဝိုင်းစတင်းဟာ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှု၊လိင်ပိုင်းစော်ကားမှုတွေနဲ့ အပြစ်ရှိကြောင်း နယူးယောက်မြို့ တရားရုံးတစ်ရုံးက ဆုံးဖြတ်လိုက် တဲ့အတွက် ဝိုင်းစတင်းဟာ ထောင်ဒဏ်နှစ်များစွာ ကျခံရနိုင် ခြေ ရှိပါတယ်။

သရုပ်ဆောင် Rose McGowan ကတော့ ဒီနေ့က တကယ့်ကို ကျေနပ်ဖို့ ကောင်းတဲ့နေ့တစ်နေ့လို့ ဘီဘီစီ ကိုပြောပါတယ်။

ဂျုရီလူကြီးတွေက အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့အတွက် အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းစတင်းဟာ ထောင် ၂၅နှစ် နဲ့အထက် ပြစ်ဒဏ်ကို ကျခံရမှာပါ။

သူ့ရှေ့နေကတော့ ဒီအတွက်အယူခံဝင်မယ်လို့ ပြောပါတယ်။

ဝိုင်းစတင်းကတော့ သူဟာ အပြစ်ကင်းတယ်လို့ ပြောထားတယ်ဆိုပြီး သူ့ရှေ့နေက အမှုသည် ရဲ့ ပြောစကားကို ပြန်လည်ကိုးကားပြောဆိုထားပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဝိုင်းစတင်းဟာ ၂၀၁၃ ခုနှစ်တုန်းက အမျိုး သမီးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ဆိုတဲ့အမှု ၂ခုကို လော့စ်အိန်ဂျလိစ်မြို့မှာ တရားရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ဝိုင်းစတင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်ဆိုပြီး အမျိုးသမီး အယောက် ၈၀ နီးပါးရဲ့ စွပ်စွဲတာခံနေရပြီး စွပ်စွဲသူတွေထဲမှာ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ ဂွင်းနက်ပက်ရိုးလ် ၊ အူမာ သာမန် နဲ့ ဆယ်လ်မာ ဟာရက်ခ် တို့လည်းပါဝင်ပါတယ်။

အမျိုးသမီးတွေ သူတို့လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းစော်ကား ခံနေရ တဲ့ အတွေ့အကြုံတွေကို ထုတ်ပြောကြဖို့ လှုံ့ဆော်တဲ့ MeToo လှုပ်ရှားမှုအတွက် အထင်ကရဖြစ်စရာ ဆုံးဖြတ်ချက် လည်း ဖြစ်ပါတယ်။

ဝိုင်းစတင်းဟာ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံရတော့မှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေဟာလိဝုဒ္ ႐ုပ္ရွင္ထုတ္လုပ္သူေဟာင္း ဟာေဗးဝိုင္းစတင္းကို မုဒိန္းမႈ၊ လိင္ပိုင္းေစာ္ကားမႈေတြနဲ႔အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ ေဟာလိဝုဒ္ ႐ုပ္ရွင္ထုတ္လုပ္သူေဟာင္း ဟာေဗးဝိုင္းစတင္းကို မုဒိန္းမႈ၊ လိင္ပိုင္းေစာ္ကားမႈေတြနဲ႔အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ Reviewed by THITHTOOLWIN on 01:08 Rating: 5
Powered by Blogger.