“က်ားမင္း စီမံခ်က္” ကာလ အတြင္း အမ်ိဳးသား တဦး ေသနတ္ပစ္ခံရ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၃၊၂၀၂၀

ထုိင္း- ျမန္မာ နယ္စပ္ တာခ်ီလိတ္ တြင္ ရက္ ၉၀ “ က်ားမင္း စီမံခ်က္” ကာလ အတြင္း အမ်ိဳးသားတဦး ေသနတ္ပစ္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီ ၁၃) ရက္ ေန႔လည္တြင္ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ) ရပ္ကြက္ ထြန္းလင္းေအာင္ လမ္း ၌ အမ်ိဳးသားတဦး ကို အမည္မသိ သူ က ေသနတ္ျဖင့္ ပစ္ခတ္သြားေၾကာင္း တာခ်ီလိတ္ၿမိဳ့က ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

“ ကားေပၚတက္ဖို႔ လမ္းေလွ်ာက္လာတဲ့သူ တဦးကို အမည္မသိ သူ က ကားတစီးနဲ႔ လာၿပီး ေသနတ္ ၅ခ်က္ ပစ္သြားတယ္။ ၿပီးေတာ့ ေျပးသြားတယ္” ဟု တာခ်ီလိတ္ၿမိဳ႕ ေနမ်က္ျမင္ ေဒသခံ အမ်ိဳးသားတဦးကေျပာသည္။

အဆုိပါ ေသနတ္ပစ္ခံရသူကို လက္ရွိမွာ တာခ်ီလိတ္ၿမိဳ႕ျပည္သူ႔ေဆးရံု တြင္ ပို႔ေဆာင္ထားေၾကာင္းသိရသည္။

“ လူတဦး ေသနတ္ပစ္ခံရတာေတာ့ ဟုတ္တယ္။ အေသးစိတ္ကို က်ေနာ္တုိ႔ စိစစ္္ေနတာပါ” ဟု တာခ်ီလိတ္ၿမိဳ႕ ရဲမွဴး ညီညီေထြး က သွ်မ္းသံေတာ္ဆင့္ သုိ႔ ေျပာသည္။

လက္ရွိ မွာ တာခ်ီလိတ္ၿမိဳ႕ အတြင္း မႈခင္း က်ဆင္းေရး ႏွင့္ တရားဥေပဒ စိုးမိုးေရး ရွိေစရန္ အတြက္ ရက္ ၉၀ “ က်ားမင္း စီမံခ်က္” လႈပ္ရွားေနသည့္ အခ်ိန္ကာလျဖစ္သည္။

ထို ရက္ ၉၀ “ က်ားမင္း စီမံခ်က္” အတြက္ ရပ္ကင္း ၁၅ကင္း ျပဳလုပ္ၿပီး၊ တကင္းတြင္ ရဲတပ္သား ၂ဦး တာဝန္ခ်သြားမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕ေပၚ ရပ္ကြက္ (၄) ခုမွာလည္းနယ္ေျမရဲကင္းမ်ား ခ်ထားၿပီး၊ ၿမိဳ႕ ေပၚတြင္ အမႈမ်ားျဖစ္လာပါက အခ်ိန္မီသိရေအာင္ ရပ္ကင္းမွပိတ္ဆို႔တားဆီးႏုိင္ေအာင္လည္း ေဆာင္ရြက္သြားမည္ ဟုလည္း ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၂) ရက္တြင္ ရဲမွဴး ညီညီေထြး က သွ်မ္းသံေတာ္ဆင့္ အား ေျပာသည္။

ထို႔ျပင္ ေဖေဖာ္ဝါရီ ၁၂ရက္ေန႔ မနက္ (၇)နာရီ ကလည္း တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ) ရပ္ကြက္ 1G1 ဟုိတယ္ အတြင္းရွိ နတ္စင္ကို အမ်ိဳးသားတဦး က ေသနတ္ပစ္ေဖာက္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနဆဲ ဟု သိရသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
---------------
(Unicode)⤵⤵⤵
“ကျားမင်း စီမံချက်” ကာလ အတွင်း အမျိုးသား တဦး သေနတ်ပစ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၃၊၂၀၂၀

ထိုင်း- မြန်မာ နယ်စပ် တာချီလိတ် တွင် ရက် ၉၀ “ ကျားမင်း စီမံချက်” ကာလ အတွင်း အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၃) ရက် နေ့လည်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ထွန်းလင်းအောင် လမ်း ၌ အမျိုးသားတဦး ကို အမည်မသိ သူ က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း တာချီလိတ်မြို့က ဒေသခံများ ပြောပြချက် အရသိရသည်။

“ ကားပေါ်တက်ဖို့ လမ်းလျှောက်လာတဲ့သူ တဦးကို အမည်မသိ သူ က ကားတစီးနဲ့ လာပြီး သေနတ် ၅ချက် ပစ်သွားတယ်။ ပြီးတော့ ပြေးသွားတယ်” ဟု တာချီလိတ်မြို့ နေမျက်မြင် ဒေသခံ အမျိုးသားတဦးကပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသူကို လက်ရှိမှာ တာချီလိတ်မြို့ပြည်သူ့ဆေးရုံ တွင် ပို့ဆောင်ထားကြောင်းသိရသည်။

“ လူတဦး သေနတ်ပစ်ခံရတာတော့ ဟုတ်တယ်။ အသေးစိတ်ကို ကျနော်တို့ စိစစ်နေတာပါ” ဟု တာချီလိတ်မြို့ ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ မှာ တာချီလိတ်မြို့ အတွင်း မှုခင်း ကျဆင်းရေး နှင့် တရားဥပေဒ စိုးမိုးရေး ရှိစေရန် အတွက် ရက် ၉၀ “ ကျားမင်း စီမံချက်” လှုပ်ရှားနေသည့် အချိန်ကာလဖြစ်သည်။

ထို ရက် ၉၀ “ ကျားမင်း စီမံချက်” အတွက် ရပ်ကင်း ၁၅ကင်း ပြုလုပ်ပြီး၊ တကင်းတွင် ရဲတပ်သား ၂ဦး တာဝန်ချသွားမည်ဖြစ်ကြောင်း၊ မြို့ပေါ် ရပ်ကွက် (၄) ခုမှာလည်းနယ်မြေရဲကင်းများ ချထားပြီး၊ မြို့ ပေါ်တွင် အမှုများဖြစ်လာပါက အချိန်မီသိရအောင် ရပ်ကင်းမှပိတ်ဆို့တားဆီးနိုင်အောင်လည်း ဆောင်ရွက်သွားမည် ဟုလည်း ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) ရက်တွင် ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် အား ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၂ရက်နေ့ မနက် (၇)နာရီ ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် 1G1 ဟိုတယ် အတွင်းရှိ နတ်စင်ကို အမျိုးသားတဦး က သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးတိမ်းရှောင်နေဆဲ ဟု သိရသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
“က်ားမင္း စီမံခ်က္” ကာလ အတြင္း အမ်ိဳးသား တဦး ေသနတ္ပစ္ခံရ “က်ားမင္း စီမံခ်က္” ကာလ အတြင္း အမ်ိဳးသား တဦး ေသနတ္ပစ္ခံရ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.