ဘူးသီးေတာင္ စာသင္ေက်ာင္းေပၚ လက္နက္ႀကီးက်၊ ကေလး ၂၁ ဦးဒဏ္ရာရ

 ေက်ာင္းေဆာင္ပ်က္စီးသြားၿပီး စာသင္ႏိုင္တဲ့ အေနအထားမရွိေတာ့ဘူလို႔ ဆိုပါတယ္။
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ခေမြေခ်ာင္းေက်း႐ြာ မူလတန္းလြန္ေက်ာင္းမွာ ေဖေဖာ္ဝါရီ ၁၃ ရက္ မနက္ ၁၀ နာရီဝန္းက်င္က လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ေပါက္ကြဲလို႔ ေက်ာင္းသား ၂၁ ဦး ဒဏ္ရာရၿပီး ႏွစ္ဦး ဒဏ္ရာျပင္းထန္ခဲ့ပါတယ္။

မနက္ ၁၀ နာရီေလာက္ ဆရာ၊ဆရာမ မစုံေသးခင္ ေက်ာင္းသားေတြ ေျပးလႊားကစားေနခ်ိန္ ေက်ာင္းေဆာင္ရဲ႕ ေတာင္ဘက္ ေခါင္မိုးေပၚမွာ လက္နက္ႀကီးက်ည္က် ေရာက္ေပါက္ကြဲခဲ့တယ္လို႔ ေပါက္ကြဲတာကို မ်က္ျမင္ေတြ႕ခဲ့သူ ေက်ာင္းဆရာ ဦးသာေအးေမာင္က ဘီဘီစီကို အတည္ျပဳ ေျပာဆိုပါတယ္။

အဲ့ဒီေက်ာင္းမွာ ေက်ာင္းသား ၆၀ ေက်ာ္ရွိၿပီး လက္နက္ႀကီးေပါက္ကြဲမႈေၾကာင့္ KG တန္းကေန ပၪၥမတန္းအထိ ေက်ာင္းသား ၂၁ ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

ေက်ာင္းသားေတြထဲက စတုထၳတန္း ေက်ာင္းသူႏွစ္ဦး ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။

ေလးတန္းေက်ာင္းသူ တစ္ဦးေခါင္းမွာ ဒဏ္ရာ အျပင္းအထန္ ရခဲ့ၿပီး ေနာက္တစ္ေယာက္က ပါးနဲ႔ ေက်ာကုန္းမွာ ဒဏ္ရာ အျပင္းအထန္ ရခဲ့ပါတယ္။
Myint Lwin

ခေမြေခ်ာင္းေက်း႐ြာဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ အေရွ႕ေျမာက္ဘက္က ခမီလူမ်ိဳးေတြ သီးသန႔္ေနထိုင္တဲ့ ေက်း႐ြာတစ္႐ြာ ျဖစ္ၿပီး အဲ့ဒီေက်ာင္းမွာလည္း ခမီမ်ိဳးႏြယ္စု ကေလးငယ္ေတြ ပညာသင္ၾကားေနတာ ျဖစ္ပါတယ္။

အခုလို ေပါက္ကြဲခဲ့တဲ့အတြက္ ေက်ာင္းေဆာင္တစ္ခုလုံး ပ်က္စီးသြားခဲ့ၿပီး စာသင္လို႔ရတဲ့ အေနအထား မရွိေတာ့ဘူးလို႔ သိရပါတယ္။

ေဖေဖာ္ဝါရီ ၁၃ ရက္ မနက္ပိုင္း ၉ နာရီ ၁၅ မိနစ္ေလာက္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ကမ္းပိုင္ေခ်ာင္း႐ြာရဲ႕ အေရွ႕ေျမာက္ဘက္ ၁ ကီလိုမီတာေလာက္အကြာမွာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲငယ္တစ္ခု ျဖစ္ခဲ့တာရွိၿပီး တပ္မေတာ္ဘက္က လွမ္းပစ္တဲ့ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာ ျဖစ္တယ္လို႔ ေအေအဘက္က ဆိုပါတယ္။

ဒါေပမဲ့ ဒီေပါက္ကြဲနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးနဲ႔ ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးတို႔ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရေသးပါဘူး။

တိုက္ပြဲျဖစ္ခဲ့တဲ့ ေနရာဟာ ခေမြေခ်ာင္းေက်း႐ြာနဲ႔ တစ္မိုင္ေလာက္ ကြာေဝးၿပီး လက္နက္ႀကီးေတြ ပစ္ခတ္ရာမွာ ပထမတစ္လုံးက ေက်း႐ြာအျပင္ဘက္နား၊ ဒုတိယအလုံးက ေက်ာင္းေခါင္မိုးေပၚနဲ႔ တတိယအလုံးကေတာ့ ေက်း႐ြာအနီးမွာ က်ေရာက္ခဲ့တယ္လို႔ ႐ြာသားတစ္ဦးက ေျပာပါတယ္။

"လက္နက္ႀကီးက်ၿပီးေတာ့ ကေလးေတြက ႐ြာထဲကိုျပန္လာၾကတယ္။ အဲ့ဒီေက်ာင္းမွာ ကေလးမေလးတစ္ေယာက္က ခုံေအာက္မွာ ေသြးတလူးလူးနဲ႔ က်န္ေနခဲ့တယ္။ သူ႔ကိုသြားၿပီး သယ္ယူခဲ့ရတယ္။ က်န္တဲ့ကေလးေတြက သူ႔ဟာသူ ျပန္လာႏိုင္ၾကတယ္"လို႔ ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ ဦးေက်ာ္သာခိုင္က ေျပာပါတယ္။

ဒဏ္ရာျပင္းထန္တဲ့ ေက်ာင္းသူႏွစ္ဦးနဲ႔အတူ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကတဲ့ ေက်ာင္းသားေတြကို ဘူးသီးေတာင္ေဆး႐ုံကို ကုသဖို႔ ေခၚလာစဥ္ ဒဏ္ရာျပင္းထန္တဲ့ ကေလးႏွစ္ေယာက္တည္းကို စကခ ၁၅ ဌာနခ်ဳပ္က ေဆး႐ုံကို ပို႔ေဆာင္ခြင့္ျပဳၿပီး က်န္တဲ့ကေလးေတြကို ေခၚထားလိုက္တဲ့အတြက္ ေဆး႐ုံကို ႏွစ္ေယာက္တည္း ေရာက္လာခဲ့တယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

အခုေဖေဖာ္ဝါရီလအတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ဘက္ေတြမွာ တိုက္ပြဲေတြ ျပန္လည္ျပင္းထန္လာခဲ့ၿပီး ေန႔စဥ္လိုလို ေပါက္ကြဲမႈေတြေၾကာင့္ အရပ္သားေသဆုံးတာေတြ၊ ထိခိုက္ဒဏ္ရာရရွိတာေတြကိုလည္း ျဖစ္ေပၚေနပါတယ္။

ေက်း႐ြာေတြမွာ လက္နက္ႀကီးက်ည္ေရာက္ေပါက္ကြဲမႈေတြက ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ဘူးသီးေတာင္ ၿမိဳ႕နယ္ေတြမွာ အမ်ားဆုံး ျဖစ္ပြားေနတာပါ။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဘူးသီးတောင် စာသင်ကျောင်းပေါ် လက်နက်ကြီးကျ၊ ကလေး ၂၁ ဦးဒဏ်ရာရ

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ကျောင်းဆောင်ပျက်စီးသွားပြီး စာသင်နိုင်တဲ့ အနေအထားမရှိတော့ဘူလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲလို့ ကျောင်းသား ၂၁ ဦး ဒဏ်ရာရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

မနက် ၁၀ နာရီလောက် ဆရာ၊ဆရာမ မစုံသေးခင် ကျောင်းသားတွေ ပြေးလွှားကစားနေချိန် ကျောင်းဆောင်ရဲ့ တောင်ဘက် ခေါင်မိုးပေါ်မှာ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တယ်လို့ ပေါက်ကွဲတာကို မျက်မြင်တွေ့ခဲ့သူ ကျောင်းဆရာ ဦးသာအေးမောင်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

အဲ့ဒီကျောင်းမှာ ကျောင်းသား ၆၀ ကျော်ရှိပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် KG တန်းကနေ ပဉ္စမတန်းအထိ ကျောင်းသား ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောင်းသားတွေထဲက စတုထ္ထတန်း ကျောင်းသူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

လေးတန်းကျောင်းသူ တစ်ဦးခေါင်းမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး နောက်တစ်ယောက်က ပါးနဲ့ ကျောကုန်းမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin

ခမွေချောင်းကျေးရွာဟာ ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက်က ခမီလူမျိုးတွေ သီးသန့်နေထိုင်တဲ့ ကျေးရွာတစ်ရွာ ဖြစ်ပြီး အဲ့ဒီကျောင်းမှာလည်း ခမီမျိုးနွယ်စု ကလေးငယ်တွေ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

အခုလို ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး စာသင်လို့ရတဲ့ အနေအထား မရှိတော့ဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်း ၉ နာရီ ၁၅ မိနစ်လောက်မှာ ဘူးသီးတောင်မြို့နယ် ကမ်းပိုင်ချောင်းရွာရဲ့ အရှေ့မြောက်ဘက် ၁ ကီလိုမီတာလောက်အကွာမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ခဲ့တာရှိပြီး တပ်မတော်ဘက်က လှမ်းပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ အေအေဘက်က ဆိုပါတယ်။

ဒါပေမဲ့ ဒီပေါက်ကွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးနဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဟာ ခမွေချောင်းကျေးရွာနဲ့ တစ်မိုင်လောက် ကွာဝေးပြီး လက်နက်ကြီးတွေ ပစ်ခတ်ရာမှာ ပထမတစ်လုံးက ကျေးရွာအပြင်ဘက်နား၊ ဒုတိယအလုံးက ကျောင်းခေါင်မိုးပေါ်နဲ့ တတိယအလုံးကတော့ ကျေးရွာအနီးမှာ ကျရောက်ခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးကျပြီးတော့ ကလေးတွေက ရွာထဲကိုပြန်လာကြတယ်။ အဲ့ဒီကျောင်းမှာ ကလေးမလေးတစ်ယောက်က ခုံအောက်မှာ သွေးတလူးလူးနဲ့ ကျန်နေခဲ့တယ်။ သူ့ကိုသွားပြီး သယ်ယူခဲ့ရတယ်။ ကျန်တဲ့ကလေးတွေက သူ့ဟာသူ ပြန်လာနိုင်ကြတယ်"လို့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်သာခိုင်က ပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ကျောင်းသူနှစ်ဦးနဲ့အတူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ကျောင်းသားတွေကို ဘူးသီးတောင်ဆေးရုံကို ကုသဖို့ ခေါ်လာစဉ် ဒဏ်ရာပြင်းထန်တဲ့ ကလေးနှစ်ယောက်တည်းကို စကခ ၁၅ ဌာနချုပ်က ဆေးရုံကို ပို့ဆောင်ခွင့်ပြုပြီး ကျန်တဲ့ကလေးတွေကို ခေါ်ထားလိုက်တဲ့အတွက် ဆေးရုံကို နှစ်ယောက်တည်း ရောက်လာခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

အခုဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့ပြီး နေ့စဉ်လိုလို ပေါက်ကွဲမှုတွေကြောင့် အရပ်သားသေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရရှိတာတွေကိုလည်း ဖြစ်ပေါ်နေပါတယ်။

ကျေးရွာတွေမှာ လက်နက်ကြီးကျည်ရောက်ပေါက်ကွဲမှုတွေက ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားနေတာပါ။

BBC Burmese
https://www.bbc.com
ဘူးသီးေတာင္ စာသင္ေက်ာင္းေပၚ လက္နက္ႀကီးက်၊ ကေလး ၂၁ ဦးဒဏ္ရာရ ဘူးသီးေတာင္ စာသင္ေက်ာင္းေပၚ လက္နက္ႀကီးက်၊ ကေလး ၂၁ ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.