ေက်ာက္မဲ မုိင္းတင္းေက်းရြာ အုပ္စု အရပ္သား တဦး ေသနတ္ပစ္သတ္ခံရ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၃၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္းေက်းရြာ အုပ္စုတြင္ အရပ္သား တဦး ေသနတ္ပစ္သတ္ ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီ ၁၃) ရက္ မနက္ပိုင္းတြင္ မိုင္းတင္းေက်းရြာ အုပ္စု မန္ဆန္းေက်းရြာ အသက္ ၃၀ေက်ာ္ စိုင္းေကာထုိ႔ သည္မနက္ ၈နာရီ ဝန္းက်င္တြင္ ၿခံသြားရာ အမည္မသိ လက္နက္ကိုင္ အဖြဲ႔ က ေသနတ္ျဖင့္လာေရာက္ပစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ ျပည္နယ္ လႊတ္ေတာ္ အမတ္္ (၁) စိုင္းထြန္းဝင္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ စိုင္းေကာထို႔ က မနက္ အေစာႀကီး ၿခံသြားတယ္။ အဲ့မွာ ပစ္သတ္ခံရတာပဲ။ ရြာကလူေတြ ေျပာျပခ်က္အရေတာ့ ေသနတ္သံမၾကားရဘူး။ ရြာသားေတြ သူတုိ႔ ၿခံသြားတဲ့အခ်ိန္မွာ စိုင္းေကာထို႔ေသနတ္ပစ္ခံရတဲ့ အေလာင္းကို သြားေတြ႔တာ” ဟု စိုင္းထြန္းဝင္း က ဆုိသည္။

လက္ရွိ ေသနတ္ပစ္ခံသူ၏ ရုပ္အေလာင္း ကို ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံု သို႔ ပို႔ေဆာင္ထားေၾကာင္း၊ စိုင္းေကာထုိ႔သည္ သာမာန္ အရပ္သားျဖစ္ေၾကာင္း လည္း စိုင္းထြန္းဝင္း က ေျပာျပသည္။

ဆက္လက္ၿပီး ေက်ာက္မဲၿမိဳ႕နယ္ အတြင္း လက္နက္ကိုင္ ေပါင္းစံု လႈပ္ရွားသြားလာသည့္ေနရာျဖစ္သည့္အတြက္ ညႊန္ျပေျပာဆိုရန္ ခက္ခဲေၾကာင္း၊ ေက်ာက္မဲၿမိဳ႕သည္ တရားဥပေဒ စိုးမိုးမႈ မရွိေၾကာင္း လည္း စိုင္းထြန္းဝင္း က ေထာက္ျပ ေျပာဆုိလိုက္သည္။

“အခုေနာက္ပိုင္း အရမ္းေၾကာက္ဖုိ႔ ေကာင္းလာတယ္။ လူထုလံုၿခံဳေရး မရွိေတာ့ဘူး။ လူထုကိုပဲဘာေၾကာင့္လာလာပစ္လဲ စဥ္းစားစရာျဖစ္ေနတယ္” ဟု မိုင္းတင္းေက်းရြာ မွ ေဒသခံ လံုးစိုင္းလွ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

မုိင္းတင္းေက်းရြာ အုပ္စုတြင္ေနထုိင္သည့္ အမ်ိဳးသားမ်ား မၾကာခဏ ေသနတ္ပစ္ခံေနရေၾကာင္း၊ ေသနတ္ပစ္သြားသည့္ တရားခံလည္း တႀကိမ္မွ် မဖမ္းမိေၾကာင္း၊ မုိင္းတင္းေနထုိင္သည့္ သူမ်ားအတြက္ လံုၿခံဳေရး လံုးဝ မရွိေၾကာင္းလည္း လံုးစိုင္းလွ က ေျပာသည္။

လြန္ခဲ့သည့္ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၃ရက္ တြင္ ေက်ာက္မဲၿမိဳ႕ စားေသာက္ဆုိင္ တခုတြင္ မိုင္းတင္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ၂ဦး ေသနတ္ပစ္ခံရၿပီး၊ ဒီဇင္ဘာ ၂၃ရက္တြင္လည္း မိုင္းတင္းေက်းရြာအုပ္စု မွ ျပည္ခုိင္ၿဖိဳးပါတီ ေကာ္မတီဝင္ အမ်ိဳးသားတဦးလည္း ေသနတ္ပစ္သတ္ခံရေၾကာင္း သိရသည္။

ထုိ႔ျပင္ ယခုႏွစ္ ဇန္နဝါရီ (၂၂)ရက္တြင္ မုိင္းတင္းေက်းရြာ အုပ္စု ရပ္ေက်း စာေရး အမ်ိဳးသားတဦးလည္း ေသနတ္ထပ္မံ ပစ္ခံ ခဲ့ရေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
--------------
(Unicode)⤵⤵⤵
ကျောက်မဲ မိုင်းတင်းကျေးရွာ အုပ်စု အရပ်သား တဦး သေနတ်ပစ်သတ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၃၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စုတွင် အရပ်သား တဦး သေနတ်ပစ်သတ် ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၃) ရက် မနက်ပိုင်းတွင် မိုင်းတင်းကျေးရွာ အုပ်စု မန်ဆန်းကျေးရွာ အသက် ၃၀ကျော် စိုင်းကောထို့ သည်မနက် ၈နာရီ ဝန်းကျင်တွင် ခြံသွားရာ အမည်မသိ လက်နက်ကိုင် အဖွဲ့ က သေနတ်ဖြင့်လာရောက်ပစ်ကြောင်း ကျောက်မဲမြို့ ပြည်နယ် လွှတ်တော် အမတ် (၁) စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ စိုင်းကောထို့ က မနက် အစောကြီး ခြံသွားတယ်။ အဲ့မှာ ပစ်သတ်ခံရတာပဲ။ ရွာကလူတွေ ပြောပြချက်အရတော့ သေနတ်သံမကြားရဘူး။ ရွာသားတွေ သူတို့ ခြံသွားတဲ့အချိန်မှာ စိုင်းကောထို့သေနတ်ပစ်ခံရတဲ့ အလောင်းကို သွားတွေ့တာ” ဟု စိုင်းထွန်းဝင်း က ဆိုသည်။

လက်ရှိ သေနတ်ပစ်ခံသူ၏ ရုပ်အလောင်း ကို ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း၊ စိုင်းကောထို့သည် သာမာန် အရပ်သားဖြစ်ကြောင်း လည်း စိုင်းထွန်းဝင်း က ပြောပြသည်။

ဆက်လက်ပြီး ကျောက်မဲမြို့နယ် အတွင်း လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားသွားလာသည့်နေရာဖြစ်သည့်အတွက် ညွှန်ပြပြောဆိုရန် ခက်ခဲကြောင်း၊ ကျောက်မဲမြို့သည် တရားဥပဒေ စိုးမိုးမှု မရှိကြောင်း လည်း စိုင်းထွန်းဝင်း က ထောက်ပြ ပြောဆိုလိုက်သည်။

“အခုနောက်ပိုင်း အရမ်းကြောက်ဖို့ ကောင်းလာတယ်။ လူထုလုံခြုံရေး မရှိတော့ဘူး။ လူထုကိုပဲဘာကြောင့်လာလာပစ်လဲ စဉ်းစားစရာဖြစ်နေတယ်” ဟု မိုင်းတင်းကျေးရွာ မှ ဒေသခံ လုံးစိုင်းလှ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မိုင်းတင်းကျေးရွာ အုပ်စုတွင်နေထိုင်သည့် အမျိုးသားများ မကြာခဏ သေနတ်ပစ်ခံနေရကြောင်း၊ သေနတ်ပစ်သွားသည့် တရားခံလည်း တကြိမ်မျှ မဖမ်းမိကြောင်း၊ မိုင်းတင်းနေထိုင်သည့် သူများအတွက် လုံခြုံရေး လုံးဝ မရှိကြောင်းလည်း လုံးစိုင်းလှ က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ရက် တွင် ကျောက်မဲမြို့ စားသောက်ဆိုင် တခုတွင် မိုင်းတင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ဦး သေနတ်ပစ်ခံရပြီး၊ ဒီဇင်ဘာ ၂၃ရက်တွင်လည်း မိုင်းတင်းကျေးရွာအုပ်စု မှ ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အမျိုးသားတဦးလည်း သေနတ်ပစ်သတ်ခံရကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် ဇန်နဝါရီ (၂၂)ရက်တွင် မိုင်းတင်းကျေးရွာ အုပ်စု ရပ်ကျေး စာရေး အမျိုးသားတဦးလည်း သေနတ်ထပ်မံ ပစ်ခံ ခဲ့ရကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
ေက်ာက္မဲ မုိင္းတင္းေက်းရြာ အုပ္စု အရပ္သား တဦး ေသနတ္ပစ္သတ္ခံရ ေက်ာက္မဲ မုိင္းတင္းေက်းရြာ အုပ္စု အရပ္သား တဦး ေသနတ္ပစ္သတ္ခံရ Reviewed by THITHTOOLWIN on 22:50 Rating: 5
Powered by Blogger.