တ႐ုတ္ျပည္မႀကီးက လာသူေတြ ႏွစ္ပတ္သီးသန႔္ခြဲထားၿပီးမွ ေဟာင္ေကာင္ဝင္ခြင့္ေပးမယ္

 တ႐ုတ္ဘက္က ဝင္လာသူေတြကို ေဟာင္ေကာင္ဘက္မွာ ကိုယ္အပူခ်ိန္စစ္ေဆးေနတဲ့ ေစတနာ့ဝန္ထမ္းေတြ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ျမန္ျမန္ဆက္ျပန႔္ပြားေနတာေၾကာင့္ ေရာဂါထိန္းခ်ဳပ္ေရး တင္းၾကပ္လိုက္တဲ့အေနနဲ႔ တ႐ုတ္ျပည္မႀကီးက ဝင္လာသူေတြကို ႏွစ္ပတ္သီးသန႔္ခြဲထားမယ္လို႔ ေဟာင္ေကာင္က ေၾကညာလိုက္ပါတယ္။

အခု လာမယ့္ သီတင္းပတ္ကုန္ရက္ေတြက စၿပီး ျပည္မႀကီးက ဝင္လာသူေတြကို ႏွစ္ပတ္ခြဲထားမွာ ျဖစ္ပါတယ္။

ဒီေၾကညာခ်က္ ထြက္ေပၚလာတာဟာ ေဟာင္ေကာင္ေဒသတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားလာႏိုင္ေျခရွိတဲ့ အေျခအေနကို ေဟာင္ေကာင္ အစိုးရရက ပထမဆုံး အသိအမွတ္ ျပဳလိုက္တာ ျဖစ္ပါတယ္။

ေဟာင္ေကာင္မွာ တ႐ုတ္ျပည္မႀကီးဘက္ကို မသြားဖူးသူ သုံးေယာက္မွာ ကို႐ိုနာဗိုင္းရပ္စပ္ ကူးစက္မႈ ေဖေဖာ္ဝါရီ ၅ ရက္မွာ ထပ္ေတြ႕ခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အဲဒီသုံးေယာက္ဟာ တ႐ုတ္ျပည္မႀကီးက လာသူေတြနဲ႔လည္း နီးနီးကပ္ကပ္ မထိေတြ႕ခဲ့ဖူးသူေတြ ျဖစ္ပါတယ္။

အဲဒီလို ေတြ႕ရွိခဲ့တဲ့အတြက္ ေဟာင္ေကာင္ လူထုအၾကားမွာ ကူးစက္မႈေတြရွိေနၿပီဆိုတာ စျပလိုက္တာပဲလို႔ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ကယ္ရီလမ္းက ေျပာပါတယ္။

အဲဒါေၾကာင့္ အခုလာမယ့္ စေနေန႔က စၿပီး ျပည္မႀကီးက လာသူအားလုံးကို ႏွစ္ပတ္ခြဲထားမွာ ျဖစ္ၿပီး အဲလို ခြဲထားမယ့္သူေတြထဲမွာ ေဟာင္ေကာင္ေဒသခံေတြ ျပည္မႀကီးက ျပန္ဝင္လာရင္လည္း သီးသန႔္ခြဲထား ေစာင့္ၾကည့္ခံရမွာ ျဖစ္ပါတယ္။

က်န္းမာေရး သမဂၢအဖြဲ႕အစည္းေတြကေတာ့ ဒီလိုလုပ္႐ုံနဲ႔ ေျဖရွင္းလို႔ရမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။ သူတို႔က ေဟာင္ေကာင္ နယ္စပ္ေတြအားလုံးကို လုံးဝ ပိတ္ပစ္ဖို႔ ဆက္ၿပီး ေတာင္းဆိုေနတာပါ။

အဲလိုအခ်ိန္မွာပဲ ခရီးသည္တခ်ိဳ႕ ဗိုင္းရပ္စ္ကူးစက္ေနတဲ့ World Dream ခရီးသည္တင္သေဘၤာႀကီးကိုလည္း ေဟာင္ေကာင္က ကမ္းကပ္ခိုင္းထားၿပီး ခြဲထားေစာင့္ၾကည့္ေနပါတယ္။

နယ္စပ္ဝင္ေပါက္ေတြလုံးဝပိတ္ပစ္ဖို႔ ေတာင္းဆို
ခရီးသည္ ၃၆၀၀ နဲ႔ သေဘၤာဝန္ထမ္းေတြကို ဘယ္အခ်ိန္မွာ သေဘၤာေပၚက ဆင္းခြင့္ေပးမယ္ဆိုတာ မေသခ်ာေသးပါဘူး။

အခုဆိုရင္ ေဟာင္ေကာင္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၁ ေယာက္ ရွိေနပါၿပီ။

ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ေသဆုံးသူ ၅၀၀ နီးပါးရွိလာခ်ိန္မွာ တ႐ုတ္အစိုးရကေတာ့ ဗိုင္းရပ္စ္ကူးစက္မႈ တားဆီးေရး အရွိန္ျမႇင့္လုပ္မယ္လို႔ ေျပာပါတယ္။

ကူးစက္မႈ အျမင့္ဆုံးျဖစ္တဲ့ ဝူဟန္ၿမိဳ႕မွာ အားကစား႐ုံနဲ႔ စုေဝးခန္းမလို ေနရာက်ယ္ဝန္းတဲ့ ေနရာ ၁၁ ေနရာကို ေဆး႐ုံေတြအျဖစ္ အေရးေပၚ ျပင္ဆင္လိုက္ၿပီး ေနာက္ထပ္ လူနာ ကုတင္ တစ္ေသာင္းေလာက္ လက္ခံကုသႏိုင္ေအာင္ ျပင္ဆင္ေနပါတယ္။

ဝူဟန္ၿမိဳ႕ရွိရာ ဟူေဘးနဲ႔ တခ်ိဳ႕ျပည္နယ္ေတြမွာ လိုအပ္တဲ့ အစားအေသာက္ အသုံးအေဆာင္ေတြကို တစ္အိမ္ေထာင္မွာ တစ္ေယာက္ပဲ ႏွစ္ရက္တစ္ခါ ထြက္ဝယ္ၾကဖို႔ ခြင့္ျပဳထားပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကလည္း တာဝန္ရွိသူေတြကို ဒီကူးစက္ေရာဂါ တားဆီးေရး ပိုအားစိုက္လုပ္ၾကဖို႔ တိုက္တြန္းထားပါတယ္။

တ႐ုတ္က က်န္းမာေရး တာဝန္ရွိသူေတြ အဆိုအရေတာ့ ေရာဂါသံသယရွိသူ ေတြ႕ရွိႏႈန္းက ေလ်ာ့က်လာတယ္လို႔ ေျပာပါတယ္။ အခု တ႐ုတ္ႏိုင္ငံမွာ ကူးစက္ထားသူအေရအတြက္က ၂၄၃၀၀ အထိရွိေနၿပီ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်ပြည်မကြီးက လာသူတွေ နှစ်ပတ်သီးသန့်ခွဲထားပြီးမှ ဟောင်ကောင်ဝင်ခွင့်ပေးမယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်ဘက်က ဝင်လာသူတွေကို ဟောင်ကောင်ဘက်မှာ ကိုယ်အပူချိန်စစ်ဆေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ

ကိုရိုနာဗိုင်းရပ်စ် မြန်မြန်ဆက်ပြန့်ပွားနေတာကြောင့် ရောဂါထိန်းချုပ်ရေး တင်းကြပ်လိုက်တဲ့အနေနဲ့ တရုတ်ပြည်မကြီးက ဝင်လာသူတွေကို နှစ်ပတ်သီးသန့်ခွဲထားမယ်လို့ ဟောင်ကောင်က ကြေညာလိုက်ပါတယ်။

အခု လာမယ့် သီတင်းပတ်ကုန်ရက်တွေက စပြီး ပြည်မကြီးက ဝင်လာသူတွေကို နှစ်ပတ်ခွဲထားမှာ ဖြစ်ပါတယ်။

ဒီကြေညာချက် ထွက်ပေါ်လာတာဟာ ဟောင်ကောင်ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာနိုင်ခြေရှိတဲ့ အခြေအနေကို ဟောင်ကောင် အစိုးရရက ပထမဆုံး အသိအမှတ် ပြုလိုက်တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီးဘက်ကို မသွားဖူးသူ သုံးယောက်မှာ ကိုရိုနာဗိုင်းရပ်စပ် ကူးစက်မှု ဖေဖော်ဝါရီ ၅ ရက်မှာ ထပ်တွေ့ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီသုံးယောက်ဟာ တရုတ်ပြည်မကြီးက လာသူတွေနဲ့လည်း နီးနီးကပ်ကပ် မထိတွေ့ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

အဲဒီလို တွေ့ရှိခဲ့တဲ့အတွက် ဟောင်ကောင် လူထုအကြားမှာ ကူးစက်မှုတွေရှိနေပြီဆိုတာ စပြလိုက်တာပဲလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ပြောပါတယ်။

အဲဒါကြောင့် အခုလာမယ့် စနေနေ့က စပြီး ပြည်မကြီးက လာသူအားလုံးကို နှစ်ပတ်ခွဲထားမှာ ဖြစ်ပြီး အဲလို ခွဲထားမယ့်သူတွေထဲမှာ ဟောင်ကောင်ဒေသခံတွေ ပြည်မကြီးက ပြန်ဝင်လာရင်လည်း သီးသန့်ခွဲထား စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

ကျန်းမာရေး သမဂ္ဂအဖွဲ့အစည်းတွေကတော့ ဒီလိုလုပ်ရုံနဲ့ ဖြေရှင်းလို့ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူတို့က ဟောင်ကောင် နယ်စပ်တွေအားလုံးကို လုံးဝ ပိတ်ပစ်ဖို့ ဆက်ပြီး တောင်းဆိုနေတာပါ။

အဲလိုအချိန်မှာပဲ ခရီးသည်တချို့ ဗိုင်းရပ်စ်ကူးစက်နေတဲ့ World Dream ခရီးသည်တင်သင်္ဘောကြီးကိုလည်း ဟောင်ကောင်က ကမ်းကပ်ခိုင်းထားပြီး ခွဲထားစောင့်ကြည့်နေပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption နယ်စပ်ဝင်ပေါက်တွေလုံးဝပိတ်ပစ်ဖို့ တောင်းဆို

ခရီးသည် ၃၆၀၀ နဲ့ သင်္ဘောဝန်ထမ်းတွေကို ဘယ်အချိန်မှာ သင်္ဘောပေါ်က ဆင်းခွင့်ပေးမယ်ဆိုတာ မသေချာသေးပါဘူး။

အခုဆိုရင် ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁ ယောက် ရှိနေပါပြီ။

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၀၀ နီးပါးရှိလာချိန်မှာ တရုတ်အစိုးရကတော့ ဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေး အရှိန်မြှင့်လုပ်မယ်လို့ ပြောပါတယ်။

ကူးစက်မှု အမြင့်ဆုံးဖြစ်တဲ့ ဝူဟန်မြို့မှာ အားကစားရုံနဲ့ စုဝေးခန်းမလို နေရာကျယ်ဝန်းတဲ့ နေရာ ၁၁ နေရာကို ဆေးရုံတွေအဖြစ် အရေးပေါ် ပြင်ဆင်လိုက်ပြီး နောက်ထပ် လူနာ ကုတင် တစ်သောင်းလောက် လက်ခံကုသနိုင်အောင် ပြင်ဆင်နေပါတယ်။

ဝူဟန်မြို့ရှိရာ ဟူဘေးနဲ့ တချို့ပြည်နယ်တွေမှာ လိုအပ်တဲ့ အစားအသောက် အသုံးအဆောင်တွေကို တစ်အိမ်ထောင်မှာ တစ်ယောက်ပဲ နှစ်ရက်တစ်ခါ ထွက်ဝယ်ကြဖို့ ခွင့်ပြုထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တာဝန်ရှိသူတွေကို ဒီကူးစက်ရောဂါ တားဆီးရေး ပိုအားစိုက်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်က ကျန်းမာရေး တာဝန်ရှိသူတွေ အဆိုအရတော့ ရောဂါသံသယရှိသူ တွေ့ရှိနှုန်းက လျော့ကျလာတယ်လို့ ပြောပါတယ်။ အခု တရုတ်နိုင်ငံမှာ ကူးစက်ထားသူအရေအတွက်က ၂၄၃၀၀ အထိရှိနေပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ျပည္မႀကီးက လာသူေတြ ႏွစ္ပတ္သီးသန႔္ခြဲထားၿပီးမွ ေဟာင္ေကာင္ဝင္ခြင့္ေပးမယ္ တ႐ုတ္ျပည္မႀကီးက လာသူေတြ ႏွစ္ပတ္သီးသန႔္ခြဲထားၿပီးမွ ေဟာင္ေကာင္ဝင္ခြင့္ေပးမယ္ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.