မူဆယ္ကုန္သြယ္ေရးဂိတ္ ျပန္ဖြင့္

မူဆယ္ကုန္သြယ္ေရးဂိတ္

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ Covid 19 တ႐ုတ္ျပည္တြင္းပ်ံ႕ႏွံ႔ေနတာကို တားဆီးႏိုင္ဖို႔ ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕ အာဏာပိုင္ေတြက တလေလာက္ပိတ္ထားခဲ့တဲ့ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံၾကား မူဆယ္ကုန္သြယ္ေရးဂိတ္ေတြကို ေဖေဖာ္ဝါရီ ၂၃ ရက္က ျပန္ဖြင့္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ျမန္မာကုန္သည္ေတြဘက္က အေျခအေန ေစာင့္ၾကည့္ေနတာေၾကာင့္ ကုန္သြယ္မႈက ပုံမွန္အေျခအေနေတာ့ ရာႏႈန္းျပည့္ ျပန္မေရာက္ေသးပါဘူး။ ဒီေန႔ မူဆယ္အေျခအေနကို ကုန္သည္တခ်ိဳ႕ကို ေမးျမန္းၿပီး ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေပးပို႔ထားပါတယ္။

အခုလို ေ႐ႊလီၿမိဳ႕တြင္း အသြားအလာ တားဆီးပိတ္ပင္တာေတြ ေျဖေလွ်ာ့လိုက္တာဟာ တ႐ုတ္အစိုးရက ကို႐ိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ဖို႔ လမ္းနဲ႔ အမ်ားပိုင္ ေနရာေတြကို ေခတၱပိတ္ေၾကာင္း ဇန္နဝါရီ ၂၆ ရက္ ေၾကညာခ်က္ထုတ္ၿပီးေနာက္ပိုင္း ပထမဆုံး ျပန္ခြင့္ျပဳလိုက္တာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ပုံမွန္အေျခအေန အထိေတာ့ မေရာက္ေသးဘူးလို႔ မူဆယ္- နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရးစခန္းက ကုန္သည္ေတြက ခန႔္မွန္းပါတယ္။

“တခ်ိဳ႕ ေနရာေတာ္ေတာ္မ်ားမ်ားကေတာ့ လမ္းေတြ၊ ေရာင္းဝယ္မႈေတြ ျပန္ဖြင့္ေပးတယ္ဗ်။ ဒီေရာဂါမျဖစ္ခင္ အေနအထားနဲ႔ တြက္ရရင္ေတာ့ ၆၀ ရာခိုင္ႏႈန္းေလာက္ အေရာင္းအဝယ္ ျပန္ျဖစ္လာၿပီးေပါ့။ အနည္းအက်ဥ္းေတာ့ လာေနၾကပါၿပီ၊ ဟိုလို အင္တိုက္အားတိုက္နဲ႔ေတာ့ သိပ္မသြားၾကေသးဘူး။”

မူဆယ္ နယ္စပ္စခန္းက သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးေအာင္သက္ဦး ေျပာသြားတာ ျဖစ္ပါတယ္။

အခုလိုျပန္ဖြင့္ေပးလိုက္ေပမဲ့လည္း ႏွစ္ဘက္အစိုးရ ျပည္သူ႔က်န္းမာေရး တာဝန္ရွိသူေတြကေတာ့ တရားဝင္နယ္စပ္ဂိတ္ကေန ဝင္ထြက္သြားလာသူေတြကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ရွိ၊ မရွိ စစ္ေဆး၊ မွတ္တမ္းယူတာေတြ လုပ္ေနဆဲျဖစ္ပါတယ္။ မူဆယ္နမ့္ခမ္းကုန္သည္ အသင္းဝင္ျဖစ္သလို၊ မူဆယ္ ဆန္ကုန္သည္မ်ားအသင္းရဲ႕ ဒုဥကၠ႒လည္းျဖစ္တဲ့ ဦးမင္းသိန္းက လက္ရွိအေျခအေနကို အခုလို ေျပာျပပါတယ္။

“အေတာ္အသင့္ ျပန္ဖြင့္တယ္၊ ျပန္ဖြင့္ၿပီးနည္းနည္း လႈပ္ရွားတယ္။ ဗမာျပည္က အလုပ္သမားေတြလည္း အခု ေ႐ႊလီကို စၿပီးဝင္ေနၿပီ အလုပ္လုပ္ဖို႔အတြက္။ အရင္ထိန္းခ်ဳပ္ထားတာေတြ နည္းနည္း ေလ်ာ့ေပးလိုက္တယ္။ လမ္းေတြ ပိတ္ထားတာတို႔၊ ရပ္ကြက္တခုနဲ႔တခု မကူးရတာတို႔။ ဒါေပမဲ့ အဝင္အထြက္ေတြမွာ အဖ်ားတိုင္းတယ္၊ ကိုယ္ေရးရာဇဝင္ေတြျဖည့္ရတယ္။”

ဒီေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္မွာ ျမန္မာဘက္က ဆန္နဲ႔ ဆန္ကြဲကား အစီးေရ ၄၀၊ သခြားေမႊးအစီး ၁၂၀၊ ဖရဲ အစီး ၁၃၀ နဲ႔ ပဲတီစိမ္းေတြ တ႐ုတ္ျပည္ဘက္ တင္ပို႔ခဲ့ပါတယ္။ သၾကားကားေတြကေတာ့ ေမွာင္ခိုလမ္းကေန ၁၅စီးေလာက္ ထြက္ပါတယ္။ ေရထြက္ကုန္ကေတာ့ တ႐ုတ္ျပည္တြင္း အေျခအေနေတြ ပုံမွန္ျပန္ျဖစ္လာမွ တင္ပို႔ဖို႔ ကုန္သည္ေတြက ဆႏၵရွိပါတယ္။

တ႐ုတ္ဘက္ကေတာ့ အိမ္ေဆာက္ပစၥည္း၊ စားေသာက္ကုန္နဲ႔ ေဆးဝါးေတြ ဒီေန႔ ျပန္ဝင္လာပါတယ္။ ေရထြက္ကုန္ကေတာ့ တ႐ုတ္ျပည္တြင္း အေျခအေနကို ေစာင့္ၾကည့္ရဦးမယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

တ႐ုတ္ျပည္မွာ ကို႐ိုနာဗိုင္းရပ္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ အေျခေနေတြေၾကာင့္ ဆန္နဲ႔ ေရထြက္ကုန္အပါအဝင္ ရာသီေပၚသီးႏွံေတြ ခူးဆြတ္၊ တင္ပို႔တာ အရဲစြန႔္ မလုပ္ၾကဖို႔ မူဆယ္ ကုန္စည္ဒိုင္ေတြက ဇန္နဝါရီ ၂၆ ရက္မွာ အသီးသီးသတင္းထုတ္ျပန္ သတိေပးခဲ့ၾကသလို ဖရဲစိုက္ခင္း ဧက ၁၀၀၀ ေလာက္ ခူးဆြတ္ခ်ိန္ၾကာျမင့္ခဲ့လို႔ ပ်က္စီးမႈရွိခဲ့ေၾကာင္း စစ္ကိုင္းတိုင္း ဖရဲသခြားေမြး စိုက္ပ်ိဳးထုတ္လူပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးစိုးလြင္က ေျပာပါတယ္။

၂၀၁၈-၂၀၁၉ မွာ နယ္စပ္ဂိတ္ေတြကေန လယ္ယာထြက္ကုန္ပစၥည္း အေမရိကန္ေဒၚလာ သန္း ၃၂၀၀ ေက်ာ္ ( ၃၂၆၁. ၅၉၁) တင္ပို႔ႏိုင္ခဲ့ပါတယ္။ နယ္စပ္ ကုန္သြယ္ေရးကရတဲ့ ေရထြက္ကုန္ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ သန္း ၇၀၀ ေက်ာ္ ( ၇၃၂.၁၅၆) ရွိပါတယ္။ မူဆယ္နယ္စပ္ ကုန္သြယ္မႈ ပမာဏာဟာ အျခားကုန္သြယ္ေရးစခန္းေတြနဲ႔ ယွဥ္ရင္ အမ်ားဆုံးျဖစ္ၿပီး ျမန္မာကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနရဲ႕ တရား၀င္ကိန္းဂဏန္းအရ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ သန္း ၅၀၀၀ ( ပို႔ကုန္ ၃၁၅၆. ၄၁၉ + သြင္းကုန္ ၁၇၆၁.၅၅၇) နီးပါးရွိပါတယ္။


[Unicode Version]

မူဆယ်ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်

ကိုရိုနာဗိုင်းရပ်စ် Covid 19 တရုတ်ပြည်တွင်းပျံ့နှံ့နေတာကို တားဆီးနိုင်ဖို့ ယူနန်ပြည်နယ်၊ ရွှေလီမြို့ အာဏာပိုင်တွေက တလလောက်ပိတ်ထားခဲ့တဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံကြား မူဆယ်ကုန်သွယ်ရေးဂိတ်တွေကို ဖေဖော်ဝါရီ ၂၃ ရက်က ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာကုန်သည်တွေဘက်က အခြေအနေ စောင့်ကြည့်နေတာကြောင့် ကုန်သွယ်မှုက ပုံမှန်အခြေအနေတော့ ရာနှုန်းပြည့် ပြန်မရောက်သေးပါဘူး။ ဒီနေ့ မူဆယ်အခြေအနေကို ကုန်သည်တချို့ကို မေးမြန်းပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပေးပို့ထားပါတယ်။

အခုလို ရွှေလီမြို့တွင်း အသွားအလာ တားဆီးပိတ်ပင်တာတွေ ဖြေလျှော့လိုက်တာဟာ တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ဖို့ လမ်းနဲ့ အများပိုင် နေရာတွေကို ခေတ္တပိတ်ကြောင်း ဇန်နဝါရီ ၂၆ ရက် ကြေညာချက်ထုတ်ပြီးနောက်ပိုင်း ပထမဆုံး ပြန်ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်အခြေအနေ အထိတော့ မရောက်သေးဘူးလို့ မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တွေက ခန့်မှန်းပါတယ်။

“တချို့ နေရာတော်တော်များများကတော့ လမ်းတွေ၊ ရောင်းဝယ်မှုတွေ ပြန်ဖွင့်ပေးတယ်ဗျ။ ဒီရောဂါမဖြစ်ခင် အနေအထားနဲ့ တွက်ရရင်တော့ ၆၀ ရာခိုင်နှုန်းလောက် အရောင်းအဝယ် ပြန်ဖြစ်လာပြီးပေါ့။ အနည်းအကျဉ်းတော့ လာနေကြပါပြီ၊ ဟိုလို အင်တိုက်အားတိုက်နဲ့တော့ သိပ်မသွားကြသေးဘူး။”

မူဆယ် နယ်စပ်စခန်းက သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦး ပြောသွားတာ ဖြစ်ပါတယ်။

အခုလိုပြန်ဖွင့်ပေးလိုက်ပေမဲ့လည်း နှစ်ဘက်အစိုးရ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေကတော့ တရားဝင်နယ်စပ်ဂိတ်ကနေ ဝင်ထွက်သွားလာသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေး၊ မှတ်တမ်းယူတာတွေ လုပ်နေဆဲဖြစ်ပါတယ်။ မူဆယ်နမ့်ခမ်းကုန်သည် အသင်းဝင်ဖြစ်သလို၊ မူဆယ် ဆန်ကုန်သည်များအသင်းရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမင်းသိန်းက လက်ရှိအခြေအနေကို အခုလို ပြောပြပါတယ်။

“အတော်အသင့် ပြန်ဖွင့်တယ်၊ ပြန်ဖွင့်ပြီးနည်းနည်း လှုပ်ရှားတယ်။ ဗမာပြည်က အလုပ်သမားတွေလည်း အခု ရွှေလီကို စပြီးဝင်နေပြီ အလုပ်လုပ်ဖို့အတွက်။ အရင်ထိန်းချုပ်ထားတာတွေ နည်းနည်း လျော့ပေးလိုက်တယ်။ လမ်းတွေ ပိတ်ထားတာတို့၊ ရပ်ကွက်တခုနဲ့တခု မကူးရတာတို့။ ဒါပေမဲ့ အဝင်အထွက်တွေမှာ အဖျားတိုင်းတယ်၊ ကိုယ်ရေးရာဇဝင်တွေဖြည့်ရတယ်။”

ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ မြန်မာဘက်က ဆန်နဲ့ ဆန်ကွဲကား အစီးရေ ၄၀၊ သခွားမွှေးအစီး ၁၂၀၊ ဖရဲ အစီး ၁၃၀ နဲ့ ပဲတီစိမ်းတွေ တရုတ်ပြည်ဘက် တင်ပို့ခဲ့ပါတယ်။ သကြားကားတွေကတော့ မှောင်ခိုလမ်းကနေ ၁၅စီးလောက် ထွက်ပါတယ်။ ရေထွက်ကုန်ကတော့ တရုတ်ပြည်တွင်း အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာမှ တင်ပို့ဖို့ ကုန်သည်တွေက ဆန္ဒရှိပါတယ်။

တရုတ်ဘက်ကတော့ အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဒီနေ့ ပြန်ဝင်လာပါတယ်။ ရေထွက်ကုန်ကတော့ တရုတ်ပြည်တွင်း အခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့နေတဲ့ အခြေနေတွေကြောင့် ဆန်နဲ့ ရေထွက်ကုန်အပါအဝင် ရာသီပေါ်သီးနှံတွေ ခူးဆွတ်၊ တင်ပို့တာ အရဲစွန့် မလုပ်ကြဖို့ မူဆယ် ကုန်စည်ဒိုင်တွေက ဇန်နဝါရီ ၂၆ ရက်မှာ အသီးသီးသတင်းထုတ်ပြန် သတိပေးခဲ့ကြသလို ဖရဲစိုက်ခင်း ဧက ၁၀၀၀ လောက် ခူးဆွတ်ချိန်ကြာမြင့်ခဲ့လို့ ပျက်စီးမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဖရဲသခွားမွေး စိုက်ပျိုးထုတ်လူပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောပါတယ်။

၂၀၁၈-၂၀၁၉ မှာ နယ်စပ်ဂိတ်တွေကနေ လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၃၂၀၀ ကျော် ( ၃၂၆၁. ၅၉၁) တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးကရတဲ့ ရေထွက်ကုန်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ( ၇၃၂.၁၅၆) ရှိပါတယ်။ မူဆယ်နယ်စပ် ကုန်သွယ်မှု ပမာဏာဟာ အခြားကုန်သွယ်ရေးစခန်းတွေနဲ့ ယှဉ်ရင် အများဆုံးဖြစ်ပြီး မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်ကိန်းဂဏန်းအရ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ( ပို့ကုန် ၃၁၅၆. ၄၁၉ + သွင်းကုန် ၁၇၆၁.၅၅၇) နီးပါးရှိပါတယ်။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com
မူဆယ္ကုန္သြယ္ေရးဂိတ္ ျပန္ဖြင့္ မူဆယ္ကုန္သြယ္ေရးဂိတ္ ျပန္ဖြင့္ Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.