တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြ အေရး

(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံမွာ စစ္တပ္အရာရွိတစ္ဦးနဲ႔ အျခားအဆင့္တစ္ဦးတို႔  ပုဂၢိဳလ္ေရးအက်ိဳးစီးပြား ပဋိပကၡေၾကာင့္ အရာရွိျဖစ္သူကို တပ္ၾကပ္ကပစ္သတ္ၿပီး မဆိုင္ေတြကိုပါ ပစ္ခဲ့တဲ့အတြက္ လူအမ်ားအျပား ေသဆုံးဒဏ္ရာရခဲ့ပါတယ္။

ဒီျဖစ္စဥ္ဟာ စစ္တပ္ကလုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြေၾကာင့္ ျဖစ္တယ္လို႔ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္က သုံးသပ္ၿပီး တပ္ပိုင္စီးပြားေရး လုပ္ငန္းေတြကို ဘ႑ာေရးဝန္ႀကီးဌာနကို လႊဲေျပာင္းလိုက္ပါတယ္။

စစ္တပ္က မၾကာခဏ အာဏာသိမ္းေလ့ရွိတဲ့ ထိုင္းႏိုင္ငံမွာ ႏိုင္ငံ့ဝန္ထမ္း စစ္တပ္ဟာ တျခား အရပ္ဘက္ ဝန္ထမ္းေတြထက္အခြင့္အလမ္း ပိုပိုသာသာရွိေနပါတယ္။ စစ္တပ္ကလုပ္ေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြေၾကာင့္ပါ။ ဒါေပမဲ့ တပ္ထဲမွာေတာ့ ဒီစီးပြားေရး လုပ္ငန္းေတြေၾကာင့္ ျပႆနာေတြရွိေနတာကို ျမင္ေတြ႕ေနရပါတယ္။  ထိုင္းစစ္တပ္အတြင္း ရာထူးႀကီးသူနဲ႔ ရာထူးငယ္သူေတြၾကား စီးပြားေရးနဲ႔ပတ္သက္ၿပီး ျပႆနာေတြ အမ်ားႀကီးရွိေနတယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းစာ ေဆာင္းပါးတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ေဖ‌ေဖာ္ဝါရီလ ၈ ရက္ေန႔ညက ဘန္ေကာက္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ သမိုင္းတြင္တဲ့ ပစ္ခတ္မႈဟာ တပ္တြင္း စီးပြားေရးလုပ္ငန္းေတြနဲ႔ ပတ္သက္ ဆက္ႏြယ္ေနပါတယ္။ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္ အပီရတ္ခြန္ဆမ္ပြန္ကေတာ့... အရာရွိတစ္ေယာက္ရဲ႕ ေငြအလြဲသုံးစားလုပ္တာ ခံရတဲ့ တပ္ၾကပ္က လူေတြကိုပစ္သတ္ခဲ့တာလို႔ ဆိုပါတယ္။

"စစ္တပ္ကိုအျပစ္မတင္ပါနဲ႔၊ ပစ္တဲ့ စစ္သားကိုလည္း အျပစ္မတင္ပါနဲ႔၊ က်ေနာ္ကိုသာ အျပစ္တင္ပါ။ ေဝဖန္တာေတြအားလုံး က်ေနာ္လက္ခံပါတယ္၊ က်ေနာ့္ကိုသာ အျပစ္တင္ၾကပါ။ က်ေနာ္ဟာ တပ္ကိုေခါင္းေဆာင္သူ ျဖစ္ေနလို႔ပါ" ... ဆိုၿပီး ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္က မ်က္ရည္လယ္႐ြဲနဲ႔ ေျပာသြားပါတယ္။

ထိုင္းစစ္တပ္အေနနဲ႔ ပြင့္လင္းျမင္သာမႈရွိတဲ့စစ္တပ္ ျဖစ္ေစရပါမယ္လို႔လည္း ကတိျပဳသြားပါတယ္။ အဲ့ဒီသတင္းစာရွင္းလင္းပြဲမွာပဲ ထိုင္းစစ္တပ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ဘ႑ာေရးဝန္ႀကီးဌာနကို လႊဲေျပာင္းေပးမယ္လို႔ ကတိေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အပတ္အတြင္း ထိုင္းစစ္တပ္က ဘ႑ာေရးဝန္ႀကီးဌာနကို လႊဲေျပာင္းေပးလိုက္တဲ့ စီးပြားေရးလုပ္ငန္းေပါင္း ၄ဝ ေက်ာ္ ရွိပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ စစ္တပ္က စီးပြားေရးစတင္လုပ္တာဟာ ၁၉၉ဝ ျပည့္ႏွစ္ေလာက္က ျဖစ္ၿပီး  ဦးပိုင္ကုမၸဏီကို ပထမဆုံး တည္ေထာင္ခဲ့တာပါ။ အခုဆိုလုပ္ငန္းေပါင္း ၁၂ဝ ေက်ာ္ရွိတယ္ ဆိုတဲ့သတင္းေတြ ထြက္ေနေပမဲ့ အတိအက် ထုတ္ေဖာ္ေၾကညာတာေတာ့ မရွိပါဘူး။

ဦးပိုင္တည္ေထာင္ၿပီး ၇ ႏွစ္အၾကာမွာ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ဆိုတာကို တပ္မေတာ္က တည္ေထာင္ပါတယ္။ MEC ေအာက္မွာ လုပ္ငန္းအမ်ားစုဟာ ကုန္ထုတ္လုပ္ေရးစက္႐ုံေတြျဖစ္ၿပီး စက္႐ုံေပါင္း ၂ဝေလာက္ပါတယ္လို႔ MEC ရဲ႕ဝက္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လ ၅ ရက္ေန႔ကေတာ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက ဖြဲ႕ထားတဲ့ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) က ထုတ္ျပန္တဲ့ ျမန္မာ့တပ္မေတာ္အက်ိဳးစီးပြား အစီရင္ခံစာမွာ... တပ္ပိုင္ စီးပြားေရးလုပ္ငန္းေတြနဲ႔ ျပည္တြင္းမွာ ဖက္စပ္လုပ္ကိုင္တဲ့ ႏိုင္ငံျခားကုမၸဏီ ၁၅ ခု၊ တျခားေသာ စီးပြားေရး ဆက္ဆံမႈေတြ ျပဳလုပ္တဲ့ ႏိုင္ငံျခားကုမၸဏီေပါင္း အနည္းဆုံး ၄၄ ခုေလာက္ ရွိၿပီး၊ စုစုေပါင္း ကုမၸဏီ ၅၉ ခုေလာက္ရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။ အဲ့ဒီကုမၸဏီေတြနဲ႔ အလုပ္မလုပ္ဖို႔လည္း တိုက္တြန္းထားပါတယ္။

အလားတူ ျပည္တြင္းမွာရွိတဲ့ တိုင္းရင္းသားအဖြဲ႕ေတြကပါ... စစ္တပ္ဟာ စီးပြားေရးလုပ္ငန္းက ရတဲ့ေငြေတြနဲ႔ လက္နက္ေတြဝယ္ယူတယ္ဆိုၿပီး စြပ္စြဲတာေတြလည္း ရွိေနပါတယ္။

ဒီေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက... တပ္မေတာ္က စီးပြားေရးလုပ္ငန္းေတြ လုပ္ေနတာဟာ တပ္ရဲ႕သက္သာေခ်ာင္ခ်ိေရးအတြက္ ျဖစ္ၿပီး၊ ဒီေငြေတြနဲ႔ လက္နက္ခဲယမ္းဝယ္တာ မရွိဘူးလို႔ ေျပာပါတယ္။ ဒီလုပ္ငန္းေတြဟာ တရားဝင္ကုမၸဏီေတြ ျဖစ္တဲ့အတြက္ ဒီကုမၸဏီေတြရဲ႕ ကုန္ထုတ္လုပ္မႈ စာရင္းဇယားေတြ၊ ခြဲေဝသုံးစြဲမႈေတြကို အခ်ိန္မေ႐ြးစစ္ေဆးႏိုင္တယ္လို႔ ဆိုပါတယ္။

တပ္မေတာ္ဘက္က အခ်ိန္မေ႐ြး စစ္ေဆးႏိုင္တယ္လို႔ ဆိုထားေပမဲ့ တကယ္တမ္းမွာေတာ့ တပ္မေတာ္ကို စစ္ေဆးအေရးယူခြင့္ မရွိပါဘူးလို႔ အရပ္ဘက္-စစ္ဘက္ဆက္ဆံေရးသုေတသီ ေဒါက္တာတင္ေမာင္သန္းက ေျပာပါတယ္။ တပ္မေတာ္အေနနဲ႔ လႊတ္ေတာ္ကို ပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ခံမႈ ေပးရမွာ ျဖစ္ေပမယ့္ ၂ဝဝ၈ ဖြဲ႕စည္းပုံအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရ  ဒီအခြင့္အေရးကို ေပးမထားသလို၊ တပ္မေတာ္ကို အကာအကြယ္ေပးဖို႔သာ ေရးဆြဲထားတယ္လို႔ ဦးတင္ေမာင္သန္းက ေျပာပါတယ္။ တပ္မေတာ္ဟာ ျပည္သူ႔ဘ႑ာေငြကို သုံးစြဲထားတဲ့အတြက္ ျပည္သူ႔ကိုယ္စားလွယ္ေတြရဲ႕ ေမးျမန္းခ်က္ေတြကို တာဝန္ခံေျဖၾကားဖို႔၊ ပြင့္လင္းျမင္သာမႈရွိရွိ တင္ျပရမယ့္ တာဝန္ရွိေပမယ့္ ဒီတာဝန္ပိုင္းကို တပ္မေတာ္ဘက္ ကာထားတယ္လို႔လည္း ဦးတင္ေမာင္သန္းက ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံအေျခစိုက္ နစ္ေကးသတင္းစာ ေဆာင္းပါးတစ္ပုဒ္မွာ ေရးသားခ်က္အရ... ဦးပိုင္ဟာ ျမန္မာႏိုင္ငံမွာ ေစ်းကြက္နဲ႔လုပ္ငန္းပိုင္းမွာ ၿပိဳင္မဲ့သူမရွိသေလာက္ လုပ္ငန္းနယ္ပယ္စုံမွာ လႊမ္းမိုးထားႏိုင္တယ္လို႔ ေဝဖန္ပါတယ္။  ဦးပိုင္ရဲ႕ အက်ိဳးအျမတ္ေတြကို စစ္ဗိုလ္ခ်ဳပ္ေတြက ခ်ဳပ္ကိုင္ထားသလို တပ္ေခါင္းေဆာင္ပိုင္းနဲ႔ နီးစပ္တဲ့ ခ႐ိုနီေတြဟာလည္း ဦးပိုင္နဲ႔ စီးပြားေရးလုပ္ၿပီး အက်ိဳးအျမတ္ေတြ ရေနၾကတယ္ဆိုတဲ့ ေဝဖန္သံေတြလည္း ၾကားရတယ္လို႔ ေဆာင္းပါးမွာ ေရးသားထားပါတယ္။

ျမန္မာ့တပ္မေတာ္အေနနဲ႔ ထိုင္းတပ္မေတာ္လို အေျပာင္းအလဲလုပ္ဖို႔ စီစဥ္လာႏိုင္ပါသလား ဆိုတဲ့အေပၚ အရပ္ဘက္-စစ္ဘက္ဆက္ဆံေရးသုေတသီ ေဒါက္တာတင္ေမာင္သန္းကို  RFA  က ေမးျမန္းရာမွာေတာ့... ျမန္မာ့တပ္မေတာ္အေနနဲ႔ အၾကပ္အတည္းတစ္ခု ႀကဳံလာတဲ့အခါမွသာ အေျပာင္းအလဲရွိလာဖို႔ ေမွ်ာ္လင့္ႏိုင္မယ္လို႔ ေဒါက္တာတင္ေမာင္သန္းက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲ ျဖစ္ဖို႔အတြက္ လႊတ္ေတာ္ထဲကေန ဖြဲ႕စည္းပုံအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ျပင္ဆင္တဲ့နည္းနဲ႔ ႀကိဳးပမ္းေနေပမယ့္၊ လက္ရွိ တပ္မေတာ္ဘက္က တုံ႔ျပန္ပုံ တုံ႔ျပန္နည္းေတြကို ေလ့လာမယ္ဆိုရင္ ဒီလမ္းေၾကာင္းကို တပ္မေတာ္က လိုက္ခ်င္တဲ့ပုံ မရွိေသးဘူးလို႔လည္း ေဒါက္တာတင္ေမာင္သန္းက မွတ္ခ်က္ခ်ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အရေး

ထိုင်းနိုင်ငံမှာ စစ်တပ်အရာရှိတစ်ဦးနဲ့ အခြားအဆင့်တစ်ဦးတို့  ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ပဋိပက္ခကြောင့် အရာရှိဖြစ်သူကို တပ်ကြပ်ကပစ်သတ်ပြီး မဆိုင်တွေကိုပါ ပစ်ခဲ့တဲ့အတွက် လူအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ စစ်တပ်ကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က သုံးသပ်ပြီး တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းလိုက်ပါတယ်။

စစ်တပ်က မကြာခဏ အာဏာသိမ်းလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်း စစ်တပ်ဟာ တခြား အရပ်ဘက် ဝန်ထမ်းတွေထက်အခွင့်အလမ်း ပိုပိုသာသာရှိနေပါတယ်။ စစ်တပ်ကလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့်ပါ။ ဒါပေမဲ့ တပ်ထဲမှာတော့ ဒီစီးပွားရေး လုပ်ငန်းတွေကြောင့် ပြဿနာတွေရှိနေတာကို မြင်တွေ့နေရပါတယ်။  ထိုင်းစစ်တပ်အတွင်း ရာထူးကြီးသူနဲ့ ရာထူးငယ်သူတွေကြား စီးပွားရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ အများကြီးရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလ ၈ ရက်နေ့ညက ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းတွင်တဲ့ ပစ်ခတ်မှုဟာ တပ်တွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေပါတယ်။ ထိုင်းကာကွယ်ရေးဦးစီးချုပ် အပီရတ်ခွန်ဆမ်ပွန်ကတော့... အရာရှိတစ်ယောက်ရဲ့ ငွေအလွဲသုံးစားလုပ်တာ ခံရတဲ့ တပ်ကြပ်က လူတွေကိုပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်ကိုအပြစ်မတင်ပါနဲ့၊ ပစ်တဲ့ စစ်သားကိုလည်း အပြစ်မတင်ပါနဲ့၊ ကျနော်ကိုသာ အပြစ်တင်ပါ။ ဝေဖန်တာတွေအားလုံး ကျနော်လက်ခံပါတယ်၊ ကျနော့်ကိုသာ အပြစ်တင်ကြပါ။ ကျနော်ဟာ တပ်ကိုခေါင်းဆောင်သူ ဖြစ်နေလို့ပါ" ... ဆိုပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ်က မျက်ရည်လယ်ရွဲနဲ့ ပြောသွားပါတယ်။

ထိုင်းစစ်တပ်အနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့စစ်တပ် ဖြစ်စေရပါမယ်လို့လည်း ကတိပြုသွားပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ထိုင်းစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်း ထိုင်းစစ်တပ်က ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးလိုက်တဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၄ဝ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်က စီးပွားရေးစတင်လုပ်တာဟာ ၁၉၉ဝ ပြည့်နှစ်လောက်က ဖြစ်ပြီး  ဦးပိုင်ကုမ္ပဏီကို ပထမဆုံး တည်ထောင်ခဲ့တာပါ။ အခုဆိုလုပ်ငန်းပေါင်း ၁၂ဝ ကျော်ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်နေပေမဲ့ အတိအကျ ထုတ်ဖော်ကြေညာတာတော့ မရှိပါဘူး။

ဦးပိုင်တည်ထောင်ပြီး ၇ နှစ်အကြာမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆိုတာကို တပ်မတော်က တည်ထောင်ပါတယ်။ MEC အောက်မှာ လုပ်ငန်းအများစုဟာ ကုန်ထုတ်လုပ်ရေးစက်ရုံတွေဖြစ်ပြီး စက်ရုံပေါင်း ၂ဝလောက်ပါတယ်လို့ MEC ရဲ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၅ ရက်နေ့ကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) က ထုတ်ပြန်တဲ့ မြန်မာ့တပ်မတော်အကျိုးစီးပွား အစီရင်ခံစာမှာ... တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းမှာ ဖက်စပ်လုပ်ကိုင်တဲ့ နိုင်ငံခြားကုမ္ပဏီ ၁၅ ခု၊ တခြားသော စီးပွားရေး ဆက်ဆံမှုတွေ ပြုလုပ်တဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး ၄၄ ခုလောက် ရှိပြီး၊ စုစုပေါင်း ကုမ္ပဏီ ၅၉ ခုလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီကုမ္ပဏီတွေနဲ့ အလုပ်မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အလားတူ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေကပါ... စစ်တပ်ဟာ စီးပွားရေးလုပ်ငန်းက ရတဲ့ငွေတွေနဲ့ လက်နက်တွေဝယ်ယူတယ်ဆိုပြီး စွပ်စွဲတာတွေလည်း ရှိနေပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက... တပ်မတော်က စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာဟာ တပ်ရဲ့သက်သာချောင်ချိရေးအတွက် ဖြစ်ပြီး၊ ဒီငွေတွေနဲ့ လက်နက်ခဲယမ်းဝယ်တာ မရှိဘူးလို့ ပြောပါတယ်။ ဒီလုပ်ငန်းတွေဟာ တရားဝင်ကုမ္ပဏီတွေ ဖြစ်တဲ့အတွက် ဒီကုမ္ပဏီတွေရဲ့ ကုန်ထုတ်လုပ်မှု စာရင်းဇယားတွေ၊ ခွဲဝေသုံးစွဲမှုတွေကို အချိန်မရွေးစစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်က အချိန်မရွေး စစ်ဆေးနိုင်တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်းမှာတော့ တပ်မတော်ကို စစ်ဆေးအရေးယူခွင့် မရှိပါဘူးလို့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသုတေသီ ဒေါက်တာတင်မောင်သန်းက ပြောပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော်ကို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ပေးရမှာ ဖြစ်ပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေအရ  ဒီအခွင့်အရေးကို ပေးမထားသလို၊ တပ်မတော်ကို အကာအကွယ်ပေးဖို့သာ ရေးဆွဲထားတယ်လို့ ဦးတင်မောင်သန်းက ပြောပါတယ်။ တပ်မတော်ဟာ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲထားတဲ့အတွက် ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို တာဝန်ခံဖြေကြားဖို့၊ ပွင့်လင်းမြင်သာမှုရှိရှိ တင်ပြရမယ့် တာဝန်ရှိပေမယ့် ဒီတာဝန်ပိုင်းကို တပ်မတော်ဘက် ကာထားတယ်လို့လည်း ဦးတင်မောင်သန်းက ပြောပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နစ်ကေးသတင်းစာ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားချက်အရ... ဦးပိုင်ဟာ မြန်မာနိုင်ငံမှာ ဈေးကွက်နဲ့လုပ်ငန်းပိုင်းမှာ ပြိုင်မဲ့သူမရှိသလောက် လုပ်ငန်းနယ်ပယ်စုံမှာ လွှမ်းမိုးထားနိုင်တယ်လို့ ဝေဖန်ပါတယ်။  ဦးပိုင်ရဲ့ အကျိုးအမြတ်တွေကို စစ်ဗိုလ်ချုပ်တွေက ချုပ်ကိုင်ထားသလို တပ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ ခရိုနီတွေဟာလည်း ဦးပိုင်နဲ့ စီးပွားရေးလုပ်ပြီး အကျိုးအမြတ်တွေ ရနေကြတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ကြားရတယ်လို့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ထိုင်းတပ်မတော်လို အပြောင်းအလဲလုပ်ဖို့ စီစဉ်လာနိုင်ပါသလား ဆိုတဲ့အပေါ် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသုတေသီ ဒေါက်တာတင်မောင်သန်းကို  RFA  က မေးမြန်းရာမှာတော့... မြန်မာ့တပ်မတော်အနေနဲ့ အကြပ်အတည်းတစ်ခု ကြုံလာတဲ့အခါမှသာ အပြောင်းအလဲရှိလာဖို့ မျှော်လင့်နိုင်မယ်လို့ ဒေါက်တာတင်မောင်သန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့အတွက် လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့နည်းနဲ့ ကြိုးပမ်းနေပေမယ့်၊ လက်ရှိ တပ်မတော်ဘက်က တုံ့ပြန်ပုံ တုံ့ပြန်နည်းတွေကို လေ့လာမယ်ဆိုရင် ဒီလမ်းကြောင်းကို တပ်မတော်က လိုက်ချင်တဲ့ပုံ မရှိသေးဘူးလို့လည်း ဒေါက်တာတင်မောင်သန်းက မှတ်ချက်ချပါတယ်။

RFA Burmese
https://www.rfa.org
တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြ အေရး တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြ အေရး Reviewed by THITHTOOLWIN on 00:16 Rating: 5
Powered by Blogger.