
(Zawgyi)⤵⤵⤵








--------------
(Unicode)⤵⤵⤵
မဲဆောက်မှ မြန်မာနိုင်ငံအတွင်းဝင်ရောက်သွားခဲ့တယ်လို့သံသယရှိတဲ့ လူသတ် တရားခံ လေးဦးကို ကူညီ ရှာဖွေဖမ်းဆီးပေးရန်ထိုင်း ဘက်မှ မြန်မာ အာဏာပိုင်များအား တောင်းဆို

Feb 28,2020

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ ပါဝင် ပါတ်သက်နေသူ တရုတ်နိုင်ငံသား (၄)ဦးဟာ တပ်ခရိုင် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ မြဝတီဘက် ဝင်ရောက်သွားတဲ့ အတွက် ကူးညီရှာဖွေေေ ပေးဖို့ အတွက် ထိုင်းနိုင်ငံ ဘက်ကမြန်မာနိုင်ငံဘက်ကို တောင်း ဆိုခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြ နေပါတယ်

CCTV မှတ်တမ်း အရ တရုတ်နိုင်ငံသား လေးဦးဟာ ပတ္တယား မြို့ဟိုတယ် ကနေ ဗင်ကားတစ်စီးဌားရမ်းကာ ကျောက်ဖယားမြစ် နဲ့ ကန်ဖန်ဖက် ခရိုင် မြစ်တွင်းမှာ လေးထောင်အိပ်ကြီးတွေကို ပစ်ချ ခဲ့ပြီး မဲဆောက်မြို့ကနေ မြန်မာနိုင်ငံအတွင်း ဝင်ရောက်သွားခဲ့တာလို့ ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။

ကမ်ဖယ်ဖက် ခရိုင် မဲနမ်းပင် မြစ်ထဲမှာ ပြစ်ချခဲ့တဲ့ အိပ်ထဲမှာတော့ တရုတ် နိုင်ငံသား Mr Jun Wang ကျွန်ဝမ် အသက် (၃၀) နှစ်ကို ကြိုးတုတ်ထားတဲ့ပုံစံနဲ့သေဆုံးနေတာကိုတွေ့ခဲ့ပြီး တခြားအိပ်သုံးလုံးကိုတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။

ထိုင်းလဝက မှတ်တမ်းအရ တရုတ်နိုင်ငံသား ကျွန်ဝမ်ဟာ ယခုလ ၁၂ရက်နေ့က တရုတ်နိုင်ငံသူ BIM ZHU ဆိုသူအမျိုးသမီးနဲ့ ထိုင်းနိုင်ငံသုဝဏဘုမိ လေဆိပ်ကနေ လေကြောင်း ခရီးနဲ့ ဝင်ရောက်လာခဲ့ကြတာလို့ဆိုပါတယ်

သူတို့နှစ်ဦးဟာ ပတ္တယားက တရုတ်နိုင်ငံသားတွေ အများဆုံးတည်းခိုနေတဲ့ နေရာမှာ ဌားရမ်မ်းနေထိုင်နေကြတာဖြစ်ပါတယ်။ သေဆုံးသူနဲ့ အတူပါတဲ့ အမျိုးသမီး လည်း ပျောက်ဆုံးနေပါတယ်။

သေဆုံးသူတည်းခိုနေတဲ့ နေရာကို တရုတ်နိုင်ငံသား သုံးဦးလာရောက် တည်းခိုခဲ့ကြပြီး ဗင်ကားတစ်စီးကို ထိုင်းမြန်မာနယ်စပ်ကို ပို့ဆောင်ပေးဘို့ ဌားရမ်းခဲ့ကြ ကြောင်း လက်ရှိမှာ ဗင်းကားမောင်းသူ ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။

ခုလို တရုတ်နိုင်ငံသားချင်း လူသတ်အစဖျောက် မှုခင်းတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ မကြာခဏ ဖြစ်ပွားနေတာပါ မှုခင်းအများစုဟာ ပြန်ပေးဆွဲငွေညစ် မှုနဲ့ စီးပွားရေး ပြိုင်ဘက်တွေကြားဖြစ်နေကြတဲ့ ပြသနာ တွေ ဖြစ်ကြတယ်လို့သိရပါတယ် ။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312/
မဲဆောက်မှ မြန်မာနိုင်ငံအတွင်းဝင်ရောက်သွားခဲ့တယ်လို့သံသယရှိတဲ့ လူသတ် တရားခံ လေးဦးကို ကူညီ ရှာဖွေဖမ်းဆီးပေးရန်ထိုင်း ဘက်မှ မြန်မာ အာဏာပိုင်များအား တောင်းဆို မဲဆောက်မှ မြန်မာနိုင်ငံအတွင်းဝင်ရောက်သွားခဲ့တယ်လို့သံသယရှိတဲ့ လူသတ် တရားခံ လေးဦးကို ကူညီ ရှာဖွေဖမ်းဆီးပေးရန်ထိုင်း ဘက်မှ မြန်မာ အာဏာပိုင်များအား တောင်းဆို Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.