ၿမိတ္တြင္ အမ်ိဳးသမီးတစ္ဦး ဓါးထိုးခံရၿပီး ေသဆုံး


(Zawgyi)⤵⤵⤵
ၿမိတ္ၿမိဳ႕၊ေရပုန္းနယ္ေျမ၊ ေအာင္ခ်မ္းသာရပ္တြင္ ေဖေဖၚဝါရီလ ၂၇ ရက္ေန႔၊ နံနက္ ၆ နာရီခြဲခန္႔က အမ်ိဳးသမီးတစ္ဦး ဓါးထိုးခံရၿပီးေသဆုံးသြားေၾကာင္းသိရပါတယ္။

ေအာင္ခ်မ္းသာရပ္ ၂ လမ္းမွာေနထိုင္တဲ့ ေက်ာ္ဆန္း(ခ)ကုလားရဲ႕ဇနီးျဖစ္သူ မတင္ခ်ိဳအား ညီမေတာ္စပ္သူ မေအးေအးစန္း(ခ)ကင္းငယ္မွ ေနအိမ္မွာ လာေရာက္ေခၚေဆာင္တာကို မေက်နပ္တာေၾကာင့္ ေဒါသအေလွ်ာက္လူသတ္မႈက်ဴးလြန္ခဲ့တာပါ။

ေအာက္ေရပုန္းအဏၰဝါရပ္ကြက္မွာေနတဲ့ မေအးေအးစန္း(ခ)ကင္းငယ္ မွ ေရပုန္းေစ်းအတြင္းၾကက္သားေရာင္းရန္အတြက္ အစ္မေတာ္စပ္သူ မတင္ခ်ိဳ ကို ေနအိမ္တြင္သြားေရာက္ေခၚယူစဥ္ မတင္ခ်ိဳရဲ႕ခင္ပြန္းျဖစ္သူ ေက်ာ္ဆန္းမွ ၾကက္သားေရာင္း/ဝယ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေက်နပ္မႈမရွိတာေၾကာင့္ မေအးေအးစန္း အား ဓါးျဖင့္ထိုးခဲ့ေၾကာင္းသိရပါတယ္။

ဓါးထိုးမႈေၾကာင့္ မေအးေအးစန္းတြင္ ဝဲဘက္လက္ေမာင္း ႏွင့္ ရင္အုံနံေဘး ထိုးသြင္းဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္တဲ့ေနရာမွာေသဆုံးသြားေၾကာင္းသိရပါတယ္။

လူသတ္မႈက်ဴးလြန္သူ ေက်ာ္ဆန္း(ခ)ကုလား ကို ၿမိတ္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အေရးယူထားေၾကာင္းသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)
https://www.facebook.com/Myat-Htut-Myeik-222869948053294/
-------------
(Unicode)⤵⤵⤵
မြိတ်တွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံး

မြိတ်မြို့၊ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီးသေဆုံးသွားကြောင်းသိရပါတယ်။

အောင်ချမ်းသာရပ် ၂ လမ်းမှာနေထိုင်တဲ့ ကျော်ဆန်း(ခ)ကုလားရဲ့ဇနီးဖြစ်သူ မတင်ချိုအား ညီမတော်စပ်သူ မအေးအေးစန်း(ခ)ကင်းငယ်မှ နေအိမ်မှာ လာရောက်ခေါ်ဆောင်တာကို မကျေနပ်တာကြောင့် ဒေါသအလျှောက်လူသတ်မှုကျူးလွန်ခဲ့တာပါ။

အောက်ရေပုန်းအဏ္ဏဝါရပ်ကွက်မှာနေတဲ့ မအေးအေးစန်း(ခ)ကင်းငယ် မှ ရေပုန်းဈေးအတွင်းကြက်သားရောင်းရန်အတွက် အစ်မတော်စပ်သူ မတင်ချို ကို နေအိမ်တွင်သွားရောက်ခေါ်ယူစဉ် မတင်ချိုရဲ့ခင်ပွန်းဖြစ်သူ ကျော်ဆန်းမှ ကြက်သားရောင်း/ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတာကြောင့် မအေးအေးစန်း အား ဓါးဖြင့်ထိုးခဲ့ကြောင်းသိရပါတယ်။

ဓါးထိုးမှုကြောင့် မအေးအေးစန်းတွင် ဝဲဘက်လက်မောင်း နှင့် ရင်အုံနံဘေး ထိုးသွင်းဒဏ်ရာများရရှိပြီး အခင်းဖြစ်တဲ့နေရာမှာသေဆုံးသွားကြောင်းသိရပါတယ်။

လူသတ်မှုကျူးလွန်သူ ကျော်ဆန်း(ခ)ကုလား ကို မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/
ၿမိတ္တြင္ အမ်ိဳးသမီးတစ္ဦး ဓါးထိုးခံရၿပီး ေသဆုံး ၿမိတ္တြင္ အမ်ိဳးသမီးတစ္ဦး ဓါးထိုးခံရၿပီး ေသဆုံး Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.