ကို႐ိုနာေၾကာင့္ ေတာင္ကိုရီးယားက ျမန္မာေတြ ေနရပ္ျပန္တာမ်ား


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံမွာ စိုးရိမ္မႈအျမင့္ဆုံး အနီေရာင္အဆင့္ကို သတ္မွတ္ၿပီးတဲ့ ေနာက္ပိုင္း ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္တာ ပိုမ်ားလာေနတယ္လို႔ ျမန္မာသံ႐ုံးက ေျပာလိုက္ပါတယ္။ ေဒသတြင္းႏိုင္ငံတခ်ိဳ႕မွာ ေတာင္ကိုရီးယားႏိုင္ငံသားေတြကို ဗီဇာပိတ္ပင္တာေတြ စတင္လုပ္ေဆာင္လာေပမဲ့ ျမန္မာႏိုင္ငံကေတာ့ မရွိေသးလို႔ ဆိုပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံတဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၃ ဦးနဲ႔ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၃၀၀ ေက်ာ္သြားပါၿပီ။ ေစာင့္ၾကည့္ခံေနရသူကေတာ့ ၃ ေသာင္းေက်ာ္ရွိပါတယ္။ ေတာင္ကိုရီးယားအစိုးရက ဒီလထဲမွာပဲ ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ စိုးရိမ္မႈ အျမင့္ဆုံးအနီေရာင္အဆင့္ကို သတ္မွတ္ခဲ့တာပါ။ ဒီလိုသတ္မွတ္ၿပီးတဲ့ေနာက္ပိုင္းမွာ ေတာင္ကိုရီးယားေရာက္ ျမန္မာအလုပ္သမားေတြဟာ စာခ်ဳပ္သက္တမ္းမျပည့္ေသးဘဲ ေနရပ္ျပန္တာေတြ သိသိသာသာ မ်ားလာတယ္လို႔ ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က ေျပာပါတယ္။

“ၿပီးခဲ့တဲ့လေတြတုန္းကဆိုရင္ေတာ့ ပ်မ္းမွ်အားျဖင့္ေပါ့ေနာ္။ တစ္လ ႏွစ္ႀကိမ္ အေၾကာင္းၾကားတဲ့အခါမွာ လူ ၁၀၀ နဲ႔ ၁၅၀ ၾကား ႏွစ္ပတ္ တစ္ႀကိမ္ကို အဲ့ေလာက္ပဲရွိတယ္။ အခု ေဖေဖာ္ဝါရီလ တတိယပတ္နဲ႔ စတုတၳပတ္ေပါ့ေနာ္ က်ေနာ့္ဆီ ျပန္မယ္လို႔ အေၾကာင္းၾကားလာတာကေတာ့ ၁၅၀ ေက်ာ္ ၂၀၀ ေလာက္အထိ တက္သြားတာရွိတယ္။ အဲ့ဒါ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ အၿပီးျပန္အေၾကာင္းၾကားစာမွာ ၾကည့္တဲ့အခါ စာခ်ဳပ္သက္တမ္းက ၄ လပိုင္း ၅ လပိုင္းမွ ျပည့္မယ္ေပါ့ေနာ္။ ဒါေပမဲ့ သူတို႔က တစ္လ ႏွစ္လေလာက္ ေစာျပန္သြားတာမ်ိဳးေတြရွိတယ္။ အဲ့ဒါေၾကာင့္မို႔ ဒီဘက္ပိုင္းမွာ ျပန္တဲ့သူပိုမ်ားတယ္ က်ေနာ့္ဆီ အၿပီးျပန္စာရင္းပို႔တဲ့အထဲမွာေတာ့ေလ”

ေတာင္ကိုရီးယားႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၂၃၀၀ ထဲက ၂၀၀၀ နီးပါးဟာ ေဒဂူးၿမိဳ႕က ျဖစ္ပါတယ္။ အခုအခ်ိန္ထိေတာ့ ျမန္မာအလုပ္သမားေတြၾကားမွာ ဒီဗိုင္းရပ္စ္ကူးစက္ခံရသူ မရွိေသးပါဘူး။ ေဒဂူးၿမိဳ႕ထဲမွာေတာ့ လူသြားလူလာ မရွိသေလာက္ ေျခာက္ကပ္ေနေပမဲ့ စက္႐ုံအလုပ္႐ုံေတြကေတာ့ လည္ပတ္ေနဆဲလို႔ ေဒဂူးၿမိဳ႕က မလွယမင္းအိမ္က ေျပာပါတယ္။

“ကိုရီးယားမွာ ျမန္မာအမ်ားစုက လုပ္သားေတြဆိုေတာ့ အခုထိေတာ့ စက္႐ုံေတြက မပိတ္ေသးဘူးအမ။ လမ္းမွာ စားေသာက္ဆိုင္ေတြ ပိတ္လိုက္ေတာ့ ညီမသူငယ္ခ်င္းေက်ာင္းသူေတြဆိုရင္ စားေသာက္ဆိုင္တို႔ ဘာတို႔မွာ အခ်ိန္ပိုင္းလုပ္ရတာကိုး။ စားေသာက္ဆိုင္ေတြ ပိတ္လိုက္ေတာ့ သူတို႔လည္း အခ်ိန္ပိုင္း အလုပ္မရွိေတာ့ဘူးေပါ့ေနာ္။ ေက်ာင္းသားေက်ာင္းသူေတြ အခ်ိန္ပိုင္းအလုပ္မရွိေတာ့တာကလြဲလို႔ တျခားလုပ္သားေတြကေတာ့ အဆင္ေျပပါေသးတယ္။ ေတာင္ကိုရီးယားအစိုးရက စက္႐ုံအလုပ္႐ုံေတြ လုံး၀ ပိတ္ခြင့္မေပးဘူး”

ေတာင္ကိုရီးယားႏိုင္ငံမွာ တရားဝင္ ျမန္မာအလုပ္သမားအေရအတြက္ သုံးေသာင္းခြဲေက်ာ္လို႔လည္း အလုပ္သမားသံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က ေျပာပါတယ္။ တရားမဝင္ အလုပ္သမားစာရင္းနဲ႔ ေပါင္းမယ္ဆိုရင္ေတာ့ ခန႔္မွန္းေခ် ငါးေသာင္းဝန္းက်င္ ရွိႏိုင္တယ္လို႔လည္း အလုပ္သမားအေရး ကူညီေပးေနသူေတြက ေျပာပါတယ္။ ေဒဂူးၿမိဳ႕မွာဆိုရင္ မလွယမင္းအိမ္ အပါအဝင္ ျမန္မာႏိုင္ငံသား ေတာ္ေတာ္မ်ားမ်ားဟာ အိမ္ျပင္ သိပ္မထြက္ၾကေတာ့ဘူးလို႔ ဆိုပါတယ္။

“ကို႐ိုနာစျဖစ္ကတည္းက အိမ္ထဲကအိမ္ျပင္မထြက္တာ ႏွစ္ပတ္ သုံးပတ္ေလာက္ရွိၿပီ။ အျပင္မွာဆိုရင္ ႏွာေခါင္းစည္းမပါတဲ့သူ ဘယ္သူမွမရွိေတာ့ဘူး။ အခုဆိုရင္ ဝတ္စုံအျပည့္ ဝတ္တဲ့သူေတြေတာင္ရွိတယ္။ မ်က္ႏွာအရွည္ႀကီးတခုလုံး ကာထားတယ္။ အဲ့လိုမ်ိဳးေပါ့။ ဒီကူးစက္ေရာဂါကို ေသခ်ာကာကြယ္ဖို႔အတြက္ ဝတ္ၿပီးေတာ့မွ သြားလာေနတဲ့သူေတြေတာင္ ရွိတယ္။ ဒါေပမဲ့ လမ္းမေပၚမွာက လူကို မရွိေတာ့တာ။ ကားေတြနဲ႔ ပစၥည္းလိုက္ပို႔ေပးရတဲ့ ဆိုင္ကယ္ေတြရွိမယ္။ ေဈးဝယ္ေတြက်ျပန္ေတာ့လည္း ဒီမွာ အင္တာနက္အြန္လိုင္းကေနပဲ မွာက်ေတာ့ေလ လူေတြက အျပင္မထြက္ၾကဘူး”

ဂ်ပန္ႏိုင္ငံမွာေတာ့ က်န္းမာေရးအေရးေပၚအေျခအေန ေၾကညာထားပါၿပီ။ ဗီယက္နမ္ႏိုင္ငံကလည္း ေတာင္ကိုရီးယားႏိုင္ငံသားေတြကို ဗီဇာပိတ္ပင္ေၾကာင္း ဒီကေန႔ပဲ ေၾကညာခဲ့ပါတယ္။ တျခားႏိုင္ငံသားေတြဆိုလည္း ေတာင္ကိုရီးယားႏိုင္ငံသြားေရာက္ခဲ့တယ္ဆိုရင္ ၁၄ ရက္ေစာင့္ၾကည့္ၿပီးမွ ျပည္ဝင္ခြင့္ေပးမယ္လို႔ ေၾကညာထားတာပါ။ ျမန္မာအစိုးရကေတာ့ ေလာေလာဆယ္ ေတာင္ကိုရီးယားႏိုင္ငံသားေတြကို ဗီဇာပိတ္ပင္တာ၊ ကိုရီးယားေလေၾကာင္းလိုင္းေတြကို ယာယီရပ္ဆိုင္းတာေတြ လုပ္ဖို႔ မရွိေသးဘူးလို႔လည္း ဆိုးလ္မွာရွိတဲ့ ျမန္မာသံ႐ုံးက RFA ကို ေျပာပါတယ္။ ျမန္မာႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနကေတာ့ - ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး - မျဖစ္မေန တိုင္ၾကားအသိေပးရမယ့္ ကူးစက္ေရာဂါအျဖစ္ ေဖေဖာ္ဝါရီ ၂၈ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် တောင်ကိုရီးယားက မြန်မာတွေ နေရပ်ပြန်တာများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ စိုးရိမ်မှုအမြင့်ဆုံး အနီရောင်အဆင့်ကို သတ်မှတ်ပြီးတဲ့ နောက်ပိုင်း မြန်မာအလုပ်သမားတွေ နေရပ်ပြန်တာ ပိုများလာနေတယ်လို့ မြန်မာသံရုံးက ပြောလိုက်ပါတယ်။ ဒေသတွင်းနိုင်ငံတချို့မှာ တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာပိတ်ပင်တာတွေ စတင်လုပ်ဆောင်လာပေမဲ့ မြန်မာနိုင်ငံကတော့ မရှိသေးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃ ဦးနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၀၀ ကျော်သွားပါပြီ။ စောင့်ကြည့်ခံနေရသူကတော့ ၃ သောင်းကျော်ရှိပါတယ်။ တောင်ကိုရီးယားအစိုးရက ဒီလထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်မှု အမြင့်ဆုံးအနီရောင်အဆင့်ကို သတ်မှတ်ခဲ့တာပါ။ ဒီလိုသတ်မှတ်ပြီးတဲ့နောက်ပိုင်းမှာ တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားတွေဟာ စာချုပ်သက်တမ်းမပြည့်သေးဘဲ နေရပ်ပြန်တာတွေ သိသိသာသာ များလာတယ်လို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။

“ပြီးခဲ့တဲ့လတွေတုန်းကဆိုရင်တော့ ပျမ်းမျှအားဖြင့်ပေါ့နော်။ တစ်လ နှစ်ကြိမ် အကြောင်းကြားတဲ့အခါမှာ လူ ၁၀၀ နဲ့ ၁၅၀ ကြား နှစ်ပတ် တစ်ကြိမ်ကို အဲ့လောက်ပဲရှိတယ်။ အခု ဖေဖော်ဝါရီလ တတိယပတ်နဲ့ စတုတ္ထပတ်ပေါ့နော် ကျနော့်ဆီ ပြန်မယ်လို့ အကြောင်းကြားလာတာကတော့ ၁၅၀ ကျော် ၂၀၀ လောက်အထိ တက်သွားတာရှိတယ်။ အဲ့ဒါ ဘာကြောင့်လဲဆိုတော့ သူတို့ အပြီးပြန်အကြောင်းကြားစာမှာ ကြည့်တဲ့အခါ စာချုပ်သက်တမ်းက ၄ လပိုင်း ၅ လပိုင်းမှ ပြည့်မယ်ပေါ့နော်။ ဒါပေမဲ့ သူတို့က တစ်လ နှစ်လလောက် စောပြန်သွားတာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့်မို့ ဒီဘက်ပိုင်းမှာ ပြန်တဲ့သူပိုများတယ် ကျနော့်ဆီ အပြီးပြန်စာရင်းပို့တဲ့အထဲမှာတော့လေ”

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၃၀၀ ထဲက ၂၀၀၀ နီးပါးဟာ ဒေဂူးမြို့က ဖြစ်ပါတယ်။ အခုအချိန်ထိတော့ မြန်မာအလုပ်သမားတွေကြားမှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိသေးပါဘူး။ ဒေဂူးမြို့ထဲမှာတော့ လူသွားလူလာ မရှိသလောက် ခြောက်ကပ်နေပေမဲ့ စက်ရုံအလုပ်ရုံတွေကတော့ လည်ပတ်နေဆဲလို့ ဒေဂူးမြို့က မလှယမင်းအိမ်က ပြောပါတယ်။

“ကိုရီးယားမှာ မြန်မာအများစုက လုပ်သားတွေဆိုတော့ အခုထိတော့ စက်ရုံတွေက မပိတ်သေးဘူးအမ။ လမ်းမှာ စားသောက်ဆိုင်တွေ ပိတ်လိုက်တော့ ညီမသူငယ်ချင်းကျောင်းသူတွေဆိုရင် စားသောက်ဆိုင်တို့ ဘာတို့မှာ အချိန်ပိုင်းလုပ်ရတာကိုး။ စားသောက်ဆိုင်တွေ ပိတ်လိုက်တော့ သူတို့လည်း အချိန်ပိုင်း အလုပ်မရှိတော့ဘူးပေါ့နော်။ ကျောင်းသားကျောင်းသူတွေ အချိန်ပိုင်းအလုပ်မရှိတော့တာကလွဲလို့ တခြားလုပ်သားတွေကတော့ အဆင်ပြေပါသေးတယ်။ တောင်ကိုရီးယားအစိုးရက စက်ရုံအလုပ်ရုံတွေ လုံး၀ ပိတ်ခွင့်မပေးဘူး”

တောင်ကိုရီးယားနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမားအရေအတွက် သုံးသောင်းခွဲကျော်လို့လည်း အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။ တရားမဝင် အလုပ်သမားစာရင်းနဲ့ ပေါင်းမယ်ဆိုရင်တော့ ခန့်မှန်းချေ ငါးသောင်းဝန်းကျင် ရှိနိုင်တယ်လို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ဒေဂူးမြို့မှာဆိုရင် မလှယမင်းအိမ် အပါအဝင် မြန်မာနိုင်ငံသား တော်တော်များများဟာ အိမ်ပြင် သိပ်မထွက်ကြတော့ဘူးလို့ ဆိုပါတယ်။

“ကိုရိုနာစဖြစ်ကတည်းက အိမ်ထဲကအိမ်ပြင်မထွက်တာ နှစ်ပတ် သုံးပတ်လောက်ရှိပြီ။ အပြင်မှာဆိုရင် နှာခေါင်းစည်းမပါတဲ့သူ ဘယ်သူမှမရှိတော့ဘူး။ အခုဆိုရင် ဝတ်စုံအပြည့် ဝတ်တဲ့သူတွေတောင်ရှိတယ်။ မျက်နှာအရှည်ကြီးတခုလုံး ကာထားတယ်။ အဲ့လိုမျိုးပေါ့။ ဒီကူးစက်ရောဂါကို သေချာကာကွယ်ဖို့အတွက် ဝတ်ပြီးတော့မှ သွားလာနေတဲ့သူတွေတောင် ရှိတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာက လူကို မရှိတော့တာ။ ကားတွေနဲ့ ပစ္စည်းလိုက်ပို့ပေးရတဲ့ ဆိုင်ကယ်တွေရှိမယ်။ ဈေးဝယ်တွေကျပြန်တော့လည်း ဒီမှာ အင်တာနက်အွန်လိုင်းကနေပဲ မှာကျတော့လေ လူတွေက အပြင်မထွက်ကြဘူး”

ဂျပန်နိုင်ငံမှာတော့ ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာထားပါပြီ။ ဗီယက်နမ်နိုင်ငံကလည်း တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာပိတ်ပင်ကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။ တခြားနိုင်ငံသားတွေဆိုလည်း တောင်ကိုရီးယားနိုင်ငံသွားရောက်ခဲ့တယ်ဆိုရင် ၁၄ ရက်စောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပေးမယ်လို့ ကြေညာထားတာပါ။ မြန်မာအစိုးရကတော့ လောလောဆယ် တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာပိတ်ပင်တာ၊ ကိုရီးယားလေကြောင်းလိုင်းတွေကို ယာယီရပ်ဆိုင်းတာတွေ လုပ်ဖို့ မရှိသေးဘူးလို့လည်း ဆိုးလ်မှာရှိတဲ့ မြန်မာသံရုံးက RFA ကို ပြောပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကတော့ - ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး - မဖြစ်မနေ တိုင်ကြားအသိပေးရမယ့် ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာေၾကာင့္ ေတာင္ကိုရီးယားက ျမန္မာေတြ ေနရပ္ျပန္တာမ်ား ကို႐ိုနာေၾကာင့္ ေတာင္ကိုရီးယားက ျမန္မာေတြ ေနရပ္ျပန္တာမ်ား Reviewed by THITHTOOLWIN on 00:47 Rating: 5
Powered by Blogger.