ႏိုင္လြတ္လံုဥပေဒကို ျပင္မလား ျပန္ေရးမလား


(Zawgyi/Unicode)

ႏိုင္လြတ္လုံဥပေဒ လို႔ အမ်ား ေခၚဆိုေနၾကတဲ့ - ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ေပးေရးဥပေဒ- ကို ျပင္ဆင္မယ့္ ဥပေဒၾကမ္းတရပ္ကို ျပည္သူ႔လႊတ္ေတာ္ မွာတင္ျပဖို႔စီစဥ္ေနတယ္လို႔ တရားစီရင္ေရးနဲ႔ ဥပေဒေရးရာ ေကာ္မတီက ေျပာပါတယ္။ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ ဘက္ကေတာ့ ဒီဥပေဒကိုျပင္ဆင္ ဖို႔ထက္ အသစ္ေရးဆြဲလိုၾကပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗြီအိုေအ သတင္းေထာက္ေမခက ေပးပို႔ထားပါတယ္။

ဒီဥပေဒ ကို ၂ဝ၁၇ ခုႏွစ္ မတ္လမွာ အတည္ျပဳျပဌာန္းခဲ့တာျဖစ္ပါတယ္။ အခန္း ၆ ခန္းနဲ႔ ပုဒ္မ ၁၃ ခု သာ ပါဝင္တဲ့ ဒီဥပေဒမွာ ျပ႒ာန္းထားတဲ့ ျပစ္ဒဏ္ေတြက အနည္းဆုံး ေထာင္ဒဏ္ ေျခာက္လမွ အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္အထိ က်ခံရမယ့္္အျပင္ အနည္းဆုံးဒဏ္ေငြ သုံးသိန္းမွ အမ်ားဆုံးဒဏ္ေငြ ၁၅ သိန္း အထိ ခ်မွတ္ႏိုင္ဖို႔ ေဖာ္ျပထားတာပါ။

ႏိုင္လြတ္လံု ဥပေဒ ပံုဖ်က္ ခံေနရျပီလားဆိုတဲ့သတင္း ကို ဖတ္ရႈႏိုင္ပါၿပီ။

“ႏိုင္လြတ္လုံ” ဆိုၿပီး လူသိမ်ားတဲ့ ဒီဥပေဒဟာ ႏိုင္ငံသားေတြကို အကာအကြယ္ေပးဖို႔ ဆိုတာထက္၊ ႏိုင္ငံသား အခ်င္းခ်င္းၾကားမွာ အျမင္မတူသူေတြကို အလြယ္တကူ တရားစြဲလို႔ရတဲ့ ဥပေဒတခု ျဖစ္လာေနတယ္ လို႔ ေဝဖန္မႈေတြ ရွိေနပါတယ္။ ဒီလို အေဝဖန္ခံေနရတဲ့ အတိုင္း ခ်ိဳ႕ယြင္းခ်က္ ေတြ ရွိေနတဲ့ ဒီဥပေဒကို ျပင္ဆင္ဖို႔ အတြက္ လုပ္ေဆာင္ တာျဖစ္ေၾကာင္း တရားစီရင္ေရးနဲ႔ ဥပေဒေရးရာ ေကာ္မတီ ဥကၠဌ ဦးတင္ေထြးက အခုလိုေျပာျပပါတယ္။

“ေနာက္ပိုင္းက်ေတာ့ ပုဂၢိဳလ္ေရးဆိုင္ရာ မေက်နပ္ေတြနဲ႔ပတ္သတ္ၿပီး တအား တရားစြဲလာ။ က်ေနာ္ကို မေက်နပ္ရင္ က်ေနာ္က ဘာလုပ္တယ္ ညာလုပ္တယ္နဲ႔ ရာဇသတ္ႀကီး ပုဒ္မ ၅၀၀ ေပၚ ကို အေျခခံၿပီး တရားစြဲေတာ့ အာမခံ မရတာေတြ ျဖစ္လာ။ ဘာလို႔မရလဲ ဆိုေတာ့ အနည္းဆုံး ဘယ္ေလာက္ ကေန ဘယ္ေလာက္ ဆိုတာ ပါမလာဘူး။ အဲဒါေတြကို ရာဇသတ္ႀကီး ပုဒ္မနဲ႔ ၾကည့္တဲ့အခါက်ေတာ့အာမခံေပး မရေတာ့ တခ်ိဳ႕ ပုဂၢိဳလ္ေတြ သိပ္ အသုံးမ်ား လာ ၾကတယ္။ အဲဒါေတြကို ျပင္တာပါ”

လက္ရွိခ်ိန္ထိ ဘယ္ပုဒ္မေတြကို ဘယ္လိုျပင္မလဲဆိုတာကိုေတာ့ သူက တိတိက်က် ထုတ္မေျပာပါဘူး။

စစ္အစိုးရလက္ထက္ကလို ႏိုင္ငံသားေတြ ေနာက္ေယာင္ခံ ေစာင့္ၾကည့္ခံရတာ၊ ဖုန္းဆက္သြယ္မႈ ၾကားျဖတ္ နားေထာင္ခံရတာ စတဲ့ ပုဂၢိဳလ္ေရးလြတ္လပ္ခြင့္ကို ထိပါးခံရမႈ ေတြကေန အကာကြယ္ေပးဖို႔ ရည္႐ြယ္ၿပီး ဒီဥပေဒကို ျပ႒ာန္းခဲ့တာလို႔ ဥပေဒျပ႒ာန္းခ်ိန္က လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာၾကပါတယ္။ ဒါေပမဲ့ ဒီ ဥပေဒ စတင္ျပ႒ာန္းခ်ိန္ ကစလို႔ တလြဲ အသုံးခ်ေနမႈ မ်ားေၾကာင့္ နာမည္ဆိုးနဲ႔သာ ေက်ာ္ၾကားခဲ့ရတဲ့ ဥပေဒ တစ္ခု ျဖစ္လာခဲ့တာပါ။ ဒါကို ျပင္ဆင္ဖို႔ တက္ႂကြလႈပ္ရွား ေတြနဲ႔ အရပ္ဘက္အဖြဲ႕ မ်ားက အခ်ိန္ အေတာ္ၾကာ ကတည္းက ေတာင္းဆို ေနတာလည္း ျဖစ္ပါတယ္။

ဒီဥပေဒကို လက္ေတြ႕က်င့္သုံးတဲ့အခါမွာ ျပည္သူကို အကာအကြယ္ေပးတဲ့ ဥပေဒမဟုတ္ပဲ ျပည္သူကို ဒုကၡေပးတဲ့ ဥပေဒအျဖစ္ ေတြ႕ေနရတယ္လို႔ ေရွ႕ေန ဦးႀကီးျမင့္က ေျပာပါတယ္။

“တခ်က္ကေတာ့ အာမခံေပးတဲ့ ပုဒ္မျဖစ္သင့္ပါတယ္ အဲဒီလို အာမခံမေပးတဲ့အတြက္ေၾကာင့္ သေဘာက်ၿပီးေတာ့ တရားလိုလုပ္သူက အဲဒါကို တမင္ေရြးၿပီးေတာ့ တရားစြဲတာေတြ႔ရတယ္။ တလြဲသံုးေနတာကို တည့္ေအာင္ျပန္လုပ္ေပးသင့္တယ္လို႔ က်ေနာ္ကေတာ့ အဲလိုအၾကံေပးခ်င္ပါတယ္။ အခုကေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ဒုကၡေရာက္ေနပါတယ္။”

လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ ဒီဥပေဒကိုျပင္ဆင္ ဖို႔ထက္ အသစ္ေရးဆြဲလိုၾကပါတယ္။ ဒီထဲမွာ အသံအဖြဲ႕က ေမာင္ေဆာင္းခ လည္း ပါပါတယ္။

“ အေရးႀကီးဆံုးကေတာ့ ပံုမွန္ “ႏိုင္လြတ္လုံ”ဥပေဒကေတာ့ တခုလံုးကို ျပင္ဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ “ႏိုင္လြတ္လုံ”လို႔ေျပာထားၿပီးေတာ့ ႏိုင္ငံသားေတြရဲ႕ လြတ္လပ္ခြင့္ရဲ႕ လံုၿခံဳမႈေတြကို အဓိက ကာကြယ္ေပးႏိုင္တဲ့အခ်က္ေတြ ပါတယ္လို႔ ထင္ရေပမယ့္ ဥပေဒေၾကာင္းအရ ျပည့္စံုတဲ့အေျခအေနမွာ မရွိေနဘူး။ သို႔ေသာ္ လက္တေလာျပင္မယ္ဆိုရင္ ခုနေျပာတဲ့ ပုဒ္မ ၈(စ) ဆိုတာကို မျဖစ္မေနျပင္ဖို႔လိုတယ္။ အမွန္တကယ္ ပထမဦးဆံုး ဦးစားေပးရမွာက “ႏိုင္လြတ္လုံ” တခုလံုးကို အကုန္လံုးျပင္ၿပီးမွ ရမွာ ဘာလို႔လဲဆိုေတာ့ သူတို႔ေရးထားတဲ့ဥပေဒက ၈ မ်က္ႏွာေလာက္ပဲရွိတယ္ တကယ္က။ တကယ့္ privacy တို႔ security တို႔ကို စဥ္းစားတဲ့အခါမွာ အဲဒီေလာက္ေလးနဲ႔ ေယဘုယ်လုပ္လုိ႔မရဘူး ေနာက္တခုက က်ေနာ္တို႔ ေလ့လာမႈအရဆိုရင္ အဲဒီဟာကို implement လုပ္တဲ့ ရဲတပ္ဖြဲ႔ကလည္း ဒါကို ဘယ္လိုကိုင္တြယ္ရမွန္းကို လံုး၀နားလည္ေနတာမရွိဘူး။”

ပုဒ္မ ၈(စ) အရ ႏိုင္ငံသားတဦးက သူ ကိုယ္တိုင္ ျဖစ္ျဖစ္ သူ႔မိသားစုကို ျဖစ္ျဖစ္ တဘက္လူက ဂုဏ္သိကၡာ ညႇိဳးႏႊမ္းေအာင္ လုပ္ေဆာင္တယ္လို႔ ယူဆရင္ အေရးယူႏိုင္ တယ္လို႔ ေဖာ္ျပထားတဲ့ ပုဒ္မ တခု ျဖစ္ၿပီး ဒီပုဒ္မနဲ႔ ပတ္သက္ၿပီး တိက်တဲ့ သတ္မွတ္ ေဖၚျပခ်က္ မရွိတဲ့အတြက္ တလြဲ အသုံးခ်မႈေတြ ရွိလာ ေနတာပါ။

လက္ရွိမွာ အစိုးရ၊ တပ္မေတာ္၊ အာဏာရပါတီဝင္မ်ားနဲ႔ ေဒသႏၲရ အုပ္ခ်ဳပ္ေရးပိုင္းက ပုဂၢိဳလ္ေတြက သူတို႔ ကို ေဝဖန္လာသူေတြကို ဂုဏ္သိကၡာ ညႇိဳးႏြမ္းေအာင္ လုပ္ေဆာင္တယ္လို႔ ေခါင္းစဥ္တပ္ၿပီး ဒီဥပေဒကို အသုံးျပဳ တရားစြဲဆို လာၾကရာကေန ဒီဥပေဒဟာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားလာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဥပေဒကို ျပ႒ာန္းခဲ့ခ်ိန္ ၂ ႏွစ္ေလာက္ ရွိလာၿပီျဖစ္ေပမယ့္ အခုခ်ိန္အထိ နည္းဥပေဒ ထြက္မလာႏိုင္ေသးတာေၾကာင့္ လိုသလို ပုံေဖာ္မႈေတြ ေတြ႕လာရတာလည္း ျဖစ္ပါတယ္။

................

နိုင်လွတ်လုံဥပဒေကို ပြင်မလား ပြန်ရေးမလား

(Unicode)

နိုင်လွတ်လုံဥပဒေ လို့ အများ ခေါ်ဆိုနေကြတဲ့ - နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ- ကို ပြင်ဆင်မယ့် ဥပဒေကြမ်းတရပ်ကို ပြည်သူ့လွှတ်တော် မှာတင်ပြဖို့စီစဉ်နေတယ်လို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီက ပြောပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဘက်ကတော့ ဒီဥပဒေကိုပြင်ဆင် ဖို့ထက် အသစ်ရေးဆွဲလိုကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ထားပါတယ်။

ဒီဥပဒေ ကို ၂ဝ၁၇ ခုနှစ် မတ်လမှာ အတည်ပြုပြဌာန်းခဲ့တာဖြစ်ပါတယ်။ အခန်း ၆ ခန်းနဲ့ ပုဒ်မ ၁၃ ခု သာ ပါဝင်တဲ့ ဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်တွေက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ကျခံရမယ့်အပြင် အနည်းဆုံးဒဏ်ငွေ သုံးသိန်းမှ အများဆုံးဒဏ်ငွေ ၁၅ သိန်း အထိ ချမှတ်နိုင်ဖို့ ဖော်ပြထားတာပါ။

“နိုင်လွတ်လုံ” ဆိုပြီး လူသိများတဲ့ ဒီဥပဒေဟာ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ဆိုတာထက်၊ နိုင်ငံသား အချင်းချင်းကြားမှာ အမြင်မတူသူတွေကို အလွယ်တကူ တရားစွဲလို့ရတဲ့ ဥပဒေတခု ဖြစ်လာနေတယ် လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီလို အဝေဖန်ခံနေရတဲ့ အတိုင်း ချို့ယွင်းချက် တွေ ရှိနေတဲ့ ဒီဥပဒေကို ပြင်ဆင်ဖို့ အတွက် လုပ်ဆောင် တာဖြစ်ကြောင်း တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ ဦးတင်ထွေးက အခုလိုပြောပြပါတယ်။

“နောက်ပိုင်းကျတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်တွေနဲ့ပတ်သတ်ပြီး တအား တရားစွဲလာ။ ကျနော်ကို မကျေနပ်ရင် ကျနော်က ဘာလုပ်တယ် ညာလုပ်တယ်နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ပေါ် ကို အခြေခံပြီး တရားစွဲတော့ အာမခံ မရတာတွေ ဖြစ်လာ။ ဘာလို့မရလဲ ဆိုတော့ အနည်းဆုံး ဘယ်လောက် ကနေ ဘယ်လောက် ဆိုတာ ပါမလာဘူး။ အဲဒါတွေကို ရာဇသတ်ကြီး ပုဒ်မနဲ့ ကြည့်တဲ့အခါကျတော့အာမခံပေး မရတော့ တချို့ ပုဂ္ဂိုလ်တွေ သိပ် အသုံးများ လာ ကြတယ်။ အဲဒါတွေကို ပြင်တာပါ”

နိုင်လွတ်လုံ ဥပဒေ ပုံဖျက် ခံနေရပြီလားဆိုတဲ့သတင်း ကို ဖတ်ရှုနိုင်ပါပြီ။

လက်ရှိချိန်ထိ ဘယ်ပုဒ်မတွေကို ဘယ်လိုပြင်မလဲဆိုတာကိုတော့ သူက တိတိကျကျ ထုတ်မပြောပါဘူး။

စစ်အစိုးရလက်ထက်ကလို နိုင်ငံသားတွေ နောက်ယောင်ခံ စောင့်ကြည့်ခံရတာ၊ ဖုန်းဆက်သွယ်မှု ကြားဖြတ် နားထောင်ခံရတာ စတဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခံရမှု တွေကနေ အကာကွယ်ပေးဖို့ ရည်ရွယ်ပြီး ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာလို့ ဥပဒေပြဋ္ဌာန်းချိန်က လွှတ်တော်ကိုယ်စားလှယ်များက ပြောကြပါတယ်။ ဒါပေမဲ့ ဒီ ဥပဒေ စတင်ပြဋ္ဌာန်းချိန် ကစလို့ တလွဲ အသုံးချနေမှု များကြောင့် နာမည်ဆိုးနဲ့သာ ကျော်ကြားခဲ့ရတဲ့ ဥပဒေ တစ်ခု ဖြစ်လာခဲ့တာပါ။ ဒါကို ပြင်ဆင်ဖို့ တက်ကြွလှုပ်ရှား တွေနဲ့ အရပ်ဘက်အဖွဲ့ များက အချိန် အတော်ကြာ ကတည်းက တောင်းဆို နေတာလည်း ဖြစ်ပါတယ်။

ဒီဥပဒေကို လက်တွေ့ကျင့်သုံးတဲ့အခါမှာ ပြည်သူကို အကာအကွယ်ပေးတဲ့ ဥပဒေမဟုတ်ပဲ ပြည်သူကို ဒုက္ခပေးတဲ့ ဥပဒေအဖြစ် တွေ့နေရတယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“တချက်ကတော့ အာမခံပေးတဲ့ ပုဒ်မဖြစ်သင့်ပါတယ် အဲဒီလို အာမခံမပေးတဲ့အတွက်ကြောင့် သဘောကျပြီးတော့ တရားလိုလုပ်သူက အဲဒါကို တမင်ရွေးပြီးတော့ တရားစွဲတာတွေ့ရတယ်။ တလွဲသုံးနေတာကို တည့်အောင်ပြန်လုပ်ပေးသင့်တယ်လို့ ကျနော်ကတော့ အဲလိုအကြံပေးချင်ပါတယ်။ အခုကတော့ ကျနော်တို့ တော်တော်ဒုက္ခရောက်နေပါတယ်။”

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီဥပဒေကိုပြင်ဆင် ဖို့ထက် အသစ်ရေးဆွဲလိုကြပါတယ်။ ဒီထဲမှာ အသံအဖွဲ့က မောင်ဆောင်းခ လည်း ပါပါတယ်။

“ အရေးကြီးဆုံးကတော့ ပုံမှန် “နိုင်လွတ်လုံ”ဥပဒေကတော့ တခုလုံးကို ပြင်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ “နိုင်လွတ်လုံ”လို့ပြောထားပြီးတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ရဲ့ လုံခြုံမှုတွေကို အဓိက ကာကွယ်ပေးနိုင်တဲ့အချက်တွေ ပါတယ်လို့ ထင်ရပေမယ့် ဥပဒေကြောင်းအရ ပြည့်စုံတဲ့အခြေအနေမှာ မရှိနေဘူး။ သို့သော် လက်တလောပြင်မယ်ဆိုရင် ခုနပြောတဲ့ ပုဒ်မ ၈(စ) ဆိုတာကို မဖြစ်မနေပြင်ဖို့လိုတယ်။ အမှန်တကယ် ပထမဦးဆုံး ဦးစားပေးရမှာက “နိုင်လွတ်လုံ” တခုလုံးကို အကုန်လုံးပြင်ပြီးမှ ရမှာ ဘာလို့လဲဆိုတော့ သူတို့ရေးထားတဲ့ဥပဒေက ၈ မျက်နှာလောက်ပဲရှိတယ် တကယ်က။ တကယ့် privacy တို့ security တို့ကို စဉ်းစားတဲ့အခါမှာ အဲဒီလောက်လေးနဲ့ ယေဘုယျလုပ်လို့မရဘူး နောက်တခုက ကျနော်တို့ လေ့လာမှုအရဆိုရင် အဲဒီဟာကို implement လုပ်တဲ့ ရဲတပ်ဖွဲ့ကလည်း ဒါကို ဘယ်လိုကိုင်တွယ်ရမှန်းကို လုံးဝနားလည်နေတာမရှိဘူး။”

ပုဒ်မ ၈(စ) အရ နိုင်ငံသားတဦးက သူ ကိုယ်တိုင် ဖြစ်ဖြစ် သူ့မိသားစုကို ဖြစ်ဖြစ် တဘက်လူက ဂုဏ်သိက္ခာ ညှိုးနွှမ်းအောင် လုပ်ဆောင်တယ်လို့ ယူဆရင် အရေးယူနိုင် တယ်လို့ ဖော်ပြထားတဲ့ ပုဒ်မ တခု ဖြစ်ပြီး ဒီပုဒ်မနဲ့ ပတ်သက်ပြီး တိကျတဲ့ သတ်မှတ် ဖေါ်ပြချက် မရှိတဲ့အတွက် တလွဲ အသုံးချမှုတွေ ရှိလာ နေတာပါ။

လက်ရှိမှာ အစိုးရ၊ တပ်မတော်၊ အာဏာရပါတီဝင်များနဲ့ ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေက သူတို့ ကို ဝေဖန်လာသူတွေကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်တယ်လို့ ခေါင်းစဉ်တပ်ပြီး ဒီဥပဒေကို အသုံးပြု တရားစွဲဆို လာကြရာကနေ ဒီဥပဒေဟာ နာမည်ဆိုးနဲ့ ကျော်ကြားလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဥပဒေကို ပြဋ္ဌာန်းခဲ့ချိန် ၂ နှစ်လောက် ရှိလာပြီဖြစ်ပေမယ့် အခုချိန်အထိ နည်းဥပဒေ ထွက်မလာနိုင်သေးတာကြောင့် လိုသလို ပုံဖော်မှုတွေ တွေ့လာရတာလည်း ဖြစ်ပါတယ်။

ေမခ/ VOA (Burmese)
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား