အမ်ဳိးသားအဆင့္ ႏုိင္္ငံေရးေဆြးေႏြးပြဲေတြ က်င္းပႏုိင္မယ့္ အလားအလာေပၚလာ


(Zawgyi/Unicode)

၂၁ ရာစု ပင္လံုညီလာခံ စတုတၳအႀကိမ္ အစည္းအေဝးမတိုင္ခင္မွာ အမ်ဳိးသားအဆင့္ ႏုိင္ငံေရးေဆြးေႏြးပြဲေ တြ က်င္းပႏုိင္မယ့္ အလားအလာ ေပၚလာၿပီျဖစ္ပါတယ္။ အစိုးရကိုယ္စားလွယ္အဖြဲ႔နဲ႔ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ တိုုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြၾကား သံုးရက္ၾကာ ေဆြးေႏြးပြဲအတြင္း ဒီကိစၥအေပၚ ညႇိႏိႈင္းေဆြးေ ႏြးခဲ့ၾကတာ ျဖစ္ၿပီး ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ အစည္းအေဝးကေန အတည္ျပဳေပးရမွာျဖစ္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပုိ႔ထားပါတယ္။

၂၀၁၈ ခုႏွစ္မွာ က်င္းပတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ရာစုပင္လံုတတိယ အစည္းအေ၀း အၾကိဳကာလမွာ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြေတြကို ျပည္နယ္အခ်ိဳ႔မွာ က်င္းပခြင့္မရသလို က်င္းပဖုိ႔ ျပင္ဆင္စဥ္ တားဆီးခံရတာေတြ ရိွခဲ့တာပါ။

လက္ရိွ အစိုးရနဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္ကိုယ္စားလွယ္အဖဲ ြ႔တို႔ရဲ့ ဒုတိယအၾကိမ္ အစည္းအေ၀း ပဲြမွာ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြေတြ က်င္းပေရးအတြက္ ညိွႏိႈင္းႏိုင္ခဲ့တယ္လို႔ တုိင္းရင္းသား ကိုယ္စားလွယ္အဖဲြ႔ေခါင္းေဆာင္ ဗိုလ္မႈးၾကီးစိုင္းငင္းက ရန္ကုန္ NRPC ရံုးမွာ ၃ ရက္ၾကာ က်င္းပတဲ့ အစည္းအေ၀း အပိတ္မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

“အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြမ်ားနဲ႔ Public Consultation က်င္းပႏိုင္ေရးအတြက္ လိုအပ္တဲ့ ၾကိဳတင္ျပင္ဆင္မႈေ တြကို ေဆာင္ရြက္ႏိုင္ဖုိ႔ ညိွႏိႈင္းေဆြးေႏြးႏိုင္ခဲ့ၿပီး မၾကာမီက်င္းပမယ့္ UPDJC အစည္းအေ၀းမွာ အတည္ျပဳေပးဖုိ႔ ျဖ စ္ပါတယ္။ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြမ်ား က်င္းပေရး လမ္းပြင့္ သြားၿပီလုိ႔ ဆိုႏိုင္ပါတယ္။”

အစိုးရကိုယ္စားလွယ္အဖဲြ႔ရဲ့ေခါင္းေဆာင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ဒု ဥကၠဌ ျပည္ေထာင္စု ေရွ႔ေနခ်ဳပ္ ဦးထြန္းထြန္းဦးကလည္း အစည္းအေ၀းပဲြက ရရိွလာတဲ့ အခ်က္ေတြကို အခုလုိ ေျပာဆုိပါတယ္။

“၂၀၂၀ အလြန္ အဆင့္လုိက္လုပ္ငန္းစဥ္၊ အဆင့္လုိက္အေကာင္အထည္ေဖာ္မႈ ဒီအဆင့္ ၃ဆင့္ကိုလည္း က်ေနာ္တုိ႔ ႏွစ္ဘက္အလုပ္အဖဲြ႔ေတြ သေဘာတူညီမႈ ရတယ္။ ေနာက္ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ဆုိင္ရာအခ်က္ေတြ ကိုလည္း က်ေနာ္တုိ႔ သေဘာတူၿပီးေတာ့ လာမယ့္အစည္းအေ၀းမွာ ဒီအခ်က္ေတြကို အတည္ျပဳႏိုင္မယ္လုိ႔ က်ေနာ္တုိ႔ ယံုၾကည္ပါတယ္။”

အစည္းအေ၀းအၿပီးက်င္းပတဲ့ သတင္းစားရွင္းလင္းပဲြမွာေတာ့ ႏွစ္ဘက္အဆုိျပဳခ်က္ေတြထဲက ၈ခ်က္ကို ဘံုသေဘာတူညီ ခ်က္၊ စုစည္းခ်က္အျဖစ္ရရိွခဲ့ၿပီး ၁၂ခ်က္ကေတာ့ ဆက္လက္ေဆြးေႏြးဖို႔ ရိွေနေၾကာင္းထုတ္ေဖာ္ေျပာ ဆုိခဲ့ေပမဲ့ဒီအခ်က္ေတြကို ေတာ့ အထက္ကို တင္ျပအတည္ျပဳခ်က္ ရယူရမွာေၾကာင့္ အေသးစိတ္ေျပာဆုိခဲ့တာေတာ့ မရိွပါဘူး။

အစိုးရကိုယ္စားလွယ္အဖဲြ႔နဲ႔ တိုင္းရင္းသားကိုယ္စားလွယ္အဖဲြ႔ေတြဟာ ဒီလ ၁၆ရက္ေန႔က အပစ္အခတ္ရပ္စဲမႈ အပစ္အခတ္ရပ္စဲမႈခုိင္မာေရးကိစၥရပ္ေတြကို အဓိက ေဆြးေႏြးခဲ့ၿပီး၁၇၊၁၈ရက္ေန႔ေတြမွာေတာ့ ႏိုင္ငံေရး ကိစၥရပ္ေတြကို အဓိက ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

ေနာက္တၾကိမ္တတိယအၾကိမ္အစည္းအေ၀းကိုေတာ့ မတ္လ ၅၊ ၆၊၇ ရက္ေတြမွာ က်င္းပဖုိ႔ သေဘာတူခဲ့တာျဖစ္ပါတယ္။ဒီကိုယ္စားလွယ္အဖဲြ႔ေတြရဲ့ ပထမအၾကိမ္အစည္းအေ၀းကို ဒီလ ၂ရက္နဲ႔ ၃ရက္ေန႔ေတြက က်င္းပခဲ့တာပါ။

ဒီေဆြးေႏြးပဲြေတြဟာ ၈ၾကိမ္ေျမာက္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆုိင္ရာ ညိွႏိႈင္းအစည္းအေ၀း JICMက ခ်မွတ္ခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀း က်င္းပေရးဆုိင္ရာ ဆံုးျဖတ္ခ်က္ ၈ခ်က္ကို အဓိက ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းကိုေတာ့ ဧၿပီလ ေနာက္ဆံုးပတ္ ေလာက္မွ က်င္းပဖို႔ ျပင္ဆင္ထားၿပီး ဒီအတြက္လည္း ညီလာခံျဖစ္ေျမာက္ေရးဆုိင္ရာ အစည္းအေ၀း ေတြ ဆက္တုိက္က်င္းပဖို႔ ရိွေနပါတယ္။

....................

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ့် အလားအလာပေါ်လာ

(Unicode)

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးမတိုင်ခင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲေ တွ ကျင်းပနိုင်မယ့် အလားအလာ ပေါ်လာပြီဖြစ်ပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား သုံးရက်ကြာ ဆွေးနွေးပွဲအတွင်း ဒီကိစ္စအပေါ် ညှိနှိုင်းဆွေးေ နွးခဲ့ကြတာ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးကနေ အတည်ပြုပေးရမှာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံတတိယ အစည်းအဝေး အကြိုကာလမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြည်နယ်အချို့မှာ ကျင်းပခွင့်မရသလို ကျင်းပဖို့ ပြင်ဆင်စဉ် တားဆီးခံရတာတွေ ရှိခဲ့တာပါ။

လက်ရှိ အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖဲ ွ့တို့ရဲ့ ဒုတိယအကြိမ် အစည်းအဝေး ပွဲမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးအတွက် ညှိနှိုင်းနိုင်ခဲ့တယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးကြီးစိုင်းငင်းက ရန်ကုန် NRPC ရုံးမှာ ၃ ရက်ကြာ ကျင်းပတဲ့ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့ Public Consultation ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုေ တွကို ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး မကြာမီကျင်းပမယ့် UPDJC အစည်းအဝေးမှာ အတည်ပြုပေးဖို့ ဖြ စ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး လမ်းပွင့် သွားပြီလို့ ဆိုနိုင်ပါတယ်။”

အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ခေါင်းဆောင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒု ဥက္ကဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း အစည်းအဝေးပွဲက ရရှိလာတဲ့ အချက်တွေကို အခုလို ပြောဆိုပါတယ်။

“၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်၊ အဆင့်လိုက်အကောင်အထည်ဖော်မှု ဒီအဆင့် ၃ဆင့်ကိုလည်း ကျနော်တို့ နှစ်ဘက်အလုပ်အဖွဲ့တွေ သဘောတူညီမှု ရတယ်။ နောက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာအချက်တွေ ကိုလည်း ကျနော်တို့ သဘောတူပြီးတော့ လာမယ့်အစည်းအဝေးမှာ ဒီအချက်တွေကို အတည်ပြုနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

အစည်းအဝေးအပြီးကျင်းပတဲ့ သတင်းစားရှင်းလင်းပွဲမှာတော့ နှစ်ဘက်အဆိုပြုချက်တွေထဲက ၈ချက်ကို ဘုံသဘောတူညီ ချက်၊ စုစည်းချက်အဖြစ်ရရှိခဲ့ပြီး ၁၂ချက်ကတော့ ဆက်လက်ဆွေးနွေးဖို့ ရှိနေကြောင်းထုတ်ဖော်ပြော ဆိုခဲ့ပေမဲ့ဒီအချက်တွေကို တော့ အထက်ကို တင်ပြအတည်ပြုချက် ရယူရမှာကြောင့် အသေးစိတ်ပြောဆိုခဲ့တာတော့ မရှိပါဘူး။

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီလ ၁၆ရက်နေ့က အပစ်အခတ်ရပ်စဲမှု အပစ်အခတ်ရပ်စဲမှုခိုင်မာရေးကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ပြီး၁၇၊၁၈ရက်နေ့တွေမှာတော့ နိုင်ငံရေး ကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

နောက်တကြိမ်တတိယအကြိမ်အစည်းအဝေးကိုတော့ မတ်လ ၅၊ ၆၊၇ ရက်တွေမှာ ကျင်းပဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ဒီကိုယ်စားလှယ်အဖွဲ့တွေရဲ့ ပထမအကြိမ်အစည်းအဝေးကို ဒီလ ၂ရက်နဲ့ ၃ရက်နေ့တွေက ကျင်းပခဲ့တာပါ။

ဒီဆွေးနွေးပွဲတွေဟာ ၈ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICMက ချမှတ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ ဆုံးဖြတ်ချက် ၈ချက်ကို အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကိုတော့ ဧပြီလ နောက်ဆုံးပတ် လောက်မှ ကျင်းပဖို့ ပြင်ဆင်ထားပြီး ဒီအတွက်လည်း ညီလာခံဖြစ်မြောက်ရေးဆိုင်ရာ အစည်းအဝေး တွေ ဆက်တိုက်ကျင်းပဖို့ ရှိနေပါတယ်။

မုိးေဇာ္/ VOA (Burmese)
https://burmese.voanews.com
အမ်ဳိးသားအဆင့္ ႏုိင္္ငံေရးေဆြးေႏြးပြဲေတြ က်င္းပႏုိင္မယ့္ အလားအလာေပၚလာ အမ်ဳိးသားအဆင့္ ႏုိင္္ငံေရးေဆြးေႏြးပြဲေတြ က်င္းပႏုိင္မယ့္ အလားအလာေပၚလာ Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.