ဗစ္တိုးရီးယားအမႈ ျပင္ဆင္ခ်က္ - မႏၲေလးတိုင္း ဥပေဒခ်ဳပ္႐ုံး ေျဖၾကားခ်က္

မႏၲေလး တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံး ဥပေဒအရာရွိ ဦးတင္ျမင့္ဦး(ယာ) နဲ႔ ႐ုံးအဖြဲ႕မႉး ဦးသိန္းေဌး (ဝဲ)
(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယားအမႈ မွာ သံသယတရားခံ ေအာင္ႀကီးကို တရားရွင္ လႊတ္ခဲ့တဲ့ ဒကၡိဏခ႐ိုင္ တရား႐ုံးရဲ႕ အမိန႔္ကို ျပင္ဆင္ေပးဖို႔အတြက္ ျပင္ဆင္ခ်က္ တင္တာကို မႏၲေလးတိုင္း ဥပေဒခ်ဳပ္႐ုံးက ပယ္ခ်လိုက္ပါတယ္။

ေနျပည္ေတာ္က အသက္ သုံးႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ လိင္မတရားျပဳက်င့္ခံရတယ္ဆိုတဲ့ အမႈရဲ႕ သံသယတရားခံကို တရား႐ုံးက တရားရွင္ လႊတ္လိုက္ၿပီးေနာက္ ရက္ေပါင္း ၆၀ အတြင္း ျပင္ဆင္ခ်က္ မတင္ရင္ သက္ေသခံ ပစၥည္းေတြကို ဖ်က္ဆီးပစ္ရဖို႔ ရွိတယ္လို႔ ေျပာထားပါတယ္။ သံသယတရားခံ ေအာင္ႀကီးကို တရား႐ုံးက ဒီဇင္ဘာလ ၁၈ ရက္မွာ တရားရွင္ လႊတ္ေပးခဲ့တာပါ။

ဒီအမႈအတြက္ ျပင္ဆင္ခ်က္ကို ဒကၡိဏခ႐ိုင္ ဥေပဒ႐ုံးနဲ႔ အမွတ္(၁) မႈခင္းတပ္ဖြဲ႕မႉး႐ုံး ေနျပည္ေတာ္တို႔က တင္ခဲ့တာပါ။

ဒီအေၾကာင္း မီဒီယာေတြက ေမးျမန္းထားတာကို မႏၲေလးတိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံး ဥပေဒအရာရွိ ဦးတင္ျမင့္ဦးနဲ႔ ႐ုံးအဖြဲ႕မႉး ဦးသိန္းေဌးတို႔က ဒီေန႔ ေဖေဖာ္ဝါရီ ၁၈ ရက္မွာ မီဒီယာကို ေတြ႕ဆုံေျဖရွင္းခဲ့ပါတယ္။

ေမး - စြပ္စြဲခံရသူ ေအာင္ႀကီးကို တရားရွင္လႊတ္ေပးတဲ့အေပၚ ျပင္ဆင္ခ်က္ တက္ထားတာရွိသလား။

ေျဖ - ဒီအမႈမွာ ဒကၡိဏခ႐ိုင္ ဥပေဒ႐ုံးက ဒီအမႈကို ျပင္ဆင္မႈ တက္ေရာက္ေပးဖို႔ တင္ျပတာ ရွိသလို အမွတ္ (၁) မႈခင္းတပ္ဖြဲ႕မႉး႐ုံး ေနျပည္ေတာ္ကလည္း ျပင္ဆင္မႈ တက္ေပးဖို႔ရာ တင္ျပထားေၾကာင္း သိရွိရပါတယ္။

မႏၲေလး တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံးအေနနဲ႔ အမႈတြဲရဲ႕ အမႈ စစ္ေဆး ေပၚေပါက္ခ်က္အရ တရား႐ုံး အမိန႔္ဟာ ဥပေဒအရ မွန္ကန္သင့္ျမတ္ေၾကာင္း သုံးသပ္ ရရွိတဲ့အတြက္ ျပင္ဆင္မႈ တင္သြင္းရန္ မသင့္ေၾကာင္း ဆုံးျဖတ္ခဲ့ပါတယ္။

ေမး - နစ္နာသူ ဗစ္တိုးရီးယားဘက္က ဘယ္လို ဆက္လုပ္ႏိုင္ပါေသးလဲ။

ေျဖ - ခိုင္လုံတဲ့ အေထာက္အထားေတြ ရွိတယ္ဆိုရင္ တရားလို အေနနဲ႔ သီးျခားအေရးယူ ေဆာင္႐ြက္ႏိုင္ပါတယ္။

ေမး - ေအာင္ႀကီးက တရားခံ မဟုတ္ဘူးဆိုေတာ့ တရားခံ အစစ္ကို ဖမ္းမိဖို႔အတြက္ ဥပေဒခ်ဳပ္႐ုံးဘက္ကေန ဘယ္လို ဆက္လုပ္ဖို႔ ရွိပါသလဲ။

ေျဖ- ဥပေဒ႐ုံးက investigation အာဏာမရွိပါဘူး။ ဒါဟာ investigation စုံစမ္း ေထာက္လွမ္းတဲ့ ကိစၥ ျဖစ္တဲ့အတြက္ ဥပေဒခ်ဳပ္႐ုံးကေနၿပီးေတာ့ ဆက္လက္ေဆာင္႐ြက္ရန္ အေၾကာင္းေပၚေပါက္မႈ မရွိပါဘူး။

ေမး- တရားခြင္မွာ စစ္ေဆးစဥ္က က်ဴးလြန္သူက ေအာင္ႀကီး မဟုတ္ တျခား သံသယ ျဖစ္ႏိုင္သူေတြ ရွိတယ္လို႔ သက္ေသေတြ ထြက္ဆိုထားတာ ရွိတဲ့အေပၚ ဥပေဒ႐ုံးက ဆက္လက္လုပ္ေဆာင္တာမ်ိဳး ရွိပါလား။

ေျဖ - လက္ရွိ အမႈမွာ လက္ရွိ တရားခံနဲ႔ ပူးေပါင္း က်ဴးလြန္တာ ရွိရင္ေတာ့ ေနာက္တိုး တရားခံ ထည့္လို႔ရပါတယ္။ အဲဒီလို ပူးေပါင္းက်ဴးလြန္တာမ်ိဳး ေပၚေပါက္တာကို မေတြ႕ရပါဘူး။ တရားလို အေနနဲ႔ လုံေလာက္တဲ့ အေထာက္အထားေတြ ရွိလို႔ရွိရင္ေတာ့ သီးျခားအမႈဖြင့္ အေရးယူ ေဆာင္႐ြက္ႏိုင္ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု ပြင်ဆင်ချက် - မန္တလေးတိုင်း ဥပဒေချုပ်ရုံး ဖြေကြားချက်

ဓာတ်ပုံ မူပိုင် တာရာ
Image caption မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဥပဒေအရာရှိ ဦးတင်မြင့်ဦး(ယာ) နဲ့ ရုံးအဖွဲ့မှူး ဦးသိန်းဌေး (ဝဲ)

ဗစ်တိုးရီးယားအမှု မှာ သံသယတရားခံ အောင်ကြီးကို တရားရှင် လွှတ်ခဲ့တဲ့ ဒက္ခိဏခရိုင် တရားရုံးရဲ့ အမိန့်ကို ပြင်ဆင်ပေးဖို့အတွက် ပြင်ဆင်ချက် တင်တာကို မန္တလေးတိုင်း ဥပဒေချုပ်ရုံးက ပယ်ချလိုက်ပါတယ်။

နေပြည်တော်က အသက် သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ် လိင်မတရားပြုကျင့်ခံရတယ်ဆိုတဲ့ အမှုရဲ့ သံသယတရားခံကို တရားရုံးက တရားရှင် လွှတ်လိုက်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ချက် မတင်ရင် သက်သေခံ ပစ္စည်းတွေကို ဖျက်ဆီးပစ်ရဖို့ ရှိတယ်လို့ ပြောထားပါတယ်။ သံသယတရားခံ အောင်ကြီးကို တရားရုံးက ဒီဇင်ဘာလ ၁၈ ရက်မှာ တရားရှင် လွှတ်ပေးခဲ့တာပါ။

    ကိုအောင်ကြီး တရားရှင်လွတ်၊ တရားရုံးတင် ဟာ့ဒ်ဒစ် မူရင်း ဖြစ်ကြောင်း အတည်မပြုနိုင်လို့ဆို

ဒီအမှုအတွက် ပြင်ဆင်ချက်ကို ဒက္ခိဏခရိုင် ဥပေဒရုံးနဲ့ အမှတ်(၁) မှုခင်းတပ်ဖွဲ့မှူးရုံး နေပြည်တော်တို့က တင်ခဲ့တာပါ။

ဒီအကြောင်း မီဒီယာတွေက မေးမြန်းထားတာကို မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဥပဒေအရာရှိ ဦးတင်မြင့်ဦးနဲ့ ရုံးအဖွဲ့မှူး ဦးသိန်းဌေးတို့က ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ မီဒီယာကို တွေ့ဆုံဖြေရှင်းခဲ့ပါတယ်။

မေး - စွပ်စွဲခံရသူ အောင်ကြီးကို တရားရှင်လွှတ်ပေးတဲ့အပေါ် ပြင်ဆင်ချက် တက်ထားတာရှိသလား။

ဖြေ - ဒီအမှုမှာ ဒက္ခိဏခရိုင် ဥပဒေရုံးက ဒီအမှုကို ပြင်ဆင်မှု တက်ရောက်ပေးဖို့ တင်ပြတာ ရှိသလို အမှတ် (၁) မှုခင်းတပ်ဖွဲ့မှူးရုံး နေပြည်တော်ကလည်း ပြင်ဆင်မှု တက်ပေးဖို့ရာ တင်ပြထားကြောင်း သိရှိရပါတယ်။

မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ်ရုံးအနေနဲ့ အမှုတွဲရဲ့ အမှု စစ်ဆေး ပေါ်ပေါက်ချက်အရ တရားရုံး အမိန့်ဟာ ဥပဒေအရ မှန်ကန်သင့်မြတ်ကြောင်း သုံးသပ် ရရှိတဲ့အတွက် ပြင်ဆင်မှု တင်သွင်းရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

မေး - နစ်နာသူ ဗစ်တိုးရီးယားဘက်က ဘယ်လို ဆက်လုပ်နိုင်ပါသေးလဲ။

ဖြေ - ခိုင်လုံတဲ့ အထောက်အထားတွေ ရှိတယ်ဆိုရင် တရားလို အနေနဲ့ သီးခြားအရေးယူ ဆောင်ရွက်နိုင်ပါတယ်။

မေး - အောင်ကြီးက တရားခံ မဟုတ်ဘူးဆိုတော့ တရားခံ အစစ်ကို ဖမ်းမိဖို့အတွက် ဥပဒေချုပ်ရုံးဘက်ကနေ ဘယ်လို ဆက်လုပ်ဖို့ ရှိပါသလဲ။

ဖြေ- ဥပဒေရုံးက investigation အာဏာမရှိပါဘူး။ ဒါဟာ investigation စုံစမ်း ထောက်လှမ်းတဲ့ ကိစ္စ ဖြစ်တဲ့အတွက် ဥပဒေချုပ်ရုံးကနေပြီးတော့ ဆက်လက်ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်မှု မရှိပါဘူး။

မေး- တရားခွင်မှာ စစ်ဆေးစဉ်က ကျူးလွန်သူက အောင်ကြီး မဟုတ် တခြား သံသယ ဖြစ်နိုင်သူတွေ ရှိတယ်လို့ သက်သေတွေ ထွက်ဆိုထားတာ ရှိတဲ့အပေါ် ဥပဒေရုံးက ဆက်လက်လုပ်ဆောင်တာမျိုး ရှိပါလား။

ဖြေ - လက်ရှိ အမှုမှာ လက်ရှိ တရားခံနဲ့ ပူးပေါင်း ကျူးလွန်တာ ရှိရင်တော့ နောက်တိုး တရားခံ ထည့်လို့ရပါတယ်။ အဲဒီလို ပူးပေါင်းကျူးလွန်တာမျိုး ပေါ်ပေါက်တာကို မတွေ့ရပါဘူး။ တရားလို အနေနဲ့ လုံလောက်တဲ့ အထောက်အထားတွေ ရှိလို့ရှိရင်တော့ သီးခြားအမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ ျပင္ဆင္ခ်က္ - မႏၲေလးတိုင္း ဥပေဒခ်ဳပ္႐ုံး ေျဖၾကားခ်က္ ဗစ္တိုးရီးယားအမႈ ျပင္ဆင္ခ်က္ - မႏၲေလးတိုင္း ဥပေဒခ်ဳပ္႐ုံး ေျဖၾကားခ်က္ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.