ထိုင္းနဲ႔စင္ကာပူက ကို႐ိုနာဗိုင္းရပ္စ္ အေျဖေတြ တိက်သလား

Getty Images
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ မရွိဘူးဆိုတဲ့ အေျဖေတြ ဓာတ္ခန္းခြဲေတြက မွားယြင္းထုတ္ေပးတာေတြ ရွိလာတဲ့အတြက္ စိုးရိမ္မႈစရာ ျဖစ္လာပါတယ္။

ႏိုင္ငံတခ်ိဳ႕မွာ ေျခာက္ႀကိမ္ေလာက္ စစ္ၿပီးတာေတာင္ ဗိုင္းရပ္စ္မရွိဘူးဆိုတဲ့ အေျဖထြက္လာၿပီး ေနာက္ဆုံးမွာ ရွာေတြ႕သြားတဲ့ အျဖစ္အပ်က္ေတြ ရွိခဲ့ပါတယ္။

အဲဒါေၾကာင့္ တ႐ုတ္က ကူးစက္မႈ အျမင့္ဆုံး ဟူေဘး ျပည္နယ္မွာေတာ့ ဓာတ္ခြဲခန္းက အတည္ျပဳတဲ့ အေျဖထက္ ေရာဂါ လကၡဏာျပတဲ့သူေတြကို ကူးစက္သူလူစာရင္းမွာ စၿပီး ထည့္သြင္းေနပါၿပီ။

အဲဒီလို လုပ္လိုက္တဲ့အတြက္ တစ္ရက္ထဲမွာတင္ ကူးစက္သူ စာရင္းမွာ လူ တစ္ေသာင္းခြဲ နီးပါး ထပ္တိုးသြားခဲ့ပါတယ္။ အဲဒါဟာ လက္ရွိ ကူးစက္သူ စာရင္းရဲ႕ ေလးပုံတစ္ပုံထိရွိတဲ့ ပမာဏ ျဖစ္ပါတယ္။
ဘာကို စမ္းသပ္တာလဲ၊ ဘယ္မွာ ျပႆနာရွိတာလဲ

စမ္းသပ္တယ္ဆိုတာက ဗိုင္းရပ္စ္ရဲ႕ မ်ိဳးဗီဇ သေကၤတကို ရွာေဖြတာ ျဖစ္ပါတယ္။

လူနာဆီက နမူနာ ပစၥည္းကို ထုတ္ယူပါတယ္။ ၿပီးေတာ့ ဓာတ္ခြဲခန္းကို ပို႔ပါတယ္။ ၿပီးေတာ့ လူနာမွာ ဗိုင္းရပ္စ္ရွိတယ္ဆိုရင္ ခုန နမူနာကို တိုက္ဆိုင္စစ္ေဆးဖို႔ လိုတဲ့ ပမာဏရေအာင္ ပြားထုတ္လိုက္ပါတယ္။

အဲဒီလို စစ္ေဆးတဲ့ RT-PCR နည္းေတြကို HIV နဲ႔ တုပ္ေကြး ဗိုင္းရပ္စ္ ေတြ စစ္ေဆး ရွာေဖြ ေဖာ္ထုတ္ဖို႔ က်ယ္က်ယ္ျပန႔္ျပန႔္ သုံးပါတယ္။ အဲဒီနည္းေတြက ပုံမွန္အားျဖင့္ အမွားအယြင္းနည္းၿပီး ေတာ္ေတာ္ေလး စိတ္ခ်ယုံၾကည္ရပါတယ္။
ဒါဆိုဘာမွားတာလဲ

ဂ်ာနယ္မွာ ေဖာ္ျပတဲ့ ေလ့လာခ်က္ တစ္ခုမွာ အခုလို ေျပာထားပါတယ္။
အဆုတ္ကို စကင္ဖတ္ ၾကည့္လို႔ ျပႆနာ ရွိေနတယ္ဆိုတာ ျပေနတာေတာင္ လူနာ ၁၆၇ ေယာက္ ထဲက ငါးေယာက္မွာ ဗိုင္းရပ္စ္ မရွိဘူးလို႔ အေျဖထြက္ခဲ့ပါတယ္တဲ့။

ေနာက္ပိုင္းရက္ေတြမွာ အဲဒီလူေတြကို ျပန္စစ္ၾကည့္တဲ့အခါ ဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ အေျဖျပန္ထြက္လာပါတယ္တဲ့။

ၿပီးေတာ့ အဲဒီလို အျဖစ္အပ်က္မ်ိဳး အမ်ားအျပား ရွိေနပါေသးတယ္။

အဲဒီထဲမွာ တ႐ုတ္က ကို႐ိုနာဗိုင္းရပ္စ္သစ္အေၾကာင္း စၿပီး သတိေပးခဲ့တဲ့ သူရဲေကာင္း အျဖစ္ခ်ီးက်ဴးခံရသူ ေဒါက္တာ လီဝမ္လ်န္းလည္း ပါပါတယ္။

ကူးစက္လို႔ကုသေနၿပီဆိုတဲ့ ရက္မတိုင္ခင္ တစ္ရက္က ေဒါက္တာလီရဲ႕ ဆယ္လ္ဖီ
သူေနာက္ဆုံးမွာ ကုသမႈ မခံရခင္အထိ အေစာပိုင္းမွာ စစ္ခဲ့တဲ့ အႀကိမ္ေတြမွာ သူ႔မွာ ဗိုင္းရပ္စ္ မကူးဘူးလို႔ အေျဖေတြ ထြက္ခဲ့တာလို႔ သူက ေျပာခဲ့ပါတယ္။

ဒါမ်ိဳးအျဖစ္အပ်က္ေတြကို တ႐ုတ္ ဂ်ာနယ္လစ္ေတြကလည္း ေဖာ္ထုတ္ခဲ့ပါတယ္။

အဲဒီမွာ တခ်ိဳ႕လူေတြမွာ ေျခာက္ႀကိမ္အထိ စစ္ၿပီးတာေတာင္ ဗိုင္းရပ္စ္ မကူးစက္ဘူးလို႔ အေျဖထြက္ခဲ့ၿပီး ခုနစ္ႀကိမ္ေျမာက္မွာမွ ကူးေနၿပီလို႔ အေျဖထြက္လာတဲ့ လူေတြအေၾကာင္း သူတို႔က ေဖာ္ထုတ္ခဲ့တာပါ။

အဲဒါက တ႐ုတ္ တစ္ႏိုင္ငံတည္းမွာေတာ့ ျဖစ္တာမဟုတ္ပါဘူး။ ေရာဂါ ကူးစက္မႈေတြ ရွိေနတဲ့ စင္ကာပူနဲ႔ ထိုင္းႏိုင္ငံမွာလည္း အလားတူ ျဖစ္ေနပါတယ္။

အေမရိကန္က ကူးစက္ေရာဂါ ထိန္းခ်ဳပ္ ကာကြယ္ေရး စင္တာက ေဒါက္တာ နန္စီ မက္ဆြန္နီယာက တခ်ိဳ႕ စစ္ေဆးမႈေတြက မေရမရာ အေျဖေတြ ထုတ္ေပးေနတယ္လို႔ ေျပာပါတယ္။
ဘာေၾကာင့္ ဒီလို ျဖစ္တာလဲ

ျဖစ္ႏိုင္ေျခတစ္ခုက စစ္ေဆးမႈေတြကေတာ့ မွန္တယ္၊ ဒါေပမဲ့ စစ္ေဆးခ်ိန္မွာ လူနာမွာ ဗိုင္းရပ္စ္ မရွိတာ ျဖစ္ႏိုင္ပါတယ္။

တ႐ုတ္မွာ ေခ်ာင္းဆိုး၊ ဖ်ားနာ တုပ္ေကြးရာသီမို႔ လူနာေတြက အဲဒီ ေရာဂါေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကို ေရာေထြးႏိုင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ အစပိုင္း လကၡဏာေတြက တျခား အသက္ရႈလမ္းေၾကာင္း ဗိုင္းရပ္စ္ေတြရဲ႕ လကၡဏာေတြနဲ႔ ေတာ္ေတာ္ဆင္တူတယ္လို႔ လန္ဒန္ King's College က ေဒါက္တာ မက္ဒါေမာ့က ေျပာပါတယ္။

ေနာက္တစ္ခုကေတာ့ လူနာမွာေတာ့ ကူးစက္ေကာင္း ကူးစက္ထားႏိုင္တယ္ ဒါေပမဲ့ စစ္ေဆးေတြ႕ရွိဖို႔ ေစာေနေသးတဲ့ အေျခအေနမ်ိဳးမွာ ရွိေနေသးတာ ျဖစ္ႏိုင္ပါတယ္။

ဒါေပမဲ့ ေျခာက္ႀကိမ္ေလာက္ စစ္ၿပီးမွ ေတြ႕ရတယ္ဆိုတာေတာ့ သိပ္အဓိပၸာယ္မရွိဘူးလို႔လည္း ေဒါက္တာ မက္ဒါေမာ့က ေျပာပါတယ္။

ေနာက္တစ္မ်ိဳးကက်ေတာ့ စစ္တဲ့နည္းလမ္းမွာ ျပႆနာ ရွိေနႏိုင္တာမ်ိဳးပါ။

လည္ေခ်ာင္းထဲက တို႔ဖတ္နမူနာစ ကိစၥပါ။

အဲဒါကို ဘယ္လို ယူခဲ့သလဲ ဆိုတာနဲ႔ ဆိုင္ပါမယ္။

အဲဒီ နမူနာကို မွန္မွန္ကန္ကန္ကန္ စနစ္က် မသိမ္း၊ မကိုင္တြယ္ဘူးဆိုရင္လည္း အေျဖမွန္ မရႏိုင္ပါဘူး။

အဲဒီမွာ ေျပာစရာရွိလာတာက ဆရာဝန္ေတြက လူနာရဲ႕ လည္ေခ်ာင္းရဲ႕ ေနာက္ဘက္က တို႔ဖတ္နမူနာစကို ယူတာ ေနရာမွားေနသလားဆိုတာပါ။

အခုက ႏွာေခါင္းနဲ႔ လည္ေခ်ာင္းထက္ အဆုတ္မွာ ကူးစက္တာ ျဖစ္လို႔ပါ။

ဒါေပမဲ့ လူနာက ေခ်ာင္းဆိုးလိုက္တဲ့အခါမွာေတာ့ ဗိုင္းရပ္စ္တခ်ိဳ႕က စမ္းသပ္ဖို႔ အေပၚကို ေရာက္လာႏိုင္ပါတယ္။

သရဖူလို crown အခြၽန္အတက္ကေလးေတြနဲ႔မို႔ corona ကို႐ိုနာဗိုင္းရပ္စ္လို႔ နာမည္ေပးထားတာပါ

ေနာက္ဆုံး ျဖစ္ႏိုင္ေျခတစ္ခုကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကို စစ္ေဆးတဲ့ RT-PCR နည္းေတြက အားနည္းခ်က္ရွိတဲ့ နည္းလမ္းေတြကို သုံးေနမိတာမ်ိဳးပါ။

ဒီစမ္းသပ္မႈေတြ လုပ္ႏိုင္ဖို႔အတြက္ သုေတသန သမားေတြဟာ ဗိုင္းရပ္စ္ရဲ႕ မ်ိဳးဗီဇ သေကၤတ အပိုင္းအစ တစ္ခုကို ရယူရပါတယ္။

အဲဒါကို ပ႐ိုင္မာ လို႔ ေခၚပါတယ္။ အဲဒီ ရယူ စစ္ေဆးတဲ့ေနရာမွာ လိုအပ္ခ်က္ရွိၿပီး ဗိုင္းရပ္စ္ မရွိဘူးလို႔ အေျဖထြက္တာ ျဖစ္ႏိုင္ပါတယ္။

အခု အေျခအေနမွာေတာ့ ဘယ္ေနရာေတြမွာ အမွားအယြင္း ရွိေနတယ္ဆိုတာ အတိအက် မေျပာႏိုင္လို႔ တျခားႏိုင္ငံေတြက ဘယ္လို သင္ခန္းစာယူ လိုက္လုပ္သင့္တယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရ ျဖစ္ေနပါတယ္။

ဒါေပမဲ့ လူနာေတြမွာ ေရာဂါ လကၡဏာ ျပလာၿပီဆိုရင္ ထပ္ၿပီး စစ္ေဆးရမယ္လို႔ ေဒါက္တာ မက္ဒါေမာ့က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ထိုင်းနဲ့စင်ကာပူက ကိုရိုနာဗိုင်းရပ်စ် အဖြေတွေ တိကျသလား

ကိုရိုနာဗိုင်းရပ်စ် မရှိဘူးဆိုတဲ့ အဖြေတွေ ဓာတ်ခန်းခွဲတွေက မှားယွင်းထုတ်ပေးတာတွေ ရှိလာတဲ့အတွက် စိုးရိမ်မှုစရာ ဖြစ်လာပါတယ်။

နိုင်ငံတချို့မှာ ခြောက်ကြိမ်လောက် စစ်ပြီးတာတောင် ဗိုင်းရပ်စ်မရှိဘူးဆိုတဲ့ အဖြေထွက်လာပြီး နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။

အဲဒါကြောင့် တရုတ်က ကူးစက်မှု အမြင့်ဆုံး ဟူဘေး ပြည်နယ်မှာတော့ ဓာတ်ခွဲခန်းက အတည်ပြုတဲ့ အဖြေထက် ရောဂါ လက္ခဏာပြတဲ့သူတွေကို ကူးစက်သူလူစာရင်းမှာ စပြီး ထည့်သွင်းနေပါပြီ။

အဲဒီလို လုပ်လိုက်တဲ့အတွက် တစ်ရက်ထဲမှာတင် ကူးစက်သူ စာရင်းမှာ လူ တစ်သောင်းခွဲ နီးပါး ထပ်တိုးသွားခဲ့ပါတယ်။ အဲဒါဟာ လက်ရှိ ကူးစက်သူ စာရင်းရဲ့ လေးပုံတစ်ပုံထိရှိတဲ့ ပမာဏ ဖြစ်ပါတယ်။
ဘာကို စမ်းသပ်တာလဲ၊ ဘယ်မှာ ပြဿနာရှိတာလဲ

စမ်းသပ်တယ်ဆိုတာက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ သင်္ကေတကို ရှာဖွေတာ ဖြစ်ပါတယ်။

လူနာဆီက နမူနာ ပစ္စည်းကို ထုတ်ယူပါတယ်။ ပြီးတော့ ဓာတ်ခွဲခန်းကို ပို့ပါတယ်။ ပြီးတော့ လူနာမှာ ဗိုင်းရပ်စ်ရှိတယ်ဆိုရင် ခုန နမူနာကို တိုက်ဆိုင်စစ်ဆေးဖို့ လိုတဲ့ ပမာဏရအောင် ပွားထုတ်လိုက်ပါတယ်။

အဲဒီလို စစ်ဆေးတဲ့ RT-PCR နည်းတွေကို HIV နဲ့ တုပ်ကွေး ဗိုင်းရပ်စ် တွေ စစ်ဆေး ရှာဖွေ ဖော်ထုတ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် သုံးပါတယ်။ အဲဒီနည်းတွေက ပုံမှန်အားဖြင့် အမှားအယွင်းနည်းပြီး တော်တော်လေး စိတ်ချယုံကြည်ရပါတယ်။
ဒါဆိုဘာမှားတာလဲ

Radiology ဂျာနယ်မှာ ဖော်ပြတဲ့ လေ့လာချက် တစ်ခုမှာ အခုလို ပြောထားပါတယ်။

အဆုတ်ကို စကင်ဖတ် ကြည့်လို့ ပြဿနာ ရှိနေတယ်ဆိုတာ ပြနေတာတောင် လူနာ ၁၆၇ ယောက် ထဲက ငါးယောက်မှာ ဗိုင်းရပ်စ် မရှိဘူးလို့ အဖြေထွက်ခဲ့ပါတယ်တဲ့။

နောက်ပိုင်းရက်တွေမှာ အဲဒီလူတွေကို ပြန်စစ်ကြည့်တဲ့အခါ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အဖြေပြန်ထွက်လာပါတယ်တဲ့။

ပြီးတော့ အဲဒီလို အဖြစ်အပျက်မျိုး အများအပြား ရှိနေပါသေးတယ်။

အဲဒီထဲမှာ တရုတ်က ကိုရိုနာဗိုင်းရပ်စ်သစ်အကြောင်း စပြီး သတိပေးခဲ့တဲ့ သူရဲကောင်း အဖြစ်ချီးကျူးခံရသူ ဒေါက်တာ လီဝမ်လျန်းလည်း ပါပါတယ်။
ဓာတ်ပုံ မူပိုင် Weibo
Image caption ကူးစက်လို့ကုသနေပြီဆိုတဲ့ ရက်မတိုင်ခင် တစ်ရက်က ဒေါက်တာလီရဲ့ ဆယ်လ်ဖီ

သူနောက်ဆုံးမှာ ကုသမှု မခံရခင်အထိ အစောပိုင်းမှာ စစ်ခဲ့တဲ့ အကြိမ်တွေမှာ သူ့မှာ ဗိုင်းရပ်စ် မကူးဘူးလို့ အဖြေတွေ ထွက်ခဲ့တာလို့ သူက ပြောခဲ့ပါတယ်။

ဒါမျိုးအဖြစ်အပျက်တွေကို တရုတ် ဂျာနယ်လစ်တွေကလည်း ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီမှာ တချို့လူတွေမှာ ခြောက်ကြိမ်အထိ စစ်ပြီးတာတောင် ဗိုင်းရပ်စ် မကူးစက်ဘူးလို့ အဖြေထွက်ခဲ့ပြီး ခုနစ်ကြိမ်မြောက်မှာမှ ကူးနေပြီလို့ အဖြေထွက်လာတဲ့ လူတွေအကြောင်း သူတို့က ဖော်ထုတ်ခဲ့တာပါ။

အဲဒါက တရုတ် တစ်နိုင်ငံတည်းမှာတော့ ဖြစ်တာမဟုတ်ပါဘူး။ ရောဂါ ကူးစက်မှုတွေ ရှိနေတဲ့ စင်ကာပူနဲ့ ထိုင်းနိုင်ငံမှာလည်း အလားတူ ဖြစ်နေပါတယ်။

အမေရိကန်က ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး စင်တာက ဒေါက်တာ နန်စီ မက်ဆွန်နီယာက တချို့ စစ်ဆေးမှုတွေက မရေမရာ အဖြေတွေ ထုတ်ပေးနေတယ်လို့ ပြောပါတယ်။
ဘာကြောင့် ဒီလို ဖြစ်တာလဲ

ဖြစ်နိုင်ခြေတစ်ခုက စစ်ဆေးမှုတွေကတော့ မှန်တယ်၊ ဒါပေမဲ့ စစ်ဆေးချိန်မှာ လူနာမှာ ဗိုင်းရပ်စ် မရှိတာ ဖြစ်နိုင်ပါတယ်။

တရုတ်မှာ ချောင်းဆိုး၊ ဖျားနာ တုပ်ကွေးရာသီမို့ လူနာတွေက အဲဒီ ရောဂါတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရောထွေးနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစပိုင်း လက္ခဏာတွေက တခြား အသက်ရှုလမ်းကြောင်း ဗိုင်းရပ်စ်တွေရဲ့ လက္ခဏာတွေနဲ့ တော်တော်ဆင်တူတယ်လို့ လန်ဒန် King's College က ဒေါက်တာ မက်ဒါမော့က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images

နောက်တစ်ခုကတော့ လူနာမှာတော့ ကူးစက်ကောင်း ကူးစက်ထားနိုင်တယ် ဒါပေမဲ့ စစ်ဆေးတွေ့ရှိဖို့ စောနေသေးတဲ့ အခြေအနေမျိုးမှာ ရှိနေသေးတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ခြောက်ကြိမ်လောက် စစ်ပြီးမှ တွေ့ရတယ်ဆိုတာတော့ သိပ်အဓိပ္ပာယ်မရှိဘူးလို့လည်း ဒေါက်တာ မက်ဒါမော့က ပြောပါတယ်။

နောက်တစ်မျိုးကကျတော့ စစ်တဲ့နည်းလမ်းမှာ ပြဿနာ ရှိနေနိုင်တာမျိုးပါ။

လည်ချောင်းထဲက တို့ဖတ်နမူနာစ ကိစ္စပါ။

အဲဒါကို ဘယ်လို ယူခဲ့သလဲ ဆိုတာနဲ့ ဆိုင်ပါမယ်။

အဲဒီ နမူနာကို မှန်မှန်ကန်ကန်ကန် စနစ်ကျ မသိမ်း၊ မကိုင်တွယ်ဘူးဆိုရင်လည်း အဖြေမှန် မရနိုင်ပါဘူး။

အဲဒီမှာ ပြောစရာရှိလာတာက ဆရာဝန်တွေက လူနာရဲ့ လည်ချောင်းရဲ့ နောက်ဘက်က တို့ဖတ်နမူနာစကို ယူတာ နေရာမှားနေသလားဆိုတာပါ။

အခုက နှာခေါင်းနဲ့ လည်ချောင်းထက် အဆုတ်မှာ ကူးစက်တာ ဖြစ်လို့ပါ။

ဒါပေမဲ့ လူနာက ချောင်းဆိုးလိုက်တဲ့အခါမှာတော့ ဗိုင်းရပ်စ်တချို့က စမ်းသပ်ဖို့ အပေါ်ကို ရောက်လာနိုင်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption သရဖူလို crown အချွန်အတက်ကလေးတွေနဲ့မို့ corona ကိုရိုနာဗိုင်းရပ်စ်လို့ နာမည်ပေးထားတာပါ

နောက်ဆုံး ဖြစ်နိုင်ခြေတစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးတဲ့ RT-PCR နည်းတွေက အားနည်းချက်ရှိတဲ့ နည်းလမ်းတွေကို သုံးနေမိတာမျိုးပါ။

ဒီစမ်းသပ်မှုတွေ လုပ်နိုင်ဖို့အတွက် သုတေသန သမားတွေဟာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ သင်္ကေတ အပိုင်းအစ တစ်ခုကို ရယူရပါတယ်။

အဲဒါကို ပရိုင်မာ လို့ ခေါ်ပါတယ်။ အဲဒီ ရယူ စစ်ဆေးတဲ့နေရာမှာ လိုအပ်ချက်ရှိပြီး ဗိုင်းရပ်စ် မရှိဘူးလို့ အဖြေထွက်တာ ဖြစ်နိုင်ပါတယ်။

အခု အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အမှားအယွင်း ရှိနေတယ်ဆိုတာ အတိအကျ မပြောနိုင်လို့ တခြားနိုင်ငံတွေက ဘယ်လို သင်ခန်းစာယူ လိုက်လုပ်သင့်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ ဖြစ်နေပါတယ်။

ဒါပေမဲ့ လူနာတွေမှာ ရောဂါ လက္ခဏာ ပြလာပြီဆိုရင် ထပ်ပြီး စစ်ဆေးရမယ်လို့ ဒေါက်တာ မက်ဒါမော့က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ထိုင္းနဲ႔စင္ကာပူက ကို႐ိုနာဗိုင္းရပ္စ္ အေျဖေတြ တိက်သလား ထိုင္းနဲ႔စင္ကာပူက ကို႐ိုနာဗိုင္းရပ္စ္ အေျဖေတြ တိက်သလား Reviewed by THITHTOOLWIN on 04:21 Rating: 5
Powered by Blogger.