မင္းျပားတိုက္ပြဲမွာ ႏွစ္ဖက္တပ္ က်ဆုံးသူေတြရွိတယ္ဆိုတာကို တပ္ျငင္းပယ္

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္႐ြာမွာ တပ္မေတာ္ နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ ေဖေဖာ္ဝါရီ ၁၄ရက္ မေန႔က တိုက္ပြဲမွာ ႏွစ္ဖက္တပ္ေတြ အက်အဆုံးရွိခဲ့ပါတယ္။ တပ္မေတာ္ကေတာ့ က်ဆုံးသူ မရွိဘူးလို႔ ျငင္းဆိုပါတယ္။

မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္႐ြာ တိုက္ပြဲမွာ ႏွစ္ဖက္က်ဆုံးတာ၊ ထိခိုက္ဒဏ္ရာရသူေတြရွိသလို တပ္မေတာ္ဘက္က စစ္သုံ႔ပန္းတစ္ဦးကိုလည္း ဖမ္းဆီးရမိထားတယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခ က ေျပာပါတယ္။

"မေန႔ကတိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္က က်ဆုံးတာ ၁၅ ဦးေလာက္ရွိတယ္။ ေနာက္ၿပီးဒါဏ္ရာ ရရွိသူလည္း အမ်ားအျပားရွိတယ္။ ရန္သူဘက္က လက္နက္ခဲယမ္း စာ႐ြက္စာတမ္း ျခင္းေတာင္းနဲ႔ ၃၆ လုံး သိမ္းဆည္း ရမိတာရွိတယ္။ ရန္သူ အေလာင္းက သုံးေလာင္း၊ အျပင္းအထန္ ဒဏ္ရာရေနတဲ့ သုံ႔ပန္းတစ္ဦး ဖမ္းဆီးရမိတယ္ ။ ရကၡိဳင့္တပ္ေတာ္ဘက္ကလည္း က်ဆုံးတာ ႏွစ္ဦး၊ ေလးဦး ဒဏ္ရာရတာရွိတယ္။"

AA ဖမ္းဆီးထားတဲ့ စစ္သုံ႔ပန္း အေရအတြက္ကိုေတာ့ လုံၿခဳံေရးအရ ထုတ္ေဖာ္မေျပာႏိုင္ဘူးလို႔ ခိုင္သုခက ဆိုပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ တိုက္ပြဲျပင္းထန္တာကို အတည္ျပဳေပမယ့္ တပ္ဘက္က က်ဆုံးသူရွိတယ္ကိုေတာ့ ျငင္းဆိုပါတယ္။

"တိုက္ပြဲျပင္းတာဟုတ္တယ္။ ဒဏ္ရာရတာဟုတ္တယ္။က်န္တာေတာ့ မဟုတ္ဘူး။"

မေန႔က တပ္မေတာ္ရဲ႕ တပ္မ ၅၅ လက္ေအာက္ခံ ဗထူးအေျခစိုက္ခမရ (၅၀၈) တပ္ရင္းနဲ႔ AA အဖြဲ႕ တိုက္ပြဲ ျဖစ္ပြားခဲ့တာပါ။ တပ္မေတာ္က အခုခ်ိန္ထိ ဖားေပ်ာ္႐ြာမွာ တပ္စြဲေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

႐ြာထဲမွာရွိတဲ့ တပ္မေတာ္သားေတြက ေဒသခံေတြကို ႐ြာျပင္ထြက္ခြင့္မေပးဘူးလို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက RFA ကို ဆက္သြယ္ေျပာလာပါတယ္။

"ခုေလာေလာဆယ္ တပ္ကပဲ ကြၽန္ေတာ္တို႔႐ြာမွာ ေနရာယူထားတယ္။ တပ္က ႐ြာသားေတြကို အျပင္ထြက္ခြင့္မေပးဘူး တားျမစ္ထားပါတယ္။ ရာေမာင္တံတားမွာ တားၿပီး အျပင္ထြက္ခြင့္မေပးဘူး။ စျဖစ္တဲ့ေန႔ထဲက အခုခ်ိန္ထိပါပဲ။"

မေန႔ကတိုက္ပြဲမွာ ဖားေပ်ာ္႐ြာခံ အမ်ိဳးသမီး ဒဏ္ရာအနည္းငယ္ ရခဲ့တယ္လို႔ ဆိုပါတယ္။ ေနာက္ထပ္ အမ်ိဳးသားတစ္ဦးကို တပ္မေတာ္က ႐ိုက္ႏွက္ခဲ့လို႔ စိုးရိမ္ရတယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္။

"အဲဒီအလုပ္သမားက တိုက္ပြဲျဖစ္ေတာ့ ထြက္ေျပးၿပီး ႐ြာနားက ဘိလပ္ေျမစက္႐ုံမွာ ခိုေနတာ တပ္ကေရာက္လာၿပီး AA ဆိုၿပီး႐ိုက္စစ္တယ္။ ေခါင္းနဲ႔ မ်က္ႏွာေတြမွာ အဲေကာင္ေလးက စိုးရိမ္ရတဲ့ အေျခအေနေရာက္ေနတယ္။ အျပင္ထြက္ခြင့္လဲမရဘူးျဖစ္ေနတယ္။"

ဖားေပ်ာ္႐ြာသူ ႐ြာသားေတြကို တပ္မေတာ္က လူသားဒိုင္းကာသဖြယ္ အသုံးျပဳေနတယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစစ္ႏိုင္ က စြပ္စြဲလိုက္ပါတယ္။ 

"ရွင္းရွင္းေျပာရင္ ႐ြာသားေတြ ႐ြာျပင္မထြက္ရပဲ ပိတ္ထားတာ လူသားဒိုင္းကာအျဖစ္ အသုံးျပဳတယ္ျမင္တယ္။ ႐ြာသားေတြကို အျပင္လြတ္လြတ္လပ္လပ္ ထြက္ခြင့္ေပးဖို႔နဲ႔ ႐ြာထဲမွာ တပ္စြဲမထားလို႔ သက္ဆိုင္ရာက စီစဥ္ေပးေစလိုတယ္။"

ဒီအခ်က္ကို အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးရဲ႕ မွတ္ခ်က္ရဖို႔ RFA က ဆက္သြယ္ေပမယ့္ ဖုန္းမကိုင္ပါဘူး။

ဖားေပ်ာ္ေက်း႐ြာမွာ အိမ္ေျခ ၂၀၀ ဝန္းက်င္၊ လူဦးေရ တစ္ေထာင္ နီးပါးရွိပါတယ္။

ဒီေန႔မနက္အထိ ဖားေပ်ာ္႐ြာမွာ တိုက္ပြဲရွိေနတုန္းပါပဲ။ ဒီတိုက္ပြဲက ရန္ကုန္ - စစ္ေတြ ကားလမ္းမအနီးမွာ ျဖစ္ေနတာေၾကာင့္ လမ္းမေပၚမွာလည္း ကားေတြပိတ္မိေနတယ္လို႔ ဦးစစ္ႏိုင္က ဆိုပါတယ္။

လမ္းမေပၚမွာ ကားေတြ ရာနဲ႔ ခ်ီပိတ္မိေနလို႔ ကားေပၚက ခရီးသည္ေတြကို မင္းျပားၿမိဳ႕ေပၚက ဓမၼာ႐ုံေတြမွာ ထမင္းေကြၽးေနရတဲ့အထိပါပဲ။ ပိတ္မိေနတဲ့ ခရီးသည္ေတြကို စားေသာက္စရာ အကူအညီေပးေနတာက ဖားၿပိဳ႐ြာအနီးမွာရွိတဲ့ ဒုကၡသည္အေရးကူညီသူ ကိုအမ္းသားႀကီးပါ။

"ကားလမ္းမေပၚမွာ ကားက မင္းျပားၿမိဳ႕နယ္ အမ္းသားေက်း႐ြာ ရာေမာင္တံတား အေနာက္ဖက္ျခမ္းမွာေတာင္ အစီးေရ ၅၀၀ေလာက္ရွိတယ္။ ႐ြာမွာပဲ ထမင္းေကြၽးေနတာ လူ ၃၀၀ ေလာက္ရွိေနၿပီ။ ကားလမ္းေပၚ ဒီတိုင္းရပ္ထားရတာ၊ မေန႔က ၁၀ နာရီေလာက္က စၿပီးရပ္ထားရတာ။"

ေဖေဖာ္ဝါရီ ၁၄ရက္ မေန႔ကပဲ ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္းတံတားထိပ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း႐ြာေတြမွာ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ အဲဒီေနရာေတြမွာ တိုက္ပြဲျဖစ္ေနတာ ဒီေန႔နဲ႔ဆိုရင္ ၁၀ရက္ရွိၿပီလို႔ ခိုင္သုခ က ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ပြားေနတာ တစ္ႏွစ္ေက်ာ္ၾကာေနပါၿပီ။ ဒီတိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ တစ္သိန္းေျခာက္ေထာင္ေက်ာ္ ရွိေနၿပီလို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး REC က ဇန္နဝါရီလမွာ ထုတ္ျပန္ထားပါတယ္။

တိုက္ပြဲကာလ ၾကာလာတာ၊ စစ္ပြဲဧရိယာ က်ယ္ျပန႔္လာတာနဲ႔အမွ် အရပ္သား ထိခိုက္ေသဆုံးတာ ရွိသလို ႏွစ္ဖက္က်ဆုံးသူ ဒဏ္ရာရသူေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ႏွစ္ဖက္စလုံးကေတာ့ အေရအတြက္ကို ထုတ္ေဖာ္ေျပာဆိုဖို႔ ျငင္းဆိုၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မင်းပြားတိုက်ပွဲမှာ နှစ်ဖက်တပ် ကျဆုံးသူတွေရှိတယ်ဆိုတာကို တပ်ငြင်းပယ်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော်ရွာမှာ တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဖေဖော်ဝါရီ ၁၄ရက် မနေ့က တိုက်ပွဲမှာ နှစ်ဖက်တပ်တွေ အကျအဆုံးရှိခဲ့ပါတယ်။ တပ်မတော်ကတော့ ကျဆုံးသူ မရှိဘူးလို့ ငြင်းဆိုပါတယ်။

မင်းပြားမြို့နယ် ဖားပျော်ရွာ တိုက်ပွဲမှာ နှစ်ဖက်ကျဆုံးတာ၊ ထိခိုက်ဒဏ်ရာရသူတွေရှိသလို တပ်မတော်ဘက်က စစ်သုံ့ပန်းတစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

"မနေ့ကတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ကျဆုံးတာ ၁၅ ဦးလောက်ရှိတယ်။ နောက်ပြီးဒါဏ်ရာ ရရှိသူလည်း အများအပြားရှိတယ်။ ရန်သူဘက်က လက်နက်ခဲယမ်း စာရွက်စာတမ်း ခြင်းတောင်းနဲ့ ၃၆ လုံး သိမ်းဆည်း ရမိတာရှိတယ်။ ရန်သူ အလောင်းက သုံးလောင်း၊ အပြင်းအထန် ဒဏ်ရာရနေတဲ့ သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိတယ် ။ ရက္ခိုင့်တပ်တော်ဘက်ကလည်း ကျဆုံးတာ နှစ်ဦး၊ လေးဦး ဒဏ်ရာရတာရှိတယ်။"

AA ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အရေအတွက်ကိုတော့ လုံခြုံရေးအရ ထုတ်ဖော်မပြောနိုင်ဘူးလို့ ခိုင်သုခက ဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တိုက်ပွဲပြင်းထန်တာကို အတည်ပြုပေမယ့် တပ်ဘက်က ကျဆုံးသူရှိတယ်ကိုတော့ ငြင်းဆိုပါတယ်။

"တိုက်ပွဲပြင်းတာဟုတ်တယ်။ ဒဏ်ရာရတာဟုတ်တယ်။ကျန်တာတော့ မဟုတ်ဘူး။"

မနေ့က တပ်မတော်ရဲ့ တပ်မ ၅၅ လက်အောက်ခံ ဗထူးအခြေစိုက်ခမရ (၅၀၈) တပ်ရင်းနဲ့ AA အဖွဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ တပ်မတော်က အခုချိန်ထိ ဖားပျော်ရွာမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲမှာရှိတဲ့ တပ်မတော်သားတွေက ဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဆက်သွယ်ပြောလာပါတယ်။

"ခုလောလောဆယ် တပ်ကပဲ ကျွန်တော်တို့ရွာမှာ နေရာယူထားတယ်။ တပ်က ရွာသားတွေကို အပြင်ထွက်ခွင့်မပေးဘူး တားမြစ်ထားပါတယ်။ ရာမောင်တံတားမှာ တားပြီး အပြင်ထွက်ခွင့်မပေးဘူး။ စဖြစ်တဲ့နေ့ထဲက အခုချိန်ထိပါပဲ။"

မနေ့ကတိုက်ပွဲမှာ ဖားပျော်ရွာခံ အမျိုးသမီး ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် အမျိုးသားတစ်ဦးကို တပ်မတော်က ရိုက်နှက်ခဲ့လို့ စိုးရိမ်ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီအလုပ်သမားက တိုက်ပွဲဖြစ်တော့ ထွက်ပြေးပြီး ရွာနားက ဘိလပ်မြေစက်ရုံမှာ ခိုနေတာ တပ်ကရောက်လာပြီး AA ဆိုပြီးရိုက်စစ်တယ်။ ခေါင်းနဲ့ မျက်နှာတွေမှာ အဲကောင်လေးက စိုးရိမ်ရတဲ့ အခြေအနေရောက်နေတယ်။ အပြင်ထွက်ခွင့်လဲမရဘူးဖြစ်နေတယ်။"

ဖားပျော်ရွာသူ ရွာသားတွေကို တပ်မတော်က လူသားဒိုင်းကာသဖွယ် အသုံးပြုနေတယ်လို့ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင် က စွပ်စွဲလိုက်ပါတယ်။ 

"ရှင်းရှင်းပြောရင် ရွာသားတွေ ရွာပြင်မထွက်ရပဲ ပိတ်ထားတာ လူသားဒိုင်းကာအဖြစ် အသုံးပြုတယ်မြင်တယ်။ ရွာသားတွေကို အပြင်လွတ်လွတ်လပ်လပ် ထွက်ခွင့်ပေးဖို့နဲ့ ရွာထဲမှာ တပ်စွဲမထားလို့ သက်ဆိုင်ရာက စီစဉ်ပေးစေလိုတယ်။"

ဒီအချက်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးရဲ့ မှတ်ချက်ရဖို့ RFA က ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဖားပျော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်၊ လူဦးရေ တစ်ထောင် နီးပါးရှိပါတယ်။

ဒီနေ့မနက်အထိ ဖားပျော်ရွာမှာ တိုက်ပွဲရှိနေတုန်းပါပဲ။ ဒီတိုက်ပွဲက ရန်ကုန် - စစ်တွေ ကားလမ်းမအနီးမှာ ဖြစ်နေတာကြောင့် လမ်းမပေါ်မှာလည်း ကားတွေပိတ်မိနေတယ်လို့ ဦးစစ်နိုင်က ဆိုပါတယ်။

လမ်းမပေါ်မှာ ကားတွေ ရာနဲ့ ချီပိတ်မိနေလို့ ကားပေါ်က ခရီးသည်တွေကို မင်းပြားမြို့ပေါ်က ဓမ္မာရုံတွေမှာ ထမင်းကျွေးနေရတဲ့အထိပါပဲ။ ပိတ်မိနေတဲ့ ခရီးသည်တွေကို စားသောက်စရာ အကူအညီပေးနေတာက ဖားပြိုရွာအနီးမှာရှိတဲ့ ဒုက္ခသည်အရေးကူညီသူ ကိုအမ်းသားကြီးပါ။

"ကားလမ်းမပေါ်မှာ ကားက မင်းပြားမြို့နယ် အမ်းသားကျေးရွာ ရာမောင်တံတား အနောက်ဖက်ခြမ်းမှာတောင် အစီးရေ ၅၀၀လောက်ရှိတယ်။ ရွာမှာပဲ ထမင်းကျွေးနေတာ လူ ၃၀၀ လောက်ရှိနေပြီ။ ကားလမ်းပေါ် ဒီတိုင်းရပ်ထားရတာ၊ မနေ့က ၁၀ နာရီလောက်က စပြီးရပ်ထားရတာ။"

ဖေဖော်ဝါရီ ၁၄ရက် မနေ့ကပဲ ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ်နဲ့ ကျောက်တော်မြို့နယ် တင်းမကျေးရွာတွေမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ဆိုရင် ၁၀ရက်ရှိပြီလို့ ခိုင်သုခ က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော်ကြာနေပါပြီ။ ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်ထောင်ကျော် ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကာလ ကြာလာတာ၊ စစ်ပွဲဧရိယာ ကျယ်ပြန့်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးတာ ရှိသလို နှစ်ဖက်ကျဆုံးသူ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ အရေအတွက်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုကြပါတယ်။

RFA Burmese
https://www.rfa.org
မင္းျပားတိုက္ပြဲမွာ ႏွစ္ဖက္တပ္ က်ဆုံးသူေတြရွိတယ္ဆိုတာကို တပ္ျငင္းပယ္ မင္းျပားတိုက္ပြဲမွာ ႏွစ္ဖက္တပ္ က်ဆုံးသူေတြရွိတယ္ဆိုတာကို တပ္ျငင္းပယ္ Reviewed by THITHTOOLWIN on 04:11 Rating: 5
Powered by Blogger.