ကို႐ိုနာေၾကာင့္ ျပည္တြင္းအထည္ခ်ဳပ္ေတြ ကုန္ၾကမ္းျပတ္မွာပူ

 ျပည္တြင္းက အမ်ိဳးသမီးငယ္ အမ်ားစုကို အလုပ္အကိုင္အခြင့္အလမ္းရရွိေစတဲ့ အထည္ခ်ဳပ္က႑
(Zawgyi)⤵⤵⤵
တ႐ုတ္ျပည္ ဟူေဘးျပည္နယ္ ဝူဟန္ကေန စတင္ျဖစ္ပြားတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ ေရာဂါပိုးေၾကာင့္ တ႐ုတ္ျပည္မွာ စက္႐ုံတခ်ိဳ႕ ပိတ္ထားရတဲ့အတြက္ တ႐ုတ္က ကုန္ၾကမ္းကို အဓိက အားထားေနရတဲ့ ျပည္တြင္း အထည္ခ်ဳပ္ လုပ္ငန္းတခ်ိဳ႕ ကုန္ၾကမ္းျပတ္မွာ လုပ္ငန္းရွင္ေတြက စိတ္ပူပန္ေနၾကပါတယ္။

တခ်ိဳ႕စက္႐ုံေတြမွာ ကုန္ၾကမ္းျပတ္လပ္မႈကို ရင္ဆိုင္ဖို႔အတြက္ ပုံမွန္အလုပ္ခ်ိန္ပဲ လည္ပတ္ၿပီး အခ်ိန္ပိုေတြကို ေလွ်ာ့ခ်ေနရတယ္လို႔ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက အထည္ခ်ဳပ္ လုပ္ငန္းရွင္ တစ္ဦးျဖစ္တဲ့ ဦးထြန္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

ခန႔္မွန္းထားမႈအရ ေဖေဖာ္ဝါရီလကုန္မွာ တ႐ုတ္ဘက္က ကုန္ၾကမ္းမပို႔ႏိုင္ဘူးဆိုရင္ မတ္လမွာ အခက္အခဲ ျဖစ္ႏိုင္တယ္လို႔ သူက ေျပာပါတယ္။

အထည္ခ်ဳပ္စက္႐ုံေတြရဲ႕ ပုံမွန္ တစ္ေန႔ အလုပ္ခ်ိန္ဟာ ၈ နာရီ ရွိၿပီး အခ်ိန္ပို ၂ နာရီ စုစုေပါင္း ၁၀ နာရီ အထိ ရွိပါတယ္။

အခုခ်ိန္မွာေတာ့ တ႐ုတ္ျပည္က ကုန္ၾကမ္း အထည္အလိပ္ေတြ ဝင္ေရာက္တာ နည္းပါးသြားတဲ့အတြက္ လက္ရွိ စက္႐ုံမွာ က်န္ရွိတဲ့ ကုန္ၾကမ္းေတြနဲ႔ပဲ လည္ပတ္ေနရတာျဖစ္တယ္လို႔ ဦးထြန္းထြန္းက ဆိုပါတယ္။

စက္႐ုံအမ်ားစုကေတာ့ မတ္လအထိအတြက္ပဲ ကုန္ၾကမ္းေတြရွိၿပီး ေနာက္ထပ္ ကုန္ၾကမ္းမရရင္ အလုပ္ခ်ိန္သာမက အလုပ္႐ုံေတြပါ ရပ္နားေလာက္တဲ့အထိ ျဖစ္လာႏိုင္တယ္လို႔ လုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။

အခုလက္ရွိ စက္႐ုံအမ်ားစုမွာ သုံးေနတဲ့ ကုန္ၾကမ္းေတြက တ႐ုတ္က ျဖစ္ၿပီး တျခားႏိုင္ငံေတြက ရဖို႔ ခဲယဥ္းတယ္လို႔လည္း ဦးထြန္းထြန္းက ေျပာပါတယ္။

ဒါေပမယ့္လည္း အခု ကိစၥဟာ႐ုတ္တရက္ျဖစ္ေပၚလာတာျဖစ္ၿပီး ဒီကုန္ၾကမ္းျပႆနာကို ေျဖရွင္းႏိုင္လိမ့္မယ္ ေမွ်ာ္လင့္တယ္လို႔ အလုပ္သမား အခ်င္းခ်င္း ႐ိုင္းပင္းကူညီေပးေရးအဖြဲ႕က အျငင္းပြားမႈ ေျဖရွင္းေရးတာဝန္ခံ မခခက ေျပာပါတယ္။

တကယ္လို႔ အလုပ္ေတြရပ္ဆိုင္းရမယ္ ဆိုရင္လည္း စက္႐ုံ ယာယီပိတ္သိမ္းတာနဲ႔ အၿပီးပိတ္သိမ္းတာအတြက္ အလုပ္သမားေတြကို နစ္နာေၾကးေပးဖို႔ ဥပေဒရွိၿပီးသားျဖစ္တယ္လို႔ မခခက ဘီဘီစီကို ေျပာပါတယ္။

"စက္႐ုံ အၿပီးပိတ္သိမ္းတယ္ဆိုရင္ အလုပ္သမားေတြကို အလုပ္ထုတ္ နစ္နာေၾကးေတြ၊ လုပ္ခလစာေတြ အက်ိဳးခံစားခြင့္ေတြ မဆုံးရႈံးရေအာင္ အျပည့္အဝေပးရမယ္။ ဒါကလည္း အစိုးရဘက္က တာဝန္ယူေပးရမယ္"

"ယာယီပိတ္ထားတာဆိုရင္ေတာ့ အဲဒီအခ်ိန္မွာ အလုပ္သမားေတြကို လုပ္ခလစာေပးဖို႔က စက္႐ုံဘက္က တာဝန္ရွိသြားၿပီ" လို႔ မခခက ေျပာပါတယ္။

လက္ရွိ ျမန္မာ အထည္ခ်ဳပ္က႑မွာ တ႐ုတ္ႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံတဲ့ စက္႐ုံေပါင္း ၃ဝဝ ေက်ာ္ ၄ဝဝ ဝန္းက်င္ အထိရွိေနၿပီး လုပ္သားေပါင္း ငါးသိန္းေက်ာ္ လုပ္ကိုင္ေနပါတယ္။

ဒါေၾကာင့္ လက္ရွိျဖစ္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြအေနနဲ႔ နစ္နာမႈေတြရွိလာႏိုင္သလို အထည္ခ်ဳပ္လုပ္ငန္းေတြ ဆက္လက္ ရွင္သန္ရပ္တည္ႏိုင္ဖို႔ အစိုးရအေနနဲ႔ ဝိုင္းဝန္းအေျဖရွာေပးဖို႔ ေမွ်ာ္လင့္ေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြဘက္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် ပြည်တွင်းအထည်ချုပ်တွေ ကုန်ကြမ်းပြတ်မှာပူ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ပြည်တွင်းက အမျိုးသမီးငယ် အများစုကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေတဲ့ အထည်ချုပ်ကဏ္ဍ

တရုတ်ပြည် ဟူဘေးပြည်နယ် ဝူဟန်ကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် တရုတ်ပြည်မှာ စက်ရုံတချို့ ပိတ်ထားရတဲ့အတွက် တရုတ်က ကုန်ကြမ်းကို အဓိက အားထားနေရတဲ့ ပြည်တွင်း အထည်ချုပ် လုပ်ငန်းတချို့ ကုန်ကြမ်းပြတ်မှာ လုပ်ငန်းရှင်တွေက စိတ်ပူပန်နေကြပါတယ်။

တချို့စက်ရုံတွေမှာ ကုန်ကြမ်းပြတ်လပ်မှုကို ရင်ဆိုင်ဖို့အတွက် ပုံမှန်အလုပ်ချိန်ပဲ လည်ပတ်ပြီး အချိန်ပိုတွေကို လျှော့ချနေရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ခန့်မှန်းထားမှုအရ ဖေဖော်ဝါရီလကုန်မှာ တရုတ်ဘက်က ကုန်ကြမ်းမပို့နိုင်ဘူးဆိုရင် မတ်လမှာ အခက်အခဲ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

အထည်ချုပ်စက်ရုံတွေရဲ့ ပုံမှန် တစ်နေ့ အလုပ်ချိန်ဟာ ၈ နာရီ ရှိပြီး အချိန်ပို ၂ နာရီ စုစုပေါင်း ၁၀ နာရီ အထိ ရှိပါတယ်။

အခုချိန်မှာတော့ တရုတ်ပြည်က ကုန်ကြမ်း အထည်အလိပ်တွေ ဝင်ရောက်တာ နည်းပါးသွားတဲ့အတွက် လက်ရှိ စက်ရုံမှာ ကျန်ရှိတဲ့ ကုန်ကြမ်းတွေနဲ့ပဲ လည်ပတ်နေရတာဖြစ်တယ်လို့ ဦးထွန်းထွန်းက ဆိုပါတယ်။

စက်ရုံအများစုကတော့ မတ်လအထိအတွက်ပဲ ကုန်ကြမ်းတွေရှိပြီး နောက်ထပ် ကုန်ကြမ်းမရရင် အလုပ်ချိန်သာမက အလုပ်ရုံတွေပါ ရပ်နားလောက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

အခုလက်ရှိ စက်ရုံအများစုမှာ သုံးနေတဲ့ ကုန်ကြမ်းတွေက တရုတ်က ဖြစ်ပြီး တခြားနိုင်ငံတွေက ရဖို့ ခဲယဉ်းတယ်လို့လည်း ဦးထွန်းထွန်းက ပြောပါတယ်။

    ရက်ပေါင်း၂၀ ကျော်လာပြီဖြစ်တဲ့ ပုသိမ်မြို့ အနီးက အထည်ချုပ် အလုပ်သမားသပိတ်။

ဒါပေမယ့်လည်း အခု ကိစ္စဟာရုတ်တရက်ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီကုန်ကြမ်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ် မျှော်လင့်တယ်လို့ အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ မခခက ပြောပါတယ်။

တကယ်လို့ အလုပ်တွေရပ်ဆိုင်းရမယ် ဆိုရင်လည်း စက်ရုံ ယာယီပိတ်သိမ်းတာနဲ့ အပြီးပိတ်သိမ်းတာအတွက် အလုပ်သမားတွေကို နစ်နာကြေးပေးဖို့ ဥပဒေရှိပြီးသားဖြစ်တယ်လို့ မခခက ဘီဘီစီကို ပြောပါတယ်။

"စက်ရုံ အပြီးပိတ်သိမ်းတယ်ဆိုရင် အလုပ်သမားတွေကို အလုပ်ထုတ် နစ်နာကြေးတွေ၊ လုပ်ခလစာတွေ အကျိုးခံစားခွင့်တွေ မဆုံးရှုံးရအောင် အပြည့်အဝပေးရမယ်။ ဒါကလည်း အစိုးရဘက်က တာဝန်ယူပေးရမယ်"

"ယာယီပိတ်ထားတာဆိုရင်တော့ အဲဒီအချိန်မှာ အလုပ်သမားတွေကို လုပ်ခလစာပေးဖို့က စက်ရုံဘက်က တာဝန်ရှိသွားပြီ" လို့ မခခက ပြောပါတယ်။

လက်ရှိ မြန်မာ အထည်ချုပ်ကဏ္ဍမှာ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံပေါင်း ၃ဝဝ ကျော် ၄ဝဝ ဝန်းကျင် အထိရှိနေပြီး လုပ်သားပေါင်း ငါးသိန်းကျော် လုပ်ကိုင်နေပါတယ်။

ဒါကြောင့် လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့ နစ်နာမှုတွေရှိလာနိုင်သလို အထည်ချုပ်လုပ်ငန်းတွေ ဆက်လက် ရှင်သန်ရပ်တည်နိုင်ဖို့ အစိုးရအနေနဲ့ ဝိုင်းဝန်းအဖြေရှာပေးဖို့ မျှော်လင့်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တွေဘက်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာေၾကာင့္ ျပည္တြင္းအထည္ခ်ဳပ္ေတြ ကုန္ၾကမ္းျပတ္မွာပူ ကို႐ိုနာေၾကာင့္ ျပည္တြင္းအထည္ခ်ဳပ္ေတြ ကုန္ၾကမ္းျပတ္မွာပူ Reviewed by THITHTOOLWIN on 04:23 Rating: 5
Powered by Blogger.