မူဆယ္ျပည္သူ႔ေဆး႐ုံတြင္ ခို႐ိုနာ သံသယရွိ အမ်ိဳးသားတဦး ေရာက္ေန

မူဆယ္ျပည္သူ႔ေဆး႐ုံတြင္ ခို႐ိုနာ သံသယရွိ အမ်ိဳးသားတဦး ေရာက္ေန
(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၂၆၊၂၀၂၀

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ Novel Corona Virus (ခို႐ိုနာဗိုင္းရပ္စ္) ကူးစက္ျမန္ အဆုတ္ေရာင္ ေရာဂါ သံသယရွိ အမ်ိဳးသားတဦး ေရာက္ရွိေနေၾကာင္း သတင္းရရွိသည္။

ခို႐ိုနာ ဗိုင္းရပ္စ္ သံသယရွိ အမ်ိဳးသား သည္ အသက္ ၂၃ႏွစ္အ႐ြယ္ရွိၿပီး လြန္ခဲ့သည့္ ၁၅ရက္ခန႔္၌ တ႐ုတ္ျပည္ ေ႐ႊလီၿမိဳ႕ ရွိ ကားဝပ္ေရွာ့ တခုတြင္ အလုပ္လုပ္ၿပီး ေဖေဖာ္ဝါရီ ၂၄ရက္ တြင္ ေ႐ႊလီၿမိဳ႕ မွ မူဆယ္ၿမိဳ႕ သို႔ ျပန္ခဲ့ေၾကာင္း သိရသည္။

ထိုမွတဆင့္ ေဖေဖာ္ဝါရီ ၂၅ရက္ တြင္ မူဆယ္ၿမိဳ႕ မွ ေ႐ႊလီၿမိဳ႕ သို႔ ျပန္သြားရာ မူဆယ္-မန႔္ဝိန္း နယ္စပ္ ဂိတ္တြင္ ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး မွ စစ္ေဆးရာ အဆိုပါ အသက္ ၂၃ႏွစ္ အ႐ြယ္ အမ်ိဳးသားသည္ အဖ်ား (၁၀၀) ဒီဂရီ ဖာရင္ဟိုက္ ရွိေၾကာင္း ေတြ႕ရသည္။

ထို႔ေၾကာင့္ အဆိုပါ အမ်ိဳးသား ကို မူဆယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံ တြင္ ခို႐ိုနာ ဗိုင္းရပ္စ္ သံသယရွိသူအျဖစ္ သီးသန႔္ေစာင့္ၾကည့္လူနာ အျဖစ္ သတ္မွတ္ထားကာ ကုသေနေၾကာင္း၊ ၎ လူနာ၏ ဓာတ္ခြဲ နမူနာကို ရန္ကုန္ၿမိဳ႕ ရွိ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာ ဌာန ကို ေပးပို႔ စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း အားကစား ႏွင့္ က်န္းမာေရး ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ တြင္ေရးသားထားသည္။

ခို႐ိုနာ ဗိုင္းရပ္စ္ သံသယ ရွိလူနာ အား စစ္ေဆးရာ လက္တေလာ ျပင္ထန္း အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ေရာဂါ လကၡဏာမ်ား မေတြ႕ရွိေသးေၾကာင္းလည္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

မူဆယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ တက္ေရာက္ေနသည့္ ခို႐ိုနာ သံသယရ ရွိသူ အမ်ိဳးသားအေျခအေန ႏွင့္ ပတ္သက္ၿပီး မူဆယ္ျပည္သူ႔ေဆး႐ုံ တြင္ တာဝန္က်သည့္ ဆရာဝန္မ်ား၊ ဆရာမမ်ား ပြင့္လင္းျမင္သာစြာ ျပည္သူကို ခ်ျပ ေျပာဆိုျခင္းမရွိေၾကာင္းလည္း မူဆယ္ေဒသခံမ်ားက ေျပာသည္။

“ က်ေနာ္ ျပည္သူ႔ေဆး႐ုံ လူနာ ေဆာင္မွာ တာဝန္က်တဲ့ ဆရာမကိုေမးတာေတာင္ သူတို႔က မသိဘူး၊ မရွိဘူးပဲ ဒီေန႔ထိေျပာေနတယ္။ သူတို႔ေတာင္မရွိဘူး၊ မသိဘူးေျပာေနတာ ဆိုေတာ့ က်ေနာ္တို႔လည္း ဘာမွ မသိဘူး” ဟု မူဆယ္ၿမိဳ႕ေဒသခံ စိုင္းကြမ္း ကေျပာသည္။

မူဆယ္ၿမိဳ႕တြင္ ခို႐ိုနာ ဗိုင္းရပ္စ္ ႏွင့္ ပတ္သက္ၿပီး ပညာေပးမႈ အားနည္းေၾကာင္း၊ ေဆး႐ုံဝန္းအတြင္း သြားလာသူမ်ားသည္ မ်က္ႏွာစည္း( Mark)မ်ား ကို အသုံးျပဳျခင္းမရွိဘဲ သြားလာေနၾကေၾကာင္း၊ ၿမိဳ႕လည္တြင္ လႈပ္ရွားသူမ်ားလည္း Mark ကို တပ္ၾကျခင္းမရွိေၾကာင္း စိုင္းကြမ္း က ေျပာသည္။

ထို႔ျပင္ မူဆယ္ျပည္သူ႔ေဆး႐ုံ ကို သွ်မ္းသံေတာ္ဆင့္ မွ ဆက္သြယ္ၿပီး ခို႐ိုနာ ဗိုင္းရပ္စ္ သံသယရွိသူ အေၾကာင္း ႏွင့္ ပတ္သက္ၿပီးေမးျမန္းရန္ ႀကိဳးစားခဲ့ေသာ္လည္း မရရွိခဲ့ေပ။

ယခုလ အေစာပိုင္းတြင္လည္း တ႐ုတ္ႏိုင္ငံသား တဦး မူဆယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ ႏွလုံးေရာဂါ၊ အဆုတ္ေရာင္(TB) ျဖင့္ ေသဆုံးခဲ့ေသးေၾကာင္းသိရသည္။

ခို႐ိုနာ ဗိုင္းရပ္သည္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ မွ စတင္ ျဖစ္ပြားခဲ့ကာ လက္ရွိမွာ ႏိုင္ငံေပါင္း (၄၀) ကူးစက္ခံရၿပီး၊ လူဦးေရ (၈၀၉ ၇၀) ဦး ကူးစက္ခံရ ကာ၊ ေသဆုံးသူ (၂၇၆၃) ဦးရွိၿပီး၊ ျပန္လည္ေနေကာင္းလာသူ (၂၉၉၉၈) ဦးရွိေၾကာင္း ယေန႔ ေန႔လည္ပိုင္းခ်ိန္ထိ China Morning Post သတင္းဌာန ထုတ္ျပန္ခ်က္ အရ သိရသည္။

မူဆယ္ၿမိဳ႕သည္ တ႐ုတ္နယ္စပ္ ဝင္၊ထြက္ေပါက္ အမ်ားဆုံးရွိသည့္ ေနရာျဖစ္ၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားေန႔စဥ္ ေသာင္းခ်ီ ဝင္၊ထြက္သြားလာသည့္ ၿမိဳ႕ျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/shannewsburmese
---------------
(Unicode)⤵⤵⤵
မူဆယ်ပြည်သူ့ဆေးရုံတွင် ခိုရိုနာ သံသယရှိ အမျိုးသားတဦး ရောက်နေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၂၆၊၂၀၂၀

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယရှိ အမျိုးသားတဦး ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိ အမျိုးသား သည် အသက် ၂၃နှစ်အရွယ်ရှိပြီး လွန်ခဲ့သည့် ၁၅ရက်ခန့်၌ တရုတ်ပြည် ရွှေလီမြို့ ရှိ ကားဝပ်ရှော့ တခုတွင် အလုပ်လုပ်ပြီး ဖေဖော်ဝါရီ ၂၄ရက် တွင် ရွှေလီမြို့ မှ မူဆယ်မြို့ သို့ ပြန်ခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် ဖေဖော်ဝါရီ ၂၅ရက် တွင် မူဆယ်မြို့ မှ ရွှေလီမြို့ သို့ ပြန်သွားရာ မူဆယ်-မန့်ဝိန်း နယ်စပ် ဂိတ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေး မှ စစ်ဆေးရာ အဆိုပါ အသက် ၂၃နှစ် အရွယ် အမျိုးသားသည် အဖျား (၁၀၀) ဒီဂရီ ဖာရင်ဟိုက် ရှိကြောင်း တွေ့ရသည်။

ထို့ကြောင့် အဆိုပါ အမျိုးသား ကို မူဆယ်မြို့ ပြည်သူ့ဆေးရုံ တွင် ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူအဖြစ် သီးသန့်စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားကာ ကုသနေကြောင်း၊ ၎င်း လူနာ၏ ဓာတ်ခွဲ နမူနာကို ရန်ကုန်မြို့ ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန ကို ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်နေကြောင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

ခိုရိုနာ ဗိုင်းရပ်စ် သံသယ ရှိလူနာ အား စစ်ဆေးရာ လက်တလော ပြင်ထန်း အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ မတွေ့ရှိသေးကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသည့် ခိုရိုနာ သံသယရ ရှိသူ အမျိုးသားအခြေအနေ နှင့် ပတ်သက်ပြီး မူဆယ်ပြည်သူ့ဆေးရုံ တွင် တာဝန်ကျသည့် ဆရာဝန်များ၊ ဆရာမများ ပွင့်လင်းမြင်သာစွာ ပြည်သူကို ချပြ ပြောဆိုခြင်းမရှိကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ ကျနော် ပြည်သူ့ဆေးရုံ လူနာ ဆောင်မှာ တာဝန်ကျတဲ့ ဆရာမကိုမေးတာတောင် သူတို့က မသိဘူး၊ မရှိဘူးပဲ ဒီနေ့ထိပြောနေတယ်။ သူတို့တောင်မရှိဘူး၊ မသိဘူးပြောနေတာ ဆိုတော့ ကျနော်တို့လည်း ဘာမှ မသိဘူး” ဟု မူဆယ်မြို့ဒေသခံ စိုင်းကွမ်း ကပြောသည်။

မူဆယ်မြို့တွင် ခိုရိုနာ ဗိုင်းရပ်စ် နှင့် ပတ်သက်ပြီး ပညာပေးမှု အားနည်းကြောင်း၊ ဆေးရုံဝန်းအတွင်း သွားလာသူများသည် မျက်နှာစည်း( Mark)များ ကို အသုံးပြုခြင်းမရှိဘဲ သွားလာနေကြကြောင်း၊ မြို့လည်တွင် လှုပ်ရှားသူများလည်း Mark ကို တပ်ကြခြင်းမရှိကြောင်း စိုင်းကွမ်း က ပြောသည်။

ထို့ပြင် မူဆယ်ပြည်သူ့ဆေးရုံ ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်ပြီး ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ အကြောင်း နှင့် ပတ်သက်ပြီးမေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

ယခုလ အစောပိုင်းတွင်လည်း တရုတ်နိုင်ငံသား တဦး မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် နှလုံးရောဂါ၊ အဆုတ်ရောင်(TB) ဖြင့် သေဆုံးခဲ့သေးကြောင်းသိရသည်။

ခိုရိုနာ ဗိုင်းရပ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင် ဖြစ်ပွားခဲ့ကာ လက်ရှိမှာ နိုင်ငံပေါင်း (၄၀) ကူးစက်ခံရပြီး၊ လူဦးရေ (၈၀၉ ၇၀) ဦး ကူးစက်ခံရ ကာ၊ သေဆုံးသူ (၂၇၆၃) ဦးရှိပြီး၊ ပြန်လည်နေကောင်းလာသူ (၂၉၉၉၈) ဦးရှိကြောင်း ယနေ့ နေ့လည်ပိုင်းချိန်ထိ China Morning Post သတင်းဌာန ထုတ်ပြန်ချက် အရ သိရသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ် ဝင်၊ထွက်ပေါက် အများဆုံးရှိသည့် နေရာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများနေ့စဉ် သောင်းချီ ဝင်၊ထွက်သွားလာသည့် မြို့ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/shannewsburmese
မူဆယ္ျပည္သူ႔ေဆး႐ုံတြင္ ခို႐ိုနာ သံသယရွိ အမ်ိဳးသားတဦး ေရာက္ေန မူဆယ္ျပည္သူ႔ေဆး႐ုံတြင္ ခို႐ိုနာ သံသယရွိ အမ်ိဳးသားတဦး ေရာက္ေန Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.