မူဆယ္ၿမိဳ႕လယ္ေခါင္ ေငြလဲသည့္ အမ်ိဳးသမီး ဓားျပတိုက္ခံရ

(Zawgyi)⤵⤵⤵
သွ်မ္းသံေတာ္ဆင့္၊ နန္းဆိုင္ႏြမ္

ျမန္မာ-တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕ ေဈးရပ္ကြက္ ၿမိဳ႕လယ္ေခါင္တြင္ တ႐ုတ္ေငြလဲသည့္ေနရာတြင္ ယေန႔ မနက္(၆နာရီခြဲ)တြင္ အမည္မသိ အမ်ိဳးသား ၄ဦးက လာေရာက္ကာ ဓားျပတိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ ( ေဖေဖာ္ဝါရီ ၂၆) ရက္ မနက္ ၆နာရီခြဲ အခ်ိန္တြင္ တ႐ုတ္ေငြလဲသည့္ အမ်ိဳးသမီး ၂ဦးထံ အမည္မသိ အမ်ိဳးသား ၄ဦး ကားျဖင့္ ေမာင္းလာကာ က်ပ္သိန္း ၁၀၀ ေက်ာ္ ဓားျပတိုက္ သြားေၾကာင္း မ်က္ျမင္သက္ေသ အမ်ိဳးသမီး နန္းေမ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ အမ်ိဳးသား ၄ဦး ကားေမာင္းလာတယ္။ ၃ဦးကေတာ့ ကားေပၚကေန ဆင္းလာတယ္။ က်မတို႔က ေငြလဲမယ္ပဲထင္တာ။ က်မတို႔ နားေရာက္ေတာ့ ေငြထုတ္ တန္းလုသြားတယ္၊ ဓားေတြပါလာတယ္” ဟု နန္းေမ က ေျပာသည္။

အဆိုပါ ဓားျပတိုက္ ၄ဦးသည္ အျဖဴေရာင္ တ႐ုတ္ကားကို ေမာင္းလာၿပီး၊ ေငြထုတ္လုၿပီးေနာက္ “ မဂၤလာမူဆယ္” ဘက္သို႔ ထြက္ေျပးသြားေၾကာင္း သိရသည္။

ေငြမ်ားကို ဓားျပတိုက္ လုယူသြားခ်ိန္တြင္ ေဘးပတ္ဝန္းက်င္၌ ကားသမားမ်ား၊ အျခား ျပည္သူမ်ား ရွိေနေသာ္လည္း တစုံတရား ကူညီေပးျခင္း မရွိေၾကာင္း၊ ထို ဓားျပတိုက္ခံရေၾကာင္တြင္ ေၾကာက္စိတ္ေၾကာင့္ ဓားျပ မ်ားကို တုန႔္ျပန္မႈ မရွိခဲ့ေၾကာင္းလည္း နန္းေမ က ေျပာသည္။

“ တကယ္ေတာ့ က်မတို႔ ၂ေယာက္ထိုင္ေနတာ။ သူတို႔က ၂ေယာက္စလုံး ရဲ႕ ေငြအိတ္လုဖို႔ ႀကိဳးစားတယ္။ က်မရဲ႕ ေဘးမွာ ထိုင္တဲ့ ပီမီးေငြပဲ လုလို႔ ရသြားတယ္” ဟု နန္းေမ က ဆိုသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး မူဆယ္ၿမိဳ႕မ ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ တာဝန္က်သည့္ရဲတဦး က “ ေငြလဲတဲ့ အမ်ိဳးသမီး ေငြလုခံရတာ ဟုတ္ပါတယ္။ က်ေနာ္တို႔ အခု တရားခံကို လိုက္လံ ဖမ္းဆီးေနပါတယ္။ ခုထိေတာ့ တရားခံ မရေသးဘူး” ဟု သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

ဓားျပတိုက္သည့္ အမ်ိဳးသား ၄ဦး “ မဂၤလာမူဆယ္” ဘက္သို႔ဆင္းသြားၿပီးေနာက္ သက္ဆိုင္ရာမ်ား၊ ရဲတပ္ဖြဲ႕မ်ား ေရာက္လာၿပီး၊ အမႈဖြင့္ထားေၾကာင္းလည္း ေငြလွဲသည့္ အသိုင္းအဝန္းက ေျပာသည္။

“ ရဲေတြကေတာ့ ဓားျပ ေတြျပန္မွ သူတို႔ေရာက္လာတယ္။ ေနာက္ အမႈဖြင့္ေပးတယ္လို႔ေျပာတာပဲ။ က်မတို႔လည္း ဓားျပတဲ့သူပုံစံ ေသခ်ာမျမင္လိုက္ရဘူး။ ကားနံပတ္လည္း မၾကည့္လိုက္ဘူး” ဟု ေငြလဲသည့္ အမ်ိဳးသမီး နန္းဆာ က ေျပာသည္။

မူဆယ္ၿမိဳ႕တြင္တ႐ုတ္ေငြလဲသည့္ အမ်ိဳးသမီးမ်ားကို မၾကာခဏ ေငြလုယက္မႈ၊ ဓားျပတိုက္မႈ ရွိခဲ့ေသာ္လည္း တရားခံကို တႀကိမ္တခါမွ မဖမ္းမိခဲ့ေၾကာင္း လည္း နန္းဆာ က ေျပာသည္။

“ က်မတို႔ေငြလဲတဲ့ အမ်ိဳးသမီးေတြ က အရာရာကို ေၾကာက္ေနရတယ္။ ကိုယ့္လုံၿခဳံေရးကို တာဝန္ယူရတယ္။ အခုက ၆နာရီခြဲဆိုတာ မိုးလင္းေနၿပီ။ မူဆယ္ၿမိဳ႕ ကေတာ္ေတာ္ ေၾကာက္စရာေကာင္းလာတယ္” ဟု နန္းဆာ က ဆိုသည္။

တ႐ုတ္ နယ္စပ္ မူဆယ္ၿမိဳ႕တြင္ တ႐ုတ္ေငြလဲသူမ်ားအနက္ ၉၀ ရာခိုင္ႏႈန္းသည္ အမ်ိဳးသမီးမ်ား ျဖစ္ေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕တြင္ ျပည္သူ႔စစ္မ်ား၊ ေလာင္းကစား႐ုံမ်ား၊ မူးယစ္ေဆးဝါးမ်ား ေရာင္းဝယ္ေဖာက္ကားသည့္ေနရာ တခုျဖစ္ၿပီး လုယက္သမား၊ ဒုစ႐ိုက္သမားမ်ား မ်ားျပားသည့္ေနရာျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/shannewsburmese
--------------
(Unicode)⤵⤵⤵
မူဆယ်မြို့လယ်ခေါင် ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဈေးရပ်ကွက် မြို့လယ်ခေါင်တွင် တရုတ်ငွေလဲသည့်နေရာတွင် ယနေ့ မနက်(၆နာရီခွဲ)တွင် အမည်မသိ အမျိုးသား ၄ဦးက လာရောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ( ဖေဖော်ဝါရီ ၂၆) ရက် မနက် ၆နာရီခွဲ အချိန်တွင် တရုတ်ငွေလဲသည့် အမျိုးသမီး ၂ဦးထံ အမည်မသိ အမျိုးသား ၄ဦး ကားဖြင့် မောင်းလာကာ ကျပ်သိန်း ၁၀၀ ကျော် ဓားပြတိုက် သွားကြောင်း မျက်မြင်သက်သေ အမျိုးသမီး နန်းမေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အမျိုးသား ၄ဦး ကားမောင်းလာတယ်။ ၃ဦးကတော့ ကားပေါ်ကနေ ဆင်းလာတယ်။ ကျမတို့က ငွေလဲမယ်ပဲထင်တာ။ ကျမတို့ နားရောက်တော့ ငွေထုတ် တန်းလုသွားတယ်၊ ဓားတွေပါလာတယ်” ဟု နန်းမေ က ပြောသည်။

အဆိုပါ ဓားပြတိုက် ၄ဦးသည် အဖြူရောင် တရုတ်ကားကို မောင်းလာပြီး၊ ငွေထုတ်လုပြီးနောက် “ မင်္ဂလာမူဆယ်” ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ငွေများကို ဓားပြတိုက် လုယူသွားချိန်တွင် ဘေးပတ်ဝန်းကျင်၌ ကားသမားများ၊ အခြား ပြည်သူများ ရှိနေသော်လည်း တစုံတရား ကူညီပေးခြင်း မရှိကြောင်း၊ ထို ဓားပြတိုက်ခံရကြောင်တွင် ကြောက်စိတ်ကြောင့် ဓားပြ များကို တုန့်ပြန်မှု မရှိခဲ့ကြောင်းလည်း နန်းမေ က ပြောသည်။

“ တကယ်တော့ ကျမတို့ ၂ယောက်ထိုင်နေတာ။ သူတို့က ၂ယောက်စလုံး ရဲ့ ငွေအိတ်လုဖို့ ကြိုးစားတယ်။ ကျမရဲ့ ဘေးမှာ ထိုင်တဲ့ ပီမီးငွေပဲ လုလို့ ရသွားတယ်” ဟု နန်းမေ က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျသည့်ရဲတဦး က “ ငွေလဲတဲ့ အမျိုးသမီး ငွေလုခံရတာ ဟုတ်ပါတယ်။ ကျနော်တို့ အခု တရားခံကို လိုက်လံ ဖမ်းဆီးနေပါတယ်။ ခုထိတော့ တရားခံ မရသေးဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဓားပြတိုက်သည့် အမျိုးသား ၄ဦး “ မင်္ဂလာမူဆယ်” ဘက်သို့ဆင်းသွားပြီးနောက် သက်ဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ ရောက်လာပြီး၊ အမှုဖွင့်ထားကြောင်းလည်း ငွေလှဲသည့် အသိုင်းအဝန်းက ပြောသည်။

“ ရဲတွေကတော့ ဓားပြ တွေပြန်မှ သူတို့ရောက်လာတယ်။ နောက် အမှုဖွင့်ပေးတယ်လို့ပြောတာပဲ။ ကျမတို့လည်း ဓားပြတဲ့သူပုံစံ သေချာမမြင်လိုက်ရဘူး။ ကားနံပတ်လည်း မကြည့်လိုက်ဘူး” ဟု ငွေလဲသည့် အမျိုးသမီး နန်းဆာ က ပြောသည်။

မူဆယ်မြို့တွင်တရုတ်ငွေလဲသည့် အမျိုးသမီးများကို မကြာခဏ ငွေလုယက်မှု၊ ဓားပြတိုက်မှု ရှိခဲ့သော်လည်း တရားခံကို တကြိမ်တခါမှ မဖမ်းမိခဲ့ကြောင်း လည်း နန်းဆာ က ပြောသည်။

“ ကျမတို့ငွေလဲတဲ့ အမျိုးသမီးတွေ က အရာရာကို ကြောက်နေရတယ်။ ကိုယ့်လုံခြုံရေးကို တာဝန်ယူရတယ်။ အခုက ၆နာရီခွဲဆိုတာ မိုးလင်းနေပြီ။ မူဆယ်မြို့ ကတော်တော် ကြောက်စရာကောင်းလာတယ်” ဟု နန်းဆာ က ဆိုသည်။

တရုတ် နယ်စပ် မူဆယ်မြို့တွင် တရုတ်ငွေလဲသူများအနက် ၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့တွင် ပြည်သူ့စစ်များ၊ လောင်းကစားရုံများ၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားသည့်နေရာ တခုဖြစ်ပြီး လုယက်သမား၊ ဒုစရိုက်သမားများ များပြားသည့်နေရာဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/shannewsburmese
မူဆယ္ၿမိဳ႕လယ္ေခါင္ ေငြလဲသည့္ အမ်ိဳးသမီး ဓားျပတိုက္ခံရ မူဆယ္ၿမိဳ႕လယ္ေခါင္ ေငြလဲသည့္ အမ်ိဳးသမီး ဓားျပတိုက္ခံရ Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.