ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ ေဈးကြက္ တိုက္ဖ်က္ေရးအရွိန္ျမႇင့္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈ ေထာင္ခ်ီရွိလာခ်ိန္ တ႐ုတ္သံအမတ္ႀကီးက တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ေတာ႐ိုင္းတိရစာၦန္ တိုက္ဖ်က္ေရး စတင္ဖို႔ ေနျပည္ေတာ္ခရီးစဥ္မွာ ေျပာခဲ့ပါတယ္။

တ႐ုတ္- ျမန္မာနယ္စပ္က  ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္မႈေဈးကြက္ တိုက္ဖ်က္မႈ တကယ္ေရာ ျဖစ္ႏိုင္ပါ့မလား။

တရားမဝင္ တိရစာၦန္ေရာင္းဝယ္ေဖာက္ကားမႈ တိုက္ဖ်က္ေရးအတြက္ တ႐ုတ္ရဲ႕ဦးေဆာင္မႈက အေရးပါၿပီး ႏွစ္ႏိုင္ငံအစိုးရက ႏိုင္ငံေရးရည္မွန္းခ်က္ အျပည့္အဝနဲ႔ ေဆာင္႐ြက္မယ္ဆိုရင္ လက္ေတြ႕က်ႏိုင္တယ္လို႔ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ ( WCS  Myanmar  ) ရဲ႕ ဌာေနကိုယ္စားလွယ္ ဦးေစာထြန္းက ေျပာပါတယ္။

“ေရတိုနည္းလမ္းေတြနဲ႔ ေျဖရွင္းတာမဟုတ္ဘဲနဲ႔ ေရရွည္စီမံခ်က္ေတြ အေသအခ်ာ ခ်မွတ္ၿပီးေတာ့မွ အကဲျဖတ္ႏိုင္တဲ့ ေစာင့္ၾကည့္ေလ့လာမႈ ယႏၲယားေတြနဲ႔ အေသအခ်ာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ဖို႔ လိုပါတယ္။ ဆက္စပ္အစိုးရဌာနေတြက မူဝါဒနဲ႔ဥေပဒမူေဘာင္ေတြ အားေကာင္းဖို႔ အစိုးရဘ႑ာေငြ ခြဲေဝခ်ထားဖို႔ ေခတ္မီတဲ့နည္းပညာနဲ႔ လက္နက္ကိရိယာေတြသုံးဖို႔၊ ဥပေဒစိုးမိုးေရး ေဆာင္႐ြက္ေနတဲ့ ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္ျမႇင့္ဖို႔ လိုအပ္ပါတယ္“

ျမန္မာႏိုင္ငံဟာ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ ဝယ္လိုအားမ်ားတဲ့  တ႐ုတ္၊ ဗီယက္နမ္နဲ႔ ထိုင္းႏိုင္ငံအနီးမွာ တည္ရွိတဲ့အတြက္ ရွားပါးေတာ႐ိုင္းတိရစာၦန္ အၿမဲလိုလို အသတ္ခံေနရပါတယ္။  အဲဒီအထဲမွာ သင္းေခြခ်ပ္၊ ဆင္နဲ႔ က်ားတို႔လည္း  ပါေနပါတယ္။

ေတာ႐ိုင္းတိရစာၦန္ေဈးကြက္ဟာ  ကမာၻမွာ မူးယစ္ေဆးဝါးနဲ႔ လက္နက္ေမွာင္ခိုမႈၿပီးရင္ တတိယအႀကီးဆုံး ကုန္သြယ္မႈျဖစ္ပါတယ္။ တစ္ႏွစ္မွာ ေဒၚလာ ဘီလီယံခ်ီဝင္တဲ့ ေဈးကြက္တစ္ခုပါ။

ေတာ႐ိုင္းတိရစာၦန္ ေဈးကြက္တိုက္ဖ်က္ေရးကို အစိုးရက ေဆာင္႐ြက္ေနေပမယ့္ ထိေရာက္မႈက နည္းပါတယ္။ ဒါေတြကိုထိေရာက္စြာ ကိုင္တြယ္ဖို႔အတြက္ ဥပေဒပိုင္းဆိုင္ရာေတြ အားေကာင္းဖို႔ လိုတယ္လို႔ We can Myanmar ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာ စံပယ္မင္းက ေျပာပါတယ္။

“ေတာ႐ိုင္းတိရစာၦန္ ဥေပဒကို ဌာနဆိုင္ရင္ေတြနဲ႔ NGO အဖြဲ႕ေတြ ပူးေပါင္းၿပီး  ဥပေဒကိုျပန္ၿပီး ျပင္လာတာ ၂၀၁၈ ေမလမွာ ဥပေဒအသစ္ျပန္ထြက္တယ္။ အဲဒီမွာလည္း ျပစ္ဒဏ္ေတြကလည္း ျပန္ျမင့္တက္လာတယ္ ဆိုေတာ့ ဥပေဒအျမင္နဲ႔ၾကည့္မယ္ဆိုရင္ ေကာင္းလာတဲ့အေနအထားပဲ။ ဒီေနာက္ပိုင္းမွာ ဒီဥပေဒအတိုင္း ဆက္လက္ေဆာင္႐ြက္မယ္ဆိုရင္ ထိေရာက္တဲ့ကာကြယ္မႈေတြ လုပ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္“

တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းလားနဲ႔ “ ၀ “ ေဒသေတြဟာ တ႐ုတ္ ေဖာက္သည္ေတြနဲ႔ စည္ကားေနတဲ့ ေဈးကြက္တစ္ခုပါ။ ဒီေဒသေတြဟာ  ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြျဖစ္ၿပီး အစိုးရရဲ႕ အာဏာသက္ေရာက္မႈက အကန႔္အသတ္ရွိပါတယ္။ တ႐ုတ္- ျမန္မာႏွစ္ႏိုင္ငံ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္မႈကို ၀ ေဒသမွာ တင္းက်ပ္လာမယ္ဆိုရင္ “ ၀ “ တိုင္းရင္းသားေတြရဲ႕ ေရွး႐ိုးဓေလ့အရ ေနထိုင္စား ေသာက္မႈေတြကို ထိခိုက္လာႏိုင္တယ္လို႔ “ ၀ “ တပ္ဖြဲ႕ လားရႈိးဆက္ဆံေရး တာဝန္ခံ ဦးညီရမ္းက ေျပာပါတယ္။

ဒါေၾကာင့္ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္မႈကို ထိန္းခ်ဳပ္သြားမွာကို အားေပးေထာက္ခံေပမယ့္ ေဒသတစ္ခုလုံးနဲ႔ဆိုင္တဲ့ ကိစၥရပ္ျဖစ္တဲ့အတြက္ ဗဟိုဌာနခ်ဳပ္နဲ႔  ပူးေပါင္းေဆြးေႏြးၾကတာ ပိုေကာင္းမယ္လို႔ သုံးသပ္ပါတယ္။

“ပုဂၢိဳလ္ေရးအျမင္အရ ေျပာမယ္ဆိုရင္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေဖာက္ကားမႈေတြ ပရမ္းပတာ ျဖစ္ေနတယ္ဆိုတာ အားမေပးပါဘူး။ ထိန္းခ်ဳပ္ဖို႔သင့္ပါတယ္။ ပူေပါင္းေဆြးေႏြးၾကတာ  ပိုေကာင္းပါမယ္။ ဘာလို႔လဲဆိုေတာ့ လူမ်ိဳးႏြယ္စုေတြက ေတာလိုက္တဲ့ဓေလ့ေတြရွိတဲ့အတြက္ သူတို႔ရဲ႕ ေနထိုင္စားေသာက္ မႈအတြက္ ထိခိုက္လာႏိုင္ေျခရွိတယ္ဆိုေတာ့ ဗဟိုဌာနခ်ဳပ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ လုပ္ၾကတာ ေကာင္းပါတယ္။ “ ၀  “ ျပည္နယ္မွာလည္း ေတာ႐ိုင္းတိရစာၦန္ေတြ မလိုက္ရ၊ မသတ္ရ၊ မပစ္ရဆိုတဲ့ ကန႔္သတ္နယ္ေျမေတြ လည္း သတ္မွတ္ထားတာလည္း ရွိပါတယ္“

ေတာ႐ိုင္းတိရစာၦန္ တရားမဝင္ေရာင္းဝယ္မႈေတြရဲ႕ ျပႆနာအရင္းခံက ရွားပါးတိရစာၦန္ေတြဟာ ေဆးဘက္ဝင္ တယ္လို႔ ယုံၾကည္တာေတြ၊ တိုင္းရင္းသားေတြရဲ႕ လူေနမႈအေျခအေနနဲ႔ စီးပြားေရးအခက္အခဲေတြေၾကာင့္ ျဖစ္တယ္လို႔ သားငွက္ထိန္းသိမ္းေရး  ပညာရွင္ေတြက သုံးသပ္ၾကပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကို ႏိုင္ငံတကာအေရးအေပၚ အေျခအေနအျဖစ္ သတ္မွတ္ ထားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာလို႔ ယူဆၾကတဲ့ ဟူေပေဒသက ဝူဟန္ေတာ႐ိုင္းတိရိစာၦန္ ေဈးကြက္ကို တ႐ုတ္အာဏာပိုင္ေတြက ပိတ္ထားပါတယ္။ ၿမိဳ႕နယ္တစ္ခုလုံးကိုလည္း တျခားၿမိဳ႕နယ္ေတြနဲ႔ အဆက္ျဖတ္ထားပါတယ္။

ဒီဗိုင္းရပ္စ္ဟာ တိရိစာၦန္ကေနတဆင့္ ကူးစက္တာေၾကာင့္၊ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးနဲ႔အတူ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္မႈကိုလည္း ထိေရာက္ေအာင္ တားျမစ္ႏိုင္ဖို႔ အခ်ိန္ေကာင္းျဖစ္တယ္လို႔ သုံးသပ္မႈေတြရွိေနၾကပါတယ္။

RFA Burmese
https://www.rfa.org/burmese
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောရိုင်းတိရစ္ဆာန် ဈေးကွက် တိုက်ဖျက်ရေးအရှိန်မြှင့်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ထောင်ချီရှိလာချိန် တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံ တောရိုင်းတိရစ္ဆာန် တိုက်ဖျက်ရေး စတင်ဖို့ နေပြည်တော်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။

တရုတ်- မြန်မာနယ်စပ်က  တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုဈေးကွက် တိုက်ဖျက်မှု တကယ်ရော ဖြစ်နိုင်ပါ့မလား။

တရားမဝင် တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးအတွက် တရုတ်ရဲ့ဦးဆောင်မှုက အရေးပါပြီး နှစ်နိုင်ငံအစိုးရက နိုင်ငံရေးရည်မှန်းချက် အပြည့်အဝနဲ့ ဆောင်ရွက်မယ်ဆိုရင် လက်တွေ့ကျနိုင်တယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ ( WCS  Myanmar  ) ရဲ့ ဌာနေကိုယ်စားလှယ် ဦးစောထွန်းက ပြောပါတယ်။

“ရေတိုနည်းလမ်းတွေနဲ့ ဖြေရှင်းတာမဟုတ်ဘဲနဲ့ ရေရှည်စီမံချက်တွေ အသေအချာ ချမှတ်ပြီးတော့မှ အကဲဖြတ်နိုင်တဲ့ စောင့်ကြည့်လေ့လာမှု ယန္တယားတွေနဲ့ အသေအချာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုပါတယ်။ ဆက်စပ်အစိုးရဌာနတွေက မူဝါဒနဲ့ဥပေဒမူဘောင်တွေ အားကောင်းဖို့ အစိုးရဘဏ္ဍာငွေ ခွဲဝေချထားဖို့ ခေတ်မီတဲ့နည်းပညာနဲ့ လက်နက်ကိရိယာတွေသုံးဖို့၊ ဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်ဖို့ လိုအပ်ပါတယ်“

မြန်မာနိုင်ငံဟာ တရားမဝင် တောရိုင်းတိရစ္ဆာန် ဝယ်လိုအားများတဲ့  တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံအနီးမှာ တည်ရှိတဲ့အတွက် ရှားပါးတောရိုင်းတိရစ္ဆာန် အမြဲလိုလို အသတ်ခံနေရပါတယ်။  အဲဒီအထဲမှာ သင်းခွေချပ်၊ ဆင်နဲ့ ကျားတို့လည်း  ပါနေပါတယ်။

တောရိုင်းတိရစ္ဆာန်ဈေးကွက်ဟာ  ကမ္ဘာမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုမှုပြီးရင် တတိယအကြီးဆုံး ကုန်သွယ်မှုဖြစ်ပါတယ်။ တစ်နှစ်မှာ ဒေါ်လာ ဘီလီယံချီဝင်တဲ့ ဈေးကွက်တစ်ခုပါ။

တောရိုင်းတိရစ္ဆာန် ဈေးကွက်တိုက်ဖျက်ရေးကို အစိုးရက ဆောင်ရွက်နေပေမယ့် ထိရောက်မှုက နည်းပါတယ်။ ဒါတွေကိုထိရောက်စွာ ကိုင်တွယ်ဖို့အတွက် ဥပဒေပိုင်းဆိုင်ရာတွေ အားကောင်းဖို့ လိုတယ်လို့ We can Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ စံပယ်မင်းက ပြောပါတယ်။

“တောရိုင်းတိရစ္ဆာန် ဥပေဒကို ဌာနဆိုင်ရင်တွေနဲ့ NGO အဖွဲ့တွေ ပူးပေါင်းပြီး  ဥပဒေကိုပြန်ပြီး ပြင်လာတာ ၂၀၁၈ မေလမှာ ဥပဒေအသစ်ပြန်ထွက်တယ်။ အဲဒီမှာလည်း ပြစ်ဒဏ်တွေကလည်း ပြန်မြင့်တက်လာတယ် ဆိုတော့ ဥပဒေအမြင်နဲ့ကြည့်မယ်ဆိုရင် ကောင်းလာတဲ့အနေအထားပဲ။ ဒီနောက်ပိုင်းမှာ ဒီဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ထိရောက်တဲ့ကာကွယ်မှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်“

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနဲ့ “ ၀ “ ဒေသတွေဟာ တရုတ် ဖောက်သည်တွေနဲ့ စည်ကားနေတဲ့ ဈေးကွက်တစ်ခုပါ။ ဒီဒေသတွေဟာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်ပြီး အစိုးရရဲ့ အာဏာသက်ရောက်မှုက အကန့်အသတ်ရှိပါတယ်။ တရုတ်- မြန်မာနှစ်နိုင်ငံ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ၀ ဒေသမှာ တင်းကျပ်လာမယ်ဆိုရင် “ ၀ “ တိုင်းရင်းသားတွေရဲ့ ရှေးရိုးဓလေ့အရ နေထိုင်စား သောက်မှုတွေကို ထိခိုက်လာနိုင်တယ်လို့ “ ၀ “ တပ်ဖွဲ့ လားရှိုးဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ဒါကြောင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို ထိန်းချုပ်သွားမှာကို အားပေးထောက်ခံပေမယ့် ဒေသတစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် ဗဟိုဌာနချုပ်နဲ့  ပူးပေါင်းဆွေးနွေးကြတာ ပိုကောင်းမယ်လို့ သုံးသပ်ပါတယ်။

“ပုဂ္ဂိုလ်ရေးအမြင်အရ ပြောမယ်ဆိုရင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေ ပရမ်းပတာ ဖြစ်နေတယ်ဆိုတာ အားမပေးပါဘူး။ ထိန်းချုပ်ဖို့သင့်ပါတယ်။ ပူပေါင်းဆွေးနွေးကြတာ  ပိုကောင်းပါမယ်။ ဘာလို့လဲဆိုတော့ လူမျိုးနွယ်စုတွေက တောလိုက်တဲ့ဓလေ့တွေရှိတဲ့အတွက် သူတို့ရဲ့ နေထိုင်စားသောက် မှုအတွက် ထိခိုက်လာနိုင်ခြေရှိတယ်ဆိုတော့ ဗဟိုဌာနချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ကြတာ ကောင်းပါတယ်။ “ ၀  “ ပြည်နယ်မှာလည်း တောရိုင်းတိရစ္ဆာန်တွေ မလိုက်ရ၊ မသတ်ရ၊ မပစ်ရဆိုတဲ့ ကန့်သတ်နယ်မြေတွေ လည်း သတ်မှတ်ထားတာလည်း ရှိပါတယ်“

တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုတွေရဲ့ ပြဿနာအရင်းခံက ရှားပါးတိရစ္ဆာန်တွေဟာ ဆေးဘက်ဝင် တယ်လို့ ယုံကြည်တာတွေ၊ တိုင်းရင်းသားတွေရဲ့ လူနေမှုအခြေအနေနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ဖြစ်တယ်လို့ သားငှက်ထိန်းသိမ်းရေး  ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံတကာအရေးအပေါ် အခြေအနေအဖြစ် သတ်မှတ် ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာလို့ ယူဆကြတဲ့ ဟူပေဒေသက ဝူဟန်တောရိုင်းတိရိစ္ဆာန် ဈေးကွက်ကို တရုတ်အာဏာပိုင်တွေက ပိတ်ထားပါတယ်။ မြို့နယ်တစ်ခုလုံးကိုလည်း တခြားမြို့နယ်တွေနဲ့ အဆက်ဖြတ်ထားပါတယ်။

ဒီဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကနေတဆင့် ကူးစက်တာကြောင့်၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့အတူ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကိုလည်း ထိရောက်အောင် တားမြစ်နိုင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ ေဈးကြက္ တိုက္ဖ်က္ေရးအရွိန္ျမႇင့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ ေဈးကြက္ တိုက္ဖ်က္ေရးအရွိန္ျမႇင့္ Reviewed by THITHTOOLWIN on 00:45 Rating: 5
Powered by Blogger.