ကို႐ိုနာဗိုင္းရပ္စ္ - စင္ကာပူမွာ ဗိုင္းရပ္စ္ျပန႔္တာ ဘာေၾကာင့္ စိုးရိမ္စရာ ေကာင္းသလဲ

အေဆာက္အအုံထဲမဝင္ခင္ ကိုယ္အပူခ်ိန္တိုင္း
(Zawgyi)⤵⤵⤵
ယူေကနဲ႔ ေတာင္ကိုရီးယားတို႔က ကို႐ိုနာဗိုင္းရပ္စ္သစ္ ကိုဗစ္-၁၉ ကူးစက္မႈေတြကို ေျခရာခံလိုက္ရင္ စင္ကာပူက ကူးစက္လာတာကို ေတြ႕ရပါတယ္။

ဒါေၾကာင့္ အခုဆိုရင္ တခ်ိဳႏိုင္ငံေတြက တတ္ႏိုင္ရင္ ႏိုင္ငံတကာရဲ႕ အဝင္အထြက္ အခ်က္အခ်ာေနရာ ျဖစ္ေနတဲ့ အဲဒီကို မသြားၾကဖို႔ အႀကံျပဳထားပါတယ္။

ဒါေပမဲ့ ဘာေၾကာင့္ စင္ကာပူလို သိပ္မက်ယ္ဝန္းတဲ့ ႏိုင္ငံေလးက ဒီလို အေျခအေနနဲ႔ ရင္ဆိုင္ေနရတာလဲ။

စင္ကာပူ ခ်န္ဂီေလဆိပ္ဟာ ႏိုင္ငံတကာနဲ႔ အသြားအလာ အခ်ိတ္အဆက္ အမ်ားဆုံး ေလဆိပ္တစ္ခု ျဖစ္ေနတာက ဒီလို ျဖစ္ေစတာပါ။

ဒီေလဆိပ္မွာ စကၠန႔္ ၈၀ ကို ေလယာဥ္တစ္စင္း အတက္၊အဆင္း ရွိေနပါတယ္။

အဲဒါေၾကာင့္ ဒီေလဆိပ္ဟာ အေမရိကန္က JFK နဲ႔ ဆန္ဖရန္စစၥကို ေလဆိပ္ေတြနဲ႔ UAE က ဒူဘိုင္း ေလဆိပ္ ေတြထက္ အသြားအလာ အခ်ိတ္အဆက္မ်ားတဲ့ ေလဆိပ္လို႔ ဆိုႏိုင္ပါတယ္။

ဒါကပဲ အခုလို ဗိုင္းရပ္စ္ ကူးစက္မႈ ျဖစ္ခ်ိန္မွာ ခက္ခဲတဲ့ အေျခအေန ျဖစ္ေစပါတယ္။

ေလဆိပ္ထဲမွာ ခရီးသည္ေတြကို ကိုယ္အပူခ်ိန္ စစ္တဲ့ စက္ေတြ အမ်ားအျပားတပ္ထားပါတယ္။ စင္ကာပူ ေလဆိပ္ကို ျဖတ္သန္းသြားတဲ့ ခရီးသည္တိုင္းကို အဲဒီ စက္ေတြက အလိုအေလ်ာက္ စစ္ေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ရွိမရွိကိုလည္း ေလဆိပ္ ဝန္ထမ္းေတြက ခရီးသည္ေတြကို စစ္ေနပါတယ္။ အဖ်ား၊ ေခ်ာင္းဆိုးတဲ့ လကၡဏာေတြကို စစ္ေဆးပါတယ္။

ႏိုင္ငံတကာ အစည္းအေဝးေတြနဲ႔ ခရီးသြားေတြ အလာအမ်ားဆုံး ႏိုင္ငံတစ္ခု

အဲဒီလိုနည္းလမ္းေတြ ရွိေနေပမဲ့လည္း ခရီးသည္အလာမ်ားတဲ့ စင္ကာပူဟာ တ႐ုတ္ႏိုင္ငံ ျပင္ပ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆုံးႏိုင္ငံေတြထဲမွာ တစ္ႏိုင္ငံ ျဖစ္ေနၿပီး ကူးစက္မႈ ၅၀ ေတြ႕ရွိထားပါတယ္။

ဒါေၾကာင့္ စင္ကာပူမွာ ဗိုင္းရပ္စ္ ျပန႔္မယ္ဆိုရင္ အဲဒါက ဒီတစ္ႏိုင္ငံတည္းတင္မက တျခားႏိုင္ငံေတြကို ကူးစက္ ျပန႔္ပြားႏိုင္ေျခရွိပါတယ္။
ကူးစက္မႈေတြ ျပန႔္သြားေစတဲ့ အစည္းအေဝး

စင္ကာပူ အဆင့္ျမင့္ ဟိုတယ္ႀကီး တစ္ခုမွာ ဇန္နဝါရီ လလယ္တုန္းက လုပ္ခဲ့ အစည္းအေဝးတစ္ခုကေန ကမာၻ႔ႏိုင္ငံေတြကို ကို႐ိုနာ ဗိုင္းရပ္စ္ ျပန႔္သြားေစခဲ့ပါတယ္။

အဲဒီမွာလုပ္တဲ့ အေရာင္းျမႇင့္တင္ေရးဆိုင္ရာ ကြန္ဖရင့္ကို တ႐ုတ္က လူေတြ အပါအဝင္ လူ ၁၀၀ မက တက္ခဲ့ပါတယ္။

အဲဒီ ကြန္ဖရင့္အၿပီး တစ္ပတ္ေလာက္ အၾကာမွာ ေတာင္ကိုရီးယား၊ မေလးရွား၊ ယူေကနဲ႔ စပိန္တို႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေတြ စၿပီး ေပၚလာခဲ့ပါတယ္။

ပထမဆုံး ကူးစက္ခဲ့တဲ့ မေလးရွားက အသက္ ၄၁ ႏွစ္ အ႐ြယ္ အမ်ိဳးသားက အဲဒီ ကြန္ဖရင့္ကို တ႐ုတ္က လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အတူ တက္ခဲ့သူပါ။

ေနာက္ သူ႔ဆီကေန သူ႔ ညီမနဲ႔ သူ႔ ေယာကၡမ အမ်ိဳးသမီးႀကီးကို ကူးခဲ့ပါတယ္။

ေနာက္ေတာ့ ေတာင္ကိုရီးယားမွာလည္း ဒီကြန္ဖရင့္ တက္ခဲ့သူေတြထဲက ႏွစ္ေယာက္မွာ ကူးစက္ေနၿပီလို႔ အတည္ျပဳခဲ့ပါတယ္။

စင္ကာပူမွာေတာ့ စင္ကာပူႏိုင္ငံသား ႏွစ္ေယာက္နဲ႔ စင္ကာပူမွာ အၿမဲေနထိုင္ခြင့္ရသူ တစ္ေယာက္မွာ ကူးစက္မႈ တစ္ခု စုစုေပါင္း သုံးခု ရွိတယ္လို႔ သတင္းထုတ္ခဲ့ပါတယ္။

လူေတာ္ေတာ္မ်ားကို ကူးစက္ေစခဲ့တဲ့ ၿဗိတိန္က စတိဗ္ ဝဲလ္ရွ္လည္း အဲဒီ ကြန္ဖရင့္မွာ ရွိခဲ့ပါတယ္။
 ဗိုင္းရပ္စ္ ျပန္႔ခဲ့တဲ့ အစည္းအေဝး

ဒီကြန္ဖရင့္ကေန သူယူေကကို ျပန္အလာ ျပင္သစ္က ႏွင္းေလွ်ာစီးစခန္းတစ္ခုကို ဝင္ခဲ့ပါတယ္။

အဲဒီမွာ သူေရာက္ေနတုန္း ေနာက္ထပ္ လူ ၁၁ ေယာက္ကို ကူးစက္ေစခဲ့တယ္လို႔ ယူဆရပါတယ္။ အဲဒီလူေတြက ေနာက္မွာ အသီးသီး ေနရပ္ျပန္သြားၾကရာက ယူေကမွာ ကူးစက္မႈေတြ႕တဲ့ ငါးေယာက္၊ ျပင္သစ္မွာ ငါးေယာက္နဲ႔ စပိန္မွာ တစ္ေယာက္တို႔ ျဖစ္လာၾကပါတယ္။

ဒါက အဲဒီ ကြန္ဖရင့္ တစ္ခုတည္းကေန စင္ကာပူဟာ ဗိုင္းရပ္စ္ပိုး ကူးစက္မႈ ျပန႔္ပြားေစႏိုင္တဲ့ ေနရာ ျဖစ္ေနတယ္ဆိုတာကို ျပေနပါတယ္။

ဒါေပမဲ့ ဒီတစ္ခုတည္း မကပါဘူး။

အဲဒီမွာ ႏိုင္ငံတကာ စီပြားေရး လုပ္ငန္းေတြရဲ႕ အစည္းအေဝးေတြလုပ္ဖို႔ လာၾကတာနဲ႔ ႏိုင္ငံတကာ ခရီးသြားေတြ ျဖတ္သန္းသြားလာၾကတာေတြေၾကာင့္လည္း ဗိုင္းရပ္စ္ ျဖန႔္တဲ့ေနရာ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ရွိေနပါတယ္။

စင္ကာပူဟာ တ႐ုတ္နဲ႔လည္း စီးပြားေရး လုပ္ငန္း အဆက္အစပ္ အမ်ားအျပား ရွိေနပါတယ္။ ၂၀၁၉ မွာ တ႐ုတ္ ခရီးသြား ၃.၆၂ သန္း လာခဲ့ၿပီး စင္ကာပူကို ခရီးသြား အမ်ားဆုံး လာတဲ့ ႏိုင္ငံ ျဖစ္ခဲ့ပါတယ္။
၂၀၀၂-၂၀၀၃ ဆားစ္ကို ကိုင္တြယ္ခဲ့တုန္းက အေတြ႕အႀကဳံရွိခဲ့
ဒါ့အျပင္ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပမႈေတြ ျဖစ္ၿပီး ေလဆိပ္ပိတ္ၿပီး ဆႏၵျပတာေတြထိ ျဖစ္ခဲ့တဲ့ ေဟာင္ေကာင္ကို တ႐ုတ္ ခရီးသြား အမ်ားအျပားဟာ ေရွာင္ခဲ့ၾကတာက အေၾကာင္းတစ္ခု ျဖစ္ခဲ့ပါတယ္။ သူတို႔ဟာ တ႐ုတ္ႏွစ္သစ္ကူး ပိတ္ရက္ ခရီးသြားရာသီမွာ ေဟာင္ေကာင္အစား စင္ကာပူ ေ႐ြးခဲ့ၾကၿပီး ဒါက ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားခ်ိန္နဲ႔ တိုက္ဆိုင္ခဲ့ပါတယ္။
စင္ကာပူဘက္က ဘာေတြ လုပ္ေနလဲ

ကို႐ိုနာဗိုင္းရပ္စ္သစ္ ကိုဗစ္-၁၉ မျပန႔္ပြားေရးကို စင္ကာပူက တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္ပါတယ္။

လူေနထူထပ္တဲ့ သူတို႔ေနရာမွာ ကူးစက္မႈ ျမန္ႏိုင္တာကို သိပါတယ္။ လက္ရွိ ကူးစက္ခံထားရသူ ၅၀ ထဲက ရွစ္ဦးဟာ ဝူဟန္ကလာတဲ့ တ႐ုတ္ခရီးသြားေတြနဲ႔ အဆက္အစပ္ ရွိတာကို မေတြ႕ရပါဘူး။ ဒါေၾကာင့္ လူအခ်င္းခ်င္း ကူးစက္ထားႏိုင္ေျခကို စိုးရိမ္စရာ ျဖစ္လာပါတယ္။

ဒါေၾကာင့္ စင္ကာပူ အစိုးရက ရႈပ္ေထြး ခက္ခဲတဲ့ ေျခရာခံနည္းေတြနဲ႔ ကူးစက္ႏိုင္ေျခရွိသမွ်လူေတြကို လိုက္စုံစမ္းပါတယ္။ အဲဒီလူေတြကို သီးျခားခြဲထားတာေတြ ေစာင့္ၾကည့္တာေတြ လုပ္ႏိုင္ဖို႔ ဒီလို လုပ္ရတာပါ။

တ႐ုတ္နဲ႔ နယ္စပ္ေတြကို ပိတ္လိုက္တဲ့ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားၿပီးရင္ စင္ကာပူဟာ တ႐ုတ္ျပည္မႀကီးက ျပန္လာတဲ့ စင္ကာပူမွာ အၿမဲေနထိုင္ခြင့္ရသူေတြနဲ႔ အလုပ္လာလုပ္သူေတြကို ၁၄ ရက္ သီးသန႔္ေနဖို႔ ၫႊန္ၾကားတဲ့ ပထမဆုံး ႏိုင္ငံ ျဖစ္ပါတယ္။

အဲဒီႏိုင္ငံဟာ သူတို႔ခ်ထားတဲ့ စည္းကမ္းေတြ ခ်ိဳးေဖာက္ရင္ လုံးဝ ခြင့္မလႊတ္တဲ့ စည္းကမ္း တင္းၾကပ္တဲ့ ႏိုင္ငံ ျဖစ္ပါတယ္။ သူတို႔ ခ်မွတ္လိုက္တဲ့ စည္းမ်ဥ္းကို ခ်ိဳးေဖာက္တဲ့ အလုပ္သမားေတြဟာ အလုပ္လုပ္ခြင့္ ျပန္႐ုပ္သိမ္းခံရတာတို႔ စင္ကာပူမွာ အလုပ္လုပ္ခြင့္ အၿမဲတမ္း တားျမစ္ခံရတာတို႔ ႀကဳံရပါမယ္။

အဲလို ခ်ိဳးေဖာက္တဲ့ အလုပ္သမားေတြရဲ႕ အလုပ္ရွင္ေတြကိုလည္း ႏိုင္ငံျခားသား ဝန္ထမ္း ငွာရမ္းခြင့္ ႏွစ္ႏွစ္ပိတ္ပါတယ္။

ၿပီးေတာ့ စင္ကာပူမွာ အိမ္ေထာင္စု တစ္သန္းေက်ာ္အတြက္ ႏွာေခါင္းစည္းေတြ ျဖန႔္ေပးခဲ့ပါတယ္။ ဒါ့အျပင္ အစိုးရက လုပ္တဲ့ WhatsApp group ကေန ကို႐ိုနာ ကူးစက္မႈ ေန႔စဥ္ သတင္းအခ်က္အလက္ေတြကို ေပးပို႔ေနပါတယ္။

ဒါတင္မကပဲ တကၠသိုလ္ အေဆာင္ေတြကို ရွင္းထုတ္ၿပီး လူနာသီးသန႔္ ခြဲျခားထားရွိမယ့္ အခန္းေတြ အျဖစ္ ျပင္ခဲ့ပါတယ္။ ဒီလို ျမန္ျမန္ဆန္ဆန္ ျပင္ဆင္မႈေၾကာင့္ ေက်ာင္းသားေတြေတာင္ အံ့အားသင့္ေစခဲ့ပါတယ္။

စင္ကာပူ အစိုးရရဲ႕ လုပ္ေဆာင္မႈေတြဟာ ႏိုင္ငံတကာ က်န္းမာေရး အသိုင္းအဝိုင္းက ပညာရွင္ေတြ အတြက္ ခ်ီးက်ဴးစရာ ျဖစ္ေပမဲ့ စင္ကာပူသားေတြကိုယ္တိုင္ကေတာ့ အစိုးရ လုပ္တာေတြက လုံေလာက္တယ္လို႔ အျပည့္အဝ မယုံၾကပါဘူး။

ဆိုရွယ္မီဒီယာေတြမွာ ေတြ႕ရတဲ့ အေျခအေနေတြအရ စင္ကာပူက လူေတြ အစိုးရ ေပးတဲ့ အႀကံကို အျပည့္အဝ မယုံပါဘူး။ အစိုးရက ေနမေကာင္းခ်ိန္မွ ႏွာေခါင္းစည္း တပ္ဖို႔ အႀကံေပးတာဟာ ႏွာေခါင္းစည္းေတြ မျဖည့္ဆည္းႏိုင္လို႔ေျပာတာလို႔ ယူဆေနၾကပါတယ္။

ၿပီးေတာ့ တ႐ုတ္ကဝင္လာသူေတြကို ေစာေစာစီးစီး မပိတ္တာအတြက္ လူေတာ္ေတာ္မ်ားကလည္း ေစာဒက တက္ၾကပါတယ္။
သတင္းအတုကာကြယ္တဲ့ ဥပေဒေတြနဲ႔ ပုံဖ်က္ထားတဲ့ သတင္းေတြကို တားဆီးေနတယ္
ၿပီးခဲ့တဲ့ အပတ္မွာ အစိုးရက ကို႐ိုနာကူးစက္မႈ သတိေပးမႈ အေျခအေနကို တိုးျမႇင့္လိုက္တဲ့ခါမွာေတာ့ ဒါက ကူးစက္မႈ ဆိုးေနတာကို ျပလိုက္တာလို႔ ယူဆသြားၾကပါတယ္။ အဲဒါကေန လူေတြက စူပါမားကတ္ေတြကို အေျပးအလႊားသြားၿပီး ဆန္ေတြ၊ ေခါက္ဆြဲေတြ၊ အိမ္သာသုံးစကၠဴေတြ ဝယ္စုၾကပါတယ္။ သူတို႔ ႏိုင္ငံကို အဝင္အထြက္ ပိတ္ ျဖတ္ေတာက္လိုက္ေတာ့မွာကို စိုးရိမ္ၾကတဲ့အတြက္ ျဖစ္ပါတယ္။

အဲဒီ အလန႔္တၾကားအေျခအေနဟာ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းကိုယ္တိုင္ ေျပာထားတဲ့ သူတို႔မွာ ရိကၡာေတြ လုံေလာက္တာထက္မက ရွိပါတယ္ဆိုတဲ့ စကားထြက္လာမွ နည္းနည္း သက္သာသြားပါတယ္။

ဒါေပမဲ့ အဲဒီလို ဝင္ထိန္းႏိုင္တာမ်ိဳးက စင္ကာပူလို ဗဟိုကေန ထိန္းခ်ဳပ္ၿပီး အာဏာရပါတီ တစ္ပါတီတည္းက လႊတ္ေတာ္ကို ႀကီးစိုးတဲ့ ေနရာမ်ိဳးမွာပဲ အလုပ္ျဖစ္ႏိုင္တာပါ။

ၿပီးေတာ့ လူအမ်ားျမင္ႏိုင္၊ၾကားႏိုင္တဲ့ ေနရာေတြမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ဘာကိုပဲ ေျပာႏိုင္တယ္ဆိုတာေတြကိုလည္း တင္းတင္းၾကပ္ၾကပ္ ကန႔္သတ္ထားပါတယ္။ အဲဒီလိုတားႏိုင္တာက သတင္းအတု တားဆီးေရး ဥပေဒအရ တားျမစ္ထားႏိုင္တာ ျဖစ္ပါတယ္။
ဆားစ္ေရာဂါက ရတဲ့ သင္ခန္းစာေတြ

စင္ကာပူမွာ ဗိုင္းရပ္စ္ ကူးစက္မႈ တားဆီးေရး ျမန္ျမန္ဆန္ဆန္ လုပ္ႏိုင္တာဟာ ႏိုင္ငံက ေတာ္ေတာ္ေလးေသးတာက အဓိကက်ပါတယ္။ ၿပီးေတာ့ ၂၀၀၂-၂၀၀၃ ဆားစ္ ျပင္းထန္ အဆုတ္ေရာင္ ကူးစက္မႈက ရခဲ့တဲ့ သင္ခန္းစာေတြေၾကာင့္လည္း ျဖစ္ပါတယ္။

ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ကို ဒီေန႔ ေန႔လယ္စာ စားရင္းေတြ႕ေပမဲ့ ေနာက္ေတာ့ သူအေရးေပၚခန္းထဲ ေရာက္သြားၿပီ၊ အဲဒီထက္ဆိုးရင္ သူဆုံးသြားၿပီဆိုတာမ်ိဳးေတြ ျဖစ္လာႏိုင္တယ္လို႔ ကူးစက္ေရာဂါ ပညာရွင္ ေဒါက္တာ လြန္းဟိုးနမ္က ေျပာပါတယ္။

ဆားစ္ေရာဂါ ကူးစက္စဥ္က လူနာေတြကို ကုသခဲ့ၿပီး ဒီေရာဂါက လြတ္ေျမာက္ခဲ့သူ တစ္ေယာက္ကေတာ့ ဆားစ္ကို စင္ကာပူက လူေတြ ေၾကာက္ၿပီး ေျခာက္ျခားေနတာလို႔ ေျပာပါတယ္။

အဲဒီတုန္းက လူ ၂၃၈ ေယာက္မွာ ကူးစက္ခဲ့ၿပီး ၃၃ ေယာက္ အသက္ဆုံးရႈံးခဲ့ပါတယ္။

ဒီကူးစက္မႈ ျမန္ဆန္ ျပင္းထန္တဲ့ ကို႐ိုနာ အတြက္ စင္ကာပူမွာ ေရာဂါ ျပန႔္ပြားမႈ တားဆီးေရးကို အျပင္းအထန္လုပ္တာနဲ႔ ပြင့္ပြင့္လင္းလင္း လွ်ိဳ႕ဝွက္ခ်က္မရွိ လုပ္႐ုံကလြဲလို႔ တျခား ေ႐ြးခ်ယ္စရာ မရွိပါဘူး။ အဲဒီႏိုင္ငံဟာ သူတို႔ ရွင္သန္ေရးအတြက္ စီးပြားေရးနဲ႔ စားနပ္ရိကၡာကို တျခားႏိုင္ငံေတြကို မွီခိုေနရတာေၾကာင့္ပါ။

ၿပီးခဲ့တဲ့ ၁၀ ႏွစ္တုန္းက တင္းၾကပ္တဲ့ စည္းကမ္းေတြနဲ႔ ဆားစ္ကို ကိုင္တြယ္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အခု အခ်ိန္မွာ စင္ကာပူဟာ ႏိုင္ငံတကာနဲ႔ စီးပြားေရးထဲမွာ ထဲထဲဝင္ဝင္ ပါဝင္တာ ပိုမ်ားလာၿပီး အထူးသျဖင့္ တ႐ုတ္နဲ႔ အမ်ားႀကီးပို နီးနီးကပ္ကပ္ ရွိေနပါၿပီ။

ဒါေၾကာင့္ ဒီတစ္ခါ စြန႔္စားရမယ့္ အရင္းအႏွီးက အမ်ားႀကီး ပိုပါလိမ့္မယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - စင်ကာပူမှာ ဗိုင်းရပ်စ်ပြန့်တာ ဘာကြောင့် စိုးရိမ်စရာ ကောင်းသလဲ

ဓာတ်ပုံ မူပိုင် EPA
Image caption အဆောက်အအုံထဲမဝင်ခင် ကိုယ်အပူချိန်တိုင်း

ယူကေနဲ့ တောင်ကိုရီးယားတို့က ကိုရိုနာဗိုင်းရပ်စ်သစ် ကိုဗစ်-၁၉ ကူးစက်မှုတွေကို ခြေရာခံလိုက်ရင် စင်ကာပူက ကူးစက်လာတာကို တွေ့ရပါတယ်။

ဒါကြောင့် အခုဆိုရင် တချိုနိုင်ငံတွေက တတ်နိုင်ရင် နိုင်ငံတကာရဲ့ အဝင်အထွက် အချက်အချာနေရာ ဖြစ်နေတဲ့ အဲဒီကို မသွားကြဖို့ အကြံပြုထားပါတယ်။

ဒါပေမဲ့ ဘာကြောင့် စင်ကာပူလို သိပ်မကျယ်ဝန်းတဲ့ နိုင်ငံလေးက ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတာလဲ။

စင်ကာပူ ချန်ဂီလေဆိပ်ဟာ နိုင်ငံတကာနဲ့ အသွားအလာ အချိတ်အဆက် အများဆုံး လေဆိပ်တစ်ခု ဖြစ်နေတာက ဒီလို ဖြစ်စေတာပါ။

ဒီလေဆိပ်မှာ စက္ကန့် ၈၀ ကို လေယာဉ်တစ်စင်း အတက်၊အဆင်း ရှိနေပါတယ်။

အဲဒါကြောင့် ဒီလေဆိပ်ဟာ အမေရိကန်က JFK နဲ့ ဆန်ဖရန်စစ္စကို လေဆိပ်တွေနဲ့ UAE က ဒူဘိုင်း လေဆိပ် တွေထက် အသွားအလာ အချိတ်အဆက်များတဲ့ လေဆိပ်လို့ ဆိုနိုင်ပါတယ်။

ဒါကပဲ အခုလို ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ချိန်မှာ ခက်ခဲတဲ့ အခြေအနေ ဖြစ်စေပါတယ်။

လေဆိပ်ထဲမှာ ခရီးသည်တွေကို ကိုယ်အပူချိန် စစ်တဲ့ စက်တွေ အများအပြားတပ်ထားပါတယ်။ စင်ကာပူ လေဆိပ်ကို ဖြတ်သန်းသွားတဲ့ ခရီးသည်တိုင်းကို အဲဒီ စက်တွေက အလိုအလျောက် စစ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိကိုလည်း လေဆိပ် ဝန်ထမ်းတွေက ခရီးသည်တွေကို စစ်နေပါတယ်။ အဖျား၊ ချောင်းဆိုးတဲ့ လက္ခဏာတွေကို စစ်ဆေးပါတယ်။
Image caption နိုင်ငံတကာ အစည်းအဝေးတွေနဲ့ ခရီးသွားတွေ အလာအများဆုံး နိုင်ငံတစ်ခု

အဲဒီလိုနည်းလမ်းတွေ ရှိနေပေမဲ့လည်း ခရီးသည်အလာများတဲ့ စင်ကာပူဟာ တရုတ်နိုင်ငံ ပြင်ပ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံ ဖြစ်နေပြီး ကူးစက်မှု ၅၀ တွေ့ရှိထားပါတယ်။

ဒါကြောင့် စင်ကာပူမှာ ဗိုင်းရပ်စ် ပြန့်မယ်ဆိုရင် အဲဒါက ဒီတစ်နိုင်ငံတည်းတင်မက တခြားနိုင်ငံတွေကို ကူးစက် ပြန့်ပွားနိုင်ခြေရှိပါတယ်။
ကူးစက်မှုတွေ ပြန့်သွားစေတဲ့ အစည်းအဝေး

စင်ကာပူ အဆင့်မြင့် ဟိုတယ်ကြီး တစ်ခုမှာ ဇန်နဝါရီ လလယ်တုန်းက လုပ်ခဲ့ အစည်းအဝေးတစ်ခုကနေ ကမ္ဘာ့နိုင်ငံတွေကို ကိုရိုနာ ဗိုင်းရပ်စ် ပြန့်သွားစေခဲ့ပါတယ်။

အဲဒီမှာလုပ်တဲ့ အရောင်းမြှင့်တင်ရေးဆိုင်ရာ ကွန်ဖရင့်ကို တရုတ်က လူတွေ အပါအဝင် လူ ၁၀၀ မက တက်ခဲ့ပါတယ်။

အဲဒီ ကွန်ဖရင့်အပြီး တစ်ပတ်လောက် အကြာမှာ တောင်ကိုရီးယား၊ မလေးရှား၊ ယူကေနဲ့ စပိန်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ စပြီး ပေါ်လာခဲ့ပါတယ်။

ပထမဆုံး ကူးစက်ခဲ့တဲ့ မလေးရှားက အသက် ၄၁ နှစ် အရွယ် အမျိုးသားက အဲဒီ ကွန်ဖရင့်ကို တရုတ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ တက်ခဲ့သူပါ။

နောက် သူ့ဆီကနေ သူ့ ညီမနဲ့ သူ့ ယောက္ခမ အမျိုးသမီးကြီးကို ကူးခဲ့ပါတယ်။

နောက်တော့ တောင်ကိုရီးယားမှာလည်း ဒီကွန်ဖရင့် တက်ခဲ့သူတွေထဲက နှစ်ယောက်မှာ ကူးစက်နေပြီလို့ အတည်ပြုခဲ့ပါတယ်။

စင်ကာပူမှာတော့ စင်ကာပူနိုင်ငံသား နှစ်ယောက်နဲ့ စင်ကာပူမှာ အမြဲနေထိုင်ခွင့်ရသူ တစ်ယောက်မှာ ကူးစက်မှု တစ်ခု စုစုပေါင်း သုံးခု ရှိတယ်လို့ သတင်းထုတ်ခဲ့ပါတယ်။

လူတော်တော်များကို ကူးစက်စေခဲ့တဲ့ ဗြိတိန်က စတိဗ် ဝဲလ်ရှ်လည်း အဲဒီ ကွန်ဖရင့်မှာ ရှိခဲ့ပါတယ်။
Image caption ဗိုင်းရပ်စ် ပြန့်ခဲ့တဲ့ အစည်းအဝေး

ဒီကွန်ဖရင့်ကနေ သူယူကေကို ပြန်အလာ ပြင်သစ်က နှင်းလျှောစီးစခန်းတစ်ခုကို ဝင်ခဲ့ပါတယ်။

အဲဒီမှာ သူရောက်နေတုန်း နောက်ထပ် လူ ၁၁ ယောက်ကို ကူးစက်စေခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီလူတွေက နောက်မှာ အသီးသီး နေရပ်ပြန်သွားကြရာက ယူကေမှာ ကူးစက်မှုတွေ့တဲ့ ငါးယောက်၊ ပြင်သစ်မှာ ငါးယောက်နဲ့ စပိန်မှာ တစ်ယောက်တို့ ဖြစ်လာကြပါတယ်။

ဒါက အဲဒီ ကွန်ဖရင့် တစ်ခုတည်းကနေ စင်ကာပူဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန့်ပွားစေနိုင်တဲ့ နေရာ ဖြစ်နေတယ်ဆိုတာကို ပြနေပါတယ်။

ဒါပေမဲ့ ဒီတစ်ခုတည်း မကပါဘူး။

အဲဒီမှာ နိုင်ငံတကာ စီပွားရေး လုပ်ငန်းတွေရဲ့ အစည်းအဝေးတွေလုပ်ဖို့ လာကြတာနဲ့ နိုင်ငံတကာ ခရီးသွားတွေ ဖြတ်သန်းသွားလာကြတာတွေကြောင့်လည်း ဗိုင်းရပ်စ် ဖြန့်တဲ့နေရာ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

စင်ကာပူဟာ တရုတ်နဲ့လည်း စီးပွားရေး လုပ်ငန်း အဆက်အစပ် အများအပြား ရှိနေပါတယ်။ ၂၀၁၉ မှာ တရုတ် ခရီးသွား ၃.၆၂ သန်း လာခဲ့ပြီး စင်ကာပူကို ခရီးသွား အများဆုံး လာတဲ့ နိုင်ငံ ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၀၂-၂၀၀၃ ဆားစ်ကို ကိုင်တွယ်ခဲ့တုန်းက အတွေ့အကြုံရှိခဲ့

ဒါ့အပြင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပြီး လေဆိပ်ပိတ်ပြီး ဆန္ဒပြတာတွေထိ ဖြစ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ် ခရီးသွား အများအပြားဟာ ရှောင်ခဲ့ကြတာက အကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ တရုတ်နှစ်သစ်ကူး ပိတ်ရက် ခရီးသွားရာသီမှာ ဟောင်ကောင်အစား စင်ကာပူ ရွေးခဲ့ကြပြီး ဒါက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။
စင်ကာပူဘက်က ဘာတွေ လုပ်နေလဲ

ကိုရိုနာဗိုင်းရပ်စ်သစ် ကိုဗစ်-၁၉ မပြန့်ပွားရေးကို စင်ကာပူက တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပါတယ်။

လူနေထူထပ်တဲ့ သူတို့နေရာမှာ ကူးစက်မှု မြန်နိုင်တာကို သိပါတယ်။ လက်ရှိ ကူးစက်ခံထားရသူ ၅၀ ထဲက ရှစ်ဦးဟာ ဝူဟန်ကလာတဲ့ တရုတ်ခရီးသွားတွေနဲ့ အဆက်အစပ် ရှိတာကို မတွေ့ရပါဘူး။ ဒါကြောင့် လူအချင်းချင်း ကူးစက်ထားနိုင်ခြေကို စိုးရိမ်စရာ ဖြစ်လာပါတယ်။

ဒါကြောင့် စင်ကာပူ အစိုးရက ရှုပ်ထွေး ခက်ခဲတဲ့ ခြေရာခံနည်းတွေနဲ့ ကူးစက်နိုင်ခြေရှိသမျှလူတွေကို လိုက်စုံစမ်းပါတယ်။ အဲဒီလူတွေကို သီးခြားခွဲထားတာတွေ စောင့်ကြည့်တာတွေ လုပ်နိုင်ဖို့ ဒီလို လုပ်ရတာပါ။

တရုတ်နဲ့ နယ်စပ်တွေကို ပိတ်လိုက်တဲ့ မြောက်ကိုရီးယားနဲ့ ရုရှားပြီးရင် စင်ကာပူဟာ တရုတ်ပြည်မကြီးက ပြန်လာတဲ့ စင်ကာပူမှာ အမြဲနေထိုင်ခွင့်ရသူတွေနဲ့ အလုပ်လာလုပ်သူတွေကို ၁၄ ရက် သီးသန့်နေဖို့ ညွှန်ကြားတဲ့ ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။

အဲဒီနိုင်ငံဟာ သူတို့ချထားတဲ့ စည်းကမ်းတွေ ချိုးဖောက်ရင် လုံးဝ ခွင့်မလွှတ်တဲ့ စည်းကမ်း တင်းကြပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သူတို့ ချမှတ်လိုက်တဲ့ စည်းမျဉ်းကို ချိုးဖောက်တဲ့ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့် ပြန်ရုပ်သိမ်းခံရတာတို့ စင်ကာပူမှာ အလုပ်လုပ်ခွင့် အမြဲတမ်း တားမြစ်ခံရတာတို့ ကြုံရပါမယ်။

အဲလို ချိုးဖောက်တဲ့ အလုပ်သမားတွေရဲ့ အလုပ်ရှင်တွေကိုလည်း နိုင်ငံခြားသား ဝန်ထမ်း ငှာရမ်းခွင့် နှစ်နှစ်ပိတ်ပါတယ်။

ပြီးတော့ စင်ကာပူမှာ အိမ်ထောင်စု တစ်သန်းကျော်အတွက် နှာခေါင်းစည်းတွေ ဖြန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက လုပ်တဲ့ WhatsApp group ကနေ ကိုရိုနာ ကူးစက်မှု နေ့စဉ် သတင်းအချက်အလက်တွေကို ပေးပို့နေပါတယ်။

ဒါတင်မကပဲ တက္ကသိုလ် အဆောင်တွေကို ရှင်းထုတ်ပြီး လူနာသီးသန့် ခွဲခြားထားရှိမယ့် အခန်းတွေ အဖြစ် ပြင်ခဲ့ပါတယ်။ ဒီလို မြန်မြန်ဆန်ဆန် ပြင်ဆင်မှုကြောင့် ကျောင်းသားတွေတောင် အံ့အားသင့်စေခဲ့ပါတယ်။
အလန့်တကြား ပစ္စည်းတွေဝယ်စု၊ နှာခေါင်းစည်းတွေ ပြတ်

စင်ကာပူ အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာ ကျန်းမာရေး အသိုင်းအဝိုင်းက ပညာရှင်တွေ အတွက် ချီးကျူးစရာ ဖြစ်ပေမဲ့ စင်ကာပူသားတွေကိုယ်တိုင်ကတော့ အစိုးရ လုပ်တာတွေက လုံလောက်တယ်လို့ အပြည့်အဝ မယုံကြပါဘူး။

ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတဲ့ အခြေအနေတွေအရ စင်ကာပူက လူတွေ အစိုးရ ပေးတဲ့ အကြံကို အပြည့်အဝ မယုံပါဘူး။ အစိုးရက နေမကောင်းချိန်မှ နှာခေါင်းစည်း တပ်ဖို့ အကြံပေးတာဟာ နှာခေါင်းစည်းတွေ မဖြည့်ဆည်းနိုင်လို့ပြောတာလို့ ယူဆနေကြပါတယ်။

ပြီးတော့ တရုတ်ကဝင်လာသူတွေကို စောစောစီးစီး မပိတ်တာအတွက် လူတော်တော်များကလည်း စောဒက တက်ကြပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption သတင်းအတုကာကွယ်တဲ့ ဥပဒေတွေနဲ့ ပုံဖျက်ထားတဲ့ သတင်းတွေကို တားဆီးနေတယ်

ပြီးခဲ့တဲ့ အပတ်မှာ အစိုးရက ကိုရိုနာကူးစက်မှု သတိပေးမှု အခြေအနေကို တိုးမြှင့်လိုက်တဲ့ခါမှာတော့ ဒါက ကူးစက်မှု ဆိုးနေတာကို ပြလိုက်တာလို့ ယူဆသွားကြပါတယ်။ အဲဒါကနေ လူတွေက စူပါမားကတ်တွေကို အပြေးအလွှားသွားပြီး ဆန်တွေ၊ ခေါက်ဆွဲတွေ၊ အိမ်သာသုံးစက္ကူတွေ ဝယ်စုကြပါတယ်။ သူတို့ နိုင်ငံကို အဝင်အထွက် ပိတ် ဖြတ်တောက်လိုက်တော့မှာကို စိုးရိမ်ကြတဲ့အတွက် ဖြစ်ပါတယ်။

အဲဒီ အလန့်တကြားအခြေအနေဟာ ဝန်ကြီးချုပ် လီရှန်လွန်းကိုယ်တိုင် ပြောထားတဲ့ သူတို့မှာ ရိက္ခာတွေ လုံလောက်တာထက်မက ရှိပါတယ်ဆိုတဲ့ စကားထွက်လာမှ နည်းနည်း သက်သာသွားပါတယ်။

ဒါပေမဲ့ အဲဒီလို ဝင်ထိန်းနိုင်တာမျိုးက စင်ကာပူလို ဗဟိုကနေ ထိန်းချုပ်ပြီး အာဏာရပါတီ တစ်ပါတီတည်းက လွှတ်တော်ကို ကြီးစိုးတဲ့ နေရာမျိုးမှာပဲ အလုပ်ဖြစ်နိုင်တာပါ။

ပြီးတော့ လူအများမြင်နိုင်၊ကြားနိုင်တဲ့ နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘာကိုပဲ ပြောနိုင်တယ်ဆိုတာတွေကိုလည်း တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပါတယ်။ အဲဒီလိုတားနိုင်တာက သတင်းအတု တားဆီးရေး ဥပဒေအရ တားမြစ်ထားနိုင်တာ ဖြစ်ပါတယ်။
ဆားစ်ရောဂါက ရတဲ့ သင်ခန်းစာတွေ

စင်ကာပူမှာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေး မြန်မြန်ဆန်ဆန် လုပ်နိုင်တာဟာ နိုင်ငံက တော်တော်လေးသေးတာက အဓိကကျပါတယ်။ ပြီးတော့ ၂၀၀၂-၂၀၀၃ ဆားစ် ပြင်းထန် အဆုတ်ရောင် ကူးစက်မှုက ရခဲ့တဲ့ သင်ခန်းစာတွေကြောင့်လည်း ဖြစ်ပါတယ်။

ကိုယ့်လုပ်ဖော်ကိုင်ဖက်ကို ဒီနေ့ နေ့လယ်စာ စားရင်းတွေ့ပေမဲ့ နောက်တော့ သူအရေးပေါ်ခန်းထဲ ရောက်သွားပြီ၊ အဲဒီထက်ဆိုးရင် သူဆုံးသွားပြီဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ လွန်းဟိုးနမ်က ပြောပါတယ်။

ဆားစ်ရောဂါ ကူးစက်စဉ်က လူနာတွေကို ကုသခဲ့ပြီး ဒီရောဂါက လွတ်မြောက်ခဲ့သူ တစ်ယောက်ကတော့ ဆားစ်ကို စင်ကာပူက လူတွေ ကြောက်ပြီး ခြောက်ခြားနေတာလို့ ပြောပါတယ်။

အဲဒီတုန်းက လူ ၂၃၈ ယောက်မှာ ကူးစက်ခဲ့ပြီး ၃၃ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒီကူးစက်မှု မြန်ဆန် ပြင်းထန်တဲ့ ကိုရိုနာ အတွက် စင်ကာပူမှာ ရောဂါ ပြန့်ပွားမှု တားဆီးရေးကို အပြင်းအထန်လုပ်တာနဲ့ ပွင့်ပွင့်လင်းလင်း လျှို့ဝှက်ချက်မရှိ လုပ်ရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိပါဘူး။ အဲဒီနိုင်ငံဟာ သူတို့ ရှင်သန်ရေးအတွက် စီးပွားရေးနဲ့ စားနပ်ရိက္ခာကို တခြားနိုင်ငံတွေကို မှီခိုနေရတာကြောင့်ပါ။

ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ဆားစ်ကို ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခု အချိန်မှာ စင်ကာပူဟာ နိုင်ငံတကာနဲ့ စီးပွားရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်တာ ပိုများလာပြီး အထူးသဖြင့် တရုတ်နဲ့ အများကြီးပို နီးနီးကပ်ကပ် ရှိနေပါပြီ။

ဒါကြောင့် ဒီတစ်ခါ စွန့်စားရမယ့် အရင်းအနှီးက အများကြီး ပိုပါလိမ့်မယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - စင္ကာပူမွာ ဗိုင္းရပ္စ္ျပန႔္တာ ဘာေၾကာင့္ စိုးရိမ္စရာ ေကာင္းသလဲ ကို႐ိုနာဗိုင္းရပ္စ္ - စင္ကာပူမွာ ဗိုင္းရပ္စ္ျပန႔္တာ ဘာေၾကာင့္ စိုးရိမ္စရာ ေကာင္းသလဲ Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.