ပင္လုံ ရဲစခန္း ဝန္ထမ္း တန္းလ်ား မီးေလာင္ ဆုံးရႈံးမႈမ်ား

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၄၊၂၀၂၀

သွ်မ္းျပည္ ေတာင္ပိုင္း ပင္လုံၿမိဳ႕ တြင္ ယမန္ေန႔ ည ၉ နာရီ ေက်ာ္၌ ရဲစခန္း ဝန္ထမ္း တန္းလ်ား မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ ညေန (၉ နာရီ ၁၅ )မွ စကာ ပင္လုံၿမိဳ႕ ရဲစခန္း ဝန္ထမ္း တန္းလ်ား တြင္ ဝါယာေရွာ့ေၾကာင့္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး၊ ထို မီးေလာင္မႈေၾကာင့္ ရဲဝန္ထမ္းတန္းလ်ား ၂ေဆာင္ ေလာင္ကြၽမ္းခဲ့ေၾကာင္း ပင္လုံ ေဒသခံ စိုင္းအိုက္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ မေန႔က မီးေတာ္ေတာ္ေလာင္တယ္။ ရဲဝန္ထမ္း တန္းလ်ား ၂ေဆာင္ ဘာပစၥည္းမွ ျပန္မရဘူး။ ဆုံးရႈံးမႈကေတာ့မ်ားတယ္။ လူထိခိုက္တာမရွိဘူး။ ရဲစခန္း ထဲက အက်ဥ္းေထာင္က်ေနတဲ့သူေတြလည္း ထိခိုက္တာ မရွိဘူး” ဟု စိုင္းအိုက္ က ဆိုသည္။

ပင္လုံ ရဲစခန္း ဝန္ထမ္း တန္းလ်ား မီးေလာင္မႈသည္ တခ်ိန္တနာရီေက်ာ္ ၾကာျမင့္ကာ၊ ည ၁၁နာရီ ဝန္းက်င္တြင္ မီးၿငိမ္းသြားေၾကာင္း၊ မီးေလာင္မႈ အရွိန္ျမင့္သျဖင့္ လြိဳင္လင္မီးသတ္လာေရာက္ကူညီၿငိမ္းသတ္ ေၾကာင္း လည္း စိုင္းအိုက္ ေျပာျပသည္။

ထို ပင္လုံ ရဲစခန္း ဝန္ထမ္း တန္းလ်ား မီးေလာင္မႈ ႏွင့္ ပတ္သက္ၿပီး ဆုံးရႈံးမႈ တန္ဖိုးေငြ မသိရွိရေသးေၾကာင္း၊ ရဲစခန္းမွလည္း ေျဖၾကားေပးျခင္းမရွိေပ။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
--------------
(Unicode)⤵⤵⤵
ပင်လုံ ရဲစခန်း ဝန်ထမ်း တန်းလျား မီးလောင် ဆုံးရှုံးမှုများ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၄၊၂၀၂၀

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ တွင် ယမန်နေ့ ည ၉ နာရီ ကျော်၌ ရဲစခန်း ဝန်ထမ်း တန်းလျား မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ (၉ နာရီ ၁၅ )မှ စကာ ပင်လုံမြို့ ရဲစခန်း ဝန်ထမ်း တန်းလျား တွင် ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ထို မီးလောင်မှုကြောင့် ရဲဝန်ထမ်းတန်းလျား ၂ဆောင် လောင်ကျွမ်းခဲ့ကြောင်း ပင်လုံ ဒေသခံ စိုင်းအိုက် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့က မီးတော်တော်လောင်တယ်။ ရဲဝန်ထမ်း တန်းလျား ၂ဆောင် ဘာပစ္စည်းမှ ပြန်မရဘူး။ ဆုံးရှုံးမှုကတော့များတယ်။ လူထိခိုက်တာမရှိဘူး။ ရဲစခန်း ထဲက အကျဉ်းထောင်ကျနေတဲ့သူတွေလည်း ထိခိုက်တာ မရှိဘူး” ဟု စိုင်းအိုက် က ဆိုသည်။

ပင်လုံ ရဲစခန်း ဝန်ထမ်း တန်းလျား မီးလောင်မှုသည် တချိန်တနာရီကျော် ကြာမြင့်ကာ၊ ည ၁၁နာရီ ဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း၊ မီးလောင်မှု အရှိန်မြင့်သဖြင့် လွိုင်လင်မီးသတ်လာရောက်ကူညီငြိမ်းသတ် ကြောင်း လည်း စိုင်းအိုက် ပြောပြသည်။

ထို ပင်လုံ ရဲစခန်း ဝန်ထမ်း တန်းလျား မီးလောင်မှု နှင့် ပတ်သက်ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ မသိရှိရသေးကြောင်း၊ ရဲစခန်းမှလည်း ဖြေကြားပေးခြင်းမရှိပေ။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
ပင္လုံ ရဲစခန္း ဝန္ထမ္း တန္းလ်ား မီးေလာင္ ဆုံးရႈံးမႈမ်ား ပင္လုံ ရဲစခန္း ဝန္ထမ္း တန္းလ်ား မီးေလာင္ ဆုံးရႈံးမႈမ်ား Reviewed by THITHTOOLWIN on 00:36 Rating: 5
Powered by Blogger.