တ႐ုတ္သူလွ်ိဳ ကန္ေဖာ္ထုတ္ အေရးယူ


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ တ႐ုတ္ႏုိင္ငံက သူလွ်ဳိလုပ္ေထာက္လွမ္းေနတာေတြကုိ အေမရိကန္အာဏာပုိင္ေတြ ျပင္းျပင္းထန္ထန္ ႏွိမ္နင္းလာရာမွာ လွ်ိဳ႕၀ွက္အခ်က္အလက္ေတြရဖုိ႔ ႀကိဳးပမ္းၾကတဲ့ တ႐ုတ္အစုိးရအရာရွိေတြ၊ စီးပြားေရးသမားေတြနဲ႔ ပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ား အေရးယူခံေနရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ထဲမွာပဲ ဗာဂ်ီးနီးယားျပည္နယ္က စစ္စခန္းတခုကုိ ခြင့္ျပဳခ်က္မရွိဘဲ ကားေမာင္း၀င္သြားတယ္လုိ႔ဆုိတဲ့ တ႐ုတ္သံတမန္ ၂ ေယာက္ကုိ ဖမ္းဆီးၿပီး ႏုိင္ငံကေန ႏွင္ထုတ္ခဲ့ေၾကာင္းလည္း တရား၀င္ သတင္းထုတ္ျပန္ခဲ့တာပါ။ အေမရိကန္ ဗဟုိေထာက္လွမ္းေရး ေအဂ်င္စီ (CIA) နဲ႔ ကာကြယ္ေရးဌာန ေထာက္လွမ္းေရးေအဂ်င္စီက အရာရွိေတြကုိလည္း တ႐ုတ္ႏုိင္ငံက သူလွ်ဳိလုပ္ေနတဲ့ လုပ္ငန္းေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးေထာင္ခ်ခဲ့ပါတယ္။

ၾကာသပေတးေန႔မွာပဲ ႏုိင္ငံေတာ္ ေရွ႕ေနခ်ဳပ္ William Barr ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) အႀကီးအကဲ Christopher Wray အေမရိကန္ တန္ျပန္ေထာက္လွမ္းေရးဌာန အႀကီးအကဲ William Evanina တုိ႔ ပူးတဲြၿပီး၊ အေမရိကန္က သိပၸံနဲ႔ နည္းပညာေတြကုိ တ႐ုတ္ႏုိင္ငံက စီးပြားေရးအတြက္ ခုိးယူဖုိ႔နဲ႔ ေထာက္လွမ္းဖုိ႔ ႀကိဳးပမ္းခဲ့တဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး ၀ါရွင္တန္မွာ သတင္းစာရွင္းလင္းပဲြ က်င္းပမွာပါ။

စစ္ဘက္ဆုိင္ရာ လ်ဳိ႕၀ွက္ခ်က္ေတြကေန ေဆးသုေတသနလုပ္ငန္းအဆုံး အေမရိကန္ရဲ႕ လွ်ိဳ႕၀ွက္အဆင့္ျမင့္ နည္းပညာေတြကုိ တ႐ုတ္ႏုိင္ငံက ခုိးယူဖုိ႔ အျပင္းအထန္ ႀကိဳးစားတာေတြ ရွိတယ္လုိ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ယုံၾကည္ထားၾကေပမဲ့ ၂၀၁၈ ခုႏွစ္က်မွသာ အေမရိကန္မွာ တ႐ုတ္ႏုိင္ငံက သူလွ်ဳိေထာက္လွမ္းမႈေတြကုိ ဟန္႔တားေရး လုပ္ငန္းေတြကုိ အရွိန္ျမွင့္လာခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံက ခုိးယူေနတဲ့ အေမရိကန္ရဲ႕ ကုန္သြယ္ေရးဆုိင္ရာ လွ်ိဳ႕၀ွက္သတင္းအခ်က္အလက္ ေတြရဲ႕ တန္ဖုိးဟာ ေဒၚလာဘီလီယံ ၃၀၀ ကေန ၆၀၀ ေလာက္အထိ ရွိႏုိင္တယ္လုိ႔လည္း တန္ျပန္ေထာက္လွမ္းေရးဌာန ညႊန္ၾကားေရးမွဴး Evanina ကေျပာဆုိထားပါတယ္။

..................

တရုတ်သူလျှို ကန်ဖော်ထုတ် အရေးယူ

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ တရုတ်နိုင်ငံက သူလျှိုလုပ်ထောက်လှမ်းနေတာတွေကို အမေရိကန်အာဏာပိုင်တွေ ပြင်းပြင်းထန်ထန် နှိမ်နင်းလာရာမှာ လျှို့ဝှက်အချက်အလက်တွေရဖို့ ကြိုးပမ်းကြတဲ့ တရုတ်အစိုးရအရာရှိတွေ၊ စီးပွားရေးသမားတွေနဲ့ ပညာရှင်တွေ တော်တော်များများ အရေးယူခံနေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာပဲ ဗာဂျီးနီးယားပြည်နယ်က စစ်စခန်းတခုကို ခွင့်ပြုချက်မရှိဘဲ ကားမောင်းဝင်သွားတယ်လို့ဆိုတဲ့ တရုတ်သံတမန် ၂ ယောက်ကို ဖမ်းဆီးပြီး နိုင်ငံကနေ နှင်ထုတ်ခဲ့ကြောင်းလည်း တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) နဲ့ ကာကွယ်ရေးဌာန ထောက်လှမ်းရေးအေဂျင်စီက အရာရှိတွေကိုလည်း တရုတ်နိုင်ငံက သူလျှိုလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ကြာသပတေးနေ့မှာပဲ နိုင်ငံတော် ရှေ့နေချုပ် William Barr ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အကြီးအကဲ Christopher Wray အမေရိကန် တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအကဲ William Evanina တို့ ပူးတွဲပြီး၊ အမေရိကန်က သိပ္ပံနဲ့ နည်းပညာတွေကို တရုတ်နိုင်ငံက စီးပွားရေးအတွက် ခိုးယူဖို့နဲ့ ထောက်လှမ်းဖို့ ကြိုးပမ်းခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာပါ။

စစ်ဘက်ဆိုင်ရာ လျို့ဝှက်ချက်တွေကနေ ဆေးသုတေသနလုပ်ငန်းအဆုံး အမေရိကန်ရဲ့ လျှို့ဝှက်အဆင့်မြင့် နည်းပညာတွေကို တရုတ်နိုင်ငံက ခိုးယူဖို့ အပြင်းအထန် ကြိုးစားတာတွေ ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပေမဲ့ ၂၀၁၈ ခုနှစ်ကျမှသာ အမေရိကန်မှာ တရုတ်နိုင်ငံက သူလျှိုထောက်လှမ်းမှုတွေကို ဟန့်တားရေး လုပ်ငန်းတွေကို အရှိန်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ခိုးယူနေတဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်သတင်းအချက်အလက် တွေရဲ့ တန်ဖိုးဟာ ဒေါ်လာဘီလီယံ ၃၀၀ ကနေ ၆၀၀ လောက်အထိ ရှိနိုင်တယ်လို့လည်း တန်ပြန်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Evanina ကပြောဆိုထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
တ႐ုတ္သူလွ်ိဳ ကန္ေဖာ္ထုတ္ အေရးယူ တ႐ုတ္သူလွ်ိဳ ကန္ေဖာ္ထုတ္ အေရးယူ Reviewed by THITHTOOLWIN on 00:48 Rating: 5
Powered by Blogger.