ရေသ့ေတာင္ ေအာင္ေဇယ်ေက်းရြာအနီးမွ လယ္ကြင္းအမ်ားအျပားမီးရိႈ႕ခံရဟု ရြာသားမ်ားေျပာဆို

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၇/၂၀၂၀

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ျမိဳ႕နယ္ေျမာက္ပိုင္း ေအာင္ေဇယ်(ကုလားေခ်ာင္း)ရြာႏွင့္ ျပိန္းေတာရြာ အၾကားရွိ လယ္ကြင္းမ်ား ေဖေဖာ၀ါရီ ၅ ရက္ႏွင့္ ၆ ရက္ေန႕မ်ားက မီးရိႈခံခဲ့ရသည္ဟု ေက်းရြာသားမ်ားက ေျပာသည္။

ထိုသို႕လယ္ကြင္းမ်ား မီးရိႈ႕ခံရသျဖင့္ လယ္ကြင္းထဲ ေကာက္ရိုးပံုမ်ား၊ ေကာက္လိူင္းပံုမ်ား၊ စပါးပံုမ်ား၊ တဲမ်ား အကုန္လံုး မီးထဲပါသြားသည္ဟု ေက်းရြာသားမ်ားက ေျပာသည္။

ျပိန္းေတာ ေက်းရြာသား တစ္ဦးက “ စစ္သားေတြကမီးရိႈ႕တာ။ ဒီၿပိန္းေတာေက်းရြာနဲ႔ ေအာင္ေဇယ် ေက်းရြာၾကားက လယ္ကြင္း ေတြေလ ေကာက္ရိုးပံုေတြ၊ စပါးပံုေတြ၊ လယ္သမား ေတြမွာ ရိတ္ထားတဲ့၊ သိမ္းထားတဲ့ စပါးေတြအကုန္လံုး မီးေလာင္သြားတဲ့ဟာမွာပါသြားတယ္။ ရိႈ႕တာ ကေတာ့ ၁၂ နာရီေလာက္ ကတည္းက ရိႈ႕တာ ဒီဖက္မွာ ေခ်ာင္းေလးတစ္ခုရွိတယ္။ အဲေခ်ာင္းနားကို ေရာက္္မွ မီးၿငိမ္းသြားတယ္္။ က်ေနာ္တို႔ျမင္ရတယ္။ မီးရိႈ႕ေနတာင္ကို မီးေလာင္ ေနတာကိုျမင္လုိ႔ က်ေနာ္တို႔ရြာက အကုန္လံုးထြက္ေျပးသြားတယ္။ က်ေတာ္တို႔လည္း ထြက္ေျပး သြားတဲ့အထဲမွာပါတယ္။ စစ္သားေတြကေတာ့ မီးရိႈ႕တဲ့ အနီးက ေအာင္ေဇယ်ရြာကန္ေဘာင္မွာ သူေတာ့ အေယာက္ ၂၀၊ ၃၀ ေလာက္ေတာ့ ရပ္ၿပီးေတာ့ျမင္ရတယ္။ က်ေနာ္တို႔ လယ္ကြင္း ေတြမွာ ရွိတဲ့ ေကာက္ရိုးပံုေတြကို သူေတာ့ ကိုယ္တိုင္သြားရိႈ႕တာကိုလည္း က်ေနာ္တို႔ အကုန္ျမင္ရတယ္။ အေဝးကလွမ္းၾကည့္လည္း ျမင္ရတယ္။ ဧကကိုေတာ့ က်ေနာ္တို႔ ေတာေက်းရြာေတြ အတိုင္းအတာနဲ႕ ေျပာရရင္ ဧက ၆၀၀ နီးပါးေတာ့ ေလာင္သြားတယ္။ စပါးကေတာ့ က်ေနာ္တို႔ေခၚတဲ့ ေကာက္ႀကီးစပါးလို႔ေခၚတဲ့ စပါးေတြ ရိတ္ထားတဲ့ စပါး ေတြကေတာ့ နည္းနည္းပါသြားတယ္။ ေနာက္ၿပီးေတာ ေကာက္ရိုးပံုေတြေလ ကြ်ဲစားမလို႔ ပံုထားတဲ့ပံုထားတဲ့ ေကာက္ရိုးပံုေတြ။ ေနာက္ၿပီးေတာ့ စပါး တလင္းမလည္ရေသးတဲ့ ေကာက္ပံုေတြပါသြားတယ္။ က်ေနာ္တို႔ ၿပိန္းေတာရြာက ေယာက်္ားအားေကာင္းေမာင္းသံေတြ အကုန္လံုးကေတာ့ အနီး အနားမွာ ရွိတဲ့ ရြာေတြ ျမစ္တစ္ဖက္က ရြာေတြကို ထြက္ေျပး သြားၾကတယ္။ တုိက္ပြဲ ျဖစ္တာ ကေတာ့ တစ္ရက္ႏွစ္ရက္ရွိၿပီ။ မီးရိႈ႕တာကေတာ့ မေန႔က ေဖေဖာ္၀ါရီ ၅ ရက္ေန႕က စရိႈ႕တယ္။ ေဖေဖာ္၀ါရီ ၆ ရက္ လယ္ကြင္းေတြကို ရိႈ႕တယ္။ မေန႔ကလဲရိႈ႕တယ္။ ဟုိတစ္ေန႔ကေတာ့ မညင္းေတာင္ ေအာက္က လယ္ကြင္း ေတြကို ရိႈႈ႕တယ္။ မေန႔က ရိႈ႕တာက ေတာ့ ေအာင္ေဇယ်နဲ႔ ၿပိဳင္းေတာ့ ၾကားက လယ္ကြင္းေတြကို ရိႈ႕တယ္။ အမ်ားႀကီးပါသြားတယ္။ ဧက ၆၀၀ ေလာက္ပါသြားတယ္” ဟု ေျပာဆိုသည္။

ယေန႕နံနက္က ရေသ့ေတာင္သို႕ ထြက္ေျပးလာသူ အမ်ိဳးသမီး တစ္ဦးက “ ကၽြန္မတို႕တဲလည္း မီးေလာင္တဲ့ အထဲမွာပါသြားတယ္။ ကၽြန္မတို႕မွာ ငါးဖမ္းပိုက္ေတြရွိပါတယ္။ ငါးဖမ္းပိုက္ေတြလည္း အကုန္လံုးပါသြားပါတယ္။ စပါးေကာက္လိူင္းေတြလည္း အကုန္လံုး မီးေလာင္သြားပါတယ္” ဟု ေျပာဆုိသည္။

သူမသိသေလာက္ ေအာင္ေဇယ်ေက်းရြာမွ ေဒၚသိန္းႏု၊ ေဒၚမ၀င္းႏြယ္၊ ဦးေက်ာ္၀င္းေခ်ႏွင့္ ဦးေက်ာ္ထြန္းသာတို႕ တဲမ်ားလည္း မီးထဲပါသြားသည္ဟု ေျပာဆိုသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ခင္ေမာင္လတ္က “ အတည္ျပဳႏိုင္ပါတယ္။ သူတုိ႔ ျမင္ရတယ္။ အဲဒီေဒသတစ္ဝိိုက္ကို မီးခိုးေတြမိုင္းေနတာ သူေတာ့ေျပာတယ္။ တဲေလးေတြ၊ လယ္ကြင္းေတြ၊ ေကာက္ရိုးရိွတဲ့ေနရာေတြ၊ စပါးပံုေတြ အဲတာေတြကို မီးရွိ႕ခံရတယ္လို႔ေျပာတယ္။ ဒီဟာေတြတို႔ အင္တာနက္ပိတ္ထားတာနဲ႔ပတ္သက္မယ္လို႔ထင္တယ္။ ဟိုတုန္းက ေတာ့ ဒါမ်ိဳးေတြ မရွိဘူး။ ဒီလိုလယ္ကြင္းေတြကိုမီးရိႈ႕တာကေတာ့ မၾကားဖူး။ ခုကေတာ့ ေနရာ အက်ယ္ႀကီး အေဝးကေတာင္ ျမင္ေနရတယ္ဆိုေတာ့ ပမာဏမ်ားမ်ားေပါ့။ အဲတာနဲ႔ အင္တာနက္ ပိတ္ထားတာနဲ႔ပတ္သက္မယ္ လိုထင္တယ္” ဟု ေျပာၾကားသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းသို႕ ဆက္သြယ္ရာ ၎အေနျဖင့္ အဆိုပါ သတင္းကို မသိရွိရေသးေၾကာင္း ေျပာၾကားသည္။

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးသို႕ ဆက္သြယ္ရာ ဖုန္းကိုင္ေျဖဆိုျခင္း မရွိခဲ့ပါ။

---------------------------------
(Unicode)⤵⤵⤵

ရသေ့တောင် အောင်ဇေယျကျေးရွာအနီးမှ လယ်ကွင်းအများအပြားမီးရှို့ခံရဟု ရွာသားများပြောဆို

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၇/၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း အောင်ဇေယျ(ကုလားချောင်း)ရွာနှင့် ပြိန်းတောရွာ အကြားရှိ လယ်ကွင်းများ ဖေဖောဝါရီ ၅ ရက်နှင့် ၆ ရက်နေ့များက မီးရှိုခံခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။

ထိုသို့လယ်ကွင်းများ မီးရှို့ခံရသဖြင့် လယ်ကွင်းထဲ ကောက်ရိုးပုံများ၊ ကောက်လိူင်းပုံများ၊ စပါးပုံများ၊ တဲများ အကုန်လုံး မီးထဲပါသွားသည်ဟု ကျေးရွာသားများက ပြောသည်။

ပြိန်းတော ကျေးရွာသား တစ်ဦးက “ စစ်သားတွေကမီးရှို့တာ။ ဒီပြိန်းတောကျေးရွာနဲ့ အောင်ဇေယျ ကျေးရွာကြားက လယ်ကွင်း တွေလေ ကောက်ရိုးပုံတွေ၊ စပါးပုံတွေ၊ လယ်သမား တွေမှာ ရိတ်ထားတဲ့၊ သိမ်းထားတဲ့ စပါးတွေအကုန်လုံး မီးလောင်သွားတဲ့ဟာမှာပါသွားတယ်။ ရှို့တာ ကတော့ ၁၂ နာရီလောက် ကတည်းက ရှို့တာ ဒီဖက်မှာ ချောင်းလေးတစ်ခုရှိတယ်။ အဲချောင်းနားကို ရောက််မှ မီးငြိမ်းသွားတယ််။ ကျနော်တို့မြင်ရတယ်။ မီးချို့နေတာင်ကို မီးလောင် နေတာကိုမြင်လို့ ကျနော်တို့ရွာက အကုန်လုံးထွက်ပြေးသွားတယ်။ ကျတော်တို့လည်း ထွက်ပြေး သွားတဲ့အထဲမှာပါတယ်။ စစ်သားတွေကတော့ မီးရှို့တဲ့ အနီးက အောင်ဇေယျရွာကန်ဘောင်မှာ သူတော့ အယောက် ၂၀၊ ၃၀ လောက်တော့ ရပ်ပြီးတော့မြင်ရတယ်။ ကျနော်တို့ လယ်ကွင်း တွေမှာ ရှိတဲ့ ကောက်ရိုးပုံတွေကို သူတော့ ကိုယ်တိုင်သွားရှို့တာကိုလည်း ကျနော်တို့ အကုန်မြင်ရတယ်။ အဝေးကလှမ်းကြည့်လည်း မြင်ရတယ်။ ဧကကိုတော့ ကျနော်တို့ တောကျေးရွာတွေ အတိုင်းအတာနဲ့ ပြောရရင် ဧက ၆၀၀ နီးပါးတော့ လောင်သွားတယ်။ စပါးကတော့ ကျနော်တို့ခေါ်တဲ့ ကောက်ကြီးစပါးလို့ခေါ်တဲ့ စပါးတွေ ရိတ်ထားတဲ့ စပါး တွေကတော့ နည်းနည်းပါသွားတယ်။ နောက်ပြီးတော ကောက်ရိုးပုံတွေလေ ကျွဲစားမလို့ ပုံထားတဲ့ပုံထားတဲ့ ကောက်ရိုးပုံတွေ။ နောက်ပြီးတော့ စပါး တလင်းမလည်ရသေးတဲ့ ကောက်ပုံတွေပါသွားတယ်။ ကျနော်တို့ ပြိန်းတောရွာက ယောကျ်ားအားကောင်းမောင်းသံတွေ အကုန်လုံးကတော့ အနီး အနားမှာ ရှိတဲ့ ရွာတွေ မြစ်တစ်ဖက်က ရွာတွေကို ထွက်ပြေး သွားကြတယ်။ တိုက်ပွဲ ဖြစ်တာ ကတော့ တစ်ရက်နှစ်ရက်ရှိပြီ။ မီးရှို့တာကတော့ မနေ့က ဖေဖော်ဝါရီ ၅ ရက်နေ့က စရှို့တယ်။ ဖေဖော်ဝါရီ ၆ ရက် လယ်ကွင်းတွေကို ရှို့တယ်။ မနေ့ကလဲရှို့တယ်။ ဟိုတစ်နေ့ကတော့ မညင်းတောင် အောက်က လယ်ကွင်း တွေကို ရှိုှု့တယ်။ မနေ့က ရှို့တာက တော့ အောင်ဇေယျနဲ့ ပြိုင်းတော့ ကြားက လယ်ကွင်းတွေကို ရှို့တယ်။ အများကြီးပါသွားတယ်။ ဧက ၆၀၀ လောက်ပါသွားတယ်” ဟု ပြောဆိုသည်။

ယနေ့နံနက်က ရသေ့တောင်သို့ ထွက်ပြေးလာသူ အမျိုးသမီး တစ်ဦးက “ ကျွန်မတို့တဲလည်း မီးလောင်တဲ့ အထဲမှာပါသွားတယ်။ ကျွန်မတို့မှာ ငါးဖမ်းပိုက်တွေရှိပါတယ်။ ငါးဖမ်းပိုက်တွေလည်း အကုန်လုံးပါသွားပါတယ်။ စပါးကောက်လိူင်းတွေလည်း အကုန်လုံး မီးလောင်သွားပါတယ်” ဟု ပြောဆိုသည်။

သူမသိသလောက် အောင်ဇေယျကျေးရွာမှ ဒေါ်သိန်းနု၊ ဒေါ်မဝင်းနွယ်၊ ဦးကျော်ဝင်းချေနှင့် ဦးကျော်ထွန်းသာတို့ တဲများလည်း မီးထဲပါသွားသည်ဟု ပြောဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခင်မောင်လတ်က “ အတည်ပြုနိုင်ပါတယ်။ သူတို့ မြင်ရတယ်။ အဲဒီဒေသတစ်ဝိိုက်ကို မီးခိုးတွေမိုင်းနေတာ သူတော့ပြောတယ်။ တဲလေးတွေ၊ လယ်ကွင်းတွေ၊ ကောက်ရိုးရှိတဲ့နေရာတွေ၊ စပါးပုံတွေ အဲတာတွေကို မီးရှိ့ခံရတယ်လို့ပြောတယ်။ ဒီဟာတွေတို့ အင်တာနက်ပိတ်ထားတာနဲ့ပတ်သက်မယ်လို့ထင်တယ်။ ဟိုတုန်းက တော့ ဒါမျိုးတွေ မရှိဘူး။ ဒီလိုလယ်ကွင်းတွေကိုမီးရှို့တာကတော့ မကြားဖူး။ ခုကတော့ နေရာ အကျယ်ကြီး အဝေးကတောင် မြင်နေရတယ်ဆိုတော့ ပမာဏများများပေါ့။ အဲတာနဲ့ အင်တာနက် ပိတ်ထားတာနဲ့ပတ်သက်မယ် လိုထင်တယ်” ဟု ပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ၎င်းအနေဖြင့် အဆိုပါ သတင်းကို မသိရှိရသေးကြောင်း ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါ။

ခိုင္လူလွ (ရိုးမေျမ)
Narinjara
https://www.facebook.com/narinjara.info

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ