လားရႈိးတြင္ ခိုရိုနာ ဗုိင္းရပ္စ္ သံသယ ရွိသူ ၁ဦး ေဆးကုသခံေန

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၄၊၂၀၂၀

သွ်မ္းျပည္ေျမာက္ပုိင္း လားရႈိးၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ Novel Corona Virus (ႏိုဗယ္လ္ ခိုရုိနာ ဗုိင္းရပ္စ္) ကူးစက္ျမန္ အဆုတ္ေရာင္ ေရာဂါ သံသယ ရွိသူ တဦး ေဆးကုသခံေနေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေလာက္ကိုင္ၿမိဳ႕ နယ္တြင္ ေနထုိင္သည့္ အသက္ (၁၇)အရြယ္ အမ်ိဳးသမီးသည္ တရုတ္ႏုိင္ငံသို႔ ေဆးကုသၿပီး ျပန္ေရာက္လာကာ ေဖေဖာ္ဝါရီ ၉ ရက္ေန႔တြင္ ကိုယ္အပူခ်ိန္ျမင့္တက္ျခင္း၊ ခြဲစိတ္ထားသည့္ ခ်ဳပ္ရိုးမွ ျပည္မ်ားစိမ့္ထြက္ျခင္း ျဖစ္ခဲ့သည္။

ထုိခြဲစိတ္မႈ ေနာက္တြဲ ျပႆနာေၾကာင့္ ေဖေဖာ္ဝါရီ ၁၃ရက္ေန႔တြင္ လားရိႈးၿမိဳ႕ျပည္သူ႔ေဆးရံုႀကီးသို႔ ကုသမႈ ခံယူရာ လူနာသည္ တရုတ္ႏုိင္ငံ မွ ျပန္လာသည့္အတြက္ ခိုရိုနာ ဗုိင္းရပ္စ္ ရွိ၊ မရွိ ေသခ်ာေအာင္ သီးျခားထားၿပီး ေဆးကုသေပးေနေၾကာင္း အားကစားႏွင့္ က်န္းမာေရး ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္တြင္ေရးထားသည္။

ထုိ႔ေၾကာင့္ တရုတ္ႏုိင္ငံမွ ျပန္လာသည့္ လူနာ ထံ ခုိရုိနာ ဗိုင္းရပ္စ္ ရွိ၊ မရွိ ဓာတ္ခြဲ စစ္ေဆးရန္စီစဥ္ ေဆာင္ရြက္ေနေၾကာင္း လည္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

သွ်မ္ျပည္ ေတာင္ပိုင္း စဝ္စံထြန္း ေဆးရံုတြင္ ခုိရိုနာ သံသယ ရွိသူ ၁ဦး၊ ေမာက္မယ္ ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုတြင္ ခိုရုိနာ သံသယရွိသူ ၄ဦးရွိသည္။

ေဖေဖာ္ဝါရီ ၁၃ရက္ ည ၈နာရီ အခ်ိန္ထိ ျမန္မာႏုိင္ငံတြင္ ခိုရိုနာ သံသယ ရွိ လူနာ (၁၈) ဦးရွိၿပီး သက္ဆုိင္ရာ ေဆးရံုမ်ားတြင္ ေစာင့္ၾကပ္ ၾကည့္႐ႈ႕ ကုသမႈေပးေနေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕ မွ စတင္ျဖစ္ပြားသည္ ခိုရိုနာ ဗုိင္းရပ္စ္ ကူးစက္ျမန္ အဆုတ္ေရာဂါသည္ ကမၻာ့ ႏုိင္ငံေပါင္း ၂၈ ႏုိင္ငံ ၿပီး ကူးစက္ခံရသူ ၆၄၀၀၀ ေက်ာ္ရွိၿပီး၊ ေဖေဖာ္ဝါရီ လ ၁၄ရက္ မနက္ပိုင္းထိ ေသဆံုးသူ ၁၄၈၃ဦး ရွိလာေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
--------------
(Unicode)⤵⤵⤵
လားရှိုးတွင် ခိုရိုနာ ဗိုင်းရပ်စ် သံသယ ရှိသူ ၁ဦး ဆေးကုသခံနေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၄၊၂၀၂၀

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယ ရှိသူ တဦး ဆေးကုသခံနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လောက်ကိုင်မြို့ နယ်တွင် နေထိုင်သည့် အသက် (၁၇)အရွယ် အမျိုးသမီးသည် တရုတ်နိုင်ငံသို့ ဆေးကုသပြီး ပြန်ရောက်လာကာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခွဲစိတ်ထားသည့် ချုပ်ရိုးမှ ပြည်များစိမ့်ထွက်ခြင်း ဖြစ်ခဲ့သည်။

ထိုခွဲစိတ်မှု နောက်တွဲ ပြဿနာကြောင့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကုသမှု ခံယူရာ လူနာသည် တရုတ်နိုင်ငံ မှ ပြန်လာသည့်အတွက် ခိုရိုနာ ဗိုင်းရပ်စ် ရှိ၊ မရှိ သေချာအောင် သီးခြားထားပြီး ဆေးကုသပေးနေကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ရေးထားသည်။

ထို့ကြောင့် တရုတ်နိုင်ငံမှ ပြန်လာသည့် လူနာ ထံ ခိုရိုနာ ဗိုင်းရပ်စ် ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးရန်စီစဉ် ဆောင်ရွက်နေကြောင်း လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သျှမ်ပြည် တောင်ပိုင်း စဝ်စံထွန်း ဆေးရုံတွင် ခိုရိုနာ သံသယ ရှိသူ ၁ဦး၊ မောက်မယ် မြို့နယ် ပြည်သူ့ဆေးရုံတွင် ခိုရိုနာ သံသယရှိသူ ၄ဦးရှိသည်။

ဖေဖော်ဝါရီ ၁၃ရက် ည ၈နာရီ အချိန်ထိ မြန်မာနိုင်ငံတွင် ခိုရိုနာ သံသယ ရှိ လူနာ (၁၈) ဦးရှိပြီး သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ် ကြည့်ရှု့ ကုသမှုပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောဂါသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပြီး ကူးစက်ခံရသူ ၆၄၀၀၀ ကျော်ရှိပြီး၊ ဖေဖော်ဝါရီ လ ၁၄ရက် မနက်ပိုင်းထိ သေဆုံးသူ ၁၄၈၃ဦး ရှိလာကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
လားရႈိးတြင္ ခိုရိုနာ ဗုိင္းရပ္စ္ သံသယ ရွိသူ ၁ဦး ေဆးကုသခံေန လားရႈိးတြင္ ခိုရိုနာ ဗုိင္းရပ္စ္ သံသယ ရွိသူ ၁ဦး ေဆးကုသခံေန Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.