မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တိုက္ပြဲျပင္းထန္စြာျဖစ္ပြား၊ ကားအသြားအလာရပ္ဆိုင္း

(Zawgyi)⤵⤵⤵
နိ္ရဥၥရာ၊ ေဖေဖာ္၀ါရီ ၁၄ / ၂၀၂၀

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီးတြင္ ယေန႕ နံနက္ ၉ နာရီ ၁၅ မိနစ္ အခ်ိန္ခန္႔မွစတင္၍ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ အၾကား တိုုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနျပီး ရန္ကုန္-စစ္ေတြကားလမ္းမေပၚတြင္ ကားအသြားအလာမ်ား ရပ္ဆိုင္းေနသည္ဟု သတင္းရရွိသည္။

̏ ျမန္မာ့တပ္မေတာ္စစ္ေၾကာင္းတစ္ခုကို ရခိုင္တပ္ေတာ္ကတုိက္တာလား။ ရခိုင္တပ္ေတာ္ရွိတဲ႔ ေနရာကို ျမန္မာတပ္မေတာ္က သြားတိုက္တာလား။ အဲဒါေတြကိုေတာ့ က်ေနာ္တို႔က တိတိက်က် မေျပာႏိုင္ဘူး။ အခုျဖစ္ေနတာကေတာ့ ရာေမာင္တံတားအနီးတြင္ ျဖစ္ေနတာ။ လက္နက္ႀကီး ပစ္သံေတြလည္း ၾကားရတယ္˝ဟု ကိုအမ္းသားႀကီးမွ နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။

တိုက္ပြဲ ျဖစ္ပြားသည့္ေနရာမွာ ရာေမာင္း ဇက္ကူးတို႕ဆိပ္ႏွင့္ နီးျပီး လက္နက္ၾကီး လက္နက္ငယ္သံမ်ားကို အနီးကပ္ၾကားေနရသည္ဟု သည္ကံေက်းရြာ စစ္ေဘးေရွာင္ တစ္ဦးမွ ေျပာသည္။

̏ တိုက္ပဲြက ဖားျပိဳေက်းရြာၾကားနဲ႔ မင္းရြာေက်းရြာၾကားမွာျဖစ္တာ။ တိုက္ပြဲကေတာ့ ၉နာရီ ေက်ာ္ေလာက္က စျဖစ္တာ။ အခုခ်ိန္ထိလည္း အသံေတြၾကားေနရတယ္။ က်ေနာ္တိုု႔ ရြာနဲ႔ ၃ဖာလံု ေလာက္ပဲေ၀းတယ္။ ရြာထဲကိုေတာ့ လက္နက္က်တာေတြေတာ့ မရွိေသး။ ရြာအထက္ကေတာ့ က်ည္သြားေနတာကို ျမင္ရတယ္။ က်ေနာ္တို႕ ရြာသားေတြလည္း ေၾကာက္လို႔၀ပ္ေနရတယ္˝ဟု ေဒသခံတစ္ဦးက ယေန႕ နံနက္ ၁၀ နာရီက ဆက္သြယ္စဥ္ ေျပာၾကားသည္။

မင္းျပားျမိဳ႕နယ္ ရာေမာင္းတံတားအနီးရွိ ဖားျပိဳေက်းရြာ အနီး၀န္းက်င္တြင္ တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားမႈရွိေနျပီး တိုက္ပြဲ ျဖစ္ပြားေနစဥ္ ကားအသြားအလာ ရပ္ဆိုင္းကုန္သည္ဟု သိရွိရသည္။

-------------------------
(Unicode)⤵⤵⤵
မင်းပြားမြို့နယ် ရာမောင်တံတားအနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ ကားအသွားအလာရပ်ဆိုင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိ်ရဥ္စရာ၊ ဖေဖော်ဝါရီ ၁၄ / ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်ခန့်မှစတင်၍ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ကားအသွားအလာများ ရပ်ဆိုင်းနေသည်ဟု သတင်းရရှိသည်။

̏ မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုကို ရခိုင်တပ်တော်ကတိုက်တာလား။ ရခိုင်တပ်တော်ရှိတဲ့ နေရာကို မြန်မာတပ်မတော်က သွားတိုက်တာလား။ အဲဒါတွေကိုတော့ ကျနော်တို့က တိတိကျကျ မပြောနိုင်ဘူး။ အခုဖြစ်နေတာကတော့ ရာမောင်တံတားအနီးတွင် ဖြစ်နေတာ။ လက်နက်ကြီး ပစ်သံတွေလည်း ကြားရတယ်˝ဟု ကိုအမ်းသားကြီးမှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာ ရာမောင်း ဇက်ကူးတို့ဆိပ်နှင့် နီးပြီး လက်နက်ကြီး လက်နက်ငယ်သံများကို အနီးကပ်ကြားနေရသည်ဟု သည်ကံကျေးရွာ စစ်ဘေးရှောင် တစ်ဦးမှ ပြောသည်။

̏ တိုက်ပွဲက ဖားပြိုကျေးရွာကြားနဲ့ မင်းရွာကျေးရွာကြားမှာဖြစ်တာ။ တိုက်ပွဲကတော့ ၉နာရီ ကျော်လောက်က စဖြစ်တာ။ အခုချိန်ထိလည်း အသံတွေကြားနေရတယ်။ ကျနော်တိုု့ ရွာနဲ့ ၃ဖာလုံ လောက်ပဲဝေးတယ်။ ရွာထဲကိုတော့ လက်နက်ကျတာတွေတော့ မရှိသေး။ ရွာအထက်ကတော့ ကျည်သွားနေတာကို မြင်ရတယ်။ ကျနော်တို့ ရွာသားတွေလည်း ကြောက်လို့ဝပ်နေရတယ်˝ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၀ နာရီက ဆက်သွယ်စဉ် ပြောကြားသည်။

မင်းပြားမြို့နယ် ရာမောင်းတံတားအနီးရှိ ဖားပြိုကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုရှိနေပြီး တိုက်ပွဲ ဖြစ်ပွားနေစဉ် ကားအသွားအလာ ရပ်ဆိုင်းကုန်သည်ဟု သိရှိရသည်။

ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)
Narinjara
https://www.facebook.com/narinjara.info/
မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တိုက္ပြဲျပင္းထန္စြာျဖစ္ပြား၊ ကားအသြားအလာရပ္ဆိုင္း မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တိုက္ပြဲျပင္းထန္စြာျဖစ္ပြား၊ ကားအသြားအလာရပ္ဆိုင္း Reviewed by THITHTOOLWIN on 01:02 Rating: 5
Powered by Blogger.