မိုင္းခတ္ အဲန္ ေနထိုင္သည့္ေက်း႐ြာ မီးေလာင္မႈျဖစ္ စားဝတ္ေနေရး ခက္ခဲ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၄၊၂၀၂၀

သွ်မ္းျပည္ အေရွ႕ပိုင္း မိုင္းခတ္ၿမိဳ႕နယ္ ဝမ္အြန္ေက်း႐ြာ အုပ္စု အတြင္း အဲန္ တိုင္းရင္းသားေနထိုင္သည့္ ေက်း႐ြာ မီးေလာင္မႈ ျဖစ္ပြားကာ စားဝတ္ေနေရး အတြက္ အခက္အခဲ ရွိေနၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၁၂ရက္တြင္ မိုင္းခတ္ၿမိဳ႕နယ္ ဝမ္အြန္ေက်း႐ြာ အုပ္စုရွိ အန္ဝမ္မတ္ေက်း႐ြာ တြင္ မီးေလာင္မႈ ျဖစ္ပြား ကာ အိမ္ေျခ ၆၀ ေက်ာ္ ပ်က္စီး ဆုံးရႈံးခဲ့ၿပီး၊ လက္ရွိမွာ အဝတ္အစား၊ လူသုံးကုန္ ပစၥည္းမ်ားႏွင့္ေဆးဝါးမ်ား လိုအပ္ေနေၾကာင္း မီးေလာင္သြားသည့္ေနရာကို လိုက္လံ ကူညီေပးေနသည့္ နန္းႏြမ္းခမ္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ သက္ဆိုင္ရာက ေတာ့ ကူညီေပးပါတယ္။ ဒီခ်ိန္က ေအးတဲ့ အခ်ိန္ဆိုေတာ့ အိပ္ယာေတြ၊အဝတ္အစားေတြ ေဆးဝါးေတြ လိုအပ္ေနေသးတယ္” ဟု နန္းႏြမ္းခမ္း က ဆိုသည္။

ထိုမီးေလာင္မႈေၾကာင့္ အိမ္ေျခ ၆၀ေက်ာ္ လူဦးေရ ၃၆၀ေက်ာ္ အိုးမဲ့ အိမ္မဲ့ ျဖစ္ေနေၾကာင္း နန္းႏြမ္းခမ္း ကေျပာသည္။

လက္ရွိမွာ ေနအိမ္မွာ မီးေလာင္ ပ်က္စီးသြားမႈေၾကာင့္ တဲမ်ား ေဆာက္ကာ ေနေနရေၾကာင္း၊ သက္ဆိုင္ရာမွ ေနအိမ္မ်ား ျပန္ေဆာက္ေပးရန္ စီစဥ္ေနေၾကာင္းလည္း နန္းႏြမ္းခမ္းက ေျပာျပသည္။

ဝမ္အြန္ေက်း႐ြာ အုပ္စု သည္ မိုင္းခတ္ၿမိဳ႕ မွ သြားပါက ၁နာရီ ခန႔္ ကားေမာင္းရသည္။

အဲန္လူမ်ိဳးမ်ားသည္ အဝတ္အစား အနက္ေရာင္ ကို သာ ဝတ္ဆင္ၾကသည့္ လူမ်ိဳးမ်ားျဖစ္သည့္အတြက္ လက္ရွိမွာ သာမာန္ ဝတ္ေနသည့္ အက်ၤ ီထက္ ပိတ္စ အနက္ေရာင္ ကို လိုအပ္ေနေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
--------------
(Unicode)⤵⤵⤵
မိုင်းခတ် အဲန် နေထိုင်သည့်ကျေးရွာ မီးလောင်မှုဖြစ် စားဝတ်နေရေး ခက်ခဲ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၄၊၂၀၂၀

သျှမ်းပြည် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ဝမ်အွန်ကျေးရွာ အုပ်စု အတွင်း အဲန် တိုင်းရင်းသားနေထိုင်သည့် ကျေးရွာ မီးလောင်မှု ဖြစ်ပွားကာ စားဝတ်နေရေး အတွက် အခက်အခဲ ရှိနေကြာင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ရက်တွင် မိုင်းခတ်မြို့နယ် ဝမ်အွန်ကျေးရွာ အုပ်စုရှိ အန်ဝမ်မတ်ကျေးရွာ တွင် မီးလောင်မှု ဖြစ်ပွား ကာ အိမ်ခြေ ၆၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး၊ လက်ရှိမှာ အဝတ်အစား၊ လူသုံးကုန် ပစ္စည်းများနှင့်ဆေးဝါးများ လိုအပ်နေကြောင်း မီးလောင်သွားသည့်နေရာကို လိုက်လံ ကူညီပေးနေသည့် နန်းနွမ်းခမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သက်ဆိုင်ရာက တော့ ကူညီပေးပါတယ်။ ဒီချိန်က အေးတဲ့ အချိန်ဆိုတော့ အိပ်ယာတွေ၊အဝတ်အစားတွေ ဆေးဝါးတွေ လိုအပ်နေသေးတယ်” ဟု နန်းနွမ်းခမ်း က ဆိုသည်။

ထိုမီးလောင်မှုကြောင့် အိမ်ခြေ ၆၀ကျော် လူဦးရေ ၃၆၀ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြောင်း နန်းနွမ်းခမ်း ကပြောသည်။

လက်ရှိမှာ နေအိမ်မှာ မီးလောင် ပျက်စီးသွားမှုကြောင့် တဲများ ဆောက်ကာ နေနေရကြောင်း၊ သက်ဆိုင်ရာမှ နေအိမ်များ ပြန်ဆောက်ပေးရန် စီစဉ်နေကြောင်းလည်း နန်းနွမ်းခမ်းက ပြောပြသည်။

ဝမ်အွန်ကျေးရွာ အုပ်စု သည် မိုင်းခတ်မြို့ မှ သွားပါက ၁နာရီ ခန့် ကားမောင်းရသည်။

အဲန်လူမျိုးများသည် အဝတ်အစား အနက်ရောင် ကို သာ ဝတ်ဆင်ကြသည့် လူမျိုးများဖြစ်သည့်အတွက် လက်ရှိမှာ သာမာန် ဝတ်နေသည့် အင်္ကျ ီထက် ပိတ်စ အနက်ရောင် ကို လိုအပ်နေကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
မိုင္းခတ္ အဲန္ ေနထိုင္သည့္ေက်း႐ြာ မီးေလာင္မႈျဖစ္ စားဝတ္ေနေရး ခက္ခဲ မိုင္းခတ္ အဲန္ ေနထိုင္သည့္ေက်း႐ြာ မီးေလာင္မႈျဖစ္ စားဝတ္ေနေရး ခက္ခဲ Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.