ေတာင္ကုတ္-သံတြဲ လိုင္းကားတစ္စီးတိမ္းေမွာက္၍ ခရီးသည္အမ်ိဳးသမီးတစ္ဦးေသ၊လူႏွစ္ဦး ဒဏ္ရာရ

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္ဝါရီ ၂/၂၀၂၀

ေတာင္ကုတ္-သံတြဲကားလမ္း တြင္ ယေန ႔ညေန ၅နာရီခြဲခန္႔တြင္ လူစီးလိုင္းကား တစ္စီး တိမ္းေမွာက္သြားခဲ့သျဖင့္ ခရီးသည္အမ်ိဳးသမီး တစ္ဦးေသဆံုးျပီး အမ်ိဳးသားႏွစ္ဦးဒဏ္ရာ ရွိခဲ႔ေၾကာင္း သတင္းရရွိသည္။

ေသဆံုးသူမွာ ေတာင္ကုတ္ၿမိဳ႕နယ္ လယ္ဖားေက်းရြာမွ ေဒၚမခိုင္ေလး(၃၀)ႏွစ္ ျဖစ္ျပီး ဒဏ္ရာ ရရွိခဲ့သူႏွစ္ဦးမွာ ေသဆံုးသူ အမ်ိဳးသမီး၏ အမ်ိဳးသားျဖစ္သူ ဦးေက်ာ္သိန္းႏွင့္ သံတြဲၿမိဳ႕နယ္ ေရႊေလွေက်းရြာမွ ဦးေမာင္ေသာင္း (၅၇)ႏွစ္ တို႔ျဖစ္ၾကသည္။

"ကားက ေတာင္ကုန္းတက္တဲ့ဟာမွာ စက္ရပ္သြားၿပီး ေနာက္ျပန္ဆင္းတာမွာ ေသဆံုးသူ အမ်ိဳးသမီးက ျပဳတ္က်ၿပီး ကားဘီးေအာက္ညွပ္ပါသြားတာပါ။ သူ႔အမ်ိဳးသားနဲ႔ ေနာက္တစ္ဦး ကေတာ့ ဒဏ္ရာရသြားၾကပါတယ္။ ဒဏ္ရာရသူေတြက စိုးရိမ္စရာမရွိဘူး။ ေတာင္ကုတ္ ေဆးရံုမွာတင္ထားပါတယ္" ဟု ေတာင္ကုတ္ယာဥ္စည္းကမ္းထိမ္းသိမ္းေရးမွ ဒုရဲအုပ္ၿဖိဳးမင္းေဌးက နိရဥၥရာ သတင္းဌာနကိုေျပာသည္။

၎ယာဥ္သည္ ေတာင္ကုတ္မွ သံတြဲသို႔ထြက္ခြာလာရာ ေတာင္ကုတ္ၿမိဳ႕ႏွင္ ၂မိုင္ခန္႔အကြာ ဖံုညိဳေက်းရြာေတာင္ကုန္းအတက္တြင္ စက္ရပ္၍ ေနာက္ျပန္လိွမ့္ဆင္းကာ ေျမာင္းေဘးသို႔ ထိုးဆင္းခဲ႔ျခင္းျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။

" ကားသမားကိုေတာ့ ေတာင္ကုတ္ရဲစခန္းမွာ အမႈဖြင့္ အေရးယူထားပါတယ္"ဟု ဒုရဲအုပ္ၿဖိဳးမင္းေဌးက ေျပာသည္။

ကားဒရိုင္ဘာျဖစ္သူဦးေက်ာ္လင္းထြန္းအား ေတာင္ကုတ္ၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ ၃၀၄(က) /၃၃၇ တို႔ျဖင့္ အမႈဖြင့္ဖမ္းဆီးထိမ္းသိမ္းထားေၾကာင္း သိရသည္။

-----------------------------

(Unicode)⤵⤵⤵

တောင်ကုတ်-သံတွဲ လိုင်းကားတစ်စီးတိမ်းမှောက်၍ ခရီးသည်အမျိုးသမီးတစ်ဦးသေ၊လူနှစ်ဦး ဒဏ်ရာရ

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၀

တောင်ကုတ်-သံတွဲကားလမ်း တွင် ယနေ ့ညနေ ၅နာရီခွဲခန့်တွင် လူစီးလိုင်းကား တစ်စီး တိမ်းမှောက်သွားခဲ့သဖြင့် ခရီးသည်အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးဒဏ်ရာ ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ တောင်ကုတ်မြို့နယ် လယ်ဖားကျေးရွာမှ ဒေါ်မခိုင်လေး(၃၀)နှစ် ဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့သူနှစ်ဦးမှာ သေဆုံးသူ အမျိုးသမီး၏ အမျိုးသားဖြစ်သူ ဦးကျော်သိန်းနှင့် သံတွဲမြို့နယ် ရွှေလှေကျေးရွာမှ ဦးမောင်သောင်း (၅၇)နှစ် တို့ဖြစ်ကြသည်။

"ကားက တောင်ကုန်းတက်တဲ့ဟာမှာ စက်ရပ်သွားပြီး နောက်ပြန်ဆင်းတာမှာ သေဆုံးသူ အမျိုးသမီးက ပြုတ်ကျပြီး ကားဘီးအောက်ညှပ်ပါသွားတာပါ။ သူ့အမျိုးသားနဲ့ နောက်တစ်ဦး ကတော့ ဒဏ်ရာရသွားကြပါတယ်။ ဒဏ်ရာရသူတွေက စိုးရိမ်စရာမရှိဘူး။ တောင်ကုတ် ဆေးရုံမှာတင်ထားပါတယ်" ဟု တောင်ကုတ်ယာဉ်စည်းကမ်းထိမ်းသိမ်းရေးမှ ဒုရဲအုပ်ဖြိုးမင်းဌေးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

၎င်းယာဉ်သည် တောင်ကုတ်မှ သံတွဲသို့ထွက်ခွာလာရာ တောင်ကုတ်မြို့နှင် ၂မိုင်ခန့်အကွာ ဖုံညိုကျေးရွာတောင်ကုန်းအတက်တွင် စက်ရပ်၍ နောက်ပြန်လှိမ့်ဆင်းကာ မြောင်းဘေးသို့ ထိုးဆင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

" ကားသမားကိုတော့ တောင်ကုတ်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်"ဟု ဒုရဲအုပ်ဖြိုးမင်းဌေးက ပြောသည်။

ကားဒရိုင်ဘာဖြစ်သူဦးကျော်လင်းထွန်းအား တောင်ကုတ်မြို့မရဲစခန်းတွင် ပုဒ်မ ၃၀၄(က) /၃၃၇ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။

ခ်စ္အိလိွဳင္
Narinjara
https://www.facebook.com/narinjara.info
ေတာင္ကုတ္-သံတြဲ လိုင္းကားတစ္စီးတိမ္းေမွာက္၍ ခရီးသည္အမ်ိဳးသမီးတစ္ဦးေသ၊လူႏွစ္ဦး ဒဏ္ရာရ ေတာင္ကုတ္-သံတြဲ လိုင္းကားတစ္စီးတိမ္းေမွာက္၍ ခရီးသည္အမ်ိဳးသမီးတစ္ဦးေသ၊လူႏွစ္ဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.