ေျမာက္ဦးျမိဳ႕နယ္တြင္ တုိက္ပြဲလက္က်န္ဗံုးေပါက္ကြဲ၍ လူငယ္တစ္ဦးေသဆံုးျပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာျပင္းထန္ရ

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ေဖေဖာ္၀ါရီ ၂ / ၂၀၂၀

ရခုိင္ျပည္နယ္၊ေျမာက္ဦးျမိဳ႕နယ္၊ေခ်ာင္းသစ္ေက်းရြာတြင္ တိုက္ပြဲ လက္က်န္ဗံုးတစ္လံုး ေပါက္ကြဲမႈျဖစ္ပြားျပီး အသက္ ၁၅ ႏွစ္အရြယ္ လူငယ္ တစ္ဦးေသဆံုးျပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာျပင္းထန္ရရွိသြားသည္ဟု သတင္းရရွိသည္။

ေသဆံုးသူမွာ ေခ်ာင္းသစ္ေက်းရြာမွ ေမာင္ေက်ာ္ေက်ာ္သန္း (၁၅)ႏွစ္ျဖစ္သည္။ ၎ရြာမွ ေဒၚျဖဴေမ(ေခၚ) ေမၾကီး(၄၀)ႏွစ္မွာ ဒဏ္ရာျပင္းထန္စြာ ရရွိသြားျပီး ေျမာက္ဦးေဆးရံုတြင္ အေရးေပၚတင္ထားရသည္ဟု ေျမာက္ဦးျမိဳ႕နယ္ ဂရုဏာလႈိင္း ေသြးလွဴရွင္မ်ားအသင္း ဥကၠ႒ ဦးေအာင္သန္းထြန္းက ေျပာသည္။

ယေန႔ေန႔လယ္ ၁၂ နာရီေက်ာ္က ေက်းရြာအျပင္ဘက္ရွိ ဆန္စက္အနီးတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ဥကၠ႒ ဦးေအာင္သန္းထြန္းက ေျပာသည္။

“ဒဏ္ရာျပင္းတဲ့ အတြက္ သတိလစ္ေနတဲ့ ေယာက်္ားေလးက ေဆးရံုေရာက္ျပီး နာရီ၀က္ အတြင္းမွာ ဆံုးသြားပါတယ္။ အမ်ိဳးသမီးကေတာ့ ဒဏ္ရာနဲ႕ ေဆးရံုတင္ထားရပါတယ္။ ဗံုးက ရြာျပင္က ဆန္စက္နားမွာ ေပါက္ကြဲတာ။ အေျမာက္က်ည္ထိပ္ဖူး တစ္ဖူး ေကာက္ရတာကို လက္မွာကိုင္ျပီး လာရာကေန က်ေရာက္ ေပါက္ကြဲတာ ျဖစ္တယ္လို႕ ရြာသားေတြက တစ္ဆင့္ သိရပါတယ္။ အမ်ိဳးသမီးကေတာ့ သတိရေနတယ္။ ႏွစ္ေယာက္လံုး ေခ်ာင္းသစ္ရြာ ကပါ။ အမ်ိဳးေတာ္တယ္လို႔ သိရတယ္” ဟု ဦးေအာင္သန္းထြန္း က ေျပာသည္။

ေျမာက္ဦးျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ထံ ဆက္သြယ္ေမးျမန္းရာ ေယာက်္ားေလး တစ္ဦးေသျပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာျပင္းထန္ရရွိ၍ ေဆးရုံတင္ထားရသည္ဟု နိရဥၥရာသို႔ အတည္ျပဳေျပာၾကားသည္။

“ဗံုးေပါက္တယ္လို႔ေျပာတယ္။လက္ပစ္ဗံုးလား။ဘယ္လိုဗံုးလဲဆိုတာမသိဘူး။တိုက္ပြဲအက်န္ မေပါက္ ကြဲေသးတဲ့ ဗံုးကို ေနျပီးေတာ့ ေကာက္ျပီးၾကည့္တယ္။ျပီးေတာ့ လႊင့္ပစ္လိုက္တယ္လို႔ ၾကားတယ္။အဲဒါမွာ ေပါက္ကြဲသြားတာ လုိ႔ သတင္းရထားတယ္”ဟု ဦးထြန္းသာစိန္က ေျပာသည္။

-----------------

(Unicode)⤵⤵⤵
မြောက်ဦးမြို့နယ်တွင် တိုက်ပွဲလက်ကျန်ဗုံးပေါက်ကွဲ၍ လူငယ်တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရ

စိုးဇံအောင်
နိရဥ္စရာ၊ဖေဖော်ဝါရီ ၂ / ၂၀၂၀

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ချောင်းသစ်ကျေးရွာတွင် တိုက်ပွဲ လက်ကျန်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ချောင်းသစ်ကျေးရွာမှ မောင်ကျော်ကျော်သန်း (၁၅)နှစ်ဖြစ်သည်။ ၎င်းရွာမှ ဒေါ်ဖြူမေ(ခေါ်) မေကြီး(၄၀)နှစ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး မြောက်ဦးဆေးရုံတွင် အရေးပေါ်တင်ထားရသည်ဟု မြောက်ဦးမြို့နယ် ဂရုဏာလှိုင်း သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောသည်။

ယနေ့နေ့လယ် ၁၂ နာရီကျော်က ကျေးရွာအပြင်ဘက်ရှိ ဆန်စက်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောသည်။

“ဒဏ်ရာပြင်းတဲ့ အတွက် သတိလစ်နေတဲ့ ယောကျ်ားလေးက ဆေးရုံရောက်ပြီး နာရီဝက် အတွင်းမှာ ဆုံးသွားပါတယ်။ အမျိုးသမီးကတော့ ဒဏ်ရာနဲ့ ဆေးရုံတင်ထားရပါတယ်။ ဗုံးက ရွာပြင်က ဆန်စက်နားမှာ ပေါက်ကွဲတာ။ အမြောက်ကျည်ထိပ်ဖူး တစ်ဖူး ကောက်ရတာကို လက်မှာကိုင်ပြီး လာရာကနေ ကျရောက် ပေါက်ကွဲတာ ဖြစ်တယ်လို့ ရွာသားတွေက တစ်ဆင့် သိရပါတယ်။ အမျိုးသမီးကတော့ သတိရနေတယ်။ နှစ်ယောက်လုံး ချောင်းသစ်ရွာ ကပါ။ အမျိုးတော်တယ်လို့ သိရတယ်” ဟု ဦးအောင်သန်းထွန်း က ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ထံ ဆက်သွယ်မေးမြန်းရာ ယောကျ်ားလေး တစ်ဦးသေပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိ၍ ဆေးရုံတင်ထားရသည်ဟု နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

“ဗုံးပေါက်တယ်လို့ပြောတယ်။လက်ပစ်ဗုံးလား။ဘယ်လိုဗုံးလဲဆိုတာမသိဘူး။တိုက်ပွဲအကျန် မပေါက် ကွဲသေးတဲ့ ဗုံးကို နေပြီးတော့ ကောက်ပြီးကြည့်တယ်။ပြီးတော့ လွှင့်ပစ်လိုက်တယ်လို့ ကြားတယ်။အဲဒါမှာ ပေါက်ကွဲသွားတာ လို့ သတင်းရထားတယ်”ဟု ဦးထွန်းသာစိန်က ပြောသည်။

စိုးဇံေအာင္
Narinjara
https://www.facebook.com/narinjara.info
ေျမာက္ဦးျမိဳ႕နယ္တြင္ တုိက္ပြဲလက္က်န္ဗံုးေပါက္ကြဲ၍ လူငယ္တစ္ဦးေသဆံုးျပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာျပင္းထန္ရ ေျမာက္ဦးျမိဳ႕နယ္တြင္ တုိက္ပြဲလက္က်န္ဗံုးေပါက္ကြဲ၍ လူငယ္တစ္ဦးေသဆံုးျပီး အမ်ိဳးသမီးတစ္ဦး ဒဏ္ရာျပင္းထန္ရ Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.